“ မြောက်ဦးရှေးဟောင်းနယ်မြေရဲ့အလှတွေကို မြင်ရတာ ရင်ထဲမှာ အရမ်းကြည်နှုးခံစားရပါတယ်” လို့ဆိုလာသူ ရုပ်ရှင်နဲ့ ဗွီဒီယိုသရုပ်ဆောင်မအေးသောင်း

နိရဉ္စရာ၊ အောက်တိုဘာ ၂၆ (ကိုနောင်ခိုင်အောင်မှ အင်တာဗျူးမေးမြန်းသည်။) မေး – မင်္ဂလာပါ အစ်မ။ ဖြေ – ဟုတ်ကဲ့။ မင်္ဂလာပါရှင်။ မေး – အစ်မအနေနဲ့ ဒီရခိုင်ရှေးဟောင်းယဉ်ကျေးမှုအနုပညာလက်ရာတွေ ပေါကြွယ်ဝတဲ့ မြောက်ဦးမြို့ကို လာရတဲ့ ရည်ရွယ်ချက်လေးသိပါရစေ။ ဖြေ – ဟုတ်။ ပိတ်ရက်ဆိုတော့ သူငယ်ချင်းတွေနဲ့ လာလည်ရင်းနဲ့ ရောက်လာတာပါရှင့်။ မေ – ဒီရခိုင်က မြောက်ဦးထိကိုလာတယ်ဆိုတာက အလုပ်ကိစ္စနဲ့လာဖြစ်တာလား၊ ဒါမှမဟုတ် ဘုရားဖူးဖို့ သက်သက် လာဖြစ်တာလား။ ဖြေ – အလုပ်ကိစ္စတော့မရှိပါဘူး။ အဓိကတော့ ဘုရားဖူးပေါ့။ ဒီဒေသန္တာရဘုရားဖူးပေါ့နော်။ မြောက်ဦးက ဘုရားပုထိုးတော်တွေကို ကြည့်ရင်း၊ နောက်ပြီး ဒီမြောက်ဦးကို လာချင်နေခဲ့တာ အရမ်းကြာပြီ။ […]

ထိပ်သီးဆွေးနွေးပွဲတွေ ထပ်လုပ်ရဦးမယ်

  (အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ ပါဝင်ဆွေးနွေးခဲ့ကြသည့် နေပြည်တော်ထိပ်သီး ဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဗဟိုကော်မတီဝင် ဒေါ်စောမြရာဇာလင်းကို နိရဉ္စရာသတင်းဌာနက မေးမြန်းခြင်း) နိရဉ္စရာ၊ အောက်တိုဘာ – ၁၉ မေး- ဒီလ (၁၅)ရက်ကနေ (၁၆)ရက်နေ့အထိ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ထိပ်သီးအစည်းအဝေးမှာ ALP အနေနဲ့ ဘယ်အကြောင်းအရာတွေကို အဓိကထားဆွေးနွေးဖြစ်ခဲ့တယ်ဆိုတာ ရှင်းပြပေးစေချင်ပါတယ်။ ဖြေ- ကျမတို့ အဓိကထားပြီးဆွေးနွေးတာက ခွဲမထွက်ရကိစ္စနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ အဲ့ဒီကိစ္စတွေဟာ ဆိုလို့ရှိရင် တစ်ဆို့နေတဲ့ ကိစ္စတွေဖြစ်နေပါတယ်။ ဒါတွေကို ကျော်လွှားနိုင်ဖို့ EAO (Ethnic Arm Organization) အဖွဲ့အစည်းအတွင်းမှာလည်းကောင်း၊ အစိုးရနဲ့လည်းကောင်း […]

ရခိုင်ပင်လယ်ပြင်တွင် ငါးပုဇွန် ရေသယံဇာတွေ မျိုးတုန်းသွားနိုင်သလား

(နိရဉ္စရာ ဂျာနယ်၊ အတွဲ (၃)၊ အမှတ်(၄) တွင် ဖော်ပြသော အင်တာဗျူး)   ရခိုင်ပင်လယ်ပြင်မှာ စည်းမဲ့ကမ်းမဲ့ ငါးဖမ်းနေကြတဲ့ အတွက် သားငါးပုဇွန်တွေ တဖြည်းဖြည်းနဲ့ ရှားပါးလာပြီး  နောက်လာမယ့် ၅ နှစ်အတွင်းမှာ မျိုးပြုန်းသွားနိုင်တယ်လို့ စစ်တွေမြို့နယ် အမှတ် (၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအေးသိန်းက သြဂုတ်လ ၃ ရက်နေ့က ရခိုင်ပြည်နယ် လွှတ်တော်မှာ အဆိုတင်သွင်းခဲ့ပါတယ်။ ဒီအဆိုကို ရခိုင်ပြည်နယ် လွှတ်တော်က ဆွေးနွေးဖို့ လက်ခံပြီး အတည်ပြုပေးခဲ့တယ်လို့ သိရပါတယ်။ ရခိုင်ပင်လယ်ပြင်မှာ ငါးပုဇွန် ရေနေသတ္တ၀ါတွေ ဘယ်အတိုင်း အတာထိ အခြေအနေ ဆိုးရွားနေသလဲ ဆိုတာ ကို သိရှိနိုင်အောင် မြန်မာနိုင်ငံ […]

စစ်တွေလေဆိပ်သည် မြန်မာနိုင်ငံတွင် အညစ်ပတ်ဆုံးဟုဆို

(အလိုတော်ပြည့်ကျောင်းလက်ထောက်ဆရာတော် ဦးကုမာရ(ခ) ဦးဇင်းဘီလူးနှင့် အင်တာဗျူး) မေး- မြန်မာနိုင်ငံက အသန့်ရှင်းဆုံးနဲ့ အကောင်းဆုံး လေဆိပ်တွေကို ဦးဇင်းရောက်ဖူးတဲ့ အပေါ် အခြေခံပြီး ပြောပြပေးပါ။ ဦးဇင်းဘီလူး- အသန့်ရှင်းဆုံးနဲ့ အကောင်းဆုံး လေဆိပ်တွေက ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပုဂံ ညောင်ဦးနဲ့ ထားဝယ် လေဆိပ်တို့ ဖြစ်ကြပါတယ်။ မေး- စစ်တွေလေဆိပ် အခြေအနေကကော ဘယ်လိုရှိပါသလဲ။ ဖြေ- စစ်တွေ လေဆိပ်က မြန်မာနိုင်ငံမှာ အညစ်ပတ်ဆုံးနဲ့ ခေတ်မမှီဆုံး လေဆိပ် ဖြစ်ပါတယ်။ မေး- ဘာကြောင့် အဲသလို ပြောရတာပါလဲ။ ဖြေ- ညစ်ပတ်ပေရေနေလို့ပေါ့။ အိမ်သာ တစ်လုံး ကောင်းကောင်းမရှိဘူး။ ရေချိုးခန်း တစ်ခန်း ကောင်းကောင်းမရှိဘူး။ အခုအချိန်ထိ […]

ကျောက်တော် ရေဘေးနှင့် ပတ်သက်ပြီး ဒေါက်တာအေးထွန်းနှင့် အင်တာဗျူး

မေး- ကျောက်တော်မြို့နယ်မှာ ရေကြီးနေတယ်လို့ ကြားပါတယ်၊ နောက်ဆုံးအခြေအနေက ဘယ်လိုရှိနေပါလဲ။ ဖြေ-ရေကြီးနေတာက ကျွန်တော်တို့ ကျောက်တော်မြို့နယ်မှာက နယ်မြေ ၆ ခု လောက်ရှိပါတယ်။ အဲ့ဒီ နယ်မြေကြီး ၆ ခုထဲက သရေချောင်းနယ်မြေပေါ့နော်။ သရေချောင်းနယ်မြေမှာ ရွာပေါင်း ၁၆ ရွာလောက် ရေ နစ်မြုပ်နေပါတယ်။ မေး-ဟုတ်ကဲ့ အဲ့ဒီတော့ ရေနစ်မြုပ်နေတာက တော်တော် ဆိုးဆိုးဝါးဝါး ဖြစ်နေပါလား။ လူတွေရဲ့ အခြေအနေက ဘယ်လိုရှိပါလဲ။ ကယ်ဆယ်ရေးတွင် ရောက်ရှိနေပါပြီလား။ ဖြေ-နည်းနည်း ဆိုးတဲ့အပိုင်းမှာ ရှိပါတယ်။ အထူးသဖြင့်တော့ မဟာမုနိ ဘုရားကြီးနားက မဟာမုနိ ကျေးရွာနဲ့ သာယာကုန်းဆိုတဲ့ ကျေးရွာ အဲ့ဒီ ကျေးရွာတွေမှာ နေအိမ်မှာ လူလုံးဝနေလို့ မရပါ။ […]

နိုင်ငံရေးအရ ပြေလည်ရင် ငြိမ်းချမ်းမယ်”

(ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ်နှင့် Myanmar Now အင်တာဗျူး)   ကချင်ပြည်နယ်၊ လိုင်ဇာဒေသမှာ Myanmar Now သတင်းထောက် ထက်ခေါင်လင်းဟာ မကြာသေးခင်က AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်နဲ့ တွေ့ဆုံခွင့်ရခဲ့ပြီး  အစိုးရသစ်ရဲ့ ရက် ၁ဝဝ စီမံကိန်း၊ ငြိမ်းချမ်းရေးတည်ဆောက်မှု၊ ရခိုင်ဒေသ အထွေထွေ အခြေအနေတို့ကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။  Myanmar Now ရဲ့ ခွင့်ပြုချက်နဲ့  ထက်ခေါင်လင်း မေးမြန်းခဲ့တဲ့ ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်နဲ့ အင်တာဗျူးကို ဖော်ပြပေးလိုက်ပါတယ်။   မေး  –  ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ တိုက်ပွဲနောက်ဆုံးအခြေအနေကို ပြောပြပေးပါ။ ဖြေ  –  ဒီရက်ပိုင်းတွေမှာ […]

မိုးလေထဲ စစ်ပြေးရှောင် ဒုက္ခသည်တွေရဲ့ အခြေအနေ အထူးဆိုးရွားနေ (ANP ပါတီ ဒုဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးနှင့်အင်တာဗျူး)

ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဦးခိုင်ပြည်စိုး၊ ရသေ့တောင်မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဦးသန်းနိုင်တို့ ဟာ ရွန်နု မုန်တိုင်းတိုက်ခတ် အပြီး ၂ ရက်အကြာ မေလ ၂၃ ရက်နေ့က စစ်ဘေးရှောင် ဒုက္ခသည်တွေရှိရာ ရသေ့တောင်မြို့နယ်မှ ကျေးရွာသုံးရွာကို သွားရောက်ခဲ့ကြပါတယ်။ စစ်ပြေးရှောင် ဒုက္ခသည်တွေရဲ့ နောက်ဆုံး ရင်ဆိုင်နေရတဲ့ အခြေအနေကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ ရခိုင်အမျိုးသားပါတီက ဒုဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးမေးမြန်းပြီး တင်ပြပေးလိုက်ပါတယ်။ မေး- ကိုယ်တိုင်သွားရောက်ခဲ့တယ်ဆိုတော့ စစ်ပြေးရှောင် ဒုက္ခသည်တွေရဲ့ အခြေအနေ ဘယ်လို တွေ့မြင်ခဲ့ရပါသလဲ။ ဖြေ-ဒီကနေ့ ကျွန်တော်တို့လေ ရသေ့တောင်မြို့နယ် ကျောက်တန်း၊ ပဲသဒူ၊ ရေစိုးချောင်း နေရာ သုံးခုကို ကျွန်တော်တို့သွားခဲ့ပါတယ်။ အဲသလို သွားခဲ့တဲ့ […]

၂၀၁၆ ခုနှစ် မတ် ၂၃ ရက်နေ့ စစ်တွေ ဆန္ဒဖော်ထုတ်ပွဲနှင့် ပတ်သက်ပြီး ANP ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊

မေး- ကိုဖေသန်းခင်ဗျာ၊ ဒီကနေ့ ရခိုင်ပြည်နယ်အစိုးရကို ANP ကဘဲ ဦးဆောင် ဖွဲ့စည်းရေး အတွက် စစ်တွေမှာ တောင်းဆိုဆန္ဒပြပွဲ တစ်ခု ပြုလုပ်ခဲ့ပါတယ်၊ အဲဒီလို ဆန္ဒပြ တောင်းဆို တဲ့ အတွက် ရခိုင်ပြည်နယ် အစိုးရဖွဲ့စည်းရေး၊ ၀န်ကြီးချုပ် ခန့်အပ်ရေးမှာ ဘယ်လို အပြောင်းအလဲတွေနဲ့ ဘယ်လို နိုင်ငံရေး ဖြစ်တည်မှုတွေ ပေါ်ပေါက် လာမယ်လို့ ကိုဖေသန်းတို့က နိုင်ငံရေးအရ တွက်ဆထာားပါသလဲ။ ဖြေ- ဒီကိစ္စ အပေါ် ကျွန်တော်တို့ က သုံးသပ် ပြောကြားရရင်တော့ … ဟို ပါတီကလေ ၁/ ၂၀၁၆ ဆိုတာ ကြေငြာချက် ထုတ်ထားရှိပါတယ်။ ၊ အဲဒီ ထုတ်ထားတဲ့ […]

စစ်တွေတွင် နေအိမ် ဗုံးခွဲခံရမှုနှင့် ပတ်သက်၍ RiA အယ်ဒီတာ ဦးမင်းမင်းနဲ့ အင်တာဗျူး

နိရဉ္စရာ၊ မတ် ၁၆   စစ်တွေရှိ RiA – Root Investigative Agency သတင်းဌာန၏ အယ်ဒီတာချူပ်/ အထွေထွေမန်နေဂျာ ဦးမင်းမင်း (ခ) နေမင်းအောင်၏ နေအိမ် မတ်လ ၁၀ ရက်နေ့ ဗုံး တိုက်ခိုက်ခံခဲ့ရသဖြင့် မတ်လ ၁၄ ရက်နေ့ နေ့လယ်  ၁၂ နာရီက ရန်ကုန်မြို့  မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်ဟု သတင်း ရရှိသည်။ ယခု တစ်ခါ အဆိုပါ ကိစ္စကို ကူညီဖြေရှင်းရန် မြန်မာသတင်းမီဒီယာကောင်စီသို့ ပါ စာရေး အကြောင်းကြား ထားသည်ဟု သိရပါသည်။ သူ့နေအိမ်တွင် ဗုံးခွဲခံရမှုနှင့် ပတ်သက်ပြီး […]

သားဖွားဆရာမနှစ်ဦးကို AA က ဖမ်းဆီးသည်ဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း ကာယကံရှင်များငြင်းဆို

နိရဉ္စရာ၊ ဇန်န၀ါရီ ၂၈   ဇန်န၀ါရီလ ၂၆ ရက်နေ့က လေးမြို့မြစ်ဖျား ပလက်ဝမြို့နယ်အတွင်း  ပိုလီယို တိုက်ကျွေးနေသည့် သားဖွားဆရာမ နှစ်ဦးကို AA (ရက္ခိုင့်တပ်မတော်)မှ ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု ဒေသခံ တစ်ဦးကိုကိုး ကားပြီး Khumi Media Group -ခူမီးမီဒီယာ က Breaking News အဖြစ် သတင်းဖော်ပြခဲ့ပါသည်။ ယခုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်ခြင်းမှာ မဟုတ်မှန်ကြောင်းနှင့် သတင်းအမှားတင်ခြင်းသည် မိမိတို့ ဆရာမ နှစ်ဦး၏ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး အရှက်လည်း ရစေပါသည်ဟု ကာယကံရှင်များက ပြောကြားလာပါသည်။ ဆရာမ ဒေါ်သန္တာထွန်းဖုန်းဆက် အကြောင်းကြားလာသည့် အပေါ် စာဖတ်ပရိသတ်များ သိရှိနိုင်ရန် တင်ပြပေးလိုက်ပါသည်။ မေး-ဆိုတော့ […]