နိုင်ငံရေး — June 5, 2012 at 6:11 pm

ရမ်းဗြဲ၊ တောင်ကုတ်၊ စစ်တွေ ဖြစ်ရပ်နှင့် ပတ်သက်ပြီး RNDP ကျေညာချက် ထုတ်ပြန်

ကျေညာချက်များမှာ အောက်ပါ အတိုင်း ဖြစ်သည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ

ဗဟိုဌာနချုပ်၊ စစ်တွေမြို့

သဘောထားကြေငြာချက် အမှတ် (၁/၂၀၁၂)

နေ့စွဲ-၂၀၁၂-ခုနှစ်၊ ဇွန်လ (၄) ရက်

၁။ ၂၈. ၅. ၂၀၁၂ နေ့တွင် ဖြစ်ပျက် ပေါ်ပေါက်ခဲ့သော ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော် ကျေးရွာ အုပ်စု၌ ရခိုင် အမျိုးသမီးအား လူမဆန်စွာ မုဒိမ်းပြုကျင့် ရာဇ၀တ်မှုကျူးလွန် သတ်ဖြတ် ခံခဲ့ရမှု အပေါ်၊ ရခိုင်တိုင်း ရင်းသားများ တိုးတက်ရေးပါတီ အနေဖြင့် များစွာ စိတ်ထိခိုက် ၀မ်းနည်း ကြေကွဲ ရပါသည်။

၂။ ၃.၆. ၂၀၁၂ နေ့တွင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၌ အစ္စလာမ်ဘာသာဝင် ခရီးသွားပြည်သူ (၁၀)ဦးအား ရက်စက်စွာ သတ်ဖြတ်ကျူးလွန်ကြမှုအပေါ် တွင်လည်း ကျွန်ုပ်တို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီအ နေဖြင့် လုံးဝလက်ခံ နိုင်ဖွယ်ရာ ဖြစ်ရပ်မဟုတ်ကြောင်း ရှုမြင်သုံးသပ်ပါသည်။

၃။ ရန်လိုမုန်းတီးခြင်း၊ ရက်စက်ခြင်း၊ အကြမ်းဖက်ခြင်း၊ အစွန်းရောက် လွန်းခြင်းများသည် ယဉ်ကျေးသော လူ့အ ဖွဲ့အစည်း အဆင့်ဆင့်အနေဖြင့် ယနေ့ကာလတွင် ခါးခါးသီးသီး လက်ခံနိုင်စရာ မရှိသော အချက်များဖြစ်ပေသည်။

၅။ ရခိုင်လူ့အဖွဲ့ အစည်းအဆင့်ဆင့် အနေဖြင့် ဤသို့သော လူမဆန်မှုများကို ပစ်ပယ်၍ လူ့အဖွဲ့ အစည်းကြီး၏ အေးချမ်းသာယာမှု၊ လုံခြုံမှု၊ ချစ်ခင်မှု၊ နွေးထွေးမှု စသောအချက်များကို မြှင့်တင် ဆောင်ရွက် ခြင်းဖြင့် အေးချမ်း လုံခြုံသော လူ့ဘောင်လူ့အဖွဲ့အစည်းကို တည်ဆောက်ရပေမည်။

၆။ သို့ဖြစ်ပါ၍ အခြားအခြားသော မလိုလားအပ်သည့် ပြဿနာ၊ ပဋိပက္ခများ ပေါ်ပေါက်ခြင်းများ ချုပ်ငြိမ်းရန်နှင့် အေးချမ်းလုံခြုံမှု ခိုင်မာစွာ ပေါ်ထွန်းနိုင်စေရန်၊ မည်သည့်ဖြစ်ပွားပေါ် ပေါက်သော ပြဿနာအခက် အခဲများမဆို အား လူသားဆန်စွာနှင့် ဥပဒေနှင့် ညီညွတ်စွာသာလျှင် ရင်ဆိုင်ဖြေရှင်း ကြသင့်ပါကြောင်း လေးစားစွာတိုက် တွန်းအပ်ပါသည်။

ဗဟိုအလုပ်အမှုဆောင် အဖွဲ့

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ

ဗဟိုဌာနချုပ်၊ စစ်တွေမြို့

 

ဗဟိုဌာနချုပ်၊ စစ်တွေမြို့

သဘောထားကြေငြာချက် အမှတ် (၂/၂၀၁၂)

နေ့စွဲ ၂၀၁၂-ခုနှစ် ဇွန်လ (၄) ရက်

၁။ ၃.၆.၂၀၁၂ နေ့ညနေပိုင်းက စစ်တွေမြို့၊ အမှတ် (၁) ရဲစခန်းရှေ့၌ ဖြစ်ပွားခဲ့သော ပြဿနာ၏ အစမှာစစ် တွေမြို့ စက်ရုံစုရပ်ကွက် (နာဇီဈေး) အခွန်ကောက်ခံ သူအုပ်စုများ၏ ပဋိပက္ခဆက်နွယ်ပြီး “အောင်သန်းဝေ” ဆိုသူ ပျောက်ဆုံးနေမှုအတွက် တိုင်တန်းတောင်းဆို ကြခြင်းဖြစ်ကြောင်း ကျွန်ုပ်တို့ပါတီမှ သိရှိခဲ့ရပါသည်။

၂။ ကျွန်ုပ်တို့ပါတီမှ တာဝန်ရှိ ပုဂ္ဂိုလ်အချို့ကိုယ်တိုင် “အောင်သန်းဝေ” အား လိုက်လံရှာဖွေတွေ့ရှိ လာခဲ့သည့် အတွက် အမှတ် (၁) ရဲစခန်းရှေ့ရှိ တောင်းဆိုနေကြသူ လူအုပ်အား “အောင်သန်းဝေ” ကိုထုတ်ဖော်ပြသခြင်း။ အောင်သန်းဝေကိုယ်တိုင် တောင်းဆိုသူလူ အုပ်များရှေ့မှောက်၌ စကားပြောဆိုခြင်းတို့ ပြုလုပ်ခဲ့ပါသည်။

၃။ ထိုနောက်တွင် အဓိကရုဏ်း အသွင်ဆောင်လာသော လူအုပ်အား သက်ဆိုင်ရာမှ အင်အားသုံးပစ်ခတ်နှိမ် နင်းခြင်း၊ (၁၁)ဦးဒဏ်ရာရရှိပြီး စစ်တွေဆေးရုံကြီး၌ အတွင်းလူနာအဖြစ် ကုသရခြင်းတို့ ဖြစ်ပျက်ရမှုနှင့် ပတ် သက်၍ ရခိုင်ပြည်သူ တစ်ရပ်လုံးနှင့်အတူ ကျွန်ုပ်တို့ပါတီမှ အထူးထိခိုက်ခံစား ရပါကြောင်း ထုတ်ပြန်အပ်ပါ သည်။

၎။ သက်ဆိုင်ရာမှ အဓိကရုဏ်း နှိမ်နင်းရာတွင် အင်အားအလွန် ကြီးမားစွာ အသုံပြုမှုနှင့် ပတ်သက်၍လည်း ရခိုင် ပြည်သူ တစ်ရပ်လုံးနှင့်ထပ်တူ အထူးထိခိုက်ခံစားရ ပါကြောင်း သဘောထားထုတ်ပြန် အပ်ပါသည်။

၅။ ၃.၆.၂၀၁၂ နေ့ဖြစ်ပွားသော ဖြစ်ရပ်နှင့် ပတ်သက်၍ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ကြရေးကိုလည်း ကောင်း၊ ပြည်သူများ၏ သံသယကင်းစင်ရေးအတွက် အဖြစ်အပျက်၏ သတင်းမှန်များကို သက်ဆိုင်ရာမှ တိကျ စွာ ထုတ်ပြန်ပေးရေးကိုလည်းကောင်း ကျွန်ုပ်တို့ပါတီမှ လေးလေးနက်နက် တောင်းဆိုအပ်ပါသည်။

ဗဟိုဌာနချုပ် အမှုဆောင်အဖွဲ့

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ

ဗဟိုဌာနချုပ်၊ စစ်တွေမြို့

(နိရဉ္စရာ သတင်းများကို မည်သူမဆို လွှတ်လပ်စွာ ကူးယူဖေါ်ပြနိုင်သည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြရပါမည်။)
Read Comment Policy

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>