ရခိုင်ဒေသ လူထု ဆန္ဒဖေါ်ထုတ်ရေး ကော်မီတီ ရသေ့တောင်တွင် ဖွဲ့စည်း

မောင်ရမ္မာ ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် ရခိုင်ပြည်နယ်အတွင်း ဇွန်လက ဖြစ်ပွားခဲ့သော ပြဿနာ အရပ်ရပ်များကို ဖေါ်ထုတ်အဖြေရှာနိုင်ရန်  အတွက် လူထု ဆန္ဒဖေါ်ထုတ်ရေး ကော်မီတီတစ်ရပ်ကို သြဂတ်စ် ၂၄ ရက်နေ့က ဖွဲ့စည်းလိုက်သည်။ ၎င်း လူထုဆန္ဒဖေါ်ထုတ်ရေး ကော်မီတီကို အဖွဲ့ဝင် ၃၁ ဦးဖြင့် ဖွဲ့စည်းလိုက်သည်ဟု အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးလှသိန်းက နိရဉ္စရာသို့ ပြောသည်။ “ ရခိုင်ဒေသ လူထုဆန္ဒဖေါ်ထုတ်ရေး ကော်မီတီတစ်ရပ်ကို ၃၁ ယောက်နဲ့ ၂၄ ရက်နေ့က ဖွဲ့စည်းပြီး ပါတယ်။ လူထု ဆန္ဒဖေါ်ထုတ်ပွဲကို ဘယ်နေ့ဘယ်ရက် လုပ်မလဲဆိုတာကို ဆုံးဖြတ်ချက် မချ ရသေးပါဘူး” ဟု ပြောသည်။ ၎င်းကော်မီတီတွင် ဥက္ကဌ ဦးခင်မောင်သန်း၊ […]

ကချင်နှင့် ရခိုင် ကလေးငယ်များအတွက် ပညာရေး ရန်ပုံငွေ ဈေးရောင်းပွဲတော် ကျင်းပ

အောင်ခိုင်မိုက် (ရန်ကုန်) ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ ကလေးငယ်များအတွက် ပညာရေးရန်ပုံငွေ ဈေးရောင်းပွဲတော်တခုကို ရန်ကုန်မြို့ ပြည်လမ်းမရှိ တော်ဝင်စင်တာတွင် ယနေ့ သြဂတ်စ်လ ၂၅ရက်နေ့တွင် ကျင်းပခဲ့သည်။ အဆိုပါ ဈေးရောင်းပွဲတော်ကို ရန်ကုန်အခြေစိုက် ပရဟိတ လူငယ်များကွန်ယက်က ဦးဆောင်းပြီး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ “ ကျနော်တို့ ဒီပွဲဖြစ်မြောက်ဖို့အတွက် အခက်အခဲတွေ အများကြီး ကြုံခဲ့ရပါတယ်။ ဒီလို ကြားထဲက အခုလို အောင်မြင်စွာ ကျင်းပနိုင်တဲ့အတွက် အတိုင်းမသိ ပျော်ရွင်မိပါတယ်။ လာရောက်အားပေးကြတဲ့ လူတွေ အများကြီး တွေ့ရတဲ့ အတွက်လည်း ပီတိဖြစ်မိပါတယ်”  ဟု ဦးဆောင်သူ လူငယ်တဦးက ပြောသည်။ ၎င်းဈေးရောင်းပွဲတော်တွင် သီဆိုဖျော်ဖြေပွဲများလည်း ပါဝင်ပြီး အဆိုတော်များနှင့် တခြားလူငယ်များကလည်း […]

UNHCR ၀န်ထမ်း မောင်တောတွင် ထောင် ၆ နှစ် ချမှတ်ခံရ

မောင်အေး ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဇွန်လ ၈ ရက်နေ့က ဖြစ်ပေါ်ခဲ့သည့် ဆူပူအကြမ်းဖက်မှုကြောင့် ဖမ်းဆီးခံထားရသည့် ယူအန်အိပ်စီအာရ် ၀န်ထမ်းတဦးဖြစ်သူ ဒေါ်ချိုလေးမာခါတုန်နှင့် တခြား ၂ ဦးတို့ကို မောင်တောခရိုင် တရားရုံးမှ ယနေ့တွင်  စီရင်ချက် ချမှတ်လိုက်ကြောင်း သိရှိရသည်။ တရားခံ ၃ ဦးထဲမှ  ဒေါ်ချိုလေးမာခါတုန်အား ထောင် (၆) နှစ်နှင့် ဘူးသီးတောင်မြို့မှ ဘင်္ဂလီ အမျိုး သားများ ဖြစ်သည့် ဦးမောင်ခင်ရွှေနှင့် ဦးမောင်ခင်ဇော်တို့အား (၃) နှစ် တစ်ဦး (၂) နှစ် တစ်ဦးစီ ချမှတ်လိုက်သည်ဟု ဆိုသည်။ “ ချိုလေးမာခါတုန်ကို ၂ နှစ်နဲ့ တစ်မှု၊ ၆ နှစ်နဲ့ […]

ရခိုင်လူငယ် တစ်ဦး တစ်ခြား လူငယ် ကိုယ်စားလှယ် ၇ ဦးနှင့် အတူ အမေရိကန် လေ့လာရေး

မောင်ရမ္မာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP မှ လူငယ် ကိုယ်စားလှယ် တစ်ဦးသည် တခြား မြန်မာ နိုင်ငံရေးပါတီ ၇ ခုမှ လူငယ် ကိုယ်စားလှယ် ရ ဦးနှင့် အတူ အမေရိကန် လေ့လာရေးခရီးစဉ်ကို ယနေ့ ညနေတွင် စတင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ  လူငယ်ကိုယ်စားလှယ် မှာ ကိုမောင်ဝင်းစိုး ဖြစ်သည်။ သူ၏ ခရီးစဉ်နှင့် ပတ်သက်ပြီး  နိရဉ္စရာသို့ ယခုလို ပြောသည်။ “ ဘာတွေကို အဓိကထားပြီး လေ့လာမလဲ ဆိုရင် ကျွန်တော်တို့ကို လေ့လာဖို့ ပေးထားတာက အမေရိကန် နိုင်ငံရေးပါတီတွေနဲ့ အရပ်သား လူ့အဖွဲ့အစည်းတွေ ကြားထဲမှာ […]

ရခိုင်အရေး တည်ငြိမ် အေးချမ်း သွားပြီ ဖြစ်ကြောင်း မြန်မာ သံအမတ်က ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ်ကို ပြောကြား

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခမှာ တည်ငြိမ်အေးဆေးသွားပြီ ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ ဆိုင်ရာ  မြန်မာနိုင်ငံ သံအမတ် ဦးမျိုးမြင့်သန်းက ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာကို ပြောကြားလိုက်သည်။ ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာနှင့် ယမန်နေ့က သူမ၏ ရုံးခန်းတွင် သွားရောက် တွေ့ဆုံစဉ် မြန်မာ သံအမတ် ဦးမျိုးမြင့်သန်းက ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ မြန်မာ သံအမတ်က ယခုအခါ ရခိုင်အရေးမှာ မြန်မာ အစိုးရ၏ ကြိုပမ်းဆောင်ရွက်ချက်ကြောင့် အေးဆေး တည်ငြိမ်သွားပြီ ဖြစ်ကြောင်း၊ မြန်မာ သမ္မတမှ ရခိုင်အရေးကို စုံစမ်း စစ်ဆေးနိုင်ရန် လွတ်လပ်သော ၂၇ ဦးပါ စုံစမ်း စစ်ဆေးရေး ကော်မရှင် တစ်ရပ်ကိုလည်း […]

မလေးတွင် မြန်မာနိုင်ငံသား အချင်းချင်း ခိုက်ရန် ဖြစ်ပွား၍ နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

ခိုင်မောင်ဦး (မလေး) မလေးရှားတွင် ရောက်ရှိနေသော မြန်မာတိုင်းရင်းသားများ အကြား အချင်းချင်း ခိုက်ရန် ဖြစ်ပွားရာမှ ၂ ဦးသေပြီး ၃ ဦး ဒဏ်ရာ ရရှိသွားကြောင်း သတင်း ရရှိသည်။ အခင်းမှာ သြဂုတ်လ  ၁၇ ရက်နေ့က မလေးရှားရောက် မြန်မာ လူမျိုးများနှင့် ချင်းလူမျိုး ဒုက္ခသည်အချင်းချင်း အကြား ပြဿနာ ဖြစ်ပွားရာမှ ကလဲ့စားချေ တိုက်ခိုက်ကြသဖြင့် လူသတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ချင်းအမျိုးသား ၂ ဦး သေဆုံးကာ ၃ဦး ဒဏ်ရာ ရရှိကြောင်း ချင်းဘာသာဖြင့်  ထုတ်ဝေသော One  Star Journal တွင် ဖော်ပြ ထားသည်။ မလေးရှားနိုင်ငံ […]

အိဒ်ပွဲတော်အတွင်း ဘင်္ဂလားဒေ့ခ်ျတွင် လူ ၄၂ဦးသေ၊ ၁၈၀ ဒဏ်ရာရ

ထွန်းထွန်း ရာမန်ဒန် ဥပုသ်လ အပြီး အိဒ် ပွဲတော်အတွင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် ယာဉ်တိုက်မူကြောင့် လူပေါင်း ၄၂ ဦး သေဆုံးပြီး ၁၈၀ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ သြဂတ်စ်လ ၂၀ နေ့က ပီးဆုံးခဲ့သော တစ်လကြာ ရာမန်ဒန် ဥပုသ်လ ပြီးဆုံး ပြီးနောက် မူဆလင် ဘာသာဝင် တို့၏ ထုံးတန်းစဉ်လာအရ တရွာနှင့်တရွာ တမြို့နှင့်တမြို့ အလည်အပတ် သွားကြရာတွင်  ၅ ရက်အတွင်း ယာဉ်မတော်တဆ တိုက်မူကြောင့်  သေဆုံးခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ မတော်တဆမူများမှာ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံအတွင်း မြို့နယ် ၁၃ ခုတွင် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ ဘတ်စကား တိမ်းမှောက်၍ […]

ကန့်ကွက်မူများ ပေါ်ပေါက်ပြီးနောက် မဇ္ဈိမ သတင်း အမှန်ပြင်ရေး

သြဂတ်စ်လ ၁၉ ရက်နေ့က ရန်ကုန်မြို့ စမ်းချောင်း ရှင်စောပုလမ်းတွင် ပြုလုပ်ခဲ့သော ရခိုင်အမျိုးသားများ ဆန္ဒဖေါ်ထုတ်ပွဲနှင့် ပတ်သက်ပြီး မှားယွင်းစွာ ရေးသားဖေါ်ပြခဲ့သော မဇ္ဈိမ သတင်းဌာန အနေဖြင့် ယခုအခါ အဆိုပါ သတင်းကို အမှန်ပြင်ရေး လိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။ အင်္ဂလိပ်ပိုင်း ၀က်ဆိုက်စ် စာမျက်နာတွင် Anti Rohingya demonstration Held in Rangoon (ရိုဟင်ဂျာများကို ဆန့်ကျင် ဆန္ဒပြ) ဟု ခေါင်းစည်းတွင် အစပိုင်းတွင် ရေးသား ဖေါ်ပြခဲ့သော်လည်း နောက်ပိုင်းတွင် Arakanese demonstrate against UN, INGOs ရခိုင်အမျိုးသားများက ယူအန်နှင့် အိုင်အန်ဂျီအိုများကို ကန့်ကွက် […]

ဗုဒ္ဓရုပ်ထု အနမ်းချွေတဲ့ ပြင်သစ် မိန်းခလေး ထောင် (၆)လ ချမှတ်ခံရ

သီရိလင်္ကာနိုင်ငံကို အားလပ်ရက် အတွင်း လာရောက် လည်ပတ်တဲ့ ပြင်သစ် မိန်းခလေး တစ်ဦးဟာ ဗုဒ္ဓရုပ်ထုကို အနမ်းချွေတဲ့ အတွက်  တခြား သူ့အဖေါ် နှစ်ဦးနဲ့ အတူ ဆိုင်ငံ့ ပြစ်ဒဏ် (၆)  လ ချမှတ်ခံလိုက်ရပါတယ်။ အင်္ဂါနေ့က သူတို့ ပြစ်ဒဏ်ချမှတ်တဲ့ အခါ ဆိုင်းငံ့ ထောင် (၆) အပါအ၀င် ရူပီ ၁၅၀၀ စီ ဒဏ်ရိုက်ခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ အားလပ်ရက် ဓါတ်ပုံတွေအထဲမှာ အမျိုးသမီး တစ်ဦးက  နုတ်ခမ်းနဲ့ ဗုဒ္ဓရုပ်ထုကို အနမ်းချွေနေတာကို တွေ့ရှိခဲ့တဲ့ နောက်ပိုင်းမှာ ခုလို ပြစ်ဒဏ် ချမှတ်ခံရတာ ဖြစ်ပါတယ်။ သူမနဲ့ အတူ ပြစ်ဒဏ်ချ […]

ကျောက်တော်တွင် ဖွင့်လှစ်မည့် ALP ဆက်ဆံရေးရုံး အစိုးရဘက်မှ ဆိုင်းငံ့ထား

မောင်ရမ္မာ ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ပထမဆုံး ဖွင့်လှစ်ရန် စီစဉ်ထားသည့် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ALP ၏ ဆက်ဆံရေးရုံးကို အစိုးရဘက်မှ ဆိုင်းငံ့ထားသဖြင့် မဖွင့်လှစ်နိုင်ဘဲ ဖြစ်နေကြောင်း သတင်း ရရှိသည်။ ကျောက်တော် ဆက်ဆံရေးရုံးကို ဖွင့်လှစ်ရန် သဘောတူညီမူ ရရှိထားပြီ ဖြစ်သော်လည်း ပြည်တွင်း မငြိမ်သက်မှုများကြောင့် အစိုးရဘက်မှ ဆိုင်းငံ့ထားခြင်း ဖြစ်သည်ဟု  ရခိုင်ပြည် လွတ် မြောက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး (၂) ခိုင်သုခက နိရဉ္စရာသို့ ပြောသည်။ “၁၄၄ ပုဒ်မထုတ်ထားတာက တစ်ကြောင်း၊ ဒေသအတွင်း ဘင်္ဂလီ မူဆလင်တွေနဲ့ ရခိုင်တွေအကြား တင်းမာမှုတွေ ဖြစ်နေတာက တစ်ကြောင်း၊ ခုလို ဒေသအတွင်း […]