သက်ဆိုင်ရာမှ စစ်ဆေးစေလို (ပေးစာ)

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်  ဒုက္ကန်ချောင်း ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းအား ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ပညာရေးဌာနမှ ၉၀×၃၀ တစ်ထပ် အုတ်ညှပ်နှစ်ဆောင် ဆောက်လုပ်ရန် အတွက် ဟိန်းသူအောင် ဆောက်လုပ်ရေးကုမ္ပဏီအား ကန်ထရိုက်ပေးခဲ့ပါသည်။ အဆိုပါကုမ္ပဏီအနေဖြင့် ဆောက်လုပ်ရာတွင် စံချိန်စံညွှန်မှန်ကန်မှုမရှိဘဲ ဆောက်လုပ်ထားပါသည်။ ၄င်းတို့မှာ (၁)  ပြတင်းတံခါးများအား ကျွန်းသစ်ဖြင့်ပြုလုပ်ရမည်ဖြစ်သော်လည်း ရေမနေသစ်ဖြင့်ပြုလုပ်ထားခြင်း (၂) သွပ်တန်းများအား (၃×၂)လက်မသစ်စိပ်များ အသုံးပြုရမည်ဖြစ်သော်လည်း (၂×၂)လက်မ သစ်များပြုလုပ်ထားခြင်းကြမ်းခင်းများ ယခုအချိန်မှစ၍ ပေါက်ပြဲနေခြင်း (၃) အချို့ပြတင်းတံခါးများ အောက်ခြေ ကျောက်ထုပ်လိုက်ရာတွင် အချို့နေရာများတွင် သံချောင်းလုံးဝ မထည့်ဘဲပြုလုပ်ထားခြင်း စသည့်အချက်များရှိနေသဖြင့် ကျေးရွာသားများ လက်မှတ်ထိုးပြီး မြို့နယ်အဆင့်သို့ တိုင်ကြားရာ မြို့နယ်မှ ပြောကြားသော်လည်း ၄င်းအတိုင်းဘဲ ထားရှိခြင်း ၊  […]

တောင်ကုတ်မြို့ နယ် ကန့်ကူတောင်ကျေးရွာ စာသင်ကျောင်းဆောင်သစ်လိုအပ် (ပေးစာ)

ရခိုင်ပြည်နယ် တောင်ကုတ်မြိ့နယ် ကန့်ကူတောင်ကျေးရွာရှိ အမက (ခွဲ) စာသင်ကျောင်းမှာ ပျက်စီးယိုယွင်းနေပါသဖြင့် အမြန်ဆုံး အသစ်ပြုပြင် ပြန်လည် တည်ဆောက်ပေးရန် လိုအပ်နေပါသည်။ ယင်းကျောင်းတွင် ကျောင်းသား ကျောင်းသူ (၄၁) ဦး ပညာသင်ကြားလျှက်ရှိပြီး နေ့စား ဆရာ တစ်ဦး၊ ဆရာမ တစ်ဦးရှိပါသည်။ ကျောင်းမှာ အလျား ၂၈ ပေ၊ ၆ လက်မ အနံမှာ ၁၃ ပေ ၆ လက်မ ရှိပြီး ဓနိမိုး၊ ဓနိကာ ဖြစ်ပြီး ကျောင်းကို ရွာသားများမှ ကိုယ်ထူ ကိုယ်ထစနစ်ဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ ကျောင်းကို တည်ဆောက်ခဲ့သည်မှာ နှစ်များစွာကြာခဲ့ပြီ ဖြစ်ပြီး ယခုအခါ ယိုယွင်းပျက်စီးနေပါသည်။ […]

နယ်စပ်ဒေသတိုင်းရင်းသား စွမ်းရည်ဖွံ့ဖြိုးရေး တက္ကသိုလ် နယ်စပ်ကျောင်းသားများဝင်ခွင့်မရ (ပေးစာ)

အယ်ဒီတာခင်ဗျား နယ်စပ်ဒေသတိုင်းရင်းသား စွမ်းရည်ဖွံ့ဖြိုးရေး တက္ကသိုလ်သို့ နယ်စပ်နေ ကျောင်းသားများဝင်ခွင့်မရဘဲ ဖြစ်နေသည်ကို အထက်လူကြီးများ သိအောင် စာရေး တင်ပြအပ်ပါသည်။ နယ်​စပ်​​ဒေသတိုင်းရင်းသား စွမ်းရည်​ဖွံ့ဖြိုး​ရေးတက္ကသို​လ်​ ၀င်​ခွင့်​စာ​မေးပွဲကို စစ်​​တွေမြို့ ၌၂၁ရက်​​နေ့ကပြုလုပ်​ခဲ့ပါသည်​။ နယ်​စပ်​ဒေသက ၁၀တန်း​အောင်​တဲ့​ ကျောင်းသား တိုင်းရင်းသားများကို ဦးစား​ပေးရမည့်​ အစား မြို့​ပေါ်က ​ငွေရှိ​သောသူများ၏သားသမီးများကိုသာ ၀င်​ခွင့်​ ပြုပါသည်​။ နယ်​စပ်​မှ​ကျောင်းသားများကိုဦးစား ​ပေးရန်​ ရခိုင်ပြည်နယ် ၀န်​ကြီးချုပ်​က ​ညွှန်​ကြားထား​သော်​လည်း ​အောက်​၀န်​ထမ်းများ ​ထွေအုပ်​မှ ၀န်​ထမ်းများက သူတို့နှင့်​ ခင်​ရာမင်​ရာ ​ငွေ​ပေး​သောသူများ၏သားများကိုသာ (ဥပမာ ​တောင်​ပြို ​ထွေအုပ်​ bc) သား စည်​ပင်​သာယာ (ပုဏ္ဍားကျွန်း)မှသားများ စသည်​ဖြင့်​​ငွေ​ပေး​သောသူများ မြို့​ပေါ်​နေသူများကိုသာ ​ကျောင်းဝင်​ခွင့်​များ​ပေး​နေပါသည်​။ ကျွန်​​တော်​တို့ နယ်စပ်ဒေသ ​တောင်​ပြိုမြို့နယ်ခွဲမှ နှစ်ပေါင်း  (၂၀) နှစ်​ရှိပါသော်လည်း လုံးဝအ​ရွှေးမခံရပါ။ နိုင်ငံ​တော်​ အစိုးရ မှ Good government ဟု ပြောဆိုသည်​မှာ ​ပုံပြင်သဖွယ်​ဖြစ်​​နေပါ​ကြောင်းပြောကြားလိုပါသည်။ ​ နံသာ​တောင်​ဆရာ​တော်​ကိုယ်​တိုင် ​ ၀န်​ကြီးချုပ်​ ကို စစ်​​တွေမြို့ သို့သွား၍ အပ်​နှံ​ပေးခြင်းကို ယခုကဲ့သို့ […]

တရားမ၀င် ကျောက်စိမ်းအရိုင်းတုန်းများ တရုတ်ကို တင်ပို့မူ တားဆီးစေလို (ပေးစာ)

ကချင်ပြည်နယ်၊ မိုးညုင်းခရိုင် ၊မိုးကောင်းမြို့နယ်၊ နမ္မတီး ကျေးရွာအုပ်စု၊ မကောက်စွပ် ကျေးရွာတွင် ကျောက်စိမ်း အရိုင်းတုံးများ စုပုံထားရာ ၎င်းကျာက်များမှာ တရားမ၀င်ဖြစ်ကြောင်း သိရှိရပါသည်။ တရားမ၀င်ကျောက်များကို ဖားကန့်၊ နန့်တိန်း၊ နန်းယား၊ယုဇနလမ်းမကြီး၊ လက်ဝါး၊ နမ္မတီးကျေးရွာ အထိ တရားမ၀င်ကျောက်စိမ်း အရိုင်းတုံး (ကျောက်များ) ရောက်ရှိနေပါသည်။ ကျောက်များကို ခြံထဲတွင် စုပုံပြီး သိုလှောင်ရုံ အဖြစ် ထားရှိသည်ကို သက်ဆိုင်ရာ တာဝန်ရှိသူများအား သိရှိစေလိုပါသည်။ ထိုသို့ အခြေပြု စုပုံသိုလှောင်ရုံးများမှ တစ်ဆင့် ဥပဒေမဲ့ အဆင့်ဆင့် ထုတ်ယူရာတွင် ရေလမ်းအသုံးပြုမူဖြင့် မိုးကောင်း-နမ္မတီး၊ ချောင်းဆုံမှ တိန်းဖန်၊ ဟိုကပ်၊ တာလောကြီး၊မြို့သစ်၊ နန်ဆန်ယန်၊ လိုင်ဇာသို့လည်းကောင်း၊ တရုတ်နိုင်ငံသို့ တရားမ၀င်လမ်းကြောင်းဖြင့် […]

၁၅၀၀ တန်ဖုန်းကဒ် တစ်ခုအတွက် အကြောင်းအရာမျိုးစုံဖြင့် ငွေကောက် (ပေးစာ)

သို့   အယ်ဒီတာ နိရဉ္စရာသတင်းဌာ ၁၅၀၀ တန်ဖုန်းကဒ်တခုအတွက် ခေါင်းစဉ် အမျိုးမျိုးဖြင့် မကောက်ယူစေလို။ ကျွန်တော်တို့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်တွင် ၁၅၀၀ တန်ဖုန်းကဒ် ၅ ကဒ်ကို ယနေ့ နံနက် ၈ နာရီတွင် မဲစနစ်ဖြင့် ထုတ်ပေးခဲ့ပါသည်။ စေတီတောင် ရပ်ကွက် အုပ်ချုပ်ရေးမှူးက ဖုန်းကဒ် မဲပေါက်သူများထံမှ ဖုန်းကဒ်တန်ဖိုး ကျပ်ငွေ ၁၅၀၀ အပြင် ဆက်သွယ် ရေးရုံးအတွက် ၅၀၀ ကျပ်၊ မယက ရုံးစာရေးမများ အတွက် ၅၀၀၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် လုပ်ကိုင်ပေးသူများအတွက် ၅၀၀၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အတွက် ၁၀၀၀ ကျပ်ကို ဖြတ်ယူထားပါသည်။ […]

ကူညီပါရေစေပြောပြီး လူထုထံက ရခိုင်ရဲများ ဆက်ကြေးကောက် (ပေးစာ)

ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ သစ်ရင်းပြွန်ချောင်း၊ င/ရုပ်ခင်း၊ ညောင်ချောင်း ရဲစခန်း မှ ဒုရဲအုပ်အဆင့် နှင့် အခြားအဆင့် ရဲဝန်ထမ်းများသည် သစ်ရင်း ပြွန်ချောင်း တွင် ခရီးသည် လှေ၊ သမ္မန်၊ ဘုတ် များကို တစ်စီးလျှင် ၅၀၀၀၀ ကျပ် မှ ၁၀၀၀၀၀ ကျပ်ထိ အတင်း အဓမ္မ ဓါးပြတိုက်သလို  သေနတ်ပြတောင်းစား နေပါ၍ ကုန်သည်၊ ခရီးသည်များ မလာဝံ့တော့ဘဲ နယ်မြေ ဒေသခံ  ပြည်သူများမှာ အခက်အခဲ နှင့် ကြုံတွေနေရကြရပါသည်။ ဤသို့ လုပ်ဆောင်နေခြင်းသည် ပြည်သူလူထု ပေါ်သစ္စာမဲ့ ပြုကျင့်ရာ ရောက်နေပါသဖြင့် ၎င်းကဲ့သို့ ပြုလုပ်နေသူများကို  ထိရောက်စွာ အရေးယူပေးပါ ရန် […]

ဆင်အိုင် လူသတ်မူ ဖြစ်ရပ်မှန် သတင်း

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်အိုင်ကျေးရွာ လူသတ်မူ သတင်းနှင့် ပတ်သက်ပြီး ပေါက်တောမြို့နယ် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို ကော်မီတီဝင် ဦးမြတ်ထွန်းပေးပို့သော စာအား အများသူဌာ သိရှိစေရန် မူရင်းအတိုင်း တင်ပြပေးလိုက်ပါသည်။ (အယ်ဒီတာ) ——————————————————————————————– ၂-၁၁-၂၀၁၃ ရက်နေ့ နံနက်(၉)နာရီအချိန်က ပေါက်တောမြို့နယ် ဆင်တက်မော် ကျေးရွာ အနီးရှိ စေတီတစ်ဆူ ရှိရာတောင်ကုန်းတွင် ရွာသားများစိုက်ပျိုးထားသော ကျွန်းပင်များကို  ပေါက် တောမြို့နယ် ဒုံရွာ မှထွက်ပြေးလာသော ဒုက္ခသည် စခန်းတွင် နေထိုင်ကြသော ဘဂါင်္လီ ကုလား(၅၀) ခန့်က ခုတ်လှဲ နေသည်ကို ဆင်တက်မော်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ကိုရင်ငယ်များတွေ့ ရှိသဖြင့် ရွာသားများကိုသွားရောက် တိုင်ကြားရာ ရွာသားများနှင့်တာဝန်ကျနေသည့် လုံခြုံရေး […]

MPT အင်ဂျင်နီယာချုပ်ထံသို့ (ပေးစာ)

ကျွန်ပ်သည် စစ်တွေမြို့တွင် နေထိုင်ပြီး အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းကို လုပ်ကိုင်နေသူပါ။ ကျွန်ုပ် အင်တာနက်လိုင်းသည် တစ်ရက်လျှင် သုံးကြိမ်ခန့် ပြတ်တောက်သွားပါသည်။ Modem မှ DSL ဆိုသော မီးလေးသည် တစ်နေ့ သုံးကြိမ် အချိန်ကြာမြင့်စွာ ပျောက်သွားပါသည်။ အများပြည်သူများအား ၀န်ဆောင်မူပေးနေသော ကျွန်ုပ်တို့ အနေဖြင့် ရုံးသို့ ဖုံးဆက် မေးမြန်းလျှင် သူတို့ဘက်က မဟုတ်ဘူးလို့ငြင်းချက် ထုတ်ပါသည်။ ဒါပြင် Modem power ကို ၁၀ မိနစ်ခန့် ဖွင့်ခိုင်း၊ ပိတ်ခိုင်းခြင်း ပြုလုပ်ခိုင်းပြီး ကွန်ပျူတာကိုလည်း Restart ပြုလုပ်ခိုင်းပါသည်။ အဲသလို လုပ်ပေမယ့် ထူးခြားမူ မရှိတာကြောင့် “ ဘယ်လိုမှမရပါ” […]

ရခိုင်နှင့် နိုင်ငံတော်အဆင့် သံဃာ့မဟာနာယက ဆရာတော်ကြီးများ ဆုံးမစေလို ( ပေးစာ)

နိရဉ္စရာမှ ဖေါ်ပြပေးစေလိုပါသည်။ ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒါးလက်အနောက်ရွာ မြသိန်းတန် ကျောင်းတိုက်အား အမ်းမြို့နယ် သံဃာ့ နာယက ဥက္ကဌ ဦးပညာဒိက နှင့် အပေါင်းပါ သံဃာတို့သည် ၆-၉-၂၀၁၃ နေ့က တစ်ကြိမ်၊ ၂၀၁၃ခုနှစ် မေလ ၂၄ရက်နေ့ တစ်ကြိမ် ရယူရန် အကြိမ်ကြိမ် အဖန်ဖန် ကြိုးပမ်းခဲ့ပါသည်။ ယခုဆက်လက်၍လည်း မြသိန်းတန် ကျောင်းတိုက်တွင် သတင်းသုံးတော်မူ၍ လေးဝါရှိခဲ့ပြီဖြစ်သော ဦးသုနန္ဒကို ၂၀/၉၀ ဖြင့် တရားစွဲ ဆိုနေပါသည်။ ဒါးလက် အနောက်ရွာ မြသိန်းတန်ကျောင်းထိုင် ဆရာတော် ဦးသုနန္ဒနှင့် ဒကာဒကာမတို့မှာ စိတ်မချမ်း မြေ့ဖွယ်ရာ ဖြစ်နေပါသည်။ ကျေးရွာ တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေး တို့မှာလည်း […]

ရမ်းဗြဲ လ၀ကမှူး ထင်တိုင်းကြဲနေ (ပေးစာ)

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်မှ လဝက ဦးစီးသိန်းဇော်သည် နိုင်ငံသား စီစစ်ရေး ကတ်ပြား ပြုလုပ်ရန် လာရောက်သော တိုင်းရင်းသားများအား မိုက်ရိုင်းစွာထပ်မံ ဆက်ဆံခြင်း ဟိန်းဟောက်ခြင်း များပြုလုပ်နေပါသည်။ နိုင်ငံသား စီစစ်ရေး ကတ်ပြား ပြုလုပ်ရာတွင်လည်း အမျိုးမ်ျိုး ငွေညှစ်၍ တောင်းခံနေပါသည်။ ယခုလက်ရှိအချိန်တွင်လည်း တိုင်းရင်းသားများအား ညစ်ပတ်ပြီးနိုင်ငံသားစီစစ်ရေး ကတ်ပြားတစ်ခုကို  ၃၀၀၀ ကျပ် ကို လဝက ဦးစီး သိန်းဇော် ကိုယ်တိုင် မိမိအခန်းတွင်း၌ တောင်းခံနေပါသည်။ ပထမအကြိမ် အသိပေး တင်ပြခဲ့သော်လည်း ထိရောက်စွာအရေးယူမူ မရှိ၍ သူကိုယ်တိုင် ထင်တိုင်း လုပ်နေပါသည်။ သို့ဖြစ်ပါ၍ ၄င်းလဝက ဦးစီးသိန်းဇော်အား အရေးယူ ပေးနိုင်ပါရန် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ သိရှိနိုင်ပါရန် […]