ပေါက်တောမြို့ မျိုးစောင့်တရားပွဲ အထူးစည်ကား

(နိရဉ္စရာ- ၂၇ ပေါက်တော ၂၀၁၃) ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ် အမျိုးဘာသာ သာသနာ ထိမ်းသိန်းစောင့်ရှောက်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် အမျိုး ဘာသာသာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး ဟောပြောပွဲတစ်ရပ်ကို ပေါက်တောမြို့ လောကထိပ်ပန် ဘုရားကြီး ရင်ပြင်ပေါ်တွင် ဒီဇင်ဘာလ (၂၆) ရက်ည (၇) နာရီမှ စတင်၍ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါဟောပြောပွဲကို မော်လမြိုင်မြို့ ဟိတဓရ ဆရာတော် အရှင်ဝိမလာဘိဝံသနှင့် ဘီလင်းမြို့ ငြိမ်းချမ်း ရိပ်မြုံ ဆရာတော် အရှင်ဓမ္မိက တို့မှ ချီးမြင့်ဟောကြားပေခဲ့ခြင်းဖြစ်ကြာင်းသိရသည်။ ဟောပြောပွဲတက်ရောက်လာသူများကို အရှင်ဓမ္မိကမှ လူမိုက်ကို မပေါင်းနဲ့ ခေါင်းစီးဖြင့်လည်းကောင်း၊ အရှင်ဝိမလာဘိဝံသမှ စောင့်လေမျိုးနွယ် ခေါင်းစီးဖြင့်လည်းကောင်း အသီးသီးဟောပြောချီးမြင့်ခဲ့ကြရာ ရဟန်း ပရိတ်သတ်၊ လူပရိတ်များကအထူးအားရခဲ့ကြသည်ဟုဆိုသည်။ […]

စက်လှေနစ်မည့်ကြံရာမှ မြန်မာသို့ ၀င်ရောက်သူ ၂၅ ဦးကို ကယ်တင်

(နိရဉ္စရာ- ၂၇ ဒီဇင်ဘာ ၂၀၁၃) ဘင်္ဂလာဒေခ်ျ့ နိုင်ငံ တက်ကနက်မြို့နယ်မှ တဆင့် နတ်မြစ်ကို ဖြတ်ကျော်ပြီး မြန်မာဘက်သို့ တရားမ၀င် ခိုးဝင်သည့် စက်လှေ တစ်စီး နစ်မြုပ်ရန် ကြံရာမှ စက်လှေပေါ်တွင် ပါလာသူ ၂၅ ဦးကို ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့ ဘီဂျီဘီ က ကယ်တင်လိုက်ရသည်ဟု ယနေ့ထုတ် ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ဖေါ်ပြသည်။ တက်ကနက် အခြေစိုက်  အမှတ် (၄၂) တပ်ရင်းမှ လူပ်ရှား စစ်ကြောင်း တစ်ခုမှ နတ်မြစ်အတွင်း စက်လှေ တစ်စီးနစ်မြုပ်မည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သတင်းရရှိပြီးနောက် ချက်ချင်း သွားရောက်ပြီး ၎င်းစက်လှေပေါ်ပါ လူ ၂၅ ဦးကို […]

နယ်စပ်တွင် မြန်မာတပ် လူပ်ရှားမူ အာသံရိုင်ဖယ် စီစစ်မည်

(နိရဉ္စရာ- ၂၄ ဒီဇင်ဘာ ၂၀၁၃) မိုးရေးမြို့နှင့် ကပ်ရပ် တည်ရှိသော မြန်မာ- အိန္ဒိယ နယ်စပ်တွင် မြန်မာဘက်က တပ်အင်အားများ အကြီးအကျယ် ဖြည့်တင်းနေသည်ဆိုသော သတင်းဟုတ် မဟုတ်ကို စစ်ဆေးရန် အာသံရိုင်ဖယ်အား ညွှန်ကြားထားသည်ဟု The Economic Time တွင် ယနေ့ သတင်း ဖေါ်ပြသည်။ အင်ဖါးမြို့တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် မူနီပူရ် Manipur ပြည်နယ် ပြည်ထဲရေးဝန်ကြီး Gaikhangam က တောင်ပိုင်း အာသံရိုင်ဖယ် အကြီးအကဲမှ ၎င်းအခြေအနေနှင့် ပတ်သက်ပြီး ပြည်နယ် အစိုးရသို့ များမကြာမှီ စာပေးပို့မည် ဖြစ်ပြီး ယင်းစာအား ဗဟို အစိုးရသို့လည်း မိတ္တူ ပေးပို့မည်ဟု […]

မြောက်ဦးမှ နိုင်ငံတကာ အန်ဂျီအိုများ ထွက်သွားရန် ဒုတိယ အကြိမ်တောင်းဆို

(နိရဉ္စရာ- ၂၃ ဒီဇင်ဘာလ ၂၁၁၃) / မောင်အေး ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင်းအခြေစိုက်လှုပ်ရှားနေသည့် နိုင်ငံတကာ အန်ဂျီအိုအဖွဲ့များကို ဒေသအတွင်းမှ ဒီဇင်ဘာလ ၂၄ ရက်နေ့ နောက်ဆုံးထား ထွက်ခွာသွားရန် ဒုတိယ အကြိမ်မြောက် မြောက်ဦးမြို့ ဒေသခံများက တောင်းဆို လိုက်သည်။ အဆိုပါ တောင်းဆိုမှုကို ယမန်နေ့က ပြုလုပ်သည့် အရေးအပေါ် အစည်းအဝေးမှ တောင်းဆိုလိုက် ခြင်းဖြစ်ကြောင်း  မြောက်ဦး လူမှုကွန်ယက်အဖွဲ့ ဥက္ကဌဖြစ်သူ နှင်းထွန်းတိုးက ပြောသည်။ “ကျွန်တော်တို့ ပထမ တစ်ခေါက်အစည်းဝေးလုပ်ပြီး သူတို့ကို ဒီလ၂၀ ရက်နေ့ထွက်သွားကြဖို့ တောင်းဆို ထားပါတယ်။ ဒါပေမဲ့ သူတို့ထွက်သွားဖို့ အစီအစဉ်မရှိတဲ့အတွက် မနေ့က အရေးအပေါ်အစည်းအဝေးခေါ်ပြီး ဒီလ ၂၄ […]

တောင်ပြိုမြို့နယ်ခွဲရောက် တဘက်နိုင်ငံမှ ရခိုင်မျိုးနွယ်စုများ အနိုင်ကျင့်ခံနေရဟုဆို

(နိရဉ္စရာ- ၂၃ ဒီဇင်ဘာ ၂၀၁၃)   ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြိုမြို့နယ်ခွဲအတွင်း အခြေချနေထိုင်နေကြသော ရခိုင်မျိုးနွယ်စုဝင်များသည် ဒေသအတွင်းမှ ကျေးရွာ အဆင့် အာဏာပိုင် အချို့၏   အနိုင်ကျင့်မူကို ခံနေကြရသည်ဟု ၎င်းလူမူ အဖွဲ့အစည်းမှ တာဝန်ရှိသူများက ပြောသည်။ “ ကျွန်တော်တို့ တစ်ဘက်နိုင်ငံမှာ ဘာသာခြားတွေကို ကြောက်လို့ ဗုဒ္ဓဘာသာ နိုင်ငံကို ထွက်ပြေး ခိုလုံလာရာမှာ အခုအခါ တစ်ခါ ကျွန်တော်တို့ အနိုင်ကျင့်မူတွေကို ခံနေကြရပါတယ်။ ဒါကြောင့် အထက်အာဏာပိုင် လူကြီးတွေကို ကျနော်တို့ အခက်အခဲတွေကို သိရှိစေလိုတဲ့ အတွက် ခုလို ဖုံးဆက် အကြောင်းကြားရတာ ဖြစ်ပါတယ်” ဟု ယင်းလူမူ အဖွဲ့အစည်း၏ […]

RNDP ဥက္ကဌအား ပေါက်တောမြို့နယ်မှ ရွှေတံဆိပ်ဆု ဂုဏ်ပြု ချီးမြှင့်

(နိရဉ္စရာ- ၂၂ ဒီဇင်ဘာ ၂၀၁၃) ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ( RNDP) ဥက္ကဌ ဒေါက်တာ အေးမောင်အား ပေါက်တောမြို့နယ် ပြည်သူများမှ အလေးချိန် (၁) ကျပ်သားရှိ ရွှေတံဆိပ်ဆု တစ်ခုအား ဂုဏ်ပြု ချီးမြှင့်ခဲ့ကြောင်း သတင်း ရရှိသည်။ ၎င်းဆုအား ပေါက်တော မြို့နယ်ပြည်သူလူထု ကိုယ်စား ​ပေါက်​​တောမြို့ ဘ၀မ်းကျောင်း ဆရာတော်ကြီး  ဦးဣန္ဒ၀ံ့သမှ ယခုလ  ၂၀ ရက်နေ့က ရခိုင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပေါက်တောမြို့နယ် ပြည်သူ လူထု တွေ့ဆုံပွဲ အတွင်း ချီးမြှင့် ခဲ့သည်ဟု သိရသည်။ ၎င်းဆုအား ရခိုင် ဒေါက်တာ အေးမောင်အား ချီးမြှင့်ခဲ့ခြင်းမှာ ရခိုင်ပြည်နယ် […]

မင်းပြားမြို့နယ်မှ ပျောက်ဆုံး အမျိုးသမီး (၆) ဦး မိဘများလက်သို့ ပြန်လည် လွဲပြောင်ပေး

(နိရဉ္စရာ- ၂၂ ဒီဇင်ဘာ ၂၀၁၃) ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကျေးရွာအချို့မှ အလုပ် လုပ်ရင်း ပျောက်ဆုံးသွားခဲ့သည့် အမျိုးသမီးငယ် (၆) ဦးအား မင်းပြားရဲတပ်ဖွဲ့မှ သက်ဆိုင်ရာ မိဘများထံသို့ ယမန်နေ့က လွှဲပြောင်း အပ်နှံလိုက်သည်ဟု  သတင်း ရရှိသည်။ ၎င်းအမျိုးသမီးငယ် (၆) ဦးအား မင်းပြားမြို့ပေါ် ရပ်ကွက် အချို့မှ အုပ်ချုပ်ရေးမှူးများ ရှေ့မှောက်တွင် ရဲတပ်ဖွဲ့မှ လွှဲပြောင်း ပေးအပ်လိုက်ခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦး ဖြစ်သူ ဦးဝင်းကျော်က ပြောကြားသည်။ “ မနေ့ကည နေ့လယ် ၁၂ နာရီမှာ မင်းပြားရဲ စခန်းကို ရောက်ပါတယ်။ တစ်ဦးချင်းစီကို ရဲက စစ်ဆေးချက်တွေ ယူပါတယ်။ […]