အရှုံးနှင့် ရင်ဆိုင်ရသော်လည်း ၂၀၁၅ ရွေးကောက်ပွဲရလဒ်အပေါ် ကျေနပ်ဟု စစ်တွေမှ လွှတ်တော်ကိုယ်စားလှယ်များဆို

ဖြူနှင်းဝေ စစ်တွေ၊ နိုဝင်ဘာ ၁၃ ၂၀၁၅ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သော ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် အရှုံးနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ရွေးကောက်ပွဲ ရလဒ် အပေါ် ကျေနပ်ကြောင်း စစ်တွေမြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။ စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော်နေရာကို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကို ကိုယ်စားပြုပြီး ၀င်ရောက် အရွေးခံပြီး ရှုံးနိမ့်ခဲ့သည့် ဒေါ်လှအေးက ရွေးကောက်ပွဲ ရလဒ်အပေါ် ကျေနပ်ကြောင်းနှင့် ရခိုင်အမျိုးသားပါတီ အနိုင်ရရှိသွား၍ ၀မ်းသာကြောင်း  နိရဉ္စရာသတင်းဌာနသို့ ပြောသည်။ “ကျေနပ်မှုရှိပါတယ်။ ပြည်သူတွေက ကျွန်မတို့ ကွင်းဆင်းကတည်းက ရခိုင်ပါတီကိုဘဲ ဦးစားပေးနေတာပါ။ ရခိုင်ဆိုရင် ရခိုင်ပဲဖြစ်ရမှာပေါ့။ ကျွန်မတို့သာ ရခိုင်ပါတီကို ကိုယ်စားပြုပြီး ပြိုင်မယ်ဆိုရင် […]

ချင်းပြည်နယ် ပလက်ဝ မြို့နယ်တွင် ANP ကိုယ်စားလှယ်များ အောင်နိုင်မှု မသေချာ

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ရခိုင်အမျိုးသားပါတီ (ANP) မှ ၀င်ရောက် ယှဉ်ပြိုင်သော လွှတ်တော် ကိုယ်စားလှယ် (၅) ဦး အနိုင်ရသည်ဟူသော သတင်းမှာ မသေချာကြောင်း ရခိုင်အမျိုးသားပါတီ ပလက်ဝမြို့နယ် ပြည်နယ် လွှတ်တော်မှ ၀င်ရောက်ယှဉ်ပြိုင်သူ ဦးစောငြိမ်းက ပြောဆိုသည်။ “ အစပိုင်းမှာတော့ မဲရေတွက်မှု အရ နိုင်တယ်လို့ ပြောနိုင်ပေမယ့် နောက်ပိုင်း တစ်ခြား ဝေးလံတဲ့ ဒေသတွေက မဲတွေဝင်လာတော့ အနိုင်ရဖို့ဆိုတာ မသေမချာ ဖြစ်လာပါတယ်။ NLD ကဘဲ နေရာ အားလုံးကို နိုင်သွားနိုင်တဲ့ အနေအထားမျိုးရှိနေပါတယ်” ဟု ဦးစောငြိမ်းက ပြောဆိုသည်။ ယနေ့ နိုဝင်ဘာလ ၁၃ […]

ရခိုင်ပြည်နယ် နေရာအနည်းငယ်၏ ရွေးကောက်ပွဲ ရလဒ်ကို ကော်မရှင်က ထုတ်ပြန်ကြေငြာ

စံမောင်သန်း စစ်တွေ၊ နိုဝင်ဘာ ၁၂ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲရလဒ်ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထုတ်ပြန်လျက်ရှိရာ ရခိုင်ပြည်နယ်ရှိ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် နေရာ တချို့ကိုသာ ထုတ်ပြန်နိုင်သေးသည်ဟု ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အရာရှိ ဦးသူရိန်ထွဋ္ဋ်က ပြောသည်။ ပြည်သူ့လွှတ်တော် နေရာအတွက် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူနှင့် သံတွဲမြို့နယ် မဲဆန္ဒနယ်များ အတွက်သာ ထုတ်ပြန်နိုင်သေးပြီး၊ အမျိုးသားလွှတ်တော်တွင် စစ်တွေမြို့နယ် မဲဆန္ဒနယ် ၁၊ မောင်တော (မြောက်ပိုင်း) မဲဆန္ဒနယ် ၇ နှင့် မောင်တော(တောင်ပိုင်း) မဲဆန္ဒနယ် ၈ တို့အတွက်သာ ထုတ်ပြန် နိုင်သေးသည်ဟု […]

ရခိုင်ပြည်နယ် စစ်တွေမြို့၌ မဲရလဒ်များ စတင်ကြေငြာ

ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရခိုင်ပြည်နယ် စစ်တွေမြို့နယ် လွှတ်တော် ၄ ရပ် မဲစာရင်းများ ထွက်ပေါ်လာရာ  ရခိုင်အမျိုးသားပါတီက ဦးဆောင် အနိုင်ရရှိခဲ့သည်ဟု သိရသည်။ စစ်တွေမြို့နယ် အမျိုးသားလွှတ်တော်တွင် (၆) ဦး ၀င်ရောက်ယှဉ်ပြိုင်ရာ ရခိုင်အမျိုးသားပါတီမှ ဦးဝေစိန်အောင်က ၄၅၀၈၇ ဖြင့် အနိုင်ရရှိခဲ့ပြီး တခြားသူများ ရရှိခဲ့သောမဲများမှာ တစည ပါတီမှ ဦးနီအောင်ကျော်က ၄၃၄၇၆ မဲ၊ ပြည်ခိုင်ဖြိုးမှ ဦးသန်းထွန်းမှ ၁၄၁၉၈မဲ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးသာဇံက ၂၀၁၂မဲ၊ ရခိုင်မျိုးချစ်ပါတီမှ ဦးဘကျော်က ၂၀၀၆ မဲ၊ တသီး ပုဂ္ဂလ ဦးဝင်းမောင်က ၁၂၈၈ မဲ ရရှိခဲ့သည်။ ပြည်သူ့လွှတ်တော်၏ […]

မာန်အောင်မဲဆန္ဒရှင်တွေကို အပြစ်မတင် ကြဖို့ ဒေါက်တာ အေးမောင် မေတ္တာရပ်ခံ

ရန်ကုန်၊ နိုဝင်ဘာ ၁၁ မာန်အောင် မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်နေရာတွင် ရှုံးနိမ့်ခဲမှုနှင့် ပတ်သက်ပြီး မာန်အောင်မြို့နယ် မဲဆန္ဒရှင်များကို အပြစ်မတင်ကြရန် ရခိုင်အမျိုးသား ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က မေတ္တာရပ်ခံ ပန်ကြားလိုက်သည်။ နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေ ၄ နာရီခန့်က ဒေါက်တာ အေးမောင်အား နိရဉ္စရာ သတင်းဌာနမှ အင်တာဗျူး ပြုလုပ်စဉ် ထိုသို့မေတ္တာရပ်ခံ ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။ “ ကျွန်တော်တို့ ခုနလိုပေါ့ ကျွန်တော် ဟို မာန်အောင်မှာ မဲရှုံးတာနဲ့ ပတ်သက်လို့ ဂရုဏာ ဒေါသ ဖြစ်တာလေးတွေကို သည်းခံပြီးတော့ ဖြေဖျောက်ပေးကြပါ။ မာန်အောင်မှာရှိတဲ့ ကျွန်တော်တို့ရဲ့ မဲဆန္ဒရှင် များနဲ့ […]

ရခိုင်အမျိုးသားပါတီ ရခိုင်ပြည်နယ် မြို့နယ် ၁၃ ခုတွင် အနိုင်ရ

လူသာကျော် (ရခိုင်) ရန်ကုန်၊ နိုဝင်ဘာ ၁၁   ရခိုင်ပြည်နယ်တွင် ရခိုင်အမျိုးသားပါတီ (ANP) သည် ရခိုင်ပြည်နယ် ၁၃ မြို့နယ်တွင် အနိုင်ရရှိခဲ့သည်ဟု ရခိုင်အမျိုးသားပါတီ ထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးအေးသာအောင်က ပြောသည်။  “ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်တွေ အအပါအ၀င် မြို့နယ် ၁၃ ခုမှာ အနိုင်ရရှိခဲ့ပါတယ်” ဟု သူက ဆိုသည်။ ရသေ့တောင်၊ ပုဏ္ဍားကျွန်း၊ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ကျောက်ဖြူနှင့် ရမ်းဗြဲတို့တွင် လွှတ်တော် ၄ ရပ်လုံးတွင် တစ်ခဲနက် အနိုင်ရရှိခဲ့ပြီး ဘူးသီးတောင်နှင့် မောင်တောမြို့နယ် တို့တွင် သုံးနေရာစီ […]

ရခိုင်အမျိုးသားပါတီ ဗဟိုအောင်နိုင်ရေး နောက်ဆုံး မဲဆွယ်စည်းရုံးရေးတွင် ရခိုင်အဆိုတော်များ ပူးပေါင်းပါဝင်

စံမောင်သန်း/ဖြူနှင်းဝေ စစ်တွေ၊ နိုဝင်ဘာ ၇ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အောက်တိုဘာလ ၆ ရက်နေ့ကပြုလုပ်သော ရခိုင်အမျိုးသားပါတီ ဗဟိုအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးပြုလုပ်ရာတွင် ရခိုင်အဆိုတော်များဖြစ်ကြသော ဒိုးရီ၊ ငြိမ်းစန္ဒာ၊ သျှင်ထွီးနှင့် နီတိုးတို့ပါဝင် ဖျော်ဖြေခဲ့ကြသည်ဟု သိရသည်။ “နောက်ဆုံးနေ့ မဲဆွယ်ရတဲ့ရည်ရွယ်ချက်ကတော့ ဗဟိုအောင်နိုင်ရေး အဖွဲ့အနေနဲ့ အနယ်နယ်အရပ်ရပ်ကို ကျေးရွာတွေမကျန်အောင် သွားနေခဲ့ကြတဲ့အတွက် နောက်ဆုံးမဲဆွယ်စည်းရုံးရမယ့် နေ့တွေဖြစ်တဲ့ နိုဝင်ဘာလ ၅ ရက်၊ ၆ ရက်နေ့တွေမှာ စစ်တွေမြို့ပေါ် လှည့်လည်ပြီးတော့ အောင်နိုင်ရေး စည်းရုံးမှုအနေနဲ့ လုပ်မည်ဆိုပြီးတော့ နဂိုကတည်းက စီစဉ်ထားတဲ့အတိုင်း လုပ်ဆောင်တာဖြစ်တယ်”ဟု ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌဒေါ်အေးနုစိန်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။ နိုဝင်ဘာလ ၆ ရက်နေ့ညနေပိုင်းက စစ်တွေမြို့တွင် ပြုလုပ်ခဲ့သည့် […]

ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များတွင် ANP နှင့် ဆတူနိုင်ပြီး တောင်ပိုင်းတွင်ကြံ့ခိုင်ရေး ပိုမို အနိုင်ရရှိနိုင်ကြောင်း ဒေါက်တာစန်းရွှေဆို

စစ်တွေ၊ နိုဝင်ဘာ ၆ လာမည့် နိုဝင်ဘာလ ၈ ရက် တနင်္ဂနွေနေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေး ပါတီ အနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များတွင် ANP နှင့် ဆတူနိုင်ခြေရှိနေပြီး  တောင်ပိုင်းတွင်ကြံ့ခိုင်ရေးပါတီ  ပိုမို အနိုင်ရရှိမည် ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ ရခိုင်ပြည်နယ် အတွင်းရေးမှူး ဒေါက်တာစန်းရွှေ က ပြောသည်။ နိရဉ္စရာ သတင်းဌာနမှ ရွေးကောက်ပွဲ အတွင်း ရခိုင်ပြည်နယ်တွင် ကြံ့ခိုင်ရေးပါတီ အနေအထားက မည်သို့ ရှိပါသလဲဟု နိုင်ငံတော် သမ္မတ ရခိုင်မစမီ နိုဝင်ဘာလ ၂ ရက်နေ့ ညနေပိုင်းက ဒေါက်တာ စန်းရွှေကို မေးမြန်းစဉ် သူက ထိုသို့ ပြောကြားသည်။ […]

မြန်မာ့အလင်း ဆောင်းပါးတွင် မဲစာရင်း မပါကလည်း မဲထည့်ခွင့်ရမည်ဆိုသည်မှာ လက်တွေ့ မြေပြင်တွင် ဖြစ်ပေါ်နေမှုနှင့် ကင်းကွာမှုရှိနေ

စစ်တွေ၊ နိုဝင်ဘာ ၆ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့ထုတ် မြန်မာ့အလင်းပါ ဦးမှဲ့ (အင်းဝိုင်းကုန်း)၏ ရွေးကောက်ပွဲနှင့် တာဝန် ကိုယ်စီဆောင်းပါးတွင်  မဲစာရင်း မပါသူများ အနေဖြင့် မဲထည့်ခွင့်ရကြောင်းကို အောက်ပါအတိုင်း ရေးသားထားသည်။ “ ထိုမှ ဆန္ဒမဲပေးရမည့်နေ့ ရောက်သည့်တိုင်အောင် မဲစာရင်းမပါကလည်း မဲရုံသို့ သွားပြီး မိမိသည် ဒီရပ်ကွက်မှာနေသည်ကို မိမိအား တစ်ရပ်ကွက်တည်း သိသူတစ်ဦးက ထောက်ခံပေးလျှင် မဲပေး၍ရသည်။ ထို့အပြင် မိမိတို့ရပ်ကွက်ရှိ မဲရုံ၌ပါဝင်သော မဲရုံ အဖွဲ့ဝင်များသည်လည်း မိမိတို့နှင့် ရပ်ကွက်တူ နေသူများ ဖြစ်သည့်အတွက် တစ်ဦးမဟုတ် တစ်ဦး မိမိကိုသိနေမှာမလွဲပါ” ဟု ဖော်ပြသည်။ ၎င်းပြင် ဆက်လက်ပြီး […]

ကြိုတင်မဲ ပေးခွင့်မရသည့် စစ်တွေအဝေးသင် တက္ကသိုလ် ကျောင်းသူ/သားများ မဲပေးနိုင်ရေး အခမဲ့ နေရပ်ရင်းပို့ဆောင်မည်

ဝဏ္ဏခွာညို စစ်တွေ၊ နိုဝင်ဘာ ၆ ရခိုင်ပြည်နယ် စစ်တွေအဝေးသင်တက္ကသိုလ်မှ ကြိုတင်မဲ ပေးခွင့်မရသော  ကျောင်းသူ/သားများကို မိမိနေရပ်သို့ အခမဲ့ သွားရောက်ပြီး မဲပေးနိုင်ရေးအတွက် တက်ကြွ လူငယ်အဖွဲ့ မှ စီစဉ်နေကြောင်း သိရသည်။ ရခိုင်ပြည်နယ် စစ်တွေအဝေးသင်တက္ကသိုလ်ရှိ ကျောင်းသားများအထဲမှ အမ်းမြို့နယ်မှ ကျောင်းသား ၈၇ ဦးမှ အပ ကျန်မြို့နယ်များမှ ကျောင်းသားများမှာ ကြိုတင်မဲ ထည့်ခွင့် မရရှိခဲ့ကြောင်း သိရသည်။ သို့အတွက် ကျောင်းသား ကျောင်းသူများ အခမဲ့ ရေယာဉ်များ၊  မော်တော်ယာဉ် များဖြင့် မိမိဒေသသို့ ပြန်နိုင်ရေး အတွက် စီစဉ်ဆောင်ရွက် နေခြင်း ဖြစ်ကြောင်းသတင်းရရှိသည်။ မဲထည့်ရန် ပြန်လိုသည့် ကျောင်းသူ/ သားမှာ  ၃၀၀၀ […]