သတင်း — September 23, 2012 at 9:05 am

အဓိဂရုဏ်းကြောင့် ဘင်္ဂလာဒေခ်ျ့ စစ်တကောင်း ရမ်ဂါမတီတွင် အရေးပေါ် ပုဒ်မ ၁၄၄ ထုတ်

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်းတောင်တန်းနယ် သက်လူမျိုးများ နေထိုင်ရာ ရမ်ဂါမတီခရိုင်တွင် သက်ကျောင်းသားများနှင့် ပြောင်းရွှေ့ အခြေချ နေထိုင်သူ ဘင်္ဂလီ လူမျိုးများ အကြား အပြန်အလှန် တိုက်ခိုက်မူများ ပေါ်ပေါက်ပြီးနောက် ယခုအခါ  ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီဟု The Dailystar သတင်းအရ သိရသည်။

ပုဒ်မ ၁၄၄ ကို ဒေသဆိုင်ရာ အာဏာပိုင်များက ယမန်နေ့ နံနက် ၁၁ နာရီမှ ထုတ်ပြန် လိုက်ခြင်း ဖြစ်ပြီး  အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းရန် အတွက် ဖြစ်သည်ဟု အာဏာ ပိုင်များက ပြောသည်။

ဘင်္ဂလာဒေခ်ျ့ထုတ် သတင်းစာများအရ သိရသည်မှာ သက်အမျိုးသား ကျောင်းသား  (၂) ဦးနှင့် ဘင်္ဂလီကျောင်းသားများ ရမ်ဂါမတီ အစိုးရ ကောလိပ်တွင် ခိုက်ရန် ဖြစ်ပွားသည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် အပြန်အလှန် တိုက်ခိုက်မူများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ပြင်ပတွင်နေထိုင်သူ တချို့က အုတ်ခဲများ၊ တုတ်များ၊ ဓါးများဖြင့် ကောလိပ်ကျောင်း ရှိ ဒေသခံလူမျိုး စု ကျောင်းသားများကို ၀င်ရောက် တိုက်ခိုက်ရာမှ အဓိဂရုဏ်း စတင် ဖြစ်ပွားသည်ဟု သတင်းစာ က ရေးသည်။

တိုက်ခိုက်မူအတွင်း လူပေါင်း ၂၀ ဒဏ်ရာ ရရှိခဲ့ပြီး တချို့ကို ဆေးရုံတင်ပို့ခဲ့ရသည်ဟု ဆိုသည်။

ဘင်္ဂလာဒေခ်ျ့ စစ်တပ်မှ အခြေအနေကို ၀င်ရောက် ထိန်းသိန်းခဲ့ရပြီး ဈေုးဆိုင်များ၊ ကားများ ဖျက်ဆီးခံခဲ့ရသည်။

အခုအခါ အခြေအနေမှာ တည်ငြိမ်နေပြီး စစ်တပ်၊ ရဲနှင့် နယ်စပ် လုံခြုံရေး တပ်ဖွဲ့ဝင် အများအပြားကို တပ်ဖြန့်ချထားလိုက်ကြောင်း သိရသည်။

ရမ်ဂါမတီကို  ရခိုင်အမျိုးသားများက (သက်ထောင်) အဖြစ် သိရှိကြပြီး အဆိုပါ ဒေသတွင် ဌာနေတိုင်းရင်းသား သက်လူမျိုးများနှင့် မြေပြန့်မှ အခြေချနေထိုင်ရန်လာသူ ဘင်္ဂလီလူမျိုးများ အကြား ယခုကဲ့သို့ အဓိဂရုဏ်းများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်းတောင်တန်းနယ်တွင်  ရမ်ဂါမတီ (သက်ထောင်)၊ ခါကာဆိုရီ ( ဖလံထောင်)နှင့် ဘင်ဒရိုင်ဘင် ( ဗိုလ်မင်းထောင်) ဟု ခရိုင် (၃) ခုရှိပြီး အများစု လူမျိုးများမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။

( ယနေ့ တွင် ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် အစ္စလာမ်မစ် အဖွဲ့ ၁၂ ခုက တနိုင်ငံလုံး သပိတ် ခေါ်ထားမူကြောင့် ကား၊ ရထား၊ သဘောင်္များ အသွားအလာများ လုံးဝ ရပ်ဆိုင်းကာ ကျောင်းများ၊ အစိုးရရုံးများ၊ ဈေးဆိုင်များကိုလည်း ပိတ်ထားရသည်။ ယခုကဲ့သို့ တရက်တာ သပိတ် ခေါ်ယူရခြင်းမှာ ယမန်နေ့က  မွတ်ဆလင် ဆန့်ကျင်ရေး “ Innocence of Muslim”  ဗွီဒီယိုကို ဆန့်ကျင် ဆန္ဒပြသူများကို ဒက္ကားမြို့တော်တွင် ရဲတပ်ဖွဲ့က အင်အားသုံး ဖြိုခွဲမူကြောင့် ဖြစ်သည်ဟု သိရသည်။)

(နိရဉ္စရာ သတင်းများကို မည်သူမဆို လွှတ်လပ်စွာ ကူးယူဖေါ်ပြနိုင်သည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြရပါမည်။)
Read Comment Policy

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>