သတင်း — June 12, 2012 at 12:00 pm

စစ်တွေတွင် အခြေအနေ ဆက်လက် ဆိုးရွားနေဆဲ

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် အခြေအနေမှာ ဆက်လက် ဆိုးရွားနေဆဲ ဖြစ်ပြီး ရပ်ကွက် အတော်များများ မီးစွဲလောင်နေသည်ဟု သိရသည်။

လက်ရှိ မီးလောင်နေသော ရပ်ကွက်များမှ ကသည်းရွာ၊ စက်ရုံစု၊ နာဇီရွာ ရပ်ကွက်များ ပါဝင်ပြီး ရခိုင်နှင့် မွတ်ဆလင်များအကြား တစ်ဘက်နှင့် တစ်ဘက် အပြန်အလှန် မီးရှို့နေကြောင်း သိရသည်။

“ ဘယ်လို ပြောမလဲ။ သူ့ဘက်ကိုယ်ဘက် မီးရှို့နေကြတာပါ။ သူတို့လည်း ရခိုင် ရပ်ကွက်တွေကို လာရှို့တယ်။ ရခိုင်တွေကလည်း သူတို့ ရပ်ကွက်ကို သွားရှို့တယ်။ ဒီလို အပြန် အလှန် ဖြစ်နေကြတာပါ။ ပြောဖို့ ခက်ပါတယ်။လောင်တာတော့ လောင်နေတာပါဘဲ” ဟု ပြောသည်။

ယမန်နေ့ကလည်း ရခိုင်အမျိုးသားများနေထိုင်ရာ စံပြရပ်ကွက်ကို မွတ်ဆလင် လူအုပ်က လာရောက် မီးရှို့ခံခဲ့ရသည်ဟု သိရသည်။

စစ်တွေတွင် အခြေအနေမှာ ရှုတ်ထွေးနေပြီး အစိုးရ စစ်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်မူများ ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

စစ်တွေမြို့ ရဲနွယ်စု ရပ်ကွက် အန်ဂျီအို တစ်ခုတွင် လုပ်ကိုင်နေသူ တစ်ဦးမှလည်း လက်နက် သေတ္တာများ ဖမ်းဆီးရမိသည်ဆိုသော သတင်းများလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသည်။ သို့သော်လည်း အာဏာပိုင်များ၏ အတည်ပြုချက်ကို ရယူနိုင်ခြင်း မရှိသေးပါ။

(နိရဉ္စရာ သတင်းများကို မည်သူမဆို လွှတ်လပ်စွာ ကူးယူဖေါ်ပြနိုင်သည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြရပါမည်။)
Read Comment Policy

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>