သတင်း — June 22, 2012 at 12:05 pm

ဟိန္ဒူဘာသာဝင်တွေကို ရိုဟင်ဂျာ လူမျိုးလို ၀တ်ဆင်ခိုင်းပြီး မီးရှို့ခိုင်းနေဟု ဆို

ဆစ်ဒနီတက္ကသိုလ်က ရိုဟင်ဂျာလူမျိုးဆိုသူ ဒေါက်တာလှမြင့်မှ ရခိုင်ပြည်နယ်တွင်းက ဟိန္နူ ဘာသာဝင်တွေကို အာဏာပိုင်တွေဟာ  ရိုဟင်ဂျာလူမျိုးလို ဝတ်ဆင်ခိုင်းပြီး မိမိအိမ်ကို ပြန်ပြီး မီးရှို့ထွက်ပြေးတာမျိုး လုပ်ခိုင်းနေတယ်လို့ ရေဒီယိုသြစတြေးလျကို ပြောကြားလိုက် ပါတယ်။

ရေဒီယို သြစတြေးလျ မြန်မာပိုင်းက ရေသားတဲ့ သတင်းမှာ ဖေါ်ပြထားတာ ဖြစ်ပါတယ်။ http://www.radioaustralia.net.au/burmese/2012-06-22/965130

ဒေါက်တာ လှမြင့်က ခုလို ပြောဆိုတာကို ဒီတပတ်အတွင်းမှာ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သတင်းမှာ ပြောဆိုပါတယ်။

စစ်တွေမြို့မှာ ဗုဒ္ဓဟူးနေ့ ညပိုင်းနဲ့ မနေ့နေလည်ပိုင်းတုန်းက ရခိုင်အိမ်တွေအများစုရှိတဲ့နေရာမှာ အကြမ်းဖက်လို သူတွေက သူတို့ အိမ်သူတို့မီးရှို့ပြီး ထွက်ပြေးတာ မျိုးတွေရှိနေတယ် လို့ ပြည်နယ် အမတ် ဦးအောင်မြကျော်က ပြောပါတယ်။

ရခိုင်မှာ ပျောက်ဆုံးသူတွေရဲ့ အလောင်းတွေ တွေ့ပြီ ခေါင်းစဉ်နဲ့  ရေဒီယို သြစတြေး လျ မြန်မာပိုင်း က ရေးသားထားတဲ့ အဲဒီ သတင်းမှာ ခုလို ဒေါက်တာ လှမြင့် ပြောကြားချက်ကို ဖေါ်ပြထားပေမယ့် ဟိန္ဒူလူမျိုးတွေရဲ့  တုန့်ပြန်မူကိုတော့ ဖေါ်ပြထားတာ မတွေ့ရပါဘူး။

(နိရဉ္စရာ သတင်းများကို မည်သူမဆို လွှတ်လပ်စွာ ကူးယူဖေါ်ပြနိုင်သည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြရပါမည်။)
Read Comment Policy

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>