သတင်း — September 22, 2012 at 11:23 am

အင်ဒိုနီးရှား ရှေးဟောင်း ဘိုရိုဘိုဒါ ဘုရားကျောင်း ခြိမ်းခြောက်ခံနေရ

ထွန်းထွန်း

အင်ဒိုနီးရှား နိုင်ငံရှိ ဘိုရိုဘူဒါ (Borobodur) ရှေးဟောင်း ဘုရားကျောင်း အဆောက်အဦးကို တိုက်ခိုက်ရန် အကြမ်း ဘက်သမားများက  ခြိမ်းခြောက်နေသည်ဟု အင်ဒိုနီးရှား ထောက်လှမ်းရေး အဖွဲ့က ထုတ်ဖေါ် ပြောကြားလိုက်သည်။

အင်ဒိုနီးရှားမှ Military Commander Brig. Gen. Adi Widjaja  သောကြာနေ့က ပြောကြားရာတွင် နိုင်ငံခြာသားများ အများဆုံး လာရောက်သည့် အဆိုပါ အဆောက်အဦးကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ရန် ကြံရွယ်နေသည်ဟု ပြောသည်။

ယခုအခါ အင်ဒိုနီးရှား ထောက်လှမ်းရေး တပ်ဖွဲ့မှ အကြမ်းဖက်သမားများ၏ တိုက်ခိုက်လာနိုင်မည့် သတင်းအချက်အလက်များကို စုဆောင်းနေသည်ဟု ပြောသည်။

ရရှိထားသော သတင်းအချက်အလက်များကို ယခု အခါ လေ့လာ သုံးသပ်နေပြီး ရရှိထားသာ အချက်အလက်များမှာ တိုက်ခိုက်မည့် အစီအစဉ်မျိုး ရှိနေသည်ဟု မပြောနိုင်သေးကြောင်း Adi Widjara ပြောသည်။

ယူနက်စကို (UNESCO ) မှ ကမ္ဘာ အမွှေအနှစ် အဖြစ် သတ်မှတ်ထားသော  ဘိုရိုဘိုဒါ ဘုရားကျောင်းအား ၁၉၈၅ နှစ်က တစ်ကြိမ် အကြမ်းဖက်သမားများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

အဆိုပါ တိုက်ခိုက်မူအား အကြမ်းဘက် အဖွဲ့  Ibrahim (or)  Mohammad Jawad alias Kresna  အဖွဲ့ ပြုလုပ်ခဲ့ပြီး ဗုံးခွဲတိုက်ခိုက်မှုကြောင့် စေတီတော်  ၉ဆူပျက်စီးခဲ့ ရသည်ဟု သိရသည်။

(နိရဉ္စရာ သတင်းများကို မည်သူမဆို လွှတ်လပ်စွာ ကူးယူဖေါ်ပြနိုင်သည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြရပါမည်။)
Read Comment Policy

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>