ဘင်္ဂလီ လှေစီးပြေး ၄၈ ဦး ယနေ့ မြန်မာဘက်က လွဲပြောင်း

ရန်ကုန်၊ ဒီဇင်ဘာ ၂   မြန်မာဘက်မှ ထိန်းသိမ်းထားသော ဘင်္ဂလာဒေ့ရှ် နိုင်ငံသား လှေစီးပြေး ၄၈ ဦးကို ယနေ့နံနက်  တောင်ပြိုလက်ဝဲထိန်းသိမ်းရေး စခန်းမှ တစ်ဆင့် ဘင်္ဂလာဒေ့ရှ်ဘက်သို့ လွဲပြောင်းလိုက်သည်။ မြန်မာဘက်မှ ခရိုင်လ၀ကမှူး ဦးစောနိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ တောင်ပြိုမြို့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင် ဘင်္ဂလာဒေ့ရှ် အမှတ် (၁၇) နယ်ခြားစောင့် တပ်ရင်း တပ်ရင်းမှူး  ဗိုလ်မှူးချုပ် Imranullah Sarke သို့ ဘင်္ဂလာဒေ့ရှ် ကိုယ်စားလှယ် အဖွဲ့သို့ လွဲပြောင်းခဲ့သည်ဟု သိရသည်။ နောက်ထပ် မြန်မာဘက်တွင် ဘင်္ဂလာ လှေစီးပြေး ဒုက္ခသည် ၂၈ ဦး ကျန်ရှိနေပြီး သူတို့ကိုလည်း အမြန်ဆုံး […]

မြန်မာနှင့် ဘင်္ဂလာဒေ့ရှ် တပ်မှူးအဆင့် အလံတင် အစည်းအဝေး မောင်တောတွင် ပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၂   ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့ ဒေ၀ါနဒီခန်းမတွင် မြန်မာ နယ်ခြားစောင့်တပ်နှင့် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်တို့ အကြား တပ်မှူးအဆင့် အလံတင်အစည်းအဝေးကို ပြုလုပ်ခဲ့ကြသည်။ အစည်းအဝေးကို ဒီဇင်ဘာ ၁ ရက် နံနက် ၉ နာရီကနေ ညနေ  ၄ နာရီထိ ပြုလုပ်ခဲ့ပြီး နယ်စပ်နှင့် သက်ဆိုင်သော အကြောင်းအရာ အများအပြားကိုဆွေးနွေးခဲ့ကြသည်ဟု အစည်းအဝေးကို ကိုယ်တိုင် တက်ရောက်ခဲ့သူ အစိုးရ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ အစည်းအဝေးတွင် အချက်အလက် အတော်တော်များများကိုလည်း နှစ်ဖက် တပ်မှူးများ သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြပြီး သဘောတူခဲ့သည့် အချက်များတွင် အပြန်အလှန် […]

မြန်မာနယ်စပ်အနီး စခန်းတစ်ခု ၀င်စီးနှင်းရာမှ လက်နက်ခဲယမ်းမီးကျောက်များ ဖမ်းမိဟု ဘင်္ဂလာစစ်တပ်ဆို

နိရဉ္စရာ ရန်ကုန်၊ အောက်တိုဘာ ၁၇ မြန်မာ နယ်စပ်အနီး ဘင်္ဂလာဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းနယ် ဘင်ဒရိုင်ဘင်ခရိုင်၊ ရုံမော်မြို့နယ် အတွင်း လက်နက်ကိုင် အဖွဲ့တစ်ခု၏ ခိုအောင်းနေသော နေရာ တစ်ခုအား ၀င်ရောက်စီးနှင်းရာမှ အော်တိုမစ်တစ် မောင်းပြန် ရိုင်ဖယ် တစ်လက်နှင့် ခဲယမ်းမီးကျောက်များကို ဖမ်းဆီမိသည်ဟု ဘင်္ဂလာဒေ့ရှ် စစ်တပ်က ပြောသည်။ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းမီးကျောက်များမှာ မောင်းပြန်ရိုင်ဖယ် တစ်လက်၊ ကျည်ဘောက် ခုနှစ်ခု၊ ကျည်ဆံ ၂၂၂ တောင့်၊ လက်ပစ်ဗုံး နှစ်လုံးနှင့် တစ်ခြား စစ်အသုံးအဆောင် ပစ္စည်းများဟု ဆိုသည်။ ဘင်္ဂလာဒေ့ရှ် စစ်တပ် The Inter Services Public Relations Directorate (ISPR) […]

ဘင်္ဂလီ ၁၀၃ ဦး မြန်မာဘက်က လွဲပြောင်း

နေပြည်တော်၊ အောက်တိုဘာ ၁၂ မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် မောင်တောခရိုင် တောင်ပြို လက်ဝဲ မြို့နယ်ခွဲတွင် ထိန်းသိမ်းထားသော ဘင်္ဂလာဒေ့ရှ် နိုင်ငံသား ၁၀၃ ဦးကို မြန်မာဘက်က အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် လွဲပြောင်း ပေးအပ်လိုက်သည်ဟု မောင်တောခရိုင် ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးနိုင်က နိရဉ္စရာသို့ ပြောသည်။ “ ဒီကနေ့ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမမှာ မြန်မာစံတော်ချိန် ၁၁ နာရီ၊ ဘင်္ဂလီ စံတော်ချိန် ၁၀ နာရီခွဲ အချိန်မှာ ကျွန်တော် ဦးဆောင်တဲ့ အဖွဲ့နဲ့ ဘင်္ဂလာ ဒေရှ် ကော့စ်ဘဇား အခြေစိုက် အမှတ် […]

ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ဝင်တစ်ဦး ဘင်္ဂလာဒေ့ရှ်ရဲက ဖမ်းဆီး

ရန်ကုန်၊ သြဂုတ်  ၂၇ ရက္ခိုင့်တပ်မတော်မှ တပ်ဖွဲ့ဝင်တစ်ဦးကို ဘင်္ဂလာရဲတပ်ဖွဲ့မှ ရင်ဂါမာတီခရိုင်၊ ရာဆတိုးလီမြို့နယ် တပ်တောင် ကျေးရွာတွင် ယမန်နေ့ညနေက ဖမ်းဆီးလိုက်ကြောင်း သတင်း ရရှိသည်။ ဘင်္ဂလာသတင်းများတွင် ရေးသားဖော် ပြချက်အရ  သူတို့အခေါ် အာရ်ကန် အာမီ ( Arakan Army) တပ်ဖွဲ့ဝင်ကို သတင်းအရ ဖမ်းဆီးမိခြင်း ဖြစ်သည်ဟု ဖော်ပြသည်။ ဖမ်းဆီးခံရသူမှာ အောင်နိုင်ဝင်းဆိုသူဖြစ်ပြီး  သူနှင့်အတူ မော်တာဆိုင်ကယ်တစ်စီး၊ မြင်း ၂ကောင်၊ ရက္ခိုင့်တပ်မတော် ယူနီဖောင်း ၃စုံ၊ ကင်မရာ ၂ လုံး၊ လက်တော့ ကွန်ပျူတာ ၃ လုံး၊ လက်ကိုင်ဖုန်း တစ်လုံးကိုလည်း သိမ်းဆည်းရမိကြောင်း သတင်းများတွင် ဖော်ပြသည်။ ရက္ခိုင့်တပ်မတော်နှင့် […]

ရက္ခိုင့်တပ်မတော်ကို စစ်ရာတွင် ဘင်္ဂလာဒေ့ခ်ျ F 7 တိုက်လေယာဉ်တစ်စီးပါ ပူးပေါင်းပါဝင်ခဲ့သည်ဟုဆို

ရန်ကုန်၊ သြဂုတ် ၂၇ ယမန်နေ့က ရက္ခိုင့်တပ်မတော်ကို တိုက်ခိုက်ရန် ပြုလုပ်ခဲ့သော စစ်ဆင်ရေးတွင် ဘင်္ဂလာဒေ့ရှ် လေတပ်မှ F 7 အမျိုးအစား တိုက်လေယာဉ် တစ်စီးကိုပါ အသုံးပြုခဲ့သည်ဟု BDNEWS 24 တွင် ဖော်ပြသည်။ စစ်တပ် တပ်ဖွဲ့ (၂) ဖွဲ့နှင့် နယ့်ခြားစောင့်တပ်ဖွဲ့များကိုလည်း ယင်းစစ်ပွဲ ဖြစ်ပွားရာ တန်းဆိပ်မြို့နယ် မော်တုတ်ကြီးသို့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် ပို့ဆောင်ပေးခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။ ယခုအခါ ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ဝင်များမှာ တိုက်ပွဲ ဖြစ်ပွားရာနေရာမှ ဆုတ်ခွာသွားပြီး ဖြစ်သဖြင့် ယင်းဒေသ အခြေအနေမှာ နဂို အခြေအနေသို့ ပြန်လည် ရောက်ရှိသွားပြီဟု ဆိုသည်။ ဘင်္ဂလာဒေ့ရှ် ပြည်ထဲရေး […]

ဘင်္ဂလာဒေ့ရှ် တပ်ဖွဲ့ဝင်အများအပြားကို နယ်စပ်တွင် အင်အားဖြည့်တင်း

ရန်ကုန်၊ သြဂုတ် ၂၆   ရက္ခိုင့်တပ်မတော်၏ တိုက်ခိုက်မှုကြောင့် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင် တစ်ဦး ဒဏ်ရာ ရရှိသွားပြီးနောက် ယခုအခါ ဘင်္ဂလာဒေ့ရှ် စစ်သားအများအပြားကို နယ်စပ်သို့ စေလွှတ်ထားလိုက်ပြီဟု ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ အကြီးအကဲ ဗိုလ်မှူးချုပ် အာဇစ်အာမတ် (Aziz Ahmed) ကပြောသည်။ ထိုသို့ စေလွှတ်ခြင်းမှာ ဘင်ဒရိုဘင် ခရိုင် တန်းဆိပ်နယ်မြေရှိ ယနေ့မနက်က ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ကို တိုက်ခိုက်သွားသော မြန်မာခွဲထွက်ရေး အုပ်စုဝင်များကို ၀င်ရောက်စီးနှင်း တိုက်ခိုက်ရန်ဟု သူက ဆိုသည်။ ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ် က မော်တုတ်ကြီးရှိ ဘီဂျီဘီ တပ်ဖွဲ့ဝင်များ ပစ်ခတ်ခံခဲ့ရပြီးနောက် […]

ရက္ခိုင့်တပ်မတော်နှင့် ဘင်္ဂလာဒေ့ခ်ျ နယ်ခြားစောင့်တပ်တို့ ဖြစ်ပွားသော တိုက်ပွဲ အတွင်း အသေအပျောက်နှင့် ဒဏ်ရာရရှိမှုများရှိ

ရန်ကုန်၊ သြဂုတ် ၂၆  ဘင်္ဂလာဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းနယ် ဘင်ဒရိုဘင်ခရိုင်၊ တန်းဆိပ်မြို့နယ်တွင် တည်ရှိသော မော်တုတ်ကြီး ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ဝင် တချို့မှ သြဂုတ်လ ၂၆ ရက်နေ့ နံနက်က ၀င်ရောက် ပစ်ခတ်သွားခဲ့သည်ဟု သတင်း ရရှိသည်။ “ ကျွန်တော်တို့ သတင်းရတာက ရက္ခိုင့်တပ်မတော်က ရိက္ခာသယ်ယူနေတဲ့ မြင်း ၁၆ ကောင်ကို ဘင်္ဂလာ နယ်ခြားစောင့်တပ် ဘီဂျီဘီက ဖမ်းသွားတယ်လို့ ကြားတယ်။ ဒါကို မကျေနပ်တဲ့ အတွက် ဒီနေ့မနက်က မော်တုတ်ကြီး ဘီဂျီဘီ စခန်းကို ရက္ခိုင့်တပ်မတော်က ၀င်ပစ်တယ်လို့ ကြားရပါတယ်” ဟု ရုံမော်ကျေးရွာက ဦးမောင်ထွန်းသိန်းက နိရဉ္စရာသို့ ပြောကြားသည်။ […]

ဘင်္ဂလား-မြန်မာနယ်စပ်တွင် မြေမြုပ်မိုင်း ၁၂ လုံးတွေ့ရှိ

မောင်အေး (ကော့စ်ဘဇား) ဇူလိုင် ၂၂ ဘင်္ဂလာဒေ့ရှ်- မြန်မာနယ်စပ်ရှိ ဘင်ဒရာဘင် (ရွာတော်) ခရိုင် နတ်ကျောက်ဆိုးရီမြို့နယ် အတွင်း နယ်စပ်အနီးမှ မြေမြုပ်မိုင်း ၁၂ လုံးကို ဘင်္ဂလာနယ်ခြားစောင့်တပ်မှ ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ မိုင်းများကို ဇူလိုင်လ ၂၁ ရက်နေ့က ဘင်္ဂလား မြန်မာ နယ်စပ်မှတ်တိုင် အမှတ် (၄၆) အနီးတွင် ဘင်္ဂလာနယ်ခြားစောင့်တပ်ဖွဲ့ တခုမှ ကင်းလှည့်နေစဉ် တွေ့ရှိခြင်းဖြစ်ကြောင်း banglanews24 သတင်းတွင်ရေးသား ဖော်ပြသည်။ ယခုတွေ့ရှိသည့် မိုင်းများမှာ မြန်မာနယ်ခြားစောင့်တပ်မှ နယ်စပ်တွင် မြုပ်နှံထားသည့် မိုင်းများဖြစ် ကြောင်း အမှတ် (၅၀) ဘင်္ဂလာနယ်ခြားစောင့်တပ်မှ အရာရှိတစ်ဦးက ပြောဆိုကြောင်းလည်း သတင်းတွင် […]

အကြမ်းဖက်တိုက်ခိုက်မည့် သတင်းကြောင့် မောင်တောတွင် လုံခြုံရေး တိုးမြှင့်

ရန်ကုန်၊ ဇူလှိုင် ၁၈   မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်မြို့ မောင်တောတွင် အကြမ်းဖက်တိုက်ခိုက်မည် ဆိုသည့် သတင်းကြောင့် လုံခြုံရေး တိုးမြှင့်ထားပြီး ဌာနဆိုင်ရာ အသီးသီးသို့လည်း မြို့နယ် အုပ်ချုပ်ရေးမှူးက အထူး သတိပေးမှု တစ်ရပ်  ပြုလုပ်ထားကြောင်း သတင်း ရရှိသည်။ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမြင့် က ဌာနဆိုင်ရာများသို့ ဇူလှိုင်လ ၁၃ ရက် နေ့စွဲဖြင့် အကြောင်းကြားစာ ပေးပို့ရာတွင်  “ လုံခြုံရေး အထူးသတိထားဆောင်ရွက်သွားရန် ကိစ္စ” ဟု ခေါင်းစဉ်တပ် ပေးပို့ခဲ့သည်ဟု သိရသည်။ ဌာနဆိုင်ရာများသို့ အကြောင်းကြားရာတွင် တစ်ဘက် ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့တွင် RSO အဖွဲ့နှင့် Islamic […]