Archive for the 'သတင်း' Category

flood-in-Arakan

ရေဘေးကြောင့် ရခိုင်တွင်သေဆုံးသူ ၃၅ ဦးရှိပြီး ၆ ဦးပျောက်ဆုံးနေဟု ရခိုင်အစိုးရဆို

မာန်ယုကျော် (ရွှေဝမြေ) စစ်တွေ၊ သြဂုတ် ၃ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့်ရေဘေးအန္တရာယ်ကြောင့် သေဆုံးသူ ၃၅ ဦးရှိပြီး ၆ ဦးပျောက်ဆုံးနေသည်ဟု ရခိုင်ပြည်နယ် သတင်းထုတ်ပြန်ရေးနှင့်မှတ်တမ်းပြုစုရေးဆပ်ကော်မတီဥက္ကဋ္ဌ ဦးလှသိန်းက ပြောသည်။ ယင်းကို သြဂုတ်လ ၃ ရက်နေ့ညနေပိုင်းက ရခိုင်ပြည်နယ် ဥပဒေချုပ် ရုံးခန်းတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သြဂုတ်လ ၂ ရက်နေ့အထိကောက်ခံထားသည့်စာရင်းအရ အဆိုပါ ဖြစ်စဉ်ကြောင့် မြောက်ဦးမြို့နယ်တွင် ကျား ၃ ဦး၊ မ ၆ ဦး၊ ကျောက်တော်မြို့နယ်တွင် ကျား ၁ ဦး၊ မင်းပြားမြို့နယ်တွင် ကျား ၄ ဦး၊ မ ၃ ဦးနှင့် ဘူးသီးတောင်မြို့နယ်တွင် ကျား ၉ ဦး၊ မ ၉ […]

U-Tun-Tha

ရခိုင်အမျိုးသားရေးဆောင်ရွက်သူ ဦးထွန်းသာ ကွယ်လွန်

ရန်ကုန်၊ သြဂုတ် ၃ ရခိုင်အမျိုးသားအရေးကို ဆောင်ရွက်သူ ဦးထွန်းသာသည် ကင်ဆာရောဂါ ဝေဒနာဖြင့်  အိမ်အမှတ် ၁၂၆၊  အောင်သိဒ္ဒိ(၁)လမ်း၊  ၆၈ ရပ်ကွက်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်  နေအိမ်တွင် သြဂုတ်လ ၂ ရက်နေ့ နံနက်  ၁၀နာရီ ၃၅ မိနစ်တွင် ကွယ်လွန်သွားကြောင်း သိရသည်။ သူသည် မလေးရှားတွင်ပထမဆုံး ALD ပါတီ (ပြည်ပ) ကို ဦးဆောင် တည်ထောင်ခဲ့ရာတွင် ပါဝင်ခဲ့သူ တစ်ဦး ဖြစ်ပြီး ရခိုင်အမျိုးသားကောင်စီ (ANC) မလေးရှားတွင် ဥက္ကဋ္ဌ ၊ နာယကနှင့်  ဗဟိုကော်မတီ ၀င်အဖြစ် တာဝန် ၂၀၀၄ ခုနှစ် မှ ၂၀၀၈ အထိ ပါဝင် ထမ်းဆောင်ခဲ့သည်။ ၂၀၁၀ တွင် […]

distributing-food-Arakan

နယ်စပ်ရေးရာဝန်ကြီးဌာနမှ အမြဲတန်းအတွင်းဝန် ဦးစံရွှေအောင်ဦးဆောင်ပြီး မင်းပြားမြို့နယ် ကျေးရွာများသို့ ရဟတ်ယာဉ်ဖြင့် ရိက္ခာများဖြန့်ဝေ

ရန်ကုန်၊ သြဂုတ် ၃   နယ်စပ်ရေးရာ ၀န်ကြီးဌာန အမြဲတန်း အတွင်းဝန်/ တာဝန်ခံ ညွန်ကြားရေးမှူးချုပ် ဦးစံရွှေအောင် ဦးစီးပြီး ရဟတ်ယာဉ်ဖြင့် မင်းပြားမြို့နယ်မှ ဒုက္ခ့ဖြစ်နေကြသော စွန်ရဲ၊ အိုင်ဝမ်း၊ စားကျက်၊ လဟာကျယ်၊ ခေါင်းလောင်းချောင်းကျေးရွာများသို့  ရဟတ်ယာဉ်ဖြင့် သွားရောက်ပြီး ရိက္ခာများချပေးနေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။ ဦးစံရွှေအောင်မှ နိရဉ္စရာသို့ဖုန်းဖြင့် ဆက်သွယ် အကြောင်းကြားရာတွင် “ ဆန်၊ ရေသန့်၊ ခေါက်ဆွဲခြောက်၊ ဆေးဝါး၊ တစ်ခြားစားသောက်စရာများနှင့် ရေကန်များကို ရေသန့်ပစ္စည်းတွေကို သွားရောက်ကူညီတာ ဖြစ်ပါတယ်။ ဒီကနေ့ နံနက် ၈ နာရီ စစ်တွေကနေ စထွက်လာပြီး မင်းပြားမြို့နယ်က ရွာတွေကို အရောက် အကူအညီ ပေးနေတာ ဖြစ်ပါတယ်” ဟု ပြောသည်။ ရခိုင်ပြည်နယ် […]

မိုးတွင်းတွင် ကားဖြင့် ရခိုင်ခရီးသွားများသည် ဓာတ်ပုံပါအတိုင်း အခက်အခဲများနှင့်ကြုံရလေ့ရှိသည်။

တောင်ကုတ်တွင် ကားမှောက်၍ လူ ၃၀ ဒဏ်ရာရ

နေဇော်(သံတွဲ) တောင်ကုတ်၊ သြဂုတ် ၂   ရခိုင်ပြည်နယ် တောင်ကုတ်မြို့နှင့်  မအီမြို့အကြား လုပ်ငန်းခွင်ကားတစ်စီး တိမ်းမှောက်ရာမှ လူပေါင်း ၃၀ ဒဏ်ရ ရရှိသွားကြောင်း သတင်းရရှိသည်။  ယာဉ်မောင်းက ဦးရဲသူရကျော် မောင်းနှင်လာသော ကားနံပါတ် ( ၉တ/၂၆၂၆၂ ) သည် သြဂုတ်လ ၁ရက် နံနက် ၇ နာရီ ၃၀ အချိန်တွင် တောင်ကုတ်မြို့နှင့် မအီအကြား မိုင်တိုင်အမှတ် ၃၃မိုင် ၅ဖာ လုံတွင် တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။  ကားပေါ်တွင် ပါလာသူ အမျိုးသား ၁၈ဦး နှင့် အမျိုးသမီး ၁၂ဦး၊ စုစုပေါင်း ပေါင်း ၃၀ဦးမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားသဖြင့် တောင်ကုတ် ဆေးရုံ တွင်ဆေးကုသမှုခံယူလျက်ရှိကြောင်း တောင်ကုတ်မြို့နေ […]

yaba-tab

မုန်တိုင်းထဲ ယာဘားဆေးပြား တစ်သိန်းလေးသောင်း နတ်မြစ်အတွင်း ဖမ်းမိ

ရန်ကုန်၊ သြဂုတ် ၂   မုန်တိုင်းတိုက်ခတ်မှုကြောင့် ရာသီဥတု ဆိုးရွားနေသော မြန်မာ- ဘင်္ဂလာဒေ့ရှ် နယ်စပ်၊ ဘင်္ဂလာဘက်ခြမ်း နတ်မြစ်အတွင်း ယာဘား စိတ်ကြွရူးသွပ်ဆေးပြား အရေအတွက် တစ်သိန်း လေးသောင်းကို ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ က ဖမ်းဆီးမိခဲ့သည်။  ယမန်နေ့ နံနက် ၈ နာရီက နတ်မြစ်အတွင်း ဆိပ်ကပ်လာသော သစ်သားစက်လှေ တစ်စီးပေါ်ကို တက်ရောက်ရှာဖွေရာမှ  ယင်းဆေးပြားများကို တွေ့ရှိရခြင်း ဖြစ်ပြီး  သယ်ယူလာသူများမှာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကို မြင်တွေ့ပြီးနောက် စက်လှေကို စွန့်ခွာထွက်ပြေးသွားကြသည်ဟု The Daily Star သတင်းစာတွင် အမှတ် ၄၂ နယ်ခြားစောင့်တပ်ဖွဲ့ တပ်မှူး အဘူဂျာ အေအယ်ဂျာဟစ်ကို ကိုးကားပြီး ဖော်ပြသည်။ ယင်းဆေးပြားများ၏ တန်ဖိုးမှာ ကာလပေါက်ဈေး ဘင်္ဂလာတာကာ လေးကုဋေကျော်ဖိုးတန်ဖိုးရှိကြောင်း၊ […]

Rakhine-flood-killed

ရခိုင်ရေဘေးသေဆုံးသူ ၁၈ ဦးရှိပြီ

ရန်ကုန်၊ သြဂုတ် ၁ ရခိုင်ပြည်နယ် ရေဘေးတွင် သေဆုံးသူ ၁၈ ဦးရှိသွားပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက အတည်ပြု ပြောကြားသည်။ မြောက်ဦးမြို့နယ် ၄ ဦး၊ ကျောက်တော်မြို့နယ်တွင် ၁ ဦး၊ ပုဏ္ဍားကျွန်း မြို့နယ်တွင် ၁ ဦး၊ မောင်တောမြို့နယ်တွင် ၃ ဦးနှင့် ယနေ့ နောက်ထပ် ၀င်လာသော သတင်းအရ မင်းပြားမြို့နယ်တွင် ၉ ဦး စုစုပေါင်း ၁၈ ဦး ဖြစ်ကြောင်း ပြောဆိုသည်။ ယနေ့ နောက်ဆုံး ရရှိသော စာရင်းအရ လူပေါင်း ၃၃၈၄၈ ဒုက္ခသည် အဖြစ်ဖြင့် ခိုလုံနေကြရပြီး အရေအတွက်မှာ ထိုထက်ပိုများနိုင်ကြောင်း အထွေထွေ အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။ ယခုအခါ ကယ်ဆယ်ရေးစခန်း […]

Arakan-flood-no-aids

မြောက်ဦးမြို့နယ် သံသရာကျေးရွာတွင် ရွာလုံးကျွတ် သေဆုံးခြင်းသတင်းနှင့် မြောက်ဦးနောက်ဆုံး အခြေအနေ (အလိုတော်ပြည့်ကျောင်းဆရာတော် ဦးတေဇောဘာသနှင့် အင်တာဗျူး)

မေး-အရှင်ဘုရား။ ဒီနေ့ မြောက်ဦးမှာရေ ကြီးနေတဲ့ နောက်ဆုံးအခြေအနေကဘယ် လိုရှိပါလဲ။ ဖြေ-နောက်ဆုံးအခြေအနေက အခုထိ ရေက မကျသေးဘူး။ အိမ်တွေက အမိုး တွေအကုန်မြုပ်နေတယ်။  မေး-အဲဒါ ဘယ်လောက်အတိုင်းအတာ ထိ မြုပ်နေပါလဲ။ ဖြေ-ဘယ်အတိုင်းအတာထိလဲဆိုတော့ ဒီ မှာက မြုပ်နေတာက တော်တော်လေးကို အိမ်တွေက အခုထိ မပေါ်သေးဘူး။ ရေ တိုက်စားမှုတွေ တော်တော်များတယ်။ အိမ်တွေ အပျက်အစီးများတယ်။  မေး-လောလောဆယ် ရေက ကျသွားတဲ့ အနေအထားလား။ ပြန်တက်မယ့်အနေ အထားလား။ ဖြေ-ရေကတော့အခုထိ ပြန်တက်လာတဲ့ အနေအထားတော့မရှိဘူး။ နဂို တက်နေ တဲ့ရေက အခုထိ မကျသေးဘူး။ နယ်မှာ ရွာတွေ အကုန်မြုပ်ကုန်ပြီ။ ကျွဲ၊ နွားတွေ လည်း အသေအပျောက်များတယ်။ နောက်ပြီး ရွာကလူတွေက အကုန်လုံး ဘုန်းကြီးကျောင်းပေါ်ကိုပဲ […]

city-floods-Arakan

မင်းပြားမြို့တွင် ထပ်မံရေကြီးနေ

စံမောင်သန်း စစ်တွေ၊ ဇူလိုင် ၂၇ မိုး ၄ ရက်ခန့် ဆက်တိုက်ရွာသွန်းပြီးနောက် မင်းပြားမြို့ပေါ် ရပ်ကွက်များတွင် ရေကြီးရေလျှံမှုများဆက်လက် ဖြစ်ပေါ်နေသည်ဟု သတင်း ရရှိသည်။ “ မင်းပြားမြို့ မြို့ပေါ် ရပ်ကွက်တွေမှာ ဒီကနေ့ နံနက်မှ စတင်ပြီး ရေလွှမ်းမိုးမှုကို ရင်ဆိုင်နေရပါပြီ။  မြစ် အပေါ်ပိုင်း ကနေ တောင်ကျ ချောင်းရေတွေ ပေါက်လာပြီး ခုလို ရေမြုပ်နေတာပါ” ဟု မင်းပြားမြို့ခံ ဦးသိန်းဇံက နိရဉ္စရာသတင်းဌာနသို့ပြောသည်။ အလယ်ပိုင်းရပ်ကွက်တွင် နေရာအနည်းငယ်နှင့် ဈေးဟောင်းပိုင်းတွင် နေရာအနည်းငယ်မှအပ မင်းပြားတစ်မြို့လုံး ရေမြုပ်နေသည်ဟု သိရသည်။ “အခုရေကြီးမှုက ဇွန်လကထက် ပိုကြီးပြီးတော့  မနက်ဖြန် သန်ဖက်ဆိုရင် ဒီရေကျတာနဲ့ ကမ်းပြိုမှုတွေ ဖြစ်ပွားလာနိုင်ပါတယ်။ အခု ရေက ၂ ပေကျော် ၃ […]

Tornado-Storm-destroyed-in-Sittwe

လေဆင်နှာမောင်း တိုက်ခတ်၍ စစ်တွေမြို့မင်းဂံတွင် အိမ်ခြေ ၁၀ ကျော်နှင့် စာသင်ကျောင်းတစ်ကျောင်း ပျက်စီး

စံမောင်သန်း စစ်တွေ၊ ဇူလိုင် ၂၆ ဇူလိုင်လ ၂၆ ရက်နေ့ ညနေဘက်တွင် လေဆင်းနှာမောင်းတိုက်ခတ်၍ ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံ အကွက် (၁၃) နှင့် (၁၄) တွင် အိမ်ခြေ ၁၀ ကျော်နှင့် စာသင်ကျောင်းတစ်ကျောင်း ပျက်စီး ဆုံးရှုံးသွားဟု သတင်းရရှိသည်။ “ညနေ လေးနာရီ ခွဲခန့်က တိုက်ခိုက်ခဲ့ပါတယ်။ ကျွန်တော်တို့က လေယာဉ်လာသလို မီးရထားလာသလို အသံအကျယ်ကြီးကြားရပြီး လေဆင်နှာမောင်းဝင်တိုက်သွားပါတယ်။ ငါးမိနစ်လောက်ဘဲ ကြာမယ် ထင်ပါတယ်”ဟု အိမ်ပျက်စီးသွားသူများထဲမှ တစ်ဦးဖြစ်သူ ဦးထွန်းစိုးအောင်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။ မင်းဂံအကွက် (၁၃) မှ အိမ်တစ်ဆောင်နှင့် မင်းဂံအကွက် (၁၄) မှ စာသင်ကျောင်းတစ်ဆောင် မြေကြီးတွင် ပြားပြားဝပ်ပြီး လုံးဝပျက်စီးသွားခဲ့သည်ဟု သိရသည်။ သို့သော် စာသင်ချိန်မဟုတ်၍ […]

CNPC MM

မဒဲကျွန်းဒေသခံတို့ တရုတ်ကုမ္ပဏီကို ဆန္ဒပြမည်

ကျော်ဝင်း ကျောက်ဖြူ၊ ဇူလှိုင် ၂၄ ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ ဒေသခံပြည်သူများသည် မြေယာလျော်ကြေးမရသဖြင့်တရုတ် ကုမ္ပဏီ ( China National Petroleum Corporation – CNPC) ကို လာမည့် ဇူလှိုင်လ ၂၉ ရက်နေ့တွင် ဆန္ဒပြမည်ဟု သတင်း ရရှိသည်။ မဒဲကျွန်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဌ ဦးထွန်းကြည်က “ ဆန္ဒဖော်ထုတ်ဖို့ မြို့နယ်မှူးဆီကို ဇူလှိုင်လ ၂၂ ရက်နေ့က ခွင့်ပြုချက် တင်ထားလိုက်ပါပြီ။ ဇူလှိုင်လ ၂၉ ရက်နေ့ ပြခွင့်ပြုဖို့ တောင်းခံ ထားပါတယ်” ဟု ဆိုသည်။ တရုတ်ကုမ္ပဏီသည် မြေယာဆုံးရှုံးမှုအတွက် လျော်ကြေးပေးမည်ဟု အကြိမ်ကြိမ်ကတိပေးထားသော်လည်း ဂတိဖေါက်ဖျက်သဖြင့် ယခုလို ဆန္ဒပြရန် စီစဉ်ရခြင်း ဖြစ်သည်ဟု ဆိုသည်။ “ လျော်ကြေးပေးမယ်ဆိုပြီး […]