မိုင်းခွဲမူများကြောင့် ရခိုင်ကမ်းရိုးတန်းမှ ရေနေသတ္တ၀ါများ မျိုးတုန်းတော့မည်

သဘာဝ ဓါတ်ငွေ့နှင့် တရုတ် ရေနံပိုက်လိုင်း အတွက် သန္တာကျောက်တန်းများကို မိုင်းခွဲ ဖြိုချ နေမူကြောင့် ရခိုင်ကမ်းရိုးတန်းမှ ရေနေသတ္တ၀ါများ မျိုးတုန်းတော့မည့် အနေအထားနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံ ပြည်သူများက ပြောသည်။   ” အခုကတော့ အရင်လို မိုင်းခွဲတာတွေ မရှိတော့ပေမယ့် ရံဖန်ရံခါတော့ လိုအပ်ရင် လိုအပ်သလို တရုတ်တွေက မိုင်းခွဲနေတာတွေတော့ ရှိနေပါသေးတယ်။ အထူးသဖြင့် မဒေးကျွန်း ပတ်ဝန်းကျင်မှာ ခွဲနေတာ ဖြစ်ပါတယ်။ မိုင်းခွဲတဲ့ အတွက် ရေအောက်မှာ ခိုအောင်းနေတဲ့ ငါး၊ ပုဇွန်တွေ အပါအ၀င် လိပ်တွေက အစ အများအပြား သေဆုံးနေတာကို တွေ့နေရပါတယ်။ ခုလိုသာ ဆက်တိုက်လုပ်နေရင် ရေနေသတ္တ၀ါတွေ မျိုးတုန်းသွားနိုင်ပါတယ်” […]

ရွှေဂတ်စ်စီမံကိန်းမှ အိန္ဒိယ အလုပ်သမားများ လစာမရ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် အကောင်အထည် ဖေါ်နေသော ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း၌ လာရောက် အလုပ် လုပ်ကိုင်နေသော အိန္ဒိယ အလုပ်သမား ၂၀၀ ခန့်သည် လစာမရသည်မှာ ၂ လကျော် ရှိသွားပြီ ဖြစ်နေသဖြင့် အခက်အခဲ ကျရောက်နေကြောင်း သတင်း ရရှိသည်။ ” သူတို့ အထူး အခက်အခဲ ဖြစ်နေကြပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့ လစာမရတာ နှစ်လကျော် သုံးလနီးပါး ရှိနေပြီ ဖြစ်ပါတယ်။ အဲသလို လစာမရတဲ့ အတွက် သူတို့အကြားမှာလည်း ပြဿနာတွေ ပေါ်ပေါက်နေပါတယ်” ဟု အိန္ဒိယ ကုမ္ပဏီ Punj Lloyd တွင် အလုပ် လုပ်ကိုင်နေသူ […]

စစ်တွေ- ရန်ကုန်သွား ဘတ်စ်ကားများ သတ်မှတ် ခရီးသည်များထက် ပိုတင်မူကြောင့် အန္တရာယ် ကြုံတွေ့ရနိုင်

ထွန်းထွန်း ———- စစ်တွေမှ ရန်ကုန်သို့သွားသည့် ဘတ်စ်ကားများသည် စည်းကမ်းမလိုက်နာဘဲ သတ်မှတ် ခရီးသည် အရေအတွက်ထက် ကျော်လွန်ပြီး လူပိုတင်နေမူကြောင့် အန္တရာယ် ကျရောက်ရန် အခြေအနေနှင့် အချိန်မရွေး ကြုံတွေ့ ရနိုင်ကြောင်း ခရီးသည်များက နိရဉ္စရာသို့ ထုတ်ဖေါ် ပြောကြားသည်။   ဘတ်စ်ကား တစ်စီးမှာ ထိုင်ခုံက ၄၀ ဘဲ ပါတယ်။ တင်တာက ခရီးသည် ၇၀ ကျော်ထိ တင်တယ်။ ခရီးဝေးသွားတဲ့ ဘတ်စ်ကားတွေ အနေနဲ့ ခုလို လူတွေ မတန်တဆ တင်တဲ့ အတွက် လိုက်ပါရတဲ့ ခရီးသည်တွေ အတွက် အထူး ဒုက္ခ ဖြစ်သလို ကားလည်း အန္တရာယ် ကျရောက်နိုင်ပါတယ်။ […]

ကုန်လမ်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး အဖွဲ့ အမည်ခံပြီး ရဲနှင့် ပေါင်းကာ လိမ်လည် ငွေကောက်

မောင်ရမ္မာ ———– ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် ကုန်လမ်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး အဖွဲ့ စာရွက်၊ တံဆိပ်များကို အသုံးပြုပြီး လူတစ်ဦးမှ ဒေသခံ ရဲအဖွဲ့နှင့် ပူးပေါင်းကာ ဟွန်ဒါ စက်လှေ ပိုင်ရှင်များထဲမှ လိမ်လည် ငွေကောက်ခံသွားကြောင်း သတင်း ရရှိသည်။ တောင်ကုတ်မြို့နယ် ငရုတ်တောင်ကျေးရွာမှ ဟွန်ဒါစက် အလုံး ပေါင်း ၄၈ လုံးမှ ကောက်ယူသွားခြင်း ဖြစ်ကြောင်း ဒေသခံ ဟွန်ဒါ စက်လှေပိုင်ရှင် တစ်ဦးက ပြောသည်။ “ဟုတ်ကဲ့။ ကုန်လမ်းနဲ့ ပြည်တွင်းရေကြောင်းက အရာရှိ ဆိုသူ တစ်ဦးနဲ့ လမူးရဲစခန်းက ရဲသား ၃ ယောက် လာပြီးတော့ ရွာမှာ ရှိတဲ့ စက် […]

တာကာ သန်း ၉၀ ဖိုးရှိ မြန်မာမှ တင်သွင်းသော ယာဘားဆေးပြားများ ဘင်္ဂလာ၌ ဖမ်းဆီးမိ

အရေအတွက် အားဖြင့် ပမာဏ အများဆုံး ဖြစ်သော တာကာ သန်း ၉၀ ဖိုးရှိ ယာဘာဆေးပြားများကို ဘင်္ဂလာဒေခ်ျ့အာဏာပိုင်များက နိုင်ငံ၏ ဒုတိယ မြို့တော် စစ်တကောင်းတွင် သောကြာနေ့က ဖမ်းဆီးလိုက်သည်။   ” ဒီ ယာဘားဆေးပြားတွေကို မြန်မာနိုင်ငံက တင်သွင်းလာတဲ့ ဇီးတော်ဖီအိတ်တွေထဲမှာ သိုဝှက်ယူလာပါတယ်။ ကျွန်တော်တို့က စစ်တကောင်း ဆိပ်ကမ်းကနေ တင်ယူလာတဲ့ ကားကို ရပ်တန့် စစ်ဆေးတဲ့ အခါ ယာဘားဆေးပြား ၂၇၀၀၀၀ ကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်” ဟု အထူး မူခင်း နှိမ်နှင်းရေး တပ်ဖွဲ့ ( Rapid Action Battalion) သတင်းထုတ်ပြန်ရေး တာဝန်ခံ မေဂျာ […]

ကျွဲနွားခိုးမူ နိုင်ငံတော် အချုပ်အချာအာဏာကို ထိပါးနေဟုဆို

ဘင်္ဂလာဒေခ်ျ့နိုင်ငံနှင့် အနီးကပ်တည်ရှိနေသော ရခိုင်ပြည်နယ်မှ မြို့နယ် တချို့တွင် ကျွဲနွား ခိုးမူများ အကြီးအကျယ် ပေါ်ပေါက်နေခြင်းမှာ နိုင်ငံတော် အချုပ်အချာအာဏာကို ထိပါးနေသော ကိစ္စဖြစ်ကြောင်း ဒေသခံ ဥပဒေ ပညာရှင်များက ပြောသည်။ ” သူတို့က တဘက်နိုင်ငံက စက်လှေတွေနဲ့ ၀င်လာတယ်။ ၀င်လာပြီးတော့ ကျွဲနွားတွေကို စက်လှေပေါ် မောင်းချပြီးတော့ တဘက်နိုင်ငံကို ခိုးယူသွားတယ်။ ဒီနိုင်ငံက ခိုးသူတွေလည်း ကျွဲနွားတွေကို စက်လှေတွေနဲ့ ခိုးယူသွားပြီး တစ်ဘက်နိုင်ငံကို သွားရောင်းတယ်။ ဒါတွေကို ခြုံကြည့်ရင် ကျွဲနွားခိုးမူလို့ အသေးအဖွဲထင်ရ ပေမယ့် ဒါဟာ နိုင်ငံ တစ်ခုကနေ တခြားနိုင်ငံ တစ်ခုကို ကျူးကျော်ပြီး ၀င်လုပ်တဲ့ အတွက် ဒီကိစ္စဟာ နိုင်ငံတော် […]

တရုတ်- မြန်မာ ရေနံပိုက်လိုင်း စီမံကိန်းမှ လှူဒါန်းသော ကျောင်းနှင့် ဆေးခန်းအတွက် ဒေသခံများထံမှ ငွေကောက်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် တရုတ်- မြန်မာ ရေနံပိုက်လိုင်းမှ လှူဒါန်းသော စာသင်ကျောင်း နှင့် ဆေးခန်း ဆောက်လုပ်ရေး အတွက် ဒေသခံ ပြည်သူများထံမှ အတင်းအဓမ္မ ငွေကောက်ခံနေကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ကျောက်ဖြူမြို့နယ် တာဝန်ရှိသူ ဦးသန္တာမောင်က နိရဉ္စရာသို့ ပြောကြားသည်။   ” အခု ကျွန်တော်တို့ကို လာတိုင်တဲ့ ရွာသားတွေက ခြုံစွယ်ကျေးရွာ အုပ်စုက ဖြစ်ပါတယ်။ တရုတ်- မြန်မာ ရေနံပိုက်လိုင်း စီမံကိန်းကနေ လှူဒါန်းတဲ့ မူလွန် စာသင်ကျောင်းနဲ့ ဆေးခန်းအတွက် ဆိုပြီး ငွေကောက်ခံနေတာကြောင့် ရွာသားတွေ အခက်အခဲ ဖြစ်နေလို့ သူတို့က လာတိုင်ထားပါတယ်” ဟု သူက […]

လမ်းမပြင်ဘဲ လမ်းကြေး ပိုကောက်နေ၍ ရခိုင် ကားသမားများ အခက်ကြုံ

မောင်ရမ္မာ ———– ရခိုင်ပြည်နယ်တွင် လမ်းကြေး၊ မြို့ဝင်ကြေးနှင့် တံတားကြေးများကို တိုးမြှင့် ကောက်ခံနေသော်လည်း ကားလမ်းများကို မပြုပြင်ဘဲ ပစ်ထားသဖြင့် ကားသမားများ အတွက် လုပ်ကိုင် စားသောက်ရာတွင် အခက်ကြုံနေရကြောင်း ကားဒရိုင်ဘာ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။     ” သူတို့က နေရာတိုင်းမှာ လမ်းကြေး၊ တံတားကြေး၊ မြို့ဝင်ကြေးဆိုပြီး ကောက်ပါတယ်။ ဒါပေမယ့် ရခိုင်ဘက်က လမ်းတွေကျတော့ မပြုပြင်ဘဲ ထားတယ်။ ဒီတော့ ခရီးပိုကြန့်ကြာသလို ပေးနေ ရတာသာ ပိုများနေတဲ့ အတွက် အလုပ် လုပ်ရတာ တွက်ခြေမကိုက် ဖြစ်နေရပါတယ်။ ဘယ်သူကို တိုင်ပြီး ဘယ်သူက အရေးယူဆောင်ရွက်မလဲ ဆိုတာလည်း ကျွန်တော်တို့လို […]

ရခိုင်လူထု ၆၀၀ ကျော် လက်မှတ်ရေးထိုး တင်ပြသည့် ကိစ္စ ရခိုင်ပြည်နယ် အစိုးရ ကွင်းဆင်း စစ်ဆေး

လူပေါင်း ၆၀၀ ကျော်မှ လက်မှတ်ရေးထိုးပြီး တောင်းဆိုသော အရေးကိစ္စ တစ်ခုကို ဖြေရှင်းနိုင်ရေး အတွက် ရခိုင်ပြည်နယ် အစိုးရသည် မေလ ၁၁ ရက်နေ့က အဆိုပါ နေရာသို့ သွားရောက် ကွင်း ဆင်း စစ်ဆေးခဲ့သည်။ ” သူတို့က ဒီလ ၁၁ ရက်နေ့က ကျွန်တော်တို့ အောင်ဒိုင် ကျေးရွာကို ရောက်ရှိလာပါတယ်။ ရွာသားတွေကို ခေါ်ယူ စစ်ဆေး မေးမြန်းပါတယ်။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ ကြုံတွေ့ နေရတဲ့ အခက်အခဲတွေကို တင်ပြကြပါတယ်။ သူတို့က သဘောပေါက်သွားပါတယ်” ဟု အောင်ဒိုင်မှ ကိုငယောင်းချေက ပြောသည်။ ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အောင်ဒိုင် ကျေးရွာ အပါအ၀င် […]

အလုပ်အကိုင်သစ် ရှာဖွေရန် နယ်ရပ်ရင်း စွန့်ခွာသူ အရေအတွက် ရခိုင်တွင် ကြောက်ခမန်းလိလိ တိုးပွား

ထွန်းထွန်း ———- စီးပွားရေး ကျပ်တည်းမူ၊ အလုပ်အကိုင် ရှားပါးမူများကြောင့် နယ်ရပ်ရင်း ဒေသကို စွန့်ခွာပြီး တခြား အရပ် ဒေသများသို့ ထွက်ခွာနေကြသူ အရေအတွက်မှာ ရခိုင်ပြည်နယ်တွင် တစ်နေ့ထက် တစ်နေ့ တိုးတက် များပြား နေကြောင်း ရခိုင် ဒေသခံများက ပြောသည်။ ” ကျွန်တော်ဒေသက ရွာတွေမှာ အမျိုးသားရော၊ အမျိုးသမီးတွေပါ ထိုင်း၊ တရုတ်နယ်စပ်နဲ့ မလေးရှားဘက်ကို ထွက်ခွာနေကြတဲ့ အတွက် ရွာတွေမှာ လူတောင် သိပ်မကျန်တော့ဘူး။ ကလေးနဲ့ လူကြီးတွေဘဲ ကျန်တော့တယ်” ဟု ရသေ့တောင် မြို့နယ် မူစဲကမ်း ကြက်ရိုးဆိပ်မှ ဒေသခံ တစ်ဦးက ပြောသည်။   ယခုကဲ့သို့ ထွက်ခွာနေကြသဖြင့် […]