မီးအကြီးအကျယ်လောင်ခဲ့သည့် ၀ဘော်ကြီးကျေးရွာသို့ အကူအညီများ ဆက်လက် လှူဒါန်းနေ

စိုးဇံအောင်(တောင်ကုတ်) နိရဉ္စရာ၊ မေ ၁၉ မီးအကြီးအကျယ် လောင်ခဲ့သည့် မြေပုံမြို့နယ် ၀ဘော်ကြီးကျေးရွာသို့ အကူအညီများ ဆက်လက် ကူညီလှူဒါန်းနေကြကြောင်း သတင်းရရှိသည်။ လှူဒါန်းကူညီခဲ့ကြသည့် အဖွဲ့အစည်းများမှာ ရခိုင်ပြည်နယ် လွှတ်တော်၊ ရခိုင်လူငယ် ညီလာခံ ဖြစ်မြောက်ရေးရုံး(တောင်ကုတ်)နှင့် ဥာတကာနဉ္စသင်္ဂဟ ဖေါင်ဒေရှင်း အဖွဲ့တို့ ဖြစ်ကြောင်း သိရသည်။ ရခိုင်ပြည်နယ် လွှတ်တော်မှ လှူဒါန်းသည့် ဆန်အိတ် (၅၀) ကို ရခိုင်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ ဦးမြသန်းဦးဆောင်သည့် အဖွဲ့မှ ယနေ့ မေလ ၁၉ ရက်နေ့တွင် ရွာသို့ သွားရောက်လှူဒါန်းခဲ့သည်ဟု သိရသည်။ ရခိုင်လူငယ်ညီလာခံ ဖြစ်မြောက်ရေးရုံး(တောင်ကုတ်) မှ အ၀တ်အထည်များကို အဓိက ဦးစားပေး လှူဒါန်းခဲ့ပြီး အဝတ်အထည်များမှာ […]

ဘဏ်ချေးငွေ ပြန်မဆပ်သည့် ရခိုင်မှ လယ်သမား ၁၄၃၃ ဦးကို တရားစွဲမည်ဟုဆို

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ မေ ၁၉ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ငွေချေးယူထားပြီး ပြန်မဆပ်သည့် ရခိုင်ပြည်နယ် မြို့နယ် ၁၂ ခုမှ လယ်သမား ၁၄၃၃ ဦးကို တရားစွဲဆိုသွားမည်ဟု သတင်းရရှိသည်။ အဆိုပါပြန်မဆပ်နိုင်သူများမှာ ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ချေးငွေယူထားပြီး ပြန်မဆပ်နိုင်သူများ ဖြစ်သည်ဟု သိရသည်။ “ ကျနော်တို့ ၂၀၁၆ ဆောင်းချေးငွေအထိပေါ့၊ ကျနော်တို့ ချေးပြီးထားတဲ့ အကြွေးအမျိုးစားက ၆ မျိုးရှိပါတယ်။ မြို့နယ်အားဖြင့်တော့ ၁၂ မြို့နယ်မှာ ကျန်ပါတယ်။ တောင်သူအားဖြင့်တော့ ၁၄၀၀ ကျော်ကျော် ရှိပါတယ်။ ကျန်တဲ့အကြွေးကျန်ငွေ ကျပ်သိန်း ၅၂၀၀ လောက်ရှိပါတယ်။ သူတို့ကို တရားစွဲဆိုသွားမှာ […]

ရခိုင်စီမံဘဏ္ဍာဝန်ကြီး လွှတ်တော်တွင် စတင်စစ်ဆေးခံရ

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ မေ ၁၈ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်အေးသိန်းကို ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်မှု စွပ်စွဲချက်ဖြင့် လွှတ်တော်စုံစမ်းစစ်ဆေးရေးအဖွဲ့က ယနေ့ မေလ ၁၈ ရက်နေ့တွင် လွှတ်တော်သို့ ခေါ်ယူစစ်ဆေးခဲ့သည်။ “စွဲချက်ထဲမှာ စီမံဘဏ္ဍာဝန်ကြီးအနေနဲ့ ပြည်နယ်တာဝန်ခံအနေနဲ့ ခရိုင်မြို့ဖြစ်တဲ့ မြောက်ဦး ၄ မြို့နယ်က တင်ဒါတွေပေးတဲ့အခါမှာ ဥပဒေစည်းကမ်းနဲ့ မညီညွတ်ဘဲနဲ့ လုပ်တဲ့ဟာတွေ၊ တင်ဒါ စည်းကမ်းချိုးဖောက်တာတွေရှိတဲ့ အတွက် ဒါကို ကျနော်တို့ တင်ဒါလျှောက်ခဲ့ ကုမ္ပဏီထဲက သက်သေ ၇ ဦးကို ဒီနေ့ စစ်မေးခဲ့ပါတယ်” ဟု စုံစမ်းစစ်ဆးရေးအဖွဲ့ခေါင်းဆောင် သံတွဲမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ […]

လယ်သမားများသို့ ထုတ်ချေးသည့် စိုက်ပျိုးစရိတ် ချေးငွေစနစ်ပြောင်းလဲ

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ မေ ၁၈ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ လယ်သမားများကို မိုးစပါးစိုက်ပျိုးရာသီအတွက် နှစ်စဉ် ငွေများထုတ်ချေးလျက်ရှိရာ ယခုနှစ် ၂၀၁၈-၂၀၁၉ အတွက် ချေးငွေစနစ်ကို ပြောင်းလဲ ကျင့်သုံးလိုက်ကြောင်းသိရသည်။ ယခုနှစ်တွင် ယခင်ကလိုမဟုတ်ဘဲ လယ်သမားတစ်ဦးချင်းစီကို ချေးငွေ ထုတ်ချေးပေးနေသည်ဟု သိရသည်။ ယခင်က လယ်သမား ၃ ဦး တစ်အုပ်စုစီကို ချေးငွေများ ထုတ်ချေးပြီး ထိုအထဲမှ တစ်ဦးဦးက ချေးငွေပြန်မဆပ်နိုင်ပါက ကျန်နှစ်ဦးလည်း ချေးငွေထုတ်ချေးခွင့် မရှိသည့် စနစ်ဖြစ်သည်။ “ပြီးခဲ့တဲ့ နှစ်ကထက် ဒီနှစ်မှာအပြောင်းအလဲတွေ ရှိပါတယ်။ ချေးငွေ စည်းကမ်းချက်တွေနဲ့ ချေးတဲ့ ပုံသဏ္ဍာန်လေးတွေ ပြောင်းလဲတာတွေ ရှိပါတယ်။ ကျနော်တို့ အဓိက ပြောင်းလဲတဲ့ အချက် […]

(၉) ကြိမ်တိတိ တရားလိုမရောက်၍ မြောက်ဦးမှ အဖမ်းခံထားရသူရှစ်ဦး အမှုစစ်ဆေးရာတွင် နစ်နာမှုရှိနေ

နိရဉ္စရာ၊ မေ ၁၈ မြောက်ဦးဆန္ဒပြပွဲတွင် သေနတ်ထိမှန် ဒဏ်ရာရပြီး ဖမ်းဆီးခံခဲ့ရသူ ရှစ်ဦးကို ရုံးထုတ်သည်မှာ (၉) ကြိမ်တိတိ ရှိခဲ့ပြီ ဖြစ်သော်လည်း တရားလို တစ်ကြိမ်တစ်ခါမှ တရားရုံးသို့ ရောက်မလာသဖြင့် အမှုကို မစစ်ဆေးနိုင်ဘဲ ဖြစ်နေ၍ နစ်နာမှုများရှိနေကြောင်း သတင်းရရှိသည်။ သူတို့ ၈ ဦးအား ယမန်နေ့ (၁၇-၅-၂၀၁၈) ရက်နေ့ မွန်းလွဲ ၃ နာရီကျော်တွင် စစ်တွေမြို့နယ် တရားရုံး၌ (၉) ကြိမ်မြောက် ရုံးထုတ်လာရာတွင်လည်း တရားလို မရောက်ရှိ၍ အမှုကို မစစ်ဆေးခဲ့ရဟု ဖမ်းဆီးခံထားရသူ ဦးသန်းဇော်ဖခင် ဦးအေးမောင်သိန်းက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။ “ သူတို့ကို မနေ့က စစ်တွေမြို့နယ် […]

လယ်မြေတစ်ခုတည်းတွင် ပုံစံ(၇) နှစ်စောင်ထုတ်ပေးထား၍ မာန်အောင်မြို့နယ်တွင် လယ်အငြင်းပွားမှုပေါ်ပေါက်

အောင်လင်းထွန်း(မာန်အောင်) နိရဉ္စရာ၊ မေ ၁၈ မာန်အောင်မြို့နယ်၊ တိုက်ကျွန်းအုပ်စု၊ တိုက်ကျွန်းကျေးရွာတွင် လယ်မြေ တစ်ခုတည်းတွင် ပုံစံ (၇) နှစ်စောင် ထွက်ရှိနေသဖြင့် အငြင်းပွားမှု ပေါ်ပေါက်နေကြောင်း သတင်းရရှိသည်။ တိုက်ကျွန်းကျေးရွာရှိ ကွင်းအမှတ်(၈၈၉) ဦးပိုင်အမှတ်(၁၀/၁) ဧရိယာ ၁ ဒသမ ၅၆ ဧကကို ဒေါ်မသန်းချစ်အမည်ဖြင့် ပုံစံ (၇) ဦးစွာ ထွက်ရှိလာပြီးနောက် သာယာကုန်း ကျေးရွာအုပ်စု၊ ပလင်တောကျေးရွာမှ ဦးမောင်တင်ရွှေ အမည်ဖြင့်လည်း နောက်ထပ် ပုံစံ (၇) တစ်စောင် ထွက်ရှိလာခဲ့သည်ဟု သိရသည်။ ” တောင်ထက်က ဧက ၁ ဒသမ ၆၅ ရှိတဲ့ ကျွန်မတို့ လယ်ကို ပုံစံ(၇) […]

ယိုးတရုပ်အနီး ဗုံးပေါက်ကွဲမှု သံသယဖြင့် ဖမ်းခံထားရသူ ၃ ဦးကို မတရားအသင်းဆက်သွယ်မူ ၁၇(၁) ဖြင့် ထောင်

နိရဉ္စရာ၊ မေ ၁၇ ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် ယိုးတရုပ်မြို့အနီး ကားလမ်းဘေးတွင် ၂၀၁၇ ဇန်န၀ါရီလ ၁ ရက်နေ့က ပေါက်ကွဲခဲ့သည့် ဗုံးပေါက်ကွဲမှုနှင့် ဆက်စက် ဖမ်းဆီးခံရသူ သုံးဦးအား မတရား အသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် ယနေ့တွင် ထောင် ၂ နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်သည်ဟု သိရသည်။ ပြစ်ဒဏ်ချမှတ်ခံရသူနများမှာ ယိုးတရုပ်မြို့မှ ဦးယိုင်မောင်၊ ဦးနိုင်နိုင်နှင့် ဦးအောင်အောင်တို့ ဖြစ်ကြသည်။ ဦးယိုင်မောင်၏ ယောက်ဖဖြစ်သူ ဦးတင်လှိုင်က “ ဒီကနေ့ ပုဏ္ဍားကျွန်းမြို့နယ် တရားရုံးက ပြစ်ဒဏ်ချမှတ်လိုက်တာပါ။ သူတို့ကို ဗုံးခွဲမှု သံသယနဲ့ ဖမ်းပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ […]

လှေဖြင့် ခိုးဝင်လာသူ ဘင်္ဂလီ ၂၅ ဦး အမ်းမြို့နယ်တွင် ဖမ်းမိ

နိရဉ္စရာ၊ မေ ၁၇ ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ကျောက်တော်မြို့နယ်ဘက်မှ လှေဖြင့် ခိုးဝင်လာသူ အထောက်အထားမဲ့ ဘင်္ဂလီ လူမျိုး ၂၅ ဦးကို ယနေ့ နံနက် ၁၁ နာရီခွဲ အချိန်က ဖမ်းမိခဲ့သည်ဟု သတင်းရရှိသည်။ အမ်းမြို့နယ် ရဲမြို့နယ်မှူးက “ ဖမ်းမိတာ အားလုံး ကျား ၂၂ ယောက် မ ၃ ယောက်၊ စုစုပေါင်း ၂၅ ယောက်ဖြစ်ပါတယ်” ဟု နိရဉ္စရာ သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။ သူတို့အား အမ်းမြို့နယ် ကဇူးကိုင်း ကျေးရွာအုပ်စု၊ ချောက်ခြုံတောင် ကျေးရွာအနီး၊ ကမ်းထောင်ကြီးလမ်းဘေး တောတွင်း ခြုံဘေးတစ်နေရာတွင် ဖမ်းမိခဲ့ခြင်း ဖြစ်သည်ဟု […]

စစ်တွေတွင် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးမှ ကျပ်သိန်း ၂၀၀ အကုန်အကျခံပြီး ပေ ၂၉၀၀ ကျော် မြေသားလမ်းကို

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ မေ ၁၇ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးဦးသန်းဝင်းက ၎င်း၏ အိတ်စိုက်ငွေ ကျပ်သိန်း ၂၀၀ ဖြင့် အကျယ် ၁၀ ပေ၊ အလျား ပေ၂၉၀၀ ကျော်ရှိ မြေသားလမ်းကို ကျောက်ခင်းလမ်းအဖြစ် မြှင့်တင်နေကြောင်း သတင်းရရှိသည်။ ၎င်းလမ်းမှာ စစ်တွေမြို့ စက်ရုံစုရပ်ကွက် ပတ်လမ်းရှိ တောင်ဘက်အပိုင်း မြေသားလမ်းပိုင်း ဖြစ်ပြီး ရာသီမရွေး ကားများဖြင့် သွားလာနိုင်ရန် ရည်ရွယ်၍ ကျောက်ခင်းလမ်း အဖြစ် အဆင့်မြင့်တင်ခြင်း ဖြစ်ကြောင်း သိရသည်။ “ကျနော် ဒီလမ်းပိုင်းကို တောင်မြေခင်းလာခဲ့တာ လွန်ခဲ့တဲ့ သီတင်းကျွတ်ကတည်းကပါ။ တောင်မြေကားတစ်စီးဖိုး ၇၅၀၀၀ ကျပ်နဲ့ ကားအစီး […]

ရသေ့တောင်နယ်တွင် အသက်(၁၀) နှစ်အရွယ် ယောင်္ကျားလေးတစ်ဦး ဒုတပ်ကြပ်တစ်ဦး၏ မဖွယ်မရာ ပြုလုပ်ခြင်းခံရ

နိရဉ္စရာ၊ မေ ၁၇ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ရေစိုးချောင်းရွာတွင် ဒုတပ်ကြပ် အဆင့်ရှိ တပ်မတော်သား တစ်ဦးမှ အသက် (၁၀) နှစ်အရွယ် ကလေးငယ် တစ်ဦးအား မဖွယ်မရာ ပြုလုပ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ မဖွယ်မရာ ပြုလုပ်ခံရသည့် ကလေးငယ်မှာ ရသေ့တောင်မြို့နယ် ရေစိုးချောင်းကျေးရွာနေ (ဘ)ဦးမောင်အောင်ဇော် (မိ)ဒေါ်ဦးဆန်းနွယ်တို့၏ သား မောင်ကျော်ဆန်းဝင်း (၁၀) နှစ် ဖြစ်ကြောင်း ကျေးရွာ လူကြီး တစ်ဦးက ပြောကြားသည်။ “ ဖြစ်စဉ် ဖြစ်ပွားတာ မှန်ပါတယ်။ ပြစ်မှုကျူးလွန်သူက ဒုတပ်ကြပ်အဆင့်ရှိသူ စစ်သား တစ်ဦးလို့ သိရပါတယ်။ မနေ့က သူ့ကို တပ်တာဝန်ရှိသူတွေက ဖမ်းဆီး အရေးယူထားတယ်လို့ သိရပါတယ်။ […]