အယ်ဒီတာ့ အာဘော် — June 24, 2012 at 11:15 am

ရခိုင်ဆူပူမူ လွတ်လပ်သော စုံစမ်းရေးကော်မရှင်ဖွဲ့ စည်း စစ်ဆေးရန်လို (အယ်ဒီတာ့ အာဘော်)

(အယ်ဒီတာ အာဘော်)

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့နယ်မှာ ဇွန်လ ၈ ရက်နေ့က စတင်ခဲ့တဲ့  အကြမ်းဖက် ဆူပူမူကြောင့်  ကျေးရွာပေါင်း ၉ ရွာ မီးရှို့ ခံခဲ့ရပြီး ရခိုင်လူမျိုး  ၇  ဦးသေဆုံးကာ လူပေါင်း သောင်းချီ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ အဲဒီ ဆူပူ အကြမ်းဖက်မူဟာ မောင်တောက တဆင့် ရခိုင်ပြည်နယ် မြို့တော် စစ်တွေအပါအ၀င် ရခိုင်ပြည်နယ် အနှံ့အပြားကို ကူးစက် လောင်ကျွမ်းခဲ့ပါ တယ်။ စစ်တွေမြို့မှာဆိုရင်လည်း အပြန်အလှန် တိုက်ခိုက်မူတွေနဲ့  အိမ်မီးရှို့မူတွေ အကြီးအ ကျယ် ဖြစ်ပေါ်ခဲ့ပါတယ်။  စစ်တွေမှာ ရှိတဲ့ ပြည်သူလူထု တရပ်လုံး အနေနဲ့ နေ့မအိပ်အား ညမအိပ် အား ကျီးလန့်စာစားဘ၀နဲ့ နေထိုင်ခဲ့ကြရတာ ဖြစ်ပါတယ်။ ရခိုင်မှာ ဖြစ်ပေါ်ခဲ့တဲ့  အကြမ်းဖက် ဆူပူမူ နဲ့ ပတ်သက်ပြီး  မြန်မာနိုင်ငံကသာမက ကမ္ဘာအစိုးရတွေ အကြားမှာလည်း စိုးရိမ်မူ ဖြစ်ပေါ်စေခဲ့ ပါတယ်။ သေဆုံးမူ၊ ပျက်စီး ရှုံဆုံးမှု အတိုင်းအတာလည်း အလွန်ကြီးမားပါတယ်။

အစိုးရ ထုတ်ပြန်တဲ့ စာရင်းအရ စစ်တွေမြို့မှာ ပေါ်ပေါက်ခဲ့တဲ့ ဆူပူ အကြမ်းဖက်မူကြောင့် အိမ်ခြေပေါင်း ၂၅၀၀ ကျော် မီးရှိုဖျက်ဆီး ခံခဲ့ရပြီးတော့ ဘုန်းကြီးကျောင်း ၉ ကျောင်း၊ ဗလီ ၇ လုံး၊ စာသင်ကျောင်းတစ်ကျောင်းလည်း မီးရှို့ရာမှာ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ လူပေါင်း ၅၀၀၀၀ ကျော် ခန့်ဟာ အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ရပြီး လူပေါင်း ၆၂ ဦး သေဆုံးကာ ဒဏ်ရာရသူ ရာဂဏန်း ထိ ရှိတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်ရဲ့ သမိုင်းမှာ ၁၉၄၂ ခုနှစ် ဖြစ်ပေါ်ခဲ့တဲ့ ကုလား- ရခိုင် အဓိဂရုဏ်း ဖြစ်ပြီးနောက် ပိုင်းမှာ  ဒီအဓိဂရုဏ်းဟာ အကြီးမားဆုံး  အဓိဂရုဏ်း တစ်ခုဘဲ  ဖြစ်ပါတယ်။ ၁၉၄၂ ခုနှစ် အဓိဂရုဏ်းက ဂျ ပန်အ၀င် အင်္ဂလိပ် အထွက် အုပ်ချုပ်ရေး ပျက်ပြားနေတဲ့ အချိန်မှာ ပေါ်ပေါက်ခဲ့တာ ဖြစ်ပြီး အခုပေါ်ပေါက်ခဲ့တဲ့ အဓိဂရုဏ်းကတာာ့ အုပ်ချုပ်ရေး တည်ငြိမ်နေတဲ့ အချိန်မှာ ပေါ်ပေါက်ခဲ့ တာ ဖြစ်ပါတယ်။ ခုလို အုပ်ချုပ်ရေး တည်ငြိမ်နေတဲ့ အချိန်အခါမျိုးမှာ ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ အဓိဂရုဏ်းက ဘာကြောင့် ပေါ်ပေါက်လာရပါသလဲ။ အထူးသဖြင့်  မြန်မာနိုင်ငံ ဒီမိုကရေစီအသွင် ကူးပြောင်းရေး ကာလမှာ ဘာအတွက် ဒီလောက်အရုပ်ဆိုး အကျည်းတန်တဲ့  ဆူပူမူဟာ ရခိုင်ပြည်နယ်အတွင်း မှာ ဖြစ်ပေါ် လာခဲ့ရတာပါလဲ။

ဒါ့အပြင် မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပ ၄ နိုင်ငံ ခရီးစဉ်နဲ့   အချိန် ကိုက်ပြီး ဒီဆူပူမူက တိုက်ဆိုင် နေရတာ ဘာကြောင့်ပါလဲ။ ဒီ ဆူပူ အကြမ်းဖက်မူဟာ  အမှန်တကယ် သွေးရိုးသားရိုး ပေါ်ပေါက်လာခဲ့တာလား၊  သို့မဟုတ် နောက်ကွယ်မှာ မမြင်နိုင်တဲ့  လုပ်ကြံ ဖန်တီးမူတွေ ရှိနေသလား၊ ဒီလို ဆူပူမူတွေ  ဖြစ်အောင် နောက်ကွယ်က ဖန်တီး လုပ်ဆောင် ခဲ့တဲ့  လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ ရှိနေသလား စသဖြင့် စသဖြင့် ရခိုင် ဆူပူ အကြမ်းဖက်မူနဲ့ ပတ်သက်ပြီးကေ မေးခွန်းတွေ  အများကြီး ထွက်ပေါ်နေပါတယ်။

ဒီဖြစ်ပေါ်ခဲ့တဲ့  ဆူပူအကြမ်းဖက်မူနဲ့ ပတ်သက်ပြီးလည်း  အများပြည်သူကြားမှာ  သံသယတွေ  ၀င်နေတာတွေလည်း ရှိနေပါတယ်။  ၂၀၀၇  ခုနှစ် ရွှေဝါရောင် တော်လှန်ရေးမှာ ဘုရားသားတော် ရဟန်းတော်တွေကိုတောင် အကြမ်းဖက် ပစ်ခတ်နှိမ်နှင်း သတ်ဖြတ်ခဲ့တဲ့ မြန်မာ စစ်တပ်ဟာ  အခု အရေးခင်းမှာ ရေငုံနှုတ်ပိတ် နေခဲ့ပြီး တစ်စုံတစ်ရာ မပါဝင်ခဲ့တာ  ဘာအတွက်ကြောင့်လဲ ဆိုပြီးတော့ လည်း လူတွေက မေးခွန်းထုတ် နေကြပါတယ်။

မောင်တောမြို့နဲ့ စစ်တွေမြို့မှာ ပေါ်ပေါက်ခဲ့တဲ့  ဆူပူအကြမ်းဖက်မူ ဖြစ်စဉ်တွေကို ပြန်လည် လေ့လာ သုံးသပ် ကြည့်ရင်လည်း အာဏာပိုင်တွေဘက်က ကိုင်တွယ်ပုံဟာ အများကြီး လိုအပ်တယ် လို့ ပြော ဆို မူတွေလည်း ထွက်ပေါ် နေပါတယ်။ အာဏာပိုင်တွေက လိုလိုလားလားနဲ့  တားဆီးခဲ့မယ် ဆိုရင် ဒီလောက်ထိ ကြီးမားတဲ့  အပျက်အစီးများတဲ့ ဆူပူအကြမ်းဖက်မူဟာ ပေါ်ပေါက်လာစရာ မရှိဘူးလို့ လည်း အများပြည်သူတွေက  မြင်နေကြပါတယ်။

ဇွန်လ ၈ ရက်နေ့က မောင်တောမြို့ ပေါ်က ဗိုလ်မှူးရွာကို အကြမ်းဖက် ဆူပူသူတွေက  မီးရှို့တဲ့ အချိန် မှာလည်း နစက တပ်ဖွဲ့တွေ အပါအ၀င် လက်နက်ကိုင် လုံခြုံရေး တပ်ဖွဲ့ဝင် တွေရဲ့ ရှေ့မှာ   မီးရှို့ခဲ့ တာ ဖြစ်ပါတယ်။ ဒါပေမယ့်  လုံခြုံရေး တပ်ဖွဲ့ဝင်တွေက  တစ်စုံတစ်ရာ ၀င်ရောက်ဟန့်တား တာ၊ ခြောက်လှန့် ပစ်ခတ်တာတွေ လုံးဝမရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ အာဏာပိုင်တွေက ဘာမှ ၀င်ရောက် ဟန့်တားတာ မရှိတဲ့ အတွက် ဒေသခံ ရခိုင်တွေဟာ သူတို့ အိမ်တွေ မီးရှို့ခံရတာကို ဒီအတိုင်း  လက်ပိုက်ပြီး ကြည့်နေခဲ့ကြရပါတယ်။

ခုလို အာဏာပိုင်တွေရဲ့ ပြုမူ ဆောင်ရွက်ခဲ့ပုံတွေကြောင့်  အခုရခိုင်မှာ ဖြစ်ပေါ်ခဲ့တဲ့  ဆူပူအကြမ်း ဖက် မူနဲ့ ပတ်သက်ပြီးတော့  နိုင်ငံရေး ပါတီတွေက ခေါင်းဆောင်တွေသာမက  ပြည်သူတွေ အကြားမှာ လည်း  အမျိုးမျိုးသော ဝေဖန် ပြောဆိုမူတွေ ထွက်ပေါ်နေပါတယ်။ ဒါ့ အပြင် ဒီလောက်ကြီးကျယ်တဲ့ မင်းမဲ့ စရိုက်ဆန်တဲ့   ပြဿနာ ပေါ်ပေါက်လာခဲ့ရတဲ့ အဖြစ်မှန်နဲ့ ပတ်သက်ပြီးတော့လည်း  မြန်မာ လူထုကြီးက  သိလိုနေကြပါတယ်။

ဒီအတွက်  တောင်ကုတ် ဖြစ်စဉ်ထက် ပိုမိုကြီးမား ကျယ်ပြန့်တဲ့ ရခိုင်မှာ ဖြစ်ပေါ်ခဲ့တဲ့  ဆူပူအကြမ်း ဖက်မူ ဖြစ်စဉ်တွေကို အစိုးရကရော၊ သက်ဆိုင်ရာ နိုင်ငံရေး ပါတီတွေကပါ လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးရေး  ကော်မရှင်ဖွဲ့ပြီး  စုံစမ်းစစ်ဆေးဖို့ လိုအပ်ပါတယ်။ အစိုးရအနေနဲ့  စုံစမ်း  စစ်ဆေးရေး  ကော်မီတီကို ဖွဲ့စည်း စစ်ဆေးဖို့ ပျက်ကွက်တယ်ဆိုရင်  ပြည်တွင်းက ရခိုင်နိုင်ငံရေး ပါတီတွေ အပါအ၀င် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့တခြားတိုင်းရင်းသား ပါတီတွေက ဦးဆောင် ဦးရွက်ပြုပြီးတော့  လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးရေးကော်မရှင်ကို ဖွဲ့ပြီး မင်းမဲ့ စရိုက်ဆန်တဲ့ ဒီဆူပူ အကြမ်းဖက်မှုကို စုံစမ်း ဖေါ်ထုတ်ဖို့ လိုပါတယ်။

အခုလို စုံစမ်း စစ်ဆေးရေး ကော်မရှင်  ဖွဲ့စည်းပီး   စုံစမ်း ဖေါ်ထုတ်ခြင်းအားဖြင့်  ဆူပူအကြမ်းဖက်မူ  ဖြစ်ပွားရခြင်းရဲ့ အဖြစ်မှန်ကို ပြည်သူတွေ သိရှိနိုင်မှာ ဖြစ်သလို  နောက်နောက် ဒီလို အဖြစ်ဆိုးတွေ မပေါ်ပေါက်နိုင်အောင်လည်း ရရှိလာတဲ့  စုံစမ်း စစ်ဆေးချက်တွေကို သုံးသပ် ပြင်ဆင်ကာ ကြိုတင် ကာကွယ် တားဆီးနိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် လက်ရှိ ရခိုင်ပြည်နယ် အတွင်း မှာ ဖြစ်ပေါ် ခဲ့တဲ့ ဆူပူအကြမ်းဖက်မူနဲ့  ပတ်သက်ပြီး စစ်ဆေး ဖေါ်ထုတ်ဖို့ လွတ်လပ်တဲ့  စုံစမ်း စစ်ဆေးရေး ကော်မရှင်တစ်ခုကို အမြန်ဆုံး ဖွဲ့စည်းဖို့ လိုအပ်တယ်လို့ နိရဉ္စရာက ယူဆပါတယ်။

(နိရဉ္စရာ သတင်းများကို မည်သူမဆို လွှတ်လပ်စွာ ကူးယူဖေါ်ပြနိုင်သည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြရပါမည်။)
Read Comment Policy

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>