သတင်း — June 13, 2012 at 6:17 pm

စစ်တွေတွင် တုတ်၊ဓါး လက်နက် မကိုင်ရ အမိန့်ထုတ်

ဆူပူ အကြမ်းဖက်မူ ဖြစ်ပွားနေသော စစ်တွေတွင် တုတ်၊ ဓါး လက်နက်များ ကိုင်ဆောင်၍ လမ်းများပေါ်တွင် မသွားလာရဟု ယနေ့ နံနက်က အာဏာပိုင်များက အမိန့်ထုတ်ကြောင်း သိရသည်။

၎င်းအမိန့်ကို မြို့နယ် အုပ်ချုပ်ရေးမှူးက လက်မှတ်ထိုး ထုတ်ပြန်ခြင်း ဖြစ်ပြီး ယနေ့နံနက်က အသံချဲ့စက်ဖြင့် မြို့ကို ပတ်ကာ ကျေညာသွားသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

“ သူတို့က ဒီကနေ့ မနက်က ထပ်ပြီး ကားနဲ့ မြို့ကို ပတ်ပြီး အသံချဲ့စက်နဲ့ ကျေညာသွားပါတယ်။ နောက်က အချုပ်ကားတစ်စီးလည်း တွေ့တယ်ဗျာ။ အရင်က အရေးပေါ် ကျေညာထားပေမယ့် အခုမှဘဲ တုတ်ဓါးတွေကို ကိုင်ပြီး လမ်းပေါ် မသွားလာရ ဆိုပြီး အမိန့်ထုတ်တာကို တွေ့ရပါတယ်” ဟု ပြောသည်။

အာဏာပိုင်များ အနေဖြင့် စစ်တွေမြို့ပေါ်ရှိ ပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်မူလည်း မပေးနိုင်သည့် အပြင် ယခုတခါ တုတ်ဓါးများကိုလည်း မကိုင်ဆောင်ရဟု အမိန့်ထုတ်သဖြင့် အာဏာပိုင်များ၏ လုပ်ရပ် အပေါ် မြို့ခံ ပြည်သူက နားမလည်အောင် ဖြစ်နေကြရသည်ဟု သူက ဆက်ပြောသည်။

“ အာဏာပိုင်တွေက ကျွန်တော်တို့မြို့ကိုလည်း ကာကွယ်ပေးနိုင်တာ မဟုတ်ဘူး။ ကိုယ်ကိုကိုယ် ကာကွယ်ဖို့ ကိုင်ထားတဲ့ တုတ်ဓါးတွေကိုလည်း  မကိုင်ရဘူးဆိုတော့ ကျွန်တော်တို့ လုံခြုံရေး အတွက် အထူး အခက်အခဲ ကြုံတွေ့နေရပါပြီ” ဟု သူက ပြောသည်။

ယနေ့တွင် စစ်တွေတွင် မိုးသည်းသည်းမဲမဲ ရွာသွန်းနေသဖြင့် လမ်းပေါ်ထွက်သွားလာနေသူများလည်း မရှိသလောက် ဖြစ်နေပြီး အခြေအနေမှာလည်း အေးဆေး ငြိမ်သက်နေကြောင်း သိရသည်။

ယနေ့ နေ့လည် (၁) နာရီက  ဆူပူ အကြမ်းဖက်သူများ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသူ မင်းဂံ အကွက် (၂)မှ ကိုလှဌေးကို ဘုန်းကြီး သချိုင်းတွင် သဂြိုလ်ခဲ့သည်ဟု သတင်း ရရှိသည်။

(နိရဉ္စရာ သတင်းများကို မည်သူမဆို လွှတ်လပ်စွာ ကူးယူဖေါ်ပြနိုင်သည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြရပါမည်။)
Read Comment Policy

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>