စီးပွားရေး — May 11, 2012 at 7:43 am

ဈေးခွန် လျော့ရေး လူပ်ရှားမူ စစ်တွေတွင် ဆက်တိုက် ပေါ်ပေါက်

မောင်အေး
နာဇီဈေးသားများ တောင်းဆိုမူ အောင်ပွဲ ရပြီးနောက် စစ်တွေမြို့ ဈေးကြီး ဈေးဆိုင် ပိုင်ရှင်များက လည်း စည်ပင်ရုံးကို သွားရောက်ပြီး မတရား ဈေးခွန်ကောက်နေမူကို ရပ်တန့်ရန် တောင်းဆို ခဲ့ကြသည်။

” ကျွန်တော်တို့က ဆန္ဒပြတဲ့ အဆင့်တော့ မဟုတ်ပါ။ စည်ပင်နဲ့ သက်ဆိုင်တဲ့ အတွက် သွားပြီးဆွေး နွေးတာပါ။ အဲဒီမှာ အမှုဆောင် အရာရှိနဲ့ တွေ့ခဲ့ ပါတယ်။ ကျွန်တော်တို့က ဈေးသည်တွေ နစ်နာ နေရတဲ့ ကိစ္စတွေကို တင်ပြခဲ့ပါတယ်″ ဟု ဦးဆောင် ပါဝင်သူ ငါးခြောက်ဈေးပိုင်ရှင် ဦးစံရှားက နိရဉ္စရာသို့ ပြောသည်။

စည်ပင်ရုံးသို့ သွားရောက်ခဲ့ရာတွင် ငါးခြောက်လုပ်ငန်း မိသားစုမှ ဆိုင်ရှင် ၁၈ ဦးပါဝင်ကြောင်း သူက ပြောသည်။

” ကျွန်တော်တို့က စည်ပင်ကို အခွန်ဆောင်ထားတဲ့ ဈေးဆိုင်တွေပါ။ စည်ပင် ဥပဒေအရ စည်ပင် အခွန်ဆောင်ထားတဲ့ ဈေးဆိုင်တွေဟာ ဈေးကောက်ကို ပေးစရာ မလိုပါဘူး။ အခုကျွန်တော်တို့ ငါးခြောက်တွေ ယူလာရင် တစ်အိတ်ကို ၅၀၀ ကျပ် လိုင်းစီလို့ ခေါ်တဲ့ ဈေးကောက်တွေကို ပေးနေရတယ်။ ဒါကြောင့် ဒါဟာ ဥပဒေနဲ့ မညီတဲ့ အတွက် သွားရောက် တင်ပြတာ ဖြစ်ပါတယ်″ ဟု ပြောသည်။

ယခုကဲ့သို့ စည်ပင် ဥပဒေနှင့် မကိုက်ညီဘဲ ဈေးခွန် ပေးဆောင်နေရသည်မှာ နှစ်ပေါင်း ၁၀ ကျော်ရှိပြီ သော်လည်း တစ်စုံတစ်ရာ တင်ပြမူမရှိဘဲ ယခုအခါမှ သွားရောက်တင်ပြရခြင်း အပေါ် မေးမြန်းရာ တစ်ခြား ဆိုင်ပိုင်ရှင် တစ်ဦး ဖြစ်သူ ဦးကျော်ထွန်းက ယခုလို ပြောသည်။

” အခုက အရပ်သား အစိုးရ၊ ဒီမိုကရေစီ အစိုးရဆိုတော့ လူထုတွေက တင်ပြလို့ရတယ်လေ။ နာဇီဈေးမှာတောင် အာဏာပိုင်တွေနဲ့ ထောက်လှမ်းရေးတွေ ကျော့ထောက်နောက်ခံ ပြုထားတဲ့ မတရား ဈေးကောက် ကောက်နေတဲ့ ဦးခင်မောင်လှဆီက ဈေးလေလံကို ရုတ်သိမ်းလိုက်ပြီ။ ဒါကြောင့် ကျွန်တော်တို့လည်း ဒီလို မျှမျှတတ ဖြစ်ဖို့ တောင်းဆိုရတာ ဖြစ်ပါတယ်″ ဟု ပြောသည်။

နာဇီဈေးတွင် ဈေးကောက် လိုင်စင်ရထားသူ ဦးခင်မောင်လှက ဈေးခွန်ကို စည်ပင်က သတ်မှတ်ထားချက်ထက် တိုးကောက်နေသဖြင့် ဈေးဆိုင်ပိုင်ရှင်များမှ ပြည်နယ် ၀န်ကြီးချုပ် အိမ်အထိ ချီတက်တောင်းဆိုရာ အခုအခါ လုပ်ပိုင်ခွင့် လေလံကို ပြည်နယ် အစိုးရက ရုတ်သိမ်းလိုက်ပြီ ဖြစ်သည်။

ယခု တင်ပြချက်ကိုလည်း စည်ပင်မှသေချာ စီစဉ် ပေးမည်ဟု ပြောကြားသည်ဟု သိရသည်။ ယနေ့ မေလ ၁၁ ရက်နေ့ ၁၁ နာရီချိန်တွင် စည်ပင်ရုံးတွင် ဈေးမိ ဈေးဖ ဘက်ကနှစ်ယောက်၊ ငါးခြောက် လုပ်ငန်း ပိုင်ရှင်များ အသင်းမှ ၂ ယောက်နှင့် စည်ပင် အရာရှိများ ဆွေးနွေးနေကြသည်ဟု သိရသည်။

ပြေလည်မူ မရပါက ပြည်နယ် ၀န်ကြီးချုပ်အိမ်ထိ ချီတက်ပြီး တောင်းဆိုမည်ဟု ဦးစံရှားက ပြောသည်။

ငါးခြောက်ဆိုင် ပိုင်ရှင်များသည် ကုတိုးခနှင့်ဈေးခ အတွက် ငါးခြောက် တစ်အိတ်ကို ကျပ် ၄၈၀ ပေးနေရပြီး ဆိပ်ကမ်းအခွန် အတွက်လည်း တစ်အိတ်ကို ၂၀ ကျပ်စီ ပေးနေရသဖြင့် နစ်နာမူများ ရှိနေရာမှ ယခုကဲ့သို့ မကောက်ခံရန် စည်ပင် အရာရှိများကို တောင်းဆိုကြသည်ဟု သိရသည်။

” သူတို့ ငါးခြောက်တန်းက ကောက်တဲ့အခွန်က နှစ်ဆင့်သုံးဆင့် ကောက်ခံနေတဲ့အတွက် သူတို့က လုံးဝ လုပ်စားလို့ မရ ဖြစ်နေတယ်။ အဲဒါကို သူတို့လူတွေစုပြီး စည်ပင်ရုံးမှာ သွားပြီး တင်ပြတာဖြစ်တယ်″ဟု စစ်တွေမြို့နယ် ပြည်နယ် လွတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်ကလည်း အတည်ပြု ပြောသည်။

ယခု ဈေးခွန်လျော့ချရေး လူပ်ရှားမူသည် ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း စစ်တွေတွင် ဒုတိယ အကြိမ် ဖြစ်ပွားခြင်း ဖြစ်သည်။ လွန်ခဲ့သော အပတ်က ပထမ အကြိမ် လူပ်ရှားမူတွင် နာဇီ ဈေးသူ ဈေးသားများ အနိုင်ရရှိခဲ့သည်။

(နိရဉ္စရာ သတင်းများကို မည်သူမဆို လွှတ်လပ်စွာ ကူးယူဖေါ်ပြနိုင်သည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြရပါမည်။)
Read Comment Policy

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>