သတင်း — June 12, 2012 at 5:35 pm

မင်းပြားတွင် မွတ်ဆလင်ရွာကို ဖျက်သည့် သတင်း မဟုတ်မှန်

မင်းပြားတွင် ရခိုင်များက မွတ်ဆလင်ရွာများကို မီးတိုက် ဖျက်ဆီးနေသည် သတင်းမှာ မဟုတ်မှန်ကြောင်း မင်းပြားအမတ် ဦးသာကျော်က ပြောသည်။

 “ မြို့ထဲမှာတော့ လူငယ်တွေက ဓါးတွေ တုတ်တွေ ကိုင်ပြီး ကင်းလှည့်နေပါတယ်။ အာဏာပိုင်တွေက မေတ္တာရပ်ခံထားတဲ့ အတွက် ကျွန်တော်တို့ဘက်ကတော့ ဘာမှ မလုပ်သေးပါဘူး။ သူတို့က ရန်မစရင်ပေါ့” ဟု သူက ပြောသည်။

သို့သော်လည်း  နေ့လည်ပိုင်းက ရခိုင် လူအုပ်များလာပြီး အကြမ်းဖက်မူများ ပေါ်ပေါက်မည်ကို စိုးရိမ်သဖြင် ရဲနှင့် စစ်တပ်က သေနတ် ငါးချက်ခန့် မိုးပေါ် ထောင်ပစ်ကာ လူစု ခွဲခဲ့သည်ဟု ဆိုသည်။

မင်းပြားတွင် မွတ်ဆလင်များ နေထိုင်သော ပိုက်သည်ရွာကို ဒေသခံ မင်းပြားမြို့ခံ အနီးကပ် စောင့်ကြည့်နေကြောင်း သူက ပြောသည်။

မောင်တောမြို့တွင် မွတ်ဆလင်များက မိမိအိမ်ကို မိမိ မီးရှို့ကာ ထွက်ပြေးနေကြသဖြင့် မီးကို ငြိမ်းသတ်ပြီး အခြေအနေကို အာဏာပိုင်များက ထိန်းသိမ်းနေရသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။ မည်သည့်အတွက် ၎င်းတို့ နေထိုင်သော အိမ်ကို ၎င်းတို့က မီးရှို့နေပါသလဲဟု မေးမြန်းရာ သူတို့၏ ရည်ရွယ်ချက်ကို မသိကြောင်း သူက ပြောသည်။

ကျောက်တော်တွင်လည်း ကျောက်တော်မြို့တွင်းသို့  ဓါတ်ဆီ ဗုံးများဖြင့် ၀င်ပြီး မီးရှို့ရန် ကြိုးစားသူ မွတ်ဆလင် လေးငါးဦးအား ကင်းတာဝန် ယူထားသူများက ဖမ်းဆီးပြီး ရဲလက်သို့ အပ်လိုက်သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

(နိရဉ္စရာ သတင်းများကို မည်သူမဆို လွှတ်လပ်စွာ ကူးယူဖေါ်ပြနိုင်သည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြရပါမည်။)
Read Comment Policy

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>