လမ်းမပြင်ဘဲ လမ်းကြေး ပိုကောက်နေ၍ ရခိုင် ကားသမားများ အခက်ကြုံ

မောင်ရမ္မာ ———– ရခိုင်ပြည်နယ်တွင် လမ်းကြေး၊ မြို့ဝင်ကြေးနှင့် တံတားကြေးများကို တိုးမြှင့် ကောက်ခံနေသော်လည်း ကားလမ်းများကို မပြုပြင်ဘဲ ပစ်ထားသဖြင့် ကားသမားများ အတွက် လုပ်ကိုင် စားသောက်ရာတွင် အခက်ကြုံနေရကြောင်း ကားဒရိုင်ဘာ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။     ” သူတို့က နေရာတိုင်းမှာ လမ်းကြေး၊ တံတားကြေး၊ မြို့ဝင်ကြေးဆိုပြီး ကောက်ပါတယ်။ ဒါပေမယ့် ရခိုင်ဘက်က လမ်းတွေကျတော့ မပြုပြင်ဘဲ ထားတယ်။ ဒီတော့ ခရီးပိုကြန့်ကြာသလို ပေးနေ ရတာသာ ပိုများနေတဲ့ အတွက် အလုပ် လုပ်ရတာ တွက်ခြေမကိုက် ဖြစ်နေရပါတယ်။ ဘယ်သူကို တိုင်ပြီး ဘယ်သူက အရေးယူဆောင်ရွက်မလဲ ဆိုတာလည်း ကျွန်တော်တို့လို […]

ရခိုင်လူထု ၆၀၀ ကျော် လက်မှတ်ရေးထိုး တင်ပြသည့် ကိစ္စ ရခိုင်ပြည်နယ် အစိုးရ ကွင်းဆင်း စစ်ဆေး

လူပေါင်း ၆၀၀ ကျော်မှ လက်မှတ်ရေးထိုးပြီး တောင်းဆိုသော အရေးကိစ္စ တစ်ခုကို ဖြေရှင်းနိုင်ရေး အတွက် ရခိုင်ပြည်နယ် အစိုးရသည် မေလ ၁၁ ရက်နေ့က အဆိုပါ နေရာသို့ သွားရောက် ကွင်း ဆင်း စစ်ဆေးခဲ့သည်။ ” သူတို့က ဒီလ ၁၁ ရက်နေ့က ကျွန်တော်တို့ အောင်ဒိုင် ကျေးရွာကို ရောက်ရှိလာပါတယ်။ ရွာသားတွေကို ခေါ်ယူ စစ်ဆေး မေးမြန်းပါတယ်။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ ကြုံတွေ့ နေရတဲ့ အခက်အခဲတွေကို တင်ပြကြပါတယ်။ သူတို့က သဘောပေါက်သွားပါတယ်” ဟု အောင်ဒိုင်မှ ကိုငယောင်းချေက ပြောသည်။ ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အောင်ဒိုင် ကျေးရွာ အပါအ၀င် […]

အလုပ်အကိုင်သစ် ရှာဖွေရန် နယ်ရပ်ရင်း စွန့်ခွာသူ အရေအတွက် ရခိုင်တွင် ကြောက်ခမန်းလိလိ တိုးပွား

ထွန်းထွန်း ———- စီးပွားရေး ကျပ်တည်းမူ၊ အလုပ်အကိုင် ရှားပါးမူများကြောင့် နယ်ရပ်ရင်း ဒေသကို စွန့်ခွာပြီး တခြား အရပ် ဒေသများသို့ ထွက်ခွာနေကြသူ အရေအတွက်မှာ ရခိုင်ပြည်နယ်တွင် တစ်နေ့ထက် တစ်နေ့ တိုးတက် များပြား နေကြောင်း ရခိုင် ဒေသခံများက ပြောသည်။ ” ကျွန်တော်ဒေသက ရွာတွေမှာ အမျိုးသားရော၊ အမျိုးသမီးတွေပါ ထိုင်း၊ တရုတ်နယ်စပ်နဲ့ မလေးရှားဘက်ကို ထွက်ခွာနေကြတဲ့ အတွက် ရွာတွေမှာ လူတောင် သိပ်မကျန်တော့ဘူး။ ကလေးနဲ့ လူကြီးတွေဘဲ ကျန်တော့တယ်” ဟု ရသေ့တောင် မြို့နယ် မူစဲကမ်း ကြက်ရိုးဆိပ်မှ ဒေသခံ တစ်ဦးက ပြောသည်။   ယခုကဲ့သို့ ထွက်ခွာနေကြသဖြင့် […]

ဓည၀တီနှင့် ဝေသာလီကို ရှေးဟောင်း ယဉ်ကျေးမှုဇုန် အဖြစ် အစိုးရက သတ်မှတ်

မောင်အေး ———– ယဉ်ကျေးမှု ၀န်ကြီးဌာနမှ မြန်မာနိုင်ငံမှ နေရာ (၅) နေရာအား ရှေးဟောင်း နေရာ တည်ရှိရာ ဇုန် နှင့် ကာကွယ်ထိန်းသိမ်းထားသော ဇုန်အဖြစ် သတ်မှတ်ရာ ထိုအထဲတွင် ရခိုင်မှ ဓည၀တီနှင့် ဝေသာလီ တို့ ပါဝင်သည်။ မြန်မာနိုင်ငံမှ ရှေးဟောင် နေရာ ၅ ခုကို ယဉ်ကျေးမှု ၀န်ကြီးဌာနမှ ဇုန်နယ်မြေ များအဖြစ် သတ်မှတ် ပြဌာန်းလိုက်ကြောင်းကို ယနေ့ (မေလ ၁၀ ရက်နေ့) ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြပြီး ဓည၀တီနှင့် ဝေသာလီကို မတ်လ ၉ ရက် ၂၀၁၂ ခုနှစ် နေ့ကပင် အမိန့်ကျေညာချက် ထုတ်ပြန် […]

နတ်ဘီလူးကြီး ရန်ကုန် မဟာကျိန် ဘုရားကို လာတာ တကယ်လား

မေလ ၅ ရက်နေ့ ကဆုန်လပြည့်နေ့က ရန်ကုန်တိုင်း မြောက်ဥက္ကလာပ မြို့နယ် မဟာကျိန်ဘုရားကို လာရောက် ဖူးမျှော်တဲ့ မောင်အဲထူးနောင်က မိုဘိုင်းဖုံးနဲ့ ဓါတ်ပုံ တွေရိုက်ကူးတဲ့ အခါ ဓါတ်ပုံထဲမှာ နတ်ဘီးလူကြီး တစ်ကောင်က ဘုရားကြီးကို တည်ထောင်သူ အရှင်ကုလ ရက္ခိတကို ပန်းဆပ်ကပ်နေတဲ့ ပုံတစ်ပုံကို တွေ့ရှိရတယ်လို့ သိရပါတယ်။ ဟုတ် မဟုတ်ကိုတော့ သေချာ မသိပေမယ့် အများသူငါ ကြည့်ရှု့နိုင်အောင် ဝေမျှ ပေးလိုက်ပါတယ်။ (အောက်ပါလင့်တွင် သတင်းကို ကြည့်ပါ)           View PDF file

အစိုးရသစ် တက်လာပေမယ့် လယ်သမားတွေ ဆက်လက် ဖိနှိပ်ခံနေရဆဲ

အစိုးရသစ် တက်လာပေမယ့် လယ်သမားတွေ ဆက်လက် အဖိနှိပ်ခံနေရတုန်းဘဲ ဖြစ်တယ်လို့ မတရားသဖြင့် တရားစွဲခံရပြီး တရားရုံးတက်နေတဲ့ ရသေ့တောင်မြို့နယ် နီပူခံ ကျေးရွာက လယ်သမား တစ်ဦးက ပြောပါတယ်။ ” အစိုးရသစ် တက်လာတဲ့ အတွက် အသိမ်းခံထားရတဲ့ လယ်မြေတွေကို ပြန်ပေးတော့မယ်ဆိုတဲ့ အတွက် စစ်တပ်က သိမ်းယူထားတဲ့ ကိုယ့်လယ်တွေကို ကိုယ် ပြန်တက်တာနဲ့ စစ်တပ်ကျော့ထောက် နောက်ခံပြုထားတဲ့ စီးပွားရေး သမား ဦးစောအောင်သိန်းက ကျူးကျော်မူနဲ့ တရားစွဲလိုက်တဲ့ အတွက် အခု လယ်သမား ၂၆ ဦးဟာ တရားရုံး တက်နေရတယ်။ အရပ်သား အစိုးရလက်ထက်ရောက်မှ ဒီလို အဖြစ် ကြုံရတဲ့ အတွက် အထူး စိတ်ပျက်မိပါတယ် […]

ဂတ်စ်ပိုက်လိုင်း လယ်မြေ လျော်ကြေးကြောင့် ကျေးရွာသားများ အကြား စိတ်ဝမ်း ကွဲပြားမူများ ပေါ်ပေါက်

ဂတ်စ်ပိုက် လိုင်း ဖြတ်သန်း တည်ဆောက်မူကြောင့် ဆုံးရှုံးသွားသော မြေများ အတွက် ရခိုင်ပြည်နယ် အတွင်း လျော်ကြေးများကို စနစ်တကျ ခွဲဝေ ပေးဆောင်ခြင်း မရှိသဖြင့် ရွာသားများ အကြား စိတ်ဝမ်း ကွဲပြားမူများနှင့် အတူ ပြဿနာများ ပေါ်ပေါက်နေကြောင်း ကျောက်ဖြူမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွှင်က ပြောသည်။ ” ဒီလို ဖြစ်နေတာတွေ ပိုက်လုံး ဖြတ်သန်းတဲ့ ကျေးရွာ တလျှောက်မှာ ဖြစ်နေပါတယ်။ ဒီပိုက်လုံး ဖြတ်သန်းတဲ့ လမ်းကြောင်း တလျှောက် ရှိတဲ့ ကျေးရွာတိုင်းမှာ အခု ပြဿနာ ပေါ်နေတဲ့ အတွက် သူတို့တိုင်တဲ့ တိုင်စာတွေ အများအပြားကို လက်ခံ ရရှိထားပါတယ်။ […]

မုဒိမ်းကျင့်ရန် ကြိုးစားသူကို အရေးမယူနိုင်၍ ၀န်ကြီးချုပ်ထိ တက်တိုင်

မောင်အေး ———– ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှ အရွယ်မရောက်သေးသည့် မိန်းခလေး တဦး အား သင်္ကြန်ကာလအတွင်း အတင်း အဓမ္မပြုကျင့်ရန် ကြိုးစားသူ မွတ်လင် လူငယ် တစ်ဦးကို အာဏာပိုင်များမှ ယခုတိုင် ဖမ်းဆီး အရေးယူနိုင်ခြင်း မရှိသေးသဖြင့် မေလ ၂ ရက်နေ့က ရခိုင် ပြည်နယ် ၀န်ကြီးချုပ်ထံ ကျေးရွာသားများက စုပေါင်း စာရေး တိုင်ကြားလိုက်ကြောင်း သတင်း ရရှိသည်။ ဧပြီလ ၁၂ ရက် သကြန်အကြိုနေ့က စစ်တွေမြို့နယ် အောင်တိုင်ကျေးရွာအုပ်စု ဒေါင်းပြောက္ကေရွာမှ အသက် ၁၂ နှစ် အရွယ် ရခိုင်အမျိုးသမီး တစ်ဦးကို ငပွန်းကြီးကျေးရွာမှ မွတ်ဆလင် လူငယ် တစ်ဦးက ဈေးဝယ်လာစဉ် […]

ဗိသုကာ လက်ရာ ပျောက်ကွယ်တော့မယ့် ကိုယ့်နိုင်ငံတွင်းက ရှေးဟောင်း မြို့ အမည်ကို ကြေးမုံ သတင်းစာက ဖုံးကွယ်

မေလ ၅ ရက်နေ့က ထုတ်တဲ့ ကြေးမုံ သတင်းစာမှာ ” အာရှ၏ အတိတ်ခေတ် ဗိသုကာရတနာများ ဆုံးရှုံးပျောက်ကွယ်မည့် ဘေးနှင့် ရင်ဆိုင်နေရ” ခေါင်းစဉ်နဲ့ သတင်းကို ဖေါ်ပြရာမှာ ထိုင်းနိုင်ငံက အယုဒ္ဓယ၊ တရုတ်နိုင်ငံမှ ကတ်ရှ်ဂါ မြို့ဟောင်းတွေရဲ့ နာမည်ကို ဖေါ်ပြပေမယ့် အဲဒီစာရင်းထဲမှာ နံပတ် (၆) နေရာက ပါရှိတဲ့ ကိုယ့်နိုင်ငံအတွင်းက မြောက်ဦးမြို့ကို ကျတော့ ဖေါ်ပြမထားဘဲ ဖုံးကွယ်ထားတာကို တွေ့ရှိရပါတယ်။ Global Heritage Fund လို့ ခေါ်တဲ့ ကမ္ဘာ့အမွေအနှစ်များ ရန်ပုံငွေအဖွဲ့က အာရှတိုက်က ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ် (၁၀) ခုဟာ ပျက်စီး ပျောက်ကွယ်ရမည့် ဘေးနဲ့ […]

Global Heritage Fund ၏ အာရှတိုက်မှ စိုးရိမ်ဖွယ်ရာ ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ် (၁၀)

Global Heritage Fund ဟု ခေါ်သော ကမ္ဘာ့အမွေအနှစ်များ ရန်ပုံငွေအဖွဲ့ က ထုတ်ပြန်သော အစီရင်ခံစာတွင် ရခိုင် ရှေးဟောင်း မင်းနေပြည်တော် မြောက်ဦးမြို့ကို အာရှတိုက်မှ စိုးရိမ်ဖွယ်ရာ အခြေအနေနှင့် ရင်ဆိုင်နေရသော ယဉ်ကျေးမူ အမွေအနှစ် ၁၀ ခုထဲတွင် ထည့်သွင်း ဖေါ်ပြထားသည်။ မေလ ၃ ရက်နေ့က ကမ္ဘာ့အမွေအနှစ် ရန်ပုံငွေ အဖွဲ့မှ ထုတ်ပြန်သော အစီရင်ခံစာတွင် အာရှတိုက်၏ ရှေးခေတ် ဗိသုကာလက်ရာ ရတနာများသည် စီးပွားရေးလုပ်ငန်းများ ထွန်းကား ကျယ်ပြန့်လာမှု၊ လုံလောက်သော ပြုပြင် ထိန်းသိမ်းခြင်း မရှိမူ၊ လုယက်မူ၊ စစ်မက် ဖြစ်ပွားမူနှင့် ခရီးသွားလုပ်ငန်းများကြောင့် ပျက်စီး ပျောက်ကွယ်ရမည့်ဘေးနှင့် ရင် […]