လစ်လပ်နေသော ရသေ့တောင်မြို့နယ် အမှတ်(၂) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်နေရာအတွက် ယှဉ်ပြိုင်လိုသူ ANP ကိုယ်စားလှယ်လောင်းများ လျှောက်လွှာခေါ်ယူ

နိရဉ္စရာ၊ ဇွန် ၁၂ လစ်လပ်နေသော ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အမှတ်(၂) ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်အတွက် ပါဝင်ယှဉ်ပြိုင်လိုသော ရခိုင်အမျိုးသားပါတီဝင်များကို လျှောက်လွှာခေါ်ယူနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ရသေ့တောင်မြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မြေအတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ANP ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်လိုသော ANP ပါတီဝင်များအနေဖြင့် မြို့နယ်ရုံးတွင် (၁၅-၆-၂၀၁၈) နေ့ ညနေ ၄ နာရီကို နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ လျှောက်လွှာတစ်စောင်ကို ကျပ် ၃၀၀၀၀ ဖြင့် ၀ယ်ယူရမည် ဖြစ်ကြောင်း သိရသည်။ ရသေ့တောင်မြို့နယ် ANP ပါတီ အထွေထွေ အတွင်းရေးမှူး ဦးမောင်လှမြင့်က “ […]

တောင်ကုတ်မြို့နယ် လမုနှင့် ဆားပြင်အကြားတံတားကျိုး။ အမ်း-မအီ ကားလမ်းကျိုးပျက်မှု အပါအ၀င် လမ်းခရီးအခြေအနေနှင့် ပတ်သက်ပြီး ရခိုင်စည်ပင်ဝန်ကြီးနှင့် အင်တာဗျူး

နိရဉ္စရာ၊ ဇွန် ၁၂ ရခိုင်ပြည်နယ် အတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီး ရေလျှံမှုတွေ ဖြစ်နေတဲ့ အတွက် လမ်းတွေကျိုးပြတ်တာ၊ တံတားပြိုကျတာ၊ မြေကြီးတွေ ပြိုကျတာ နေရာအတော်များများမှာ ဖြစ်ပေါ်နေပါတယ်။ ဒီလိုဖြစ်ပျက်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ခရီးသွားပြည်သူများ အခြေအနေမှန်ကို သိရှိစေနိုင်ဖို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်ကို မေးမြန်းပြီး တင်ပြလိုက်ပါတယ်။ မေး- လမ်းတွေ၊ တံတားတွေ ကျိုးတယ်လို့ ကြားရပါတယ်။ ဘယ်မှာ ဖြစ်နေတာပါလဲ။ ဖြေ- တောင်ကုတ်မြို့နယ် ဆားပြင်အုပ်စု လမုအနား ကမာ မရောက်ခင်မှာ တံတားတစ်လက် ကျိုးနေပါတယ်။ ပြန်ပြင်နေတယ်လို့ ကြားရပါတယ်။ ဆားပြင်အုပ်စုထဲမှာ ဖြစ်တာပါ။ အခု ဆားပြင် အုပ်ချုပ်ရေးမှူးနဲ့ […]

မိုးရွာသွန်း၍ ရခိုင်ပြည်အ၀ှမ်းမှ ရေကြီးမှု အခြေအနေ

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ ဇွန် ၁၂ မိုးအဆက်မပြတ်ရာသွန်းမှုကြောင့် ရခိုင်ပြည်နယ် သံတွဲ၊ အမ်း၊ တပ်တောင်နှင့် မင်းပြားမြို့ရှိ မြို့ပေါ်ရပ်ကွက်အချို့ ရေမြုပ်မှုများ ရှိနေသည်ဟု သတင်းရရှိသည်။ အမ်းမြို့ပေါ် ၅ ရပ်ကွက်တွင် ရေအနည်းငယ် နစ်မြုပ်နေပြီး ၊ အမှတ် ၂ ရပ်ကွက် (ပဲပဒုံ) တွင် အိမ် ၁၀ ကျော်လောက်ရေမြုပ်နေကြောင်း၊ သို့သော် အန္တရာယ်ရှိသည့် အနေအထား မရှိသေးကြောင်း သိရသည်။ အမ်းမြို့နယ် တပ်တောင်တွင် ၊ ဘုန်းတော်ကြီးကျောင်း အနီးတစ်ဝိုက်၊ စာသင်ကျောင်း အနီးတစ်ဝိုက်နှင့် ဘောလုံးကွင်းတို့တွင် ရေအနည်းငယ် နစ်မြုပ်နေသည်ဟု သိရသည်။ “ရေမြုပ်ပြီးတော့ အိမ်ထဲအထိ ရေ၀င်လာနေပါတယ်။ ကျနော်အိမ်ထဲမှာလည်း ခြေမျက်စိနားလောက်ထိ […]

သံတွဲတွင် ချောင်းရေတက်၍ အိမ်ထောင်စု တစ်ချို့ကို အရေးပေါ် ပြောင်းရွှေ့ခဲ့ရ၊ လက်ရှိတွင် ရေကျသွားပြီဟုဆို

နိရဉ္စရာ၊ ဇွန် ၁၂ ရခိုင်ပြည်နယ် သံတွဲမြို့တွင် ယမန်နေ့ညက ချောင်းရေတက်လာသဖြင့် မြေနိမ့်ပိုင်းမှ အိမ်ထောင်စု တစ်ချို့ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း၊ သို့သော် ယခုအခါ ရေပြန်ကျသွားပြီ ဖြစ်ကြောင်း သံတွဲမြို့ အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ သံတွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနမှ ဒုဦးစီး ဦးအောင်အောင်ဇော်က “ မနေ့က ရေတက်ခဲ့တဲ့ အတွက် အမှတ် ၄ ရပ်ကွက်ထဲက မိသားစု ၂၃စုကို ရွှေဆံတော် စေတီကို ပြောင်းရွှေ့ခဲ့ရပါတယ်။ ရေတက်လာတဲ့ အတွက် ညဥ့် ၁၂ နာရီလောက်မှာ လူတွေကို ပြောင်းရွှေ့ခဲ့ရတာပါ။ အခုတော့ ရေ ပြန်ကျသွားတဲ့ အတွက် အခြေအနေက အခုတော့ ပုံမှန် […]

ဦးစိုင်းကျော်မိုး၏ နိုင်ငံခြားသားပါဝင်ပြီး ဖွဲ့စည်းမည့် ကော်မရှင် ကန့်ကွက်အဆို ရှုံးနိမ့်

နိရဉ္စရာ၊ ဇွန် ၁၁ ရှမ်းပြည်နယ် မိုင်းပန်မဲဆန္ဒနယ်မှ ဦးစိုင်းကျော်မိုး က နိုင်ငံတော် အစိုးရ အနေဖြင့် ရခိုင်ပြည်နယ် အတွက် လွတ်လပ်သော ကော်မရှင် တစ်ရပ်ကို နိုင်ငံတကာမှ ပုဂ္ဂိုလ် တစ်ဦး အပါအ၀င် အဖွဲ့ဝင် သုံးဦးဖြင့် ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ UNSC ကိုယ်စားလှယ်အဖွဲ့၏ အကြံပြုချက်တွင် ပြည်ပအဖွဲ့ဖြင့် စစ်ဆေးခြင်းနှင့် ပြည်တွင်းအဖွဲ့ဖြင့် စစ်ဆေးခြင်း၊ နည်းလမ်းနှစ်သွယ်ပါရှိရာ လွတ်လပ်သောနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နိုင်ငံသားပြည်သူများ၏ ဂုဏ်သိက္ခာကို လေးစား ယုံကြည်သောအားဖြင့် ပြည်တွင်းမှ ကျွမ်းကျင်ပညာရှင်များဖြင့်သာ ဖွဲ့စည်းဆောင်ရွက်ရေးကို ပြန်လည် စဉ်းစားဆုံးဖြတ်ပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ဇွန် ၆ ရက်နေ့ ဒုတိယ […]

တောင်ကုတ်မြို့နယ် မြို့တောင်နှင့် နန်းရွာကုန်းတွင် လေဆင်နှာမောင်းကျ၍ အိမ်ပေါင်း ၄၀ ကျော်ပျက်စီး

နိရဉ္စရာ၊ ဇွန် ၁၁ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ရွာမတိုက်နယ် မြို့တောင်ရွာနှင့် နန်းရွာကုန်းကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်၍ နှစ်ရွာပေါင်း အိမ်ခြေ ၄၀ ကျော် ပျက်စီးသွားကြောင်း သတင်းရရှိသည်။ ရွာမရဲစခန်းမှ တပ်ကြပ်ဇော်ဇော်ထွန်းက “ မြို့တောင်နဲ့ နန်းရွာကုန်းမှာဖြစ်တာပါ။ လေဆင်နှာမောင်းတိုက်တာပေါ့ ။ မြို့တောင်မှာ အိမ် ၃၄ လုံးပျက်စီးတယ်။ ဘုန်းကြီးကျောင်းရယ်၊ ကျေးရွာဆေးပေးခန်း၊ စာသင်းကျောင်းတို့ပါ ပျက်စီးသွားပါတယ်။ စုစုပေါင်း ၃၇ လုံး” ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။ အလားတူ နန်းရွာကုန်းရွာတွင်လည်း ဓမ္မာရုံနဲ့ အိမ်နှစ်လုံး၊ ရေတွင်း တစ်ခု ပျက်စီးသွားခဲ့သည်ဟု သူက ဆက်လက် ပြောဆိုသည်။ ၎င်းရွာနှစ်ရွာ၏ အဆောက်အဦးပျက်စီးမှုမှာ ၄၁ […]

ရသေ့တောင်မြို့နယ် ဆင်ပိုက် ပင်လယ်ကမ်းခြေတွင် ဘင်္ဂလီ ၁၀၀ ကျော်ဖမ်းမိ

နိရဉ္စရာ၊ ဇွန် ၁၁ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် တောင်ပိုင်း မယူကမ်း ဆင်ပိုက်ကျေးရွာနှင့် အောင်ဗလ ကျေးရွာကြား ပင်လယ်ကမ်းခြေတွင် ဘင်္ဂလီ ၁၀၁ ဦးကို ဖမ်းမိကြောင်း သတင်းရရှိသည်။ ဖမ်းမိသည့်အထဲတွင် ကျား ၃၄ ဦး၊ မ ၅၆ ဦးနှင့် ကလေး ၁၁ ဦးဖြစ်ကြောင်း အောင်ဗလကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းမြက နိရဉ္စရာ သတင်းဌာနသို့ အတည်ပြုပြောကြားသည်။ “ သူတို့ကို ဒီကနေ့ နံနက်က ပင်လယ်ကမ်းခြေမှာ တွေ့တာပါ။ စက်လှေနဲ့ လာတယ်လို့ ပြောပါတယ်။ ပင်လယ်ထဲမှာ နှစ်ရက်လောက် နေခဲ့ရတယ်လို့ ပြောပါတယ်။ စက်လှေကတော့ မတွေ့တော့ပါဘူး။ စက်လှေက စက်ပျက်တယ်လို့ ပြောပါတယ်။ […]

ရခိုင်မှ အမ်း-မအီကားလမ်းရေတိုက်စား၍ ပြတ်တောက်

နိရဉ္စရာ၊ ဇွန် ၁၁ ရခိုင်ပြည်နယ်အတွင်းမိုးအဆက်မပြတ်ရွာသွန်းနေသဖြင့် အမ်း-မအီ လမ်းရေတိုက်စား၍ကားလမ်း ပြတ်တောက် သွားခဲ့သည်ဟု သတင်းရရှိသည်။ ကားလမ်းမှာ ပဒဲကြောလမ်းပိုင်း ကျိုးပြတ်သွား၍ သွားလာ၍ မရဖြစ်နေသဖြင့် အမ်း၊ရမ်းဗြဲ၊ကျောက်ဖြူ ခရီးသည်နှင့် အမ်း၊မအီ၊တောင်ကုတ်၊သံတွဲ ခရီးသည်များ အထူး အခက်အခဲကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ ဓာတ်ပုံမှာ ယနေ့ ဇွန် ၁၁ ရက် နံနက် ၇ နာရီတွင် ရိုက်ယူထားသည့် ဓာတ်ပုံဖြစ်ကြောင်း ကိုဇော်လင်းအောင်ပို့စ်တွင် ဖော်ပြထားသည်။ ဓာတ်ပုံ: Nyo Nyo Lay.

ရသေ့တောင်မြို့နယ် ဆင်ပိုက် ပင်လယ်ကမ်းခြေတွင် ဘင်္ဂလီ ၁၀၀ ကျော်ဖမ်းမိ

နိရဉ္စရာ၊ ဇွန် ၁၁ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် တောင်ပိုင်း မယူကမ်း ဆင်ပိုက်ကျေးရွာနှင့် အောင်ဗလ ကျေးရွာကြား ပင်လယ်ကမ်းခြေတွင် ဘင်္ဂလီ ၁၀၁ ဦးကို ဖမ်းမိကြောင်း သတင်းရရှိသည်။ ဖမ်းမိသည့်အထဲတွင် ကျား ၃၄ ဦး၊ မ ၅၆ ဦးနှင့် ကလေး ၁၁ ဦးဖြစ်ကြောင်း အောင်ဗလကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းမြက နိရဉ္စရာ သတင်းဌာနသို့ အတည်ပြုပြောကြားသည်။ “ သူတို့ကို ဒီကနေ့ နံနက်က ပင်လယ်ကမ်းခြေမှာ တွေ့တာပါ။ စက်လှေနဲ့ လာတယ်လို့ ပြောပါတယ်။ ပင်လယ်ထဲမှာ နှစ်ရက်လောက် နေခဲ့ရတယ်လို့ ပြောပါတယ်။ စက်လှေကတော့ မတွေ့တော့ပါဘူး။ စက်လှေက စက်ပျက်တယ်လို့ ပြောပါတယ်။ […]

မိုးအဆက်မပြတ်ရွာသွန်း၍ စစ်တွေ-ရန်ကုန်ကားလမ်းဆက်သွယ်ရေးပြတ်တောက်

နိရဉ္စရာ၊ ဇွန် ၁၀ ရခိုင်ပြည်နယ် အတွင်း မိုးအဆက်မပြတ်ရွာသွန်းနေသဖြင့် စစ်တွေ- ရန်ကုန်ကားလမ်း ရေကျော်မှု၊ မြေပြိုမှုများ ရှိနေသဖြင့် လမ်းပိတ်ပြီး အသွားအလာရပ်တန့်နေကြောင်း သတင်းရရှိသည်။ အမ်းမြို့နယ် အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ အုပ်ချုပ်ရေးမှူးက “ ဒီနေ့ ညနေပိုင်းမှာ ယခင်နှစ်က ရေကျော်ပြီး မြေပြိုတဲ့ နေရာမှာဘဲ ထပ်ဖြစ်တဲ့ အတွက် ကားလမ်းပိတ်ထားရပါတယ်” ဟု ပြောကြားသည်။ ၎င်းကားလမ်းပိုင်းများမှာ အမ်းနဲ့ ရွာသာယာအကြား မိုင်တိုင် ၄၇ ဖာလုံ၊ အမ်းမြို့နယ် ရွာသာယာကျေးရွာ အနီး မိုင်တိုင် ၅ မိုင် ၃ ဖာလုံ၊ ကြိမ်ချောင်း ကျေးရွာ မိုင်တိုင် ၁၃ မိုင် ၂ […]