သတင်း — November 29, 2012 at 12:26 pm

ကျဆုံး ရခိုင် သူရဲကောင်း ၆၁ ဦးအား ရည်စုး၍ ဆံတော်ရှင် စေတီတော်တွင် ဆုတောင်းပွဲပြုလုပ်

ထွန်းထွန်း

ဇွန်လနှင့် အောက်တိုဘာလ ပဋိပက္ခအတွင်း ကျဆုံးသွားခဲ့သူ ရခိုင်အမျိုးသား ၆၁ ဦးကို ရည်စူးပြီး ဆုတောင်း အမျှပေးဝေပွဲ အခမ်းအနား တစ်ခုကို ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ ရှေးဟောင်း သမိုင်းဝင် ဆံတော်ရှင် စေတီတော်တွင် ယမန်နေ့က ပြုလုပ်ခဲ့ကြသည်။

photo by RSV

ကျဆုံးခဲ့ကြရသော ရခိုင် အမျိုးသား ၆၁ ဦးကို ရခိုင်အာဇာနည် သူရဲကောင်းများ အဖြစ် သတ်မှတ်ပြီး ရည်စူး ကုသိုလ် ပြုလုပ်ရခြင်း ဖြစ်သည်ဟု ကိုယ်တိုင် အခမ်းအနားသို့ တက်ရောက်ခဲ့သူ ရတပ ပါတီ ပေါက်တော မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ဦးတက်ထွန်းအောင်က နိရဉ္စရာသို့ ပြောသည်။

“အဓိကတော့ အရေးခင်းအတွင်းမှာ  ဘင်္ဂလီ ကျူးကျော်စစ်ကို ကာကွယ်ရင်း ကျဆုံးသွားတဲ့ ရခိုင်အာဇာနည် သူရဲ ခေါင်း ၆၁ ဦးကို ရည်စူးပြီး  ဆီမီး ပူဇော်၊ ရေစက်ချ၊ အမျှဝေ၊ မေတ္တာပို့သမူ ပြုလုပ် ကြတာဖြစ်ပါတယ်” ဟု ဆိုသည်။

အခမ်းအနားသို့ ပေါက်တောနှင့် စစ်တွေမှ သံဃာတော် ၁၀ ပါးနှင့် လူပေါင်း ၇၀၀ ကျော် တက်ရောက်ခဲ့ သည်ဟု ပြောသည်။

အခမ်းအနားသို့ ရောက်ရှိလာသူများအား လူငယ်ခေါင်းဆောင်များ၊ တာဝန်ရှိ ပုဂ္ဂိုလ်နှင့် ရဟန်း သံဃာတော်များက နောင်တွင်ဖြစ်လာ မည့်အန္တရာယ်များကို ကာကွယ်စောင့်ရှောက်နိုင်ရန် အသိပညာပေးမှု မိန့်ခွန်း များဟောပြောခဲ့သည်ဟု ဆိုသည်။

“ရခိုင်ဒေသဟာ ပင်လယ်ထွက်ပေါက်ဖြစ်တယ်။ အဲဒါကြောင့် ဘယ်အချိန်မဆို ဘင်္ဂလီတွေရဲ့ တိုက်ခိုက်မှုကို အချိန်မရွေး ခံရနိုင်တယ်။ ဒါကြောင့် မိမိတို့ ရခိုင်လူမျိုးတွေ အနေနဲ့ အမြဲသတိနဲ့ သွားလာနေထိုင်ကြဖို့၊ အမြဲ သတိနဲ့ သွားသတိ လာသတိရှိရှိနဲ့ နေထိုင်ကြဖို့ကို ပြောသွားကြပါတယ်” ဟု ဦးတက်ထွန်းအောင်က ဆိုသည်။

၂၀၁၂-ခုနှစ် ဇွန်လတွင်ဖြစ်ပွားခဲ့သော ပထမအကြိမ်  ဆူပူမှုအတွင်း ရခိုင်လူမျိုး (၃၂)ဦး ကျဆုံးခဲ့ရပြီး၊ ပြီးခဲ့သော အောက်တိုဘာလအတွင်းက တစ်ကျော့ပြန် ဖြစ်ပွားခဲ့သည့်  ဆူပူ အကြမ်းဖက်မှုတွင် ရခိုင် လူမျိုး စုစု ပေါင်း(၂၉)ဦး ကျဆုံးခဲ့သည်ဟု သိရသည်။

အခမ်းအနားကို  မနက် ၈နာရီကစတင်ပြီး  ၁၁နာရီတွင် အောင်မြင်စွာပြီးဆုံးခဲ့သည်ဟု ဆိုသည်။

(နိရဉ္စရာ သတင်းများကို မည်သူမဆို လွှတ်လပ်စွာ ကူးယူဖေါ်ပြနိုင်သည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြရပါမည်။)
Read Comment Policy

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>