သတင်း — June 28, 2012 at 2:53 pm

အိန္ဒိယ နယ်ခြားစောင့် တပ်ဖွဲ့၏ လက်ချက်ကြောင့် ၂၀၀၉-၁၂ အတွင်း ဘင်္ဂလီအမျိုးသား ၁၅၁ ဦးသေဆုံး

ထွန်းထွန်း

အိန္ဒိယ  နယ်ခြားစောင့်တပ်ဖွဲ့ BSF ၏ သတ်ဖြတ်မူကြောင့် လက်ရှိ ဘင်္ဂလာ အစိုးရ သက်တမ်းတွင် နယ်စပ်  တလျှောက်၌ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား သေဆုံးသူ ၁၅၁ ဦးရှိကြောင်း ဘင်္ဂလာဒေခ်ျ့ ပြည်ထဲရေး ၀န်ကြီးမှ  ထုတ်ဖေါ် ပြောကြားသည်။

အိန္ဒိယ နယ်ခြားစောင့်တပ်ဖွဲ့များ အနေဖြင့် နယ်စပ်ကို တရံမလပ် စောင့်ရှောက်လျှက် ရှိကြသော်လည်း မြန်မာ နစကတပ်ဖွဲ့များမူ –??

ဇွန်လ ၂၇ ရက်နေ့က ပြုလုပ် ကျင်းပသော ပါလီမန် အစည်းအဝေးတွင် ပြည်ထဲရေး  ၀န်ကြီး ဆာဟာရ ခါတွမ်က ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ ကျွန်မတို့က ခုလို ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားတွေ သတ်ဖြတ်ခံနေရတာကို ကျွန်မတို့ ဆန့်ကျင် ကန့်ကွက်တယ်ဆိုတာ ကျွန်မတို့ အိန္ဒိယ အစိုးရကို ပြောပါတယ်။ ဒါတွေကို  ရပ်တန့်ဖို့  ကျွန်မတို့ နယ်ခြား စောင့်တပ်ဖွဲ့ ဘီဒီပီနဲ့ အိန္ဒိယ ဘီအက်စ် အက်ဖ် တို့ လုပ်တဲ့ အစည်းအဝေးတိုင်းမှာ တင်ပြတယ်။ ဒါပေမယ့် ဆက်ပြီးတော့ ကျွန်မတို့ နိုင်ငံသားတွေကို နယ်စပ်မှာ သတ်ဖြတ်နေပါတယ်” ဟု ပြည်ထဲရေး  ၀န်ကြီးက ပြောသည်။

၂၀၁၂ ခုနှစ် ဇန္န၀ါရီလမှ ဇွန်လ အထိ အိန္ဒိယ နယ်ခြားစောင့်တပ် BSF လက်ချက်ကြောင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၁၁ ယောက် သေဆုံးပြီး ၂၇  ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီးက ပြောကြားသည်။

ယခု သေဆုံးသွားသူ ၁၅၁ ဦးမှာ ၂၀၀၉ ခုနှစ်မှ ၂၀၁၂ ဇွန်လအတွင်း အိန္ဒိယနှင့် ဘင်္ဂလာ နယ်စပ်တလျှောက်တွင် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။သို့သော်လည်း နိုင်ငံတကာ လူ့အခွင့်အဖွဲ့အစည်းများ အနေဖြင့် အိန္ဒိယကို ဝေဖန် ပြောကြားရန် ပျက်ကွက်နေကြောင်း သိရသည်။

အိန္ဒိယကမူ  ဘင်္ဂလာဒေခ်ျ့နိုင်ငံသားများ  နယ်စပ်ကို တရားမ၀င် ခိုးဝင်မူကြောင့် ပစ်ခတ် နှိမ်နှင်းရခြင်း ဖြစ်ကြောင်း ပြောကြားသည်ဟု ဆိုသည်။ အိန္ဒိယ အစိုးရသည် သူ့နိုင်ငံ အတွင်းသို့ ဘင်္ဂလာဒေခ်ျ့မှ တရားမ၀င် ခိုးဝင်သူများကို ပြင်းပြင်း ထန်ထန် နှိမ်နှင်းရန် အမိန့်ထုတ် ထားကြောင်း သိရသည်။

(နိရဉ္စရာ သတင်းများကို မည်သူမဆို လွှတ်လပ်စွာ ကူးယူဖေါ်ပြနိုင်သည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြရပါမည်။)
Read Comment Policy

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>