ရခိုင်ပြည်နယ် ကုန်သည်ကြီးများ အသင်း အတွင်းရေးမှူး ဦးစောခန့်နဲ့ မေးမြန်းခန်း

မေလ ၂၉ ရက်နေ့က စစ်တွေ ဟိုတည်မှာ ရခိုင်ကုန်သည်ကြီးအသင်းက တာဝန်ရှိသူတွေနဲ့ ဘင်္ဂလာဒေခ်ျ့ ကုန်သည်တွေ အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဓိက ဘယ်ကိစ္စတွေကို ဆွေးနွေးခဲ့ပါသလဲလို့  ရခိုင်ပြည်နယ် ကုန်သည်ကြီးများ အသင်းရဲ့ အတွင်းရေးမှူး ဦးစောခန့်ကို နိရဉ္စရာက မေးတဲ့ အခါ သူက အခုလို စပြောပါတယ်။

အစည်းအဝေး ပြုလုပ်ရာ စစ်တွေ ဟိုတည် (ဓါတ်ပုံ- နိရဉ္စရာ)

ဦးစောခန့်။  ။ အဓိကတော့ ကျွန်တော်တို့ နယ်စပ်ကုန်သွယ်ရေးမှာ စစ်တွေဘက်က ကုန်သွယ်တွေရဲ့ အခက်အခဲ လေးတွေနဲ့ နစ်နာမူ တချို့ကို အခု ပြုလုပ်တဲ့ နယ်စပ်ကုန်သွယ်ရေး အရာရှိအဆင့် အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတာ  ဖြစ်ပါတယ်။

-       ဟုတ်ကဲ့။  ။ မြန်မာဘက်က နယ်စပ်ကုန်သွယ်ရေးမှာ ဘာတွေနစ်နာမှု ရှိနေပါလဲခင်ဗျား။

ဖြေ။  ။ ကျွန်တော်တို့ ဒီဘက်ကသွားတဲ့ သင်္ဘောတွေဟာ ဟိုဘက်မှာ ရာသီဥတု အခြေအနေကြောင့် သင်္ဘောတွေ ၀င်ကပ်ရတဲ့ အခါ တစ်ခါ တစ်ခါ စက်သုံးဆီပြတ်တာတို့၊ အစားအစာနဲ့ သောက်ရေ ပြတ်တာတွေ ရှိပါတယ်။ ဒါပေမယ့် သင်္ဘောသားတွေကို သူတို့ဘက်က ကုန်းပေါ် တက်ခွင့် မပေးတာတို့ ရှိတဲ့အတွက်ကြောင့် အခက်အခဲတွေ ဖြစ်ကြရတယ်။ ဒါကြောင့်မို့ အဲဒီ (ဘင်္ဂလာ) ဘက်မှာ ဆက်သွယ်ရေး အရာရှိတွေ ထားရှိဖို့ ကျွန်တော်တို့ဘက်က တောင်းဆိုခဲ့ပါတယ်။

-       တခြားဘယ် အကြောင်းအရာတွေကို ဆွေးနွေးခဲ့ပါလဲ ခင်ဗျား။

ဖြေ။  ။ တခြား ငွေရေးကြေးရေး အာမာခံမှုအနေ အထားတွေနဲ့ ဘဏ်နဲ့ ပတ်သက်တာတွေလည်း ဆွေးနွေးခဲ့ကြပါတယ်။

-       ဘင်္ဂလားဒေ့ခ်ျ ဘက်ကဘာတွေကို ဆွေးနွေးခဲ့ပါလဲ ခင်ဗျား။

ဖြေ။ ။ သူတို့ဘက်ကတော့ ဆောင်လုပ်ရေးမှာ အသုံးပြုတဲ့ ပစ္စည်းတွေ၊ ဆီမန်းတွေ၊ နောက် လူသုံးကုန်ပစ္စည်း တွေ၊ သယ်ယူတင်သွင်းဖို့အတွက် တောင်းဆိုခဲ့ပါတယ်။

-       ဟုတ်ကဲ့ ဗမာပြည်နဲ့ ပတ်သက်ပြီး ရေကြောင်းဆက်သွယ်ရေး သင်္ဘောတွေ ၀င်ထွက်ခွင့် တွေကိုတောင်း ဆိုတယ်လို့ကြားတယ် အဲဒါကိုဆွေးနွေးတာရှိပါလား။ ဘယ်လိုအခြေအနေရှိပါလဲ။

ဖြေ။ ။ အဲဒါက သူတို့ဆီက ၀င်ခွင့်တောင်းပါတယ်။ ကျွန်တော်တို့ ဘက်ကလည်း ၀င်ခွင့်ပြုပါတယ်။

-       ဒီဆွေးနွေး ပွဲနဲ့ပတ်သက်ပြီး အဆိုး အကောင်း ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ အကောင်းမြင်ပါတယ်။ ကျွန်တော်တို့ အချင်းချင်း ထိတွေ့ဆက်ဆံမှုများလာရင် အခက်အခဲတွေ အားလုံး အဆင်ပြေ သွားမယ့် အနေအထားမြင်ပါတယ်။

-       ခုလက်ရှိ မြန်မာဘက်က ဘယ်ပစ္စည်းတွေကို ဘင်္ဂလာကို တင်ပို့ပြီးတော့ ဘင်္ဂလားဒေ့ခ်ျဘက်က ဘယ်ပစ္စည်းတွေကို မြန်မာဘက်ကို ပြန်တင်ပို့နေပါလဲ ခင်ဗျား။

ဖြေ။  ။ မြန်မာဘက်ကတော့ ဇီးယိုထုပ်တွေ၊ ပဲတွေ၊ နောက်ရေချိုငါးကို အဓိကထား တင်ပို့ပါတယ်။ ဘင်္ဂလားဒေ့ခ်ျဘက်ကတော့ ဆီမန်း (ဘိလပ်မြေ) ရယ်၊ သံချောင်းရယ်၊ ဆံပင်ရယ်တို့ သွင်းပါတယ်။

-       အခုအစိုးရ သစ်လက်ထက်မှာ နယ်စပ် စီးပွားရေးအခြေအနေက ဘယ်လိုရှိပါလဲ ခင်ဗျား။

ဖြေ။  ။ အရင်နှစ်တွေထက် ဘင်္ဂလာကို ရေချိုငါး တင်ပို့မှု ( နည်းနည်း) နည်းနေတဲ့အတွက် ကုန်သည်တွေအတွက် သိပ်အဆင် မပြေတဲ့ အခြေအနေမှာ ရှိနေပါတယ်။

-       ရခိုင်ဘက်က ပုဇွန်တွေ ဘင်္ဂလားဒေ့ခ်ျကို တင်ပို့တာကော ရှိပါလားခင်ဗျား။

ဖြေ။  ။ လောလောဆယ်မှာတော့ ဘင်္ဂလားဒေ့ခ်ျဘက်က ဈေးပေးတဲ့ဟာ နည်းနေတဲ့အတွက်ကြောင်းမို့လို့ ရန်ကုန် ဘက်ကို ဘဲ အဓိက တင်ပို့ နေပါတယ်။

-       နောက်တခုကတော့ မြန်မာကနေ ဘင်္ဂလားဒေ့ခ်ျဘက်ကို ဆန်တွေတင်ပို့ဖို့ အခြေအနေကော ရှိပါလား ခင်ဗျား။

ဖြေ။  ။ ကျွန်တော်တို့ ဘက်က တင်ပို့ဖို့ တော့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ ဈေးနှုန်းမကိုက်တဲ့အတွက် ကျွန်တော်တို့မတင်ပို့ နိုင်သေးပါဘူး။

-       ဟုတ်ကဲ့ အနာဂတ်မှာ ဘင်္ဂလားဒေ့ခ်ျနဲ့ မြန်မာ နယ်စပ် ကုန်သွယ်ရေးက တိုးတက်လာမယ့် အခြေအနေရှိပါလား။ ဘယ်လိုအခြေအနေမျိုးရှိပါလဲ။

ဖြေ။  ။ကျွန်တော်တို့ ဘက်ကတော့ တိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်။

-       အဲဒီတော့ ခုလက်ရှိ ဘင်္ဂလားဒေ့ခ်ျနဲ့ မြန်မာအကြား နယ်စပ်ကုန်သွယ်ရေးမှာ ဘာတွေအခက်အခဲရှိ နေပါလဲ။

ဖြေ။ ။ ကြီးကြီးမားမားတော့ မရှိပါဘူး။ Capacity Building ကိုတည်ဆောက်ပြီး အရည်အသွေး  quality တို့ကို မြန်မာဘက်က မြင့်ဖို့ လိုပါတယ်။  ပစ္စည်းအရည်အသွေးတွေ တိုးတက် လာရင်တော့ ဒီထက် ပို့ကုန် ပမာဏ မြင့်တက်လာနိုင်ပါတယ်။ ဒါကြောင့် ကုန်ပစ္စည်းတွေ အရည်အသွေး တိုးတက်အောင်  မြန်မာနိုင်ငံက ကြိုးစားနေပါတယ်။

-       ဟုတ်ကဲ့ အဲဒီ အစည်းအဝေးက ဘယ်နေ့ကနေ ဘယ်နေ့အထိ လုပ်ခဲ့ပါလဲ ခင်ဗျား။

ဖြေ။ ။ ကျွန်တော်တို့ မေလ ၂၉ရက်နေ့ ညနေ ၅ နာရီကနေ ညနေ ၇နာရီအထိ လုပ်ဖြစ်ပါတယ်။ မေလ ၃၀ ရက် နေ့မှာ ဘင်္ဂလားဒေ့ခ်ျဘက်က စီးပွားရေး အဖွဲ့တွေဟာ စစ်တွေကနေ ထွက်ခွာသွားပါတယ်။

-       အဲဒီအစည်းအဝေးမှာ ဘင်္ဂလားဒေ့ခ်ျဘက်က ဘယ်နှစ်ဦးတက်ပြီးတော့ မြန်မာဘက်က ဘယ်နှစ် ဦးတက်ပါလဲ ခင်ဗျား။

ဖြေ။  ။ အစိုးရ၀န်ထမ်းတွေရဲ့ တရားဝင် ဆွေးနွေးပွဲဖြစ်တဲ့အတွက် သူတို့ဘက်က ကုန်သည်က ၄ဦးပါ ပါတယ်။ မြန်မာ ဘက်ကတော့ ဌာနဆိုင်ရာအပြင် ကုန်သည် အယောက် ၂၀ တက်ပါတယ်။ (ပြီး)

(နိရဉ္စရာ သတင်းများကို မည်သူမဆို လွှတ်လပ်စွာ ကူးယူဖေါ်ပြနိုင်သည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြရပါမည်။)
Read Comment Policy

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>