သတင်း — June 11, 2012 at 9:27 am

ယနေ့တွင်လည်း ရန်ကုန် ဆူးလေတွင် ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်ပွဲ ပြုလုပ်မည်

ယမန်နေ့က ရွှေတိဂုံ ရင်ပြင်တော်တွင် ရခိုင်အမျိုးသား ၃၀၀၀ ခန့်က ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်ပွဲ ပြုလုပ် အပြီး ယနေ့တွင်လည်း ရန်ကုန်မြို့ ဆူးလေ ဘုရားတွင် ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်ပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆန္ဒ ဖေါ်ထုတ်ပွဲကို  နံနက် ၁၀ နာရီမှ စတင်ကာ ၁၂ နာရီထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင့် လူပ်ရှားရာတွင် ပါဝင်သူ တစ်ဦးက ပြောသည်။

အဓိအားဖြင့် ရခိုင်ပြည်နယ် တွင် အကြမ်းဖက်ကျူးလွန်နေသူများကို ရှုတ်ချရန်နှင့် လက်ရှိ ရခိုင်ပြည်နယ် တည်ငြိမ်ရေး အတွက် ဆောင်ရွက်နေသော တပ်မတော်၊ ရဲတပ်ဖွဲ့ဝင်များနှင့် တထပ်တည်းရှိကြောင်း ထုတ်ဖေါ် ပြသရန် ဖြစ်ကြောင်း သူက ဆက်လက် ပြောကြားသည်။

၎င်းပြင် သမိုင်းနှင့် ယဉ်ကျေးမှု အစဉ်အလာကြီးမားသော  မြန်မာမိသားစုဝင် စစ်စစ် ရခိုင်တိုင်းရင်းသား ညီအစ်ကို မောင်နှမများကို လျစ်လျူရှု နှိမ့်ချပြီး တခြား တဘက်ကို စောင်းပေး ရေးသားတင်ပြနေသော မြန်မာ ပြည်ပ သတင်းဌာန ကြီးများကိုလည်း ဆန့်ကျင် ကန့်ကွက်ကြောင်း ဖေါ်ထုတ်ရန် ဖြစ်ကြောင်း သူက ပြောဆိုသွားသည်။

(နိရဉ္စရာ သတင်းများကို မည်သူမဆို လွှတ်လပ်စွာ ကူးယူဖေါ်ပြနိုင်သည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြရပါမည်။)
Read Comment Policy

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>