သတင်း, နိုင်ငံရေး — June 19, 2012 at 9:20 am

အင်္ဂလန်တွင် ဘီဘီစီကို မြန်မာများ ဆန္ဒပြ

ဇွန်လ ၁၈ နေ့တွင် အင်္ဂလန်နိုင်ငံရောက် မျိုးချစ်မြန်မာ တိုင်းရင်းသားများ စုစည်း၍ BBC ( Television Centre – Shepherd’ Bush/Wood Lane) အား ဆန္ဒပြကန့်ကွက်ခဲ့ကြသည်ဟု သိရသည်။

ထိုဆန္ဒပြပွဲသို့ အင်္ဂလန်ရောက် မြန်မာတိုင်းရင်းသား ၅၀ ခန့်တက်ရောက်ခဲ့သည်။ နေ့လည် ၁၂ နာရီမှ ၁ နာရီအထိ ပြုလုပ်သော ဆန္ဒပြပွဲတွင်  မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပွားသွားခဲ့သော အဓိကရုဏ်းနှင့်ပတ်သက်၍ BBC ၏သတင်းထုတ်ပြန်ချက်များအပေါ် မှန်ကန်မှုမရှိကြောင်းနှင့် ဘက်လိုက်ဖေါ်ပြမှုများအား ရှုတ်ချကြောင်း ဖေါ်ထုတ် ပြသခဲ့ကြသည်။

ဆန္ဒပြမှုအကြောင်းရင်း၏ ဦးတည်ချက်နှင့် မှန်ကန်သော  သမိုင်းအချက်အလက်များအား BBC တွင် တာဝန် ထမ်းဆောင်နေသည့် အရာရှိတဦးထံသို့ ပေးအပ်ခဲ့သည်ဟု ပြောသည်။

ဆန္ဒပြသူများ အဓိကထုတ်ဖေါ်ကန့်ကွက်ခဲ့သောအကြောင်းရင်းမှာ BBC ၏မှားယွင်းစွာ ထုတ်ပြန်နေသောသတင်းများသည် လက်ရှိ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် ပြဿနာအားပိုဆိုးရွားစေကြောင်း၊ ရိုဟိန်ဂျာ သည်မြန်မာနိုင်ငံသားများ (လုံးဝ) မဟုတ်ကြောင်း ၊ BBCမှ မှားယွင်းစွာ ထုတ်ပြန်လျက်ရှိသော သတင်းများကြောင့် မလိုလားအပ်သော နားလည်မှု လွဲမှားမှူများ ကမ္ဘာအရပ်ရပ်ရှိ ပြည်သူများအကြားတွင် ဖြစ်ပေါ်လျက်ရှိကြောင်း ၊မြန်မာအရေးလှုပ်ရှားနေသော Burma Campaign UK ၏လုပ်ဆောင်ချက်များ သည် မြန်မာနိုင်ငံနှင့် တိုင်းရင်းသားများအား ကိုယ်စားမပြုကြောင်း အတိအလင်း ဖေါ်ပြခဲ့ကြသည်ဟု ဦးဆောင် လူပ်ရှားသူ တစ်ဦးက ဆိုသည်။

ဆန္ဒပြပွဲတွင် ကြွေးကြော်သံများဖြင့်  ကြွေးကြော် ဆန္ဒပြခဲ့ကြပြီး ပဋိပက္ခ ပို မကြီးထွားရအောင် သတင်းမှားများ ထုတ်လွှင့်ခြင်းကို ရပ်တန့်ပါဆိုပြီး ကြွေးကြော် ဆန္ဒပြခဲ့ကြကြောင်း သတင်း ရရှိသည်။

(နိရဉ္စရာ သတင်းများကို မည်သူမဆို လွှတ်လပ်စွာ ကူးယူဖေါ်ပြနိုင်သည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြရပါမည်။)
Read Comment Policy

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>