အိဒ်ပွဲတော်အတွက် ကျွဲနွားများ ဘင်္ဂလာသို့ တင်ပို့မူ ရခိုင်လယ်ယာ လုပ်ငန်း ထိခိုက်နိုင်

ခိုင်သိန်း အိပွဲတော်ရက် နီးကပ်လာပြီ ဖြစ်သဖြင့် ဘင်္ဂလာဒေခ်ျ့တွင် ကျွဲနွားများ အထူး ဈေးကောင်းနေရာ ရခိုင်ပြည်နယ်မှ အနှံ့မှ ကျွဲနွားများကို အကြီးအကျယ် တင်ပို့နေကြသဖြင့် ရခိုင်ပြည်နယ်၏ လယ်ယာ လုပ်ငန်းကို ထိခိုက်နိုင်ကြောင်း ကျောက်ဖြူ ဒေသခံ လယ်သမားကြီး တစ်ဦးက ပြောသည်။ ယခု ကျွဲနွားများကို အဓိက တင်ပို့နေသော မြို့နယ်မှာ  ၆ ခု ဖြစ်ပြီး  တရားမ၀င် ပင်လယ် ရေလမ်းကြောင်းများမှ တဆင့် အာဏာပိုင်များကို ငွေပေးကာ ခိုးထုတ် တင်ပို့ နေကြသည်ဟု ဆိုသည်။ “ရပ်ရွာတွေမှာ ကျွဲ၊ နွားတွေ မရှိသလောက်ဖြစ် လာပါတယ်။ အဓိကတော့ လယ်သမားတွေရဲ့ သီးနှံစိုက်ပျိုးခင်း တွေမှာ ထွန်ယက်ဖို့ […]

တာကာငွေ ၂ ကုဋေ ကျော်ဖိုး ယာဘားဆေးပြားများ ဘင်္ဂလာ နယ်ခြားစောင့်တပ်ဖွဲ့ ထပ်မံ ဖမ်းဆီးမိ

တာကာငွေ ၂ ဒဿမ ၁၄ ကုဋေ ဖိုးခန့်ရှိသည့် ယာဘားဆေးပြား ၆၇၁၃၅ ပြားကို ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့က နယ်စပ်မြို့ တက်ကနက်တွင် ဖမ်းဆီး ရမိကြောင်း သက်ဆိုင်ရာက သတင်း ထုတ်ပြန်ကျေညာသည်။ လွန်ခဲ့သော စနေနေ့က မြန်မာနိုင်ငံသား မွတ်ဆလင် သုံးဦးနှင့် အတူ ယာဘား ဆေးပြား ၄၀၀၈၈ ကို နတ်မြစ်အတွင်း ဘုတ်တစ်စီးပေါ်မှ ရှာဖွေ ဖမ်းဆီးရမိပြီးနောက် ယခု ဆေးပြားများကို နောက်ထပ် ဖမ်းဆီးရမိခြင်း ဖြစ်သည်။ ဗိုလ်မှူးကြီး ဇော်ဟစ် ဟာဆန်၏ ထုတ်ဖေါ်ပြောဆိုချက်အရ အဆိုပါ ဆေးပြားများကို တက်ကနက် (ကယုချောင်း) မြို့နယ် ဆားပြင် တိုက်နယ်တွင် တနင်္လာနေ့ နံနက်က […]

ရခိုင်လူငယ် တစ်ဦး တိုက်ခိုက်သူများကို အရေးယူ အပြစ်ပေးရန် အ၀ကျွန်းတွင် ရခိုင်အမျိုးသား ၅၀ ခန့် ငြိမ်းချမ်းစွာ

ဘင်္ဂလာဒေခ်ျ့နိုင်ငံ အ၀ကျွန်းတွင် ရခိုင်လူငယ် တစ်ဦးအား တိုက်ခိုက်ခဲ့သူများအား တရားဥပဒေနှင့် အညီ အရေးယူ အပြစ်ပေးရန် ရခိုင်လူမျိုး ၅၀ ခန့်က ကွားကတားမြို့တွင် ငြိမ်းချမ်းစွာ စီတန်းပြီး တောင်းဆို  ဆန္ဒပြ ခဲ့ကြဟု သိရသည်။ အဆိုပါ သတင်းအား ယနေ့ထုတ် The Daily Star သတင်းစာ တွင် ဖေါ်ပြရာတွင် ဆန္ဒပြသူများသည် တစ်ဦးနှင်း တစ်ဦး လက်ချင်းချိတ်ပြီး  စီတန်းကာ ဆန္ဒပြ တောင်းဆိုခဲ့သည်ဟု ဆိုသည်။ သတင်းစာ၏ အဆိုအရ သိရသည်မှာ လွန်ခဲ့သော တနင်္ဂနွေနေ့က အောင်ချမ်း (၂၂) နှင့် တစ်ခြား ရခိုင် အဖေါ်လူငယ် တစ်ဦးနှင့် အတူ  အဆိုပါ […]

မင်းပြားလူထု လျှပ်စစ်မီး ပုံမှန်မလာ၍ အခက်တွေ့

ရခိုင်ပြည်နယ်တွင် မြို့များ၏ လျှပ်စစ်မီးကို လောင်စာဆီသုံး စက်အို စက်ဟောင်း အင်ဂျင်များမှ တဆင့် ဖြန့်ဝေနေရာ မင်းပြားမြို့တွင် လျှပ်စစ်မီး ပုံမှန် မလာသည့် အပြင် ၀န်ဆောင်ခကိုလည်း တိုးကောက်နေသဖြင့် လျှပ်စစ်မီး သုံးစွဲသူများ အနေဖြင့် အခက်ကြုံနေကြရသည်ဟု သတင်း ရရှိသည်။ “ မြို့ပေါ် လျှပ်စစ် မီးပေးနေတဲ့ မီးစက်ကြီး လေးလုံး ရှိပါတယ် ။ အဲဒီ လေးလုံးနဲ့ ရပ်ကွက် ၃ခုကို ဖြန့်ဝေ ပေးနေတဲ့ အထဲမှာ အဆိုးဆုံး က ဈေးဟောင်းပိုင်း ရပ်ကွက် မီးစက် ဖြစ်ပါတယ်။ အဲဒီမီးစက်က ဘာခံမှာ တည်ဆောက် ထားပါတယ်။ အဲဒီ မီးစက် ကို […]

ရဟန်းတော်များ ရန်ကုန်တွင် အိုအိုင်စီ ကိစ္စ ဆန္ဒထုတ်ဖော်

မင်းခိုင်မိုက်(ရန်ကုန်) ဒီကနေ့  ရန်ကုန်မြို့မှာ ရဟန်းတော်တွေ အိုအိုင်စီ မြန်မာ နိုင်ငံမှာ ရုံးဖွင့်ရေးနဲ့ ပတ်သက်ပြီး ဆန္ဒ ထုတ်ဖေါ်ခဲ့ကြပါတယ်။ ဆန္ဒပြပွဲမှာ ရဟန်းတော်များ အပါအ၀င် လူပေါင်း အင်းအား ၁၅၀၀၀ ခန့် ပါဝင်ခဲ့ပါတယ်။ ဒီနေ့ နေ့လည် ၁နာရီအချိန်ကစပြီးတော့ ရဟန်းရှင်လူအပေါင်းဟာ ရွှေတိဂုံ အရှေ့ဖက်မုဒ်ကနေ ဆူလေအထိ စီတန်းလမ်းလျှောက်ပြီးတော့ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ စီတန်းလမ်းလျှောက်ယင်း “ အိုအိုင်စီ အလိုမရှိ” စတဲ့ ကြွေးကြော်သံကို သံပြိုင်တောင်းဆိုကြပြီးတော့ ဆူလေဘုရားရှေ့မှာလည်း လော်စပီကာတွေနဲ့ တောင်းဆိုချက်တွေကို သောင်းသောင်းဖျဖျ တောင်းဆိုခဲ့ ကြပါတယ်။ တောင်းဆိုတဲ့ အထဲမှာ OIC ကို မြန်မာအစိုးရအနေနဲ့ လုံးဝခွင့်မပြုသင့်တဲ့ အကြောင်းကို နိုင်ငံပိုင် သတင်းစာတွေ၊ […]

အိုအိုင်စီရုံး အလိုမရှိကြောင်း ရခိုင်ပြည်နယ် အနှံ့ ကန့်ကွက် ဆန္ဒထုတ်ဖေါ်

ထွန်းထွန်း အိုအိုင်စီခေါ် အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့မှ စစ်တွေမြို့တွင် ရုံးဖွင့်မည်ကို မလိုလားကြောင်း ယနေ့တွင် ရခိုင်ပြည်နယ် မြို့နယ် အနှံ့အပြား၌ ကန့်ကွက် ဆန္ဒပြပွဲများ ပြုလုပ်ပြီး သဘောထား ထုတ်ဖေါ်ခဲ့ကြသည်ဟု သတင်း ရရှိသည်။ ဆန္ဒပြ သဘောထား ထုတ်ဖေါ်ခဲ့ကြသော မြို့များမှာ မြောက်ဦး၊ ရသေ့တောင်၊ ပုဏ္ဍားကျွန်း၊ ကျောက်တော်နှင့် စစ်တွေတို့ ဖြစ်ကြသည်။ မောင်တောတွင်  အိုအိုင်စီ ဆန့်ကျင်သည့် တီရှပ် အကျီင်္များ ၀တ်ဆင်ပြီး သဘောထား ထုတ်ဖေါ်သူ အမှတ် ၃ ရပ်ကွက်မှ လူငယ် (၂) ဦးကို ရဲက ခေတ္တ ထိန်းသိမ်းထားပြီး နောက်ပိုင်းတွင် ပြန်လည် လွှတ်ပေးခဲ့သည်ဟု […]

နယ်စပ်ရေးရာ ညွန်ချုပ် စစ်တွေကို လာရှင်းတဲ့ အိုအိုင်စီ ကိစ္စ အပေါ် ဒေါက်တာ အေးမောင် ယခုလိုပြော

လွန်ခဲ့တဲ့ စနေနေ့ ညနေ ၆ နာရီမှာ နယ်စပ်ရေးရာ ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွေးလှဟာ စစ်တွေမြို့က ခေါင်းဆောင် (၁၀) ဦးကို နယ်စပ်ရေးရုံးကို  ဖိတ်ခေါ်ပြီး အိုအိုင်စီနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို မေးမြန်း တွေ့ဆုံ ရှင်းလင်းခဲ့ပါတယ်။ အဲဒီတက်ရောက်သူ ၁၀ ဦးထဲမှာ ရတပ ပါတီက ဒေါက်တာ အေးမောင်နဲ့ ဦးအောင်မြကျော်၊ မြို့မိ မြို့ဖတွေထဲက ဦးမောင်ထွန်းကျော်၊ ဦးရွှေထွန်းအောင်၊ ဦးထွန်းရွှေခိုင်နဲ့ ၀ံလက် ဖေါင်ဒေးရှင်းက ဦးကျော်ဇောဦးတို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။ (အဓိက ဘယ်အကြောင်းအရာတွေကို တင်ပြ ဆွေးနွေးခဲ့ပါသလဲလို့ ဒေါက်တာ အေးမောင်ကို စမေးတဲ့ အခါ သူက အခုလို ပြောပါတယ်။) […]

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဗဟိုကော်မီတီ စာရင်း ထုတ်ပြန်ကြေညာ

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ပထမ အကြိမ် ပါတီ ညီလာခံမှ ရွှေးချယ်တင်မြှောက်လိုက်သော  ဗဟို အလုပ်အမူဆောင် ကော်မီ စာရင်းနှင့် ဗဟိုကော်မီတီ ၀င်စာရင်းကို ယနေ့ ထုတ်ပြန် ကျေညာသည်။ ဗဟိုအလုပ်အမူဆောင်ကော်မတီဝင် စာရင်းတွင် အဖွဲ့ဝင် (၂၁) ဦး ပါဝင်ပြီး ၎င်းတို့မှာ အောက်ပါအတိုင်း ဖြစ်သည်။ (၁) အမျိုးသားလွတ်တော်ကိုယ်စားလှယ်  ဒေါက်တာအေးမောင် ဥက္ကဌ (၂) အမျိုးသား လွတ်တော် ကိုယ်စား လှယ်  ဦးအုန်းတင် – ဒုဥက္ကဌ ကျောက်ဖြူ (၃) ဦးတင်ဝင်း (ဒုဥက္ကဌ) (၄) ဦးဦးလှစော အထွေထွေ အတွင်း ရေးမှူး ( ၅)   ဦးခိုင်ပြည်စိုး –  အတွင်းရေးမှူး (၆) […]

မြန်မာကျပ်ငွေ အပါအ၀င် ငွေအတုလုပ်တဲ့ ဂိုဏ်း တာကာသန်း ၁၀၀ကျော်နှင့် ဒက္ကားတွင် ဖမ်းမိ

ထွန်းထွန်း ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဒက္ကာမြို့တွင် မြန်မာ ကျပ်ငွေတွေ အပြင် ငွေစက္ကူမျိုးစုံ အတုလုပ်သည့် ဂိုဏ်းတစ်ခုကို ငွေစက္ကူ အတု သန်း ၁၀၀ ကျော်နှင့် အတူ ဘင်္ဂလာရဲက ယမန်နေ့က ဖမ်းဆီးခဲ့သည်။ ရဲအဖွဲ့မှ ၀င်ရောက်စီးနှင်းစဉ် အတွင်း တာကာငွေ အတု ၂၅၀၂၂၀၀၀ နှင့် အိန္ဒိယ ရူပီငွေ အတု ၈၈၀၀၀၀ ကို ရှာဖွေ ဖမ်းဆီမိခဲ့သည်ဟု ဆိုသည်။ ဖမ်းဆီးခံရသူ (၁၀) ဦးထဲတွင် အမျိုးသမီး ၃ ဦးပါဝင်ပြီး ထိုအထဲတွင် ဇာမန်ဆိုသော အမျိုးသားမှာ ဒင်္ဂါးအတု လုပ်သည့် အတွေ့အကြုံ ၁၄ နှစ်ခန့်ရှိပြီဟု ဆိုသည်။ ဇာမန်မှ ၎င်းသည် […]

AZG အရာရှိများ ရခိုင်တိုင်းရင်းသားများနှင့် မောင်တောတွင် တွေ့ဆုံ

AZG (MSF- Holland) အဖွဲ့မှ တာဝန်ခံများသည် ယမန်နေ့က မောင်တောမြို့တွင် ရခိုင်တိုင်းရင်းသား ဒေသခံများကို ဖိတ်ခေါ်ပြီး တွေ့ဆုံခဲ့သည်ဟု သိရသည်။ အဆိုပါ တွေ့ဆုံပွဲအား မောင်တောမြို့မကျောင်းတွင် နေ့လည် ၂ နာရီတွင် ပြုလုပ်ခဲ့ပြီး ရခိုင် တိုင်းရင်းသားများ ဘက်မှ ဆရာတော် ၅ ပါးနှင့် မြို့ခံ လူထု ၁၀၀ နီးပါး တက်ရောက်ခဲ့သည်ဟု ဆိုသည်။ “AZG ရဲ့  လူမျိုးမရွှေး၊ ဘာသာမရွှေး ကူညီပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ပုဒ်က ကောင်းပါတယ်။ ဒါပေမယ့် နှစ်ပေါင်း ၁၈ နှစ်လုံးလုံး AZG  မောင်တောမြို့နယ်မှာ လုပ်ကိုင်ခဲ့တဲ့ အချိန်ကာလ တလျှောက်လုံးမှာ ဘယ်ဗုဒ္ဓဘာသာဝင်ကိုမှ ကူညီခဲ့တာ […]