ခုနှစ် ရက်ဗီဇာ၊ တစ်ရက် ဗီဇာဖြင့် နယ်စပ်မှ တဆင့် ဘင်္ဂလာသို့ သွားလာခွင့် မြန်မာက ပြန်ခွင့်ပြု

မောင်အေး မြန်မာနှင့် ဘင်္ဂလားဒေခ်ျ့ နိုင်ငံ အကြား တစ်လနီးပါးခန့် ပိတ်ထားခဲ့သော ခုနှစ်ရက် ဗီဇာဖြင့် သွားလာခွင့်နှင့်  လွန်ခဲ့သော အပတ်က စတင်ပိတ်ခဲ့သော တစ်ရက် ဗီဇာဖြင့် သွားလာခွင့်ကို မြန်မာဘက်က ပြန်လည် ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြားတွင် နယ်စပ်ကို ဖြတ်ကျော်ပြီး တရားဝင် နည်းလမ်း (၂) ခုဖြင့် သွားလာနိုင်ရာ ယင်းတို့မှာ ခုနှစ်ရက်ဗီဇာနှင့် တစ်ရက် ဗီဇာတို့ဖြင့် ဖြစ်သည်။ အဆိုပါ နည်းလမ်းဖြင့် သွားလာခွင့်ကို သက်ဆိုင်ရာ နိုင်ငံ နှစ်ခု၏ နယ်စပ် အာဏာပိုင်များက ခွင့်ပြုထားခဲ့သည်။ သို့သော် ဇွန်လ အတွင်း ပေါ်ပေါက်ခဲ့သော အရေးအခင်းကြောင့် […]

ဘင်္ဂလားနှင့် နယ်စပ် ကုန်သွယ်ရေး တိုးမြှင့်မည်ဟု မြန်မာဘက်မှပြော

ထွန်းထွန်း ဘင်္ဂလာဒေခ်ျ့နိုင်ငံ ဒက္ကားမြို့တွင် နိုဝင်္ဘာလ ၁၁ ရက်နေ့က ပြုလုပ်ခဲ့ကြသော နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်ရေး ကော်မရှင် အစည်းအဝေးတွင် နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးကို တိုးမြှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြန်မာဘက်က ပြောဆိုသည်ဟု သိရသည်။ မြန်မာနိုင်ငံမှ အစည်းအဝေး  တက်ရောက်ရန် ရောက်ရှိနေသော ကုန်သွယ်ရေး ဒုဝန်ကြီး ဦးပွင့်စန်းက ထိုသို့ ပြောကြားသည်ဟု ဘင်္ဂလာဒေခ်ျ့ သတင်းစာများက ဖေါ်ပြသည်။ နယ်စပ် စီးပွားရေးကို မြှင့်တင်ရန် သူက လက်ကား အရောင်းအ၀ယ် ဈေးတစ်ခုကို တည်ထောင် သွားမည် ဖြစ်ပြီး နယ်စပ်တွင် ကုန်စည် ပြပွဲ တစ်ခုကိုလည်း ပြုလုပ်သွားမည်ဟု ပြောဆိုသည်ဟု […]

ရွှေဂတ်စ် ပိုက်လိုင်းကို ရပ်ဆိုင်းထားရန် အဖွဲ့အစည်း ၁၂ ခုမှ တောင်းဆို

မင်းခိုင်မိုက် (့ရန်ကုန်) လာမည့် ၂၀၁၃ခုနှစ်တွင် တရုတ်ကို စတင်ရောင်းချတော့မည့်  ရခိုင်ပြည်နယ်မှ ရွှေဂတ်စ်ပိုက်လိုင်း  စီမံကိန်းကို လောလောဆယ်တွင် ရပ်ဆိုင်းထားရန် ပြည်တွင်း အဖွဲ့အစည်း  (၁၂) ခုမှ ကျေညာချက် ထုတ်ပြန်ပြီး တောင်းဆိုလိုက်သည်။ တောင်းဆိုသော အဖွဲ့(၁၂) ဖွဲ့ မှာ အောက်ပါအတိုင်း ဖြစ်သည်။ (၁)Thazin Development Foundation (ရခိုင်ပြည်နယ်)(၂)Arakan Ray Youth (ရခိုင် ပြည်နယ်), (၃) Ayarwady West Development Organization  (မင်းဘူး၊  စကု၊ပွင့်ဖြူ၊ ငဖဲ) , (၄)  Green Network  (Sustainable Development Group)(မကွေး) (၅) Green Future […]

၂ ကြိမ် တိတိ အဓမ္မ ပြုကျင့်ရန် ကြံစဉ်သူ နိုင်ငံခြားသား ၀န်ထမ်းအား ရဲက အရေးမယူရဲ

ကျောက်ဖြူမြို့နယ် ဂုံးရှိန်ကျေးရွာ အနီးတွင် တည်ရှိသော လုပ်ငန်းခွင် တစ်ခုတွင် နေ့စား အလုပ်သမား တစ်ဦးကို နိုင်ငံခြား အလုပ်သမား တစ်ဦးက နှစ်ကြိမ်တိုင် အဓမ္မ ပြုကျင့်ရန် ကြံစည်သည်ကို ရဲသို့ သွားရောက် တိုင်ကြားသော်လည်း ရဲက အရေးမယူရဲဘဲ ဖြစ်နေကြောင်း သိရသည်။ အိန္ဒိယ  PunjLloyd  ကုမ္ပဏီမှ Mr Ali Kumar သည်  နေ့စား ၀န်ထမ်း တစ်ဦး ဖြစ် သူ ကျောက်ဖြူမြို့ နယ် ဂုံးရှိန်ကျေး၇ွာအုပ်စု စေပုတ်ကေ ကျေးရွာမှ အသက် ၁၇ အရွယ် အမျိုးသမီးငယ် တစ်ဦးအား အဓမ္မပြုကျင့်ရန် ကြံစည်ကြိုးစားခဲ့သည်ဟု သိရသည်။ “ ကြိုးစားတာက […]

အမေရိကန် စီးပွားရေး အဖွဲ့ ရခိုင်ပြည်နယ်သို့ သွားရောက်ဖွယ်ရှိ

မောင်အေး မြန်မာနှင့် ကုန်သွယ်ရေး လုပ်နေသော ဘင်္ဂလားဒေခ်ျ့ နိုင်ငံမှ တက်ကနက် ဘောင်တော် ဆိပ်ကမ်းကို လာရောက် လည်ပတ်ခဲ့သော အမေရိကန် စီးပွားရေး အဖွဲ့ တစ်ဖွဲ့သည် ဘင်္ဂလာဒေခ်ျ့ ခရီးစဉ် ပြီးဆုံးပါက  မြန်မာ နိုင်ငံကို သွားရောက်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။ မြန်မာ ခရီးစဉ် အတွင်း ရခိုင်ပြည်နယ် စစ်တွေသို့ သွားရောက်ဖွယ် ရှိကြောင်း  သိရသည်။ အမေရိကန် စီးပွားရေး အဖွဲ့သည် ယမန်နေ့က နံနက် ၁၀ နာရီခန့်က  ဘင်္ဂလာဒေခ်ျ့ နိုင်ငံ  တက်ကနက် ဆိပ်ကမ်းကို သွားရောက်လည်ပတ်ခဲ့ပြီး လာမည့် သောကြာနေ့တွင် မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။ ရခိုင်ပြည်နယ်တွင် […]

ဘင်္ဂလာဒေခ်ျ့ ဘဏ် မြန်မာတွင် ဖွင့်လှစ်

မောင်အေး ဘင်္ဂလားဒေခ်ျ့နှင့်  မြန်မာ အကြား စီးပွား ကူးသန်းရောင်းဝယ်ရေး လျှင်မြန် လွယ်ကူ ချောမွေ့စေရေး ရည်ရွယ်ချက်ဖြင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှ ပုဂ္ဂလိက ဘဏ်တခုကို ရန်ကုန်မြို့တွင်  ယမန်နေ့က ဖွင့်လှစ် လိုက်ကြောင်း ဘင်္ဂလာ အင်တာနက် သတင်း တပုဒ်တွင် ဖေါ်ပြသည်။ ရန်ကုန်မြို့တွင် ဖွင့်လှစ်သည့် ဘဏ်မှာ Arab-Bangladesh (AB)  Bank ခွဲ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဘဏ်ဖွင့်ပွဲကို ယမန်နေ့က ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေမှ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြောင်း သတင်းက ဖေါ်ပြသည်။ ယခုကဲ့သို့ ဘင်္ဂလာဒေခ်ျ့မှ  AB ဘဏ်ဖွင့် […]

ဈေးခွန် လျော့ရေး လူပ်ရှားမူ စစ်တွေတွင် ဆက်တိုက် ပေါ်ပေါက်

မောင်အေး နာဇီဈေးသားများ တောင်းဆိုမူ အောင်ပွဲ ရပြီးနောက် စစ်တွေမြို့ ဈေးကြီး ဈေးဆိုင် ပိုင်ရှင်များက လည်း စည်ပင်ရုံးကို သွားရောက်ပြီး မတရား ဈေးခွန်ကောက်နေမူကို ရပ်တန့်ရန် တောင်းဆို ခဲ့ကြသည်။ ” ကျွန်တော်တို့က ဆန္ဒပြတဲ့ အဆင့်တော့ မဟုတ်ပါ။ စည်ပင်နဲ့ သက်ဆိုင်တဲ့ အတွက် သွားပြီးဆွေး နွေးတာပါ။ အဲဒီမှာ အမှုဆောင် အရာရှိနဲ့ တွေ့ခဲ့ ပါတယ်။ ကျွန်တော်တို့က ဈေးသည်တွေ နစ်နာ နေရတဲ့ ကိစ္စတွေကို တင်ပြခဲ့ပါတယ်” ဟု ဦးဆောင် ပါဝင်သူ ငါးခြောက်ဈေးပိုင်ရှင် ဦးစံရှားက နိရဉ္စရာသို့ ပြောသည်။ စည်ပင်ရုံးသို့ သွားရောက်ခဲ့ရာတွင် ငါးခြောက်လုပ်ငန်း မိသားစုမှ ဆိုင်ရှင် […]

စစ်တွေမှ ဈေးသည်များ ၀န်ကြီးချုပ် နေအိမ်ထိ ချီတက်တောင်းဆို

စစ်တွေမြို့ နာဇီရွာဈေးက ဈေးသည် ၆၀ ခန့်သည် တနင်္ဂနွေနေ့ နံနက်က ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင် အိမ်ထိ ချီတက်ပြီး သူတို့ ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်း ပေးရန် တောင်းဆိုခဲ့ကြသည်။ ” ကျွန်တော်တို့က အခက်အခဲတွေ အများကြီး ကြုံနေရပါတယ်။ အဓိက ဈေးကောက်ခွန် အလွန်မြင့်နေတဲ့ အတွက် ဖြစ်ပါတယ်။ ၈ ပေပတ်လည် အခန်း တစ်ခန်းကို တစ်ရက်ကို ၁၀၀၀ ကောက်ပါတယ်။ အထုတ် တစ်ထုတ်နဲ့ ဆိုက်ကား တစ်စီး ဈေးထဲကို သွင်းရင်လည်း ၁၀၀၀ ကောက်ပါတယ်။ မုန့်တီဆိုင် တစ်ဆိုင်ကို ၇၀၀ ကျပ်၊ ကောက်ညှင်း တစ်ပေါင်းကို ၅၀၀ […]

နယ်စပ် စီးပွားရေးဇုံများ မရှိ၍ မြန်မာ ကုန်များ မှောင်ခိုတင်ပို့ရာမှ ဖမ်းဆီးခံ

မောင်အေး ———– မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား ကုန်သွယ်ရာတွင် မြန်မာဘက်မှ နယ်စပ်တွင် စီးပွားရေး ဇုံများကို စနစ် တကျ ဖွင့်လှစ် ဖေါ်ဆောင်ပေးခြင်း မရှိသဖြင့် မှောင်ခို လမ်းကြောင်းမှ တဆင့် တဘက်နိုင်ငံသို့ ကုန်ပစ္စည်းများ တင်ပို့နေကြရာ မြန်မာ ကုန်ပစ္စည်းများ မကြာခဏ ဖမ်းဆီး ခံနေရကြောင်း သတင်း ရရှိသည်။ ” ကျွန်တော်တို့ဆီက ပစ္စည်းတွေကို ဘင်္ဂလာဒေခ်ျ့ကို တင်ပို့တဲ့ နေရာမှာ တရားဝင် တင်ပို့ ရောင်းချနိုင်တဲ့ နယ်စပ် စီးပွားရေးဇုံလို မျိုး မရှိတဲ့ အတွက် အိမ်မွေး တိရစ္ဆာန်တွေ အပါအ၀င် သစ်တောထွက် ပစ္စည်းတွေကို တရားမ၀င် လမ်းကြောင်းကနေ ဘင်္ဂလာဒေခ်ျ့ကို […]

တရုတ်များက ရေအားလျှပ်စစ်ကို အကြောင်းပြပြီး လေးမြို့မြစ်တွင် ရွှေတူးရန်စီစဉ်

မောင်အေး ———– ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လေးမြို့မြစ်ရှိ ပိုးဖြူကျွန်းတွင် ရေအားလျှပ်စစ် တည်ဆောက်မည်ဟု အကြောင်းပြကာ ရွှေတူးရန် တရုတ်နိုင်ငံသားများ စီစဉ်နေကြောင်း သတင်း ရရှိသည်။ ပိုးဖြူကျွန်း ရေအားလျှပ်စစ် စီမံကိန်း အတွက် ရောက်ရှိလာသော တရုတ်နိုင်ငံမှ ပစ္စည်းများမှာ များသောအားဖြင့် ရွှေတူးရာတွင် အသုံးပြုသော ပစ္စည်းများ ဖြစ်သည်ဟု မြောက်ဦးသို့ ကိုယ်တိုင် သွားရောက်ကြည့်ရှု့ခဲ့သူ စစ်တွေမှ လူငယ် တစ်ဦးက ပြောသည်။ ” အခု ကျွန်တော်တို့ ကြားရတာက ပိုးဖြူကျွန်းမှာ တရုတ်တွေ ရွှေတူးမယ်လို့ ကြားရပါတယ်။ အခု တရုတ်တွေ ယူလာတဲ့ ပစ္စည်းတွေကလည်း ရွှေတူးရာမှာ အသုံးပြုတဲ့ စက်ကရိယာတွေ၊ ပိုက်လုံး တွေနဲ့ […]