ကျောက်ဖြူတွင် မီးရှို့ရန် ကြံစည်မူ စွဲချက်ဖြင့် လူတစ်ဦး ဖမ်းဆီးခံရ

မောင်ရမ္မာ ကျောက်ဖြူမြို့တွင်  မီးရှို့ရန် ကြံစည်မူ စွဲချက်ဖြင့် လူတစ်ဦးကို  သြဂတ်စ်လ ၄ ရက်နေ့က ရဲက ဖမ်းဆီး လိုက်ကြောင်း သတင်း ရရှိသည်။ ဖမ်းဆီးခံရသူမှာ ကျောက်ဖြူမြို့ မြို့ပေါ်ရပ်ကွက် တစ်ခုဖြစ်သည့် အရာရှိရပ်ကွက် အမှတ် ၄ လမ်းတွင် နေထိုင်သူ  ဗလီ ဥက္ကဌ – အဘ ဦးသန်းအောင်၏ သား ဦးသန်းဌေး (ခ) အင်္ဂလိပ်၊ အသက် (၃၈)နှစ် ဆိုသူဖြစ်သည်။ ယခု ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ကျောက်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တဦး လည်းဖြစ်၊ တရားရုံးချုပ် ရှေ့နေ အငြိမ်းစား တစ်ဦး လည်းဖြစ်သူ ဦးဘရှင်ကို မေးမြန်းရာ […]

၈၈ မျိုးဆက် ကျောင်းသားများနှင့် ကျောက်ဖြူ လူထု တွေ့ဆုံပွဲတွင် လူထု ချစ်ခင် ယုံကြည်မူက အာဏာထက်

သြဂတ်စ် (၄) ရက်နေ့ ရန်ကုန် မပြန်မီ ကျောက်ဖြူမြို့တွင် ပြုလုပ်သော ၈၈ မျိုးဆက် ကျောင်းသားများနှင့် ရခိုင်လူထုတို့ တွေ့ဆုံပွဲ၌ ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးမှ လူထု ချစ်ခင် ယုံကြည် လေးစားမူမှာ အာဏာထက် တန်းဖိုးရှိကြောင်း ပြောဆိုသွားခဲ့သည်။ သြဂတ်စ် ၄ ရက်နေ့ နံနက် ၇ နာရီခွဲချိန်မှ စတင်ပြီး ၁၁ နာရီ ခွဲထိ ကျောက်ဖြူမြို့ ပရဟိတ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သော ၎င်း ဆွေးနွေးပွဲသို့ ကျောက်ဖြူမြို့မှ နိုင်ငံရေး သမားများ အပါအ၀င် လူပေါင်း ၂၀၀ နီးပါးခန့် တက်ရောက်ခဲ့သည်။ ကိုကိုကြီးမှ နောက်ဆုံး အပိတ် မိန်းခွန်း […]

နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီး ထောင် အနှစ် ၄၀ ချခံရ

မောင်တောမြို့တွင် ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သော မွတ်ဆလင်များ၏ အကြမ်းဖက်တိုက်ခိုက်မူ အပေါ် လက်ပိုက်ကြည့်နေခဲ့သော နယ်စပ်ဒေသ လူဝင်မူ စစ်ဆေးကွပ်ကဲရေး ဌာနချုပ် ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်ကြီးကို ထောင်အနှစ် ၄၀ ချမှတ်လိုက်ကြောင်း ခိုင်လုံသော သတင်းရပ်ကွက် အရ သတင်း ရရှိသည်။ ယခုအခါ ဗိုလ်မှူးကြီး အောင်ကြီး ကို ထိုသို့ နှစ်ရှည် ထောင်ဒဏ် ချမှတ်လိုက်သဖြင့် ဇနီးဖြစ်သူမှာ အထူး ပူပင်သောက ရောက်နေကြောင်း သိရသည်။ “ ဟုတ်ပါတယ်။ သူ့မိန်းမ ဒေါ်လတ်လတ်သိန်းက ဗိုလ်မှူးကြီး အောင်ကြီးကို ထောင် နှစ် ၄၀ ချလိုက်တယ်လို့ ပြောတာပါ။ အခု ဒေါ်လတ်လတ်သိန်းက အရမ်းပူပင်သောက […]

မလေးရှား ရခိုင်အမျိုးသားပိုင် မြန်မာ ဥယာဉ် စားသောက်ဆိုင်ကို ဘင်္ဂလီ ရိုဟင်ဂျာများ ၀င်ရောက်တိုက်ခိုက်

ခင်မောင်ဦး (မလေး) မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ရခိုင်အမျိုးသားပိုင် မြန်မာ ဥယျာဉ် စားသောက်ဆိုင်ကို ရိုဟင်ဂျာ အမည်ခံ ဘင်္ဂလီ လူအုပ်စု တစ်ခုက သောကြာနေ့ ညနေပိုင်းက ၀င်ရောက် တိုက်ခိုက်သွားခဲ့သည်။ “  ကျွန်တော်ကြားတာက သူတို့ ဗလီဝတ်ပြု အပြီးမှာ မြန်မာ သံရုံးကို သွားဆန္ဒပြတယ်လို့ ကြားတယ်။ အဲဒီကနေ မြို့ထဲကို ပြန်ဝင်လာပြီး လမ်းမှာတွေ့တဲ့ ရခိုင်တွေကို ရိုက်တယ်။ ဆွဲထိုးတယ်။  ရခိုင်လေးတွေကလည်း အနီးအနားမှာရှိတဲ့ ကျွန်တော်တို့ဆိုင်ကို တက်ပြေးကြတယ်။ အဲဒီမှာ နောက်က လိုက်လာပြီး ရခိုင်ဆိုင်လို့ သိသွားတာနဲ့ ပစ္စည်းတွေကို ဖျက်ဆီးတယ်။ ခုံတွေကို ရိုက်ချိုးတယ်။ ဆိုင်မှာ ရောင်းနေတဲ့ ကွန်ပျူတာတွေကိုလည်း မချသွားကြပါတယ်” […]

ကင်တေးနားခရီးစဉ် ရခိုင် အတွက် အကျိုး မရှိနိုင်ဟု တွေ့ဆုံခဲ့သူ ဦးအေးသာအောင်က ပြောကြား

မောင်ရမ္မာ “ ကင်တေးနား ပြောတဲ့စကားတွေ အပေါ်မှာ သုံးသပ်လိုက်ရင် ရခိုင်ပြည်နယ်မှာ ဖြစ်နေကြတဲ့ ပြဿနာမှာ ရခိုင် ဒုက္ခသည် တွေ အပေါ်မှာ အာရုံမစိုက်ဘဲ ဘင်္ဂလီ ဒုက္ခသည်တွေ အပေါ်မှာဘဲ အာရုံ စိုက်တာကို တွေ့ရတယ်။ အဲဒါကြောင့် ကင်တေးနား လာတဲ့ ခရီးစဉ်အပေါ်မှာ ဘကြီးတို့ကတော့ ထူးထူးခြားခြား ရခိုင်ပြည်နယ်နဲ့ ရခိုင်ပြည်သူတွေကို အကျိုးပြုလိမ့်မယ်လို့ မထင်ဘူး”ဟု ကုလသမဂ္ဂ ကိုယ်စားလှယ် ကင်တေးနားနဲ့ တွေ့ဆုံခွင့်ရခဲ့သူ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင် က ပြောသည်။ ဦးအေးသာအောင်နှင့်  ကင်တေးနားတို့  ဇူလိုင်လ ၃၀ ရက်နေ့က  ရန်ကုန်မြို့တွင် တွေ့ဆုံပြီးခဲ့သည်။ သူ့နှင့် တွေ့ဆုံ ခဲ့ပြီးနောက် […]

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် ခြံစည်းရိုးခတ်ရုံနဲ့ မလုံခြုံနိုင်

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်မှာ နိုင်ငံတော် အစိုးရက ဒေသရဲ့ လိုအပ်ချက် အရ ဒေသန္တရ အုပ်ချုပ်ရေး စည်းမျဉ်း စည်းကမ်းတွေကို အသီးသီး ချမှတ်ထားပေမယ့် အဲသလို  ချမှတ်ထားတဲ့ အပေါ်မှာ နစက တာဝန်ရှိသူ အများအပြားဟာ လိုက်နာဖို့ ပျက်ကွက်ခဲ့တဲ့ အတွက် မောင်တောနဲ့ ဘူးသီးတောင် ဒေသဟာ အထိန်းအကွပ် မရှိ ဖြစ်ချင်တိုင်း ဖြစ်နေတယ်လို့ မောင်တောမြို့  တရားရုံး ရှေ့နေ တစ်ဦးက ပြောပါတယ်။ မောင်တောမြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ ဘင်္ဂလီမွတ်ဆလင် အတော်များများဟာ အသက် ၁၈ နှစ် မပြည့်မီ အိမ်ထောင်ပြုကြပြီး ဇနီးမယားကိုလည်း  တစ်ဦးကနေ သုံးလေးဦးထိ လက်ထပ် ယူတာကြောင့် ဒါတွေကို တားမြစ်ဖို့ […]

သမ္မတ မဟုတ်ဘဲ ဒုသမ္မတသာ စစ်တွေသို့ရောက်

စစ်တွေသို့ ယနေ့ ရောက်ရှိလာသည်မှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မဟုတ်ဘဲ ဒုသမ္မတ စိုက်မောက်ခမ်း ဖြစ်ကြောင်း သိရသည်။ “ ကျွန်တော်တို့ ကြားတာက သမ္မတကြီး ရောက်မယ်လို့ ကြားတယ်။ အခုတော့ ဒုသမ္မတဘဲ ရောက်လာပြီး ချက်ချင်း မောင်တောကို ထွက်ခွာသွားပါတယ်” ဟု စစ်တွေ ပြည်နယ် လွှတ်တော် အမတ် ဦးအောင်မြကျော်က ပြောသည်။ နိုင်ငံတော် ဒုသမ္မတ စိုက်မောက်ခမ်းနှင့် အဖွဲ့သည် စစ်တွေသို့ ယနေ့ နံနက် ၇ နာရီခွဲတွင် အထူး လေယာဉ်ဖြင့် ရောက်ရှိလာပြီး လေယာဉ်ကွင်းမှ ချက်ချင်း ရဟတ်ယာဉ်များ ဖြင့် မောင်တောသို့ ဆက်လက် ထွက်ခွာသွားသည်ဟု သူက […]

သမ္မတ ဦးသိန်းစိန် မနက်ဖြန် စစ်တွေလာမည်

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည်  စစ်တွေကို မနက်ဖြန် လာရောက်မည် ဖြစ်ကြောင်း သိရသည်။ “ ဟုတ်တယ်။ ကျွန်တော်တို့ တစ်မြို့လုံး လေဆိပ်ကို မနက်ဖြန် သမ္မတကြီးကို သွားကြိုဖို့ စီစဉ်နေပါတယ်” ဟု အမည် မဖေါ်လိုသူ နိုင်ငံရေး သမား တစ်ဦးက ပြောသည်။ သမ္မတကြီးသည် သြဂတ်စ်လ ၃ ရက်နေ့ နံနက်တွင် စစ်တွေမြို့သို့ အထူး လေယာဉ်ဖြင့် ရောက်ရှိမည်ဟု သိရသည်။ သမ္မတ ဦးသိန်းစိန်အား စစ်တွေတစ်မြို့လုံး နိုင်ငံတော် အလံများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကြိုဆိုဖွယ်ရှိသည်ဟု စစ်တွေအမတ် ဦးအောင်မြကျော်ကလည်း ပြောသည်။ ယခုအခါ စစ်တွေ လေဆိပ် အပါအ၀င် အရေးကြီးသော […]

ဝါဆိုလပြည့် တရားဟောနေစဉ် သဲချောင်းကို ၀ိုင်းဝန်းတိုက်ခိုက်ရန် ဆူပူလိုသူများ ကြိုးပမ်း

ဒီကနေ့ ၀ါဆိုလပြည့်နေ့ ညနေဘက် စစ်တွေမြို့နယ် သဲချောင်းကျေးရွာမှာ ဆရာတော် တရားဟောနေစဉ် အနီးအနားက ဆူပူလိုသူ  မွတ်ဆလင် ၂၀၀ ကျော်ခန့်ဟာ တုတ်ဓါးတွေနဲ့  တိုက်ခိုက်ရန် ၀ိုင်းဝန်းလာခဲ့တယ်လို့ သိရပါတယ်။ အခုလို ၀ိုင်းဝန်းလာတဲ့ အတွက် အနီးအနားက စစ်တပ်ကို ဖုံးနဲ့ အကြောင်းကြားလိုက်တဲ့ အတွက် တပ်ရင်းမှူးကိုယ်တိုင် ကားတွေနဲ့ လာပြီး တားဆီးခဲ့ရတယ်လို့ ဆိုပါတယ်။ “ ညနေ ၅ နာရီကျော် ဆရာတော် တရားဟောလို့ မပီးတပီးမှာ ဖြစ်တာပါ။ စစ်တပ်က ရောက်လာတဲ့ အတွက် လူစုကွဲပြီး ဘင်္ဂလီတွေ ၀င်ပြေးသွားကြပါတယ်။ အခု စစ်တပ်နဲ့ လုံထိန်းတွေ ရွာထဲကို လိုက်သွားပါတယ်” ဟု သဲချောင်း […]

ဦးစိုးမြင့်၊ ချိုလေးမာ၊ မောင်ခင်ထွေးတို့နဲ့ မစ္စတာ ကင်တေးနား၊ ဘူးသီးတောင်က ဆန္ဒဖေါ်ထုတ်မူ

မနေ့က  (သြဂတ်စ်လ ၁ရက်နေ့) ဘူးသီးတောင်ကို လာရောက်ခဲ့တဲ့  မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တေးနားဟာ ဘူးသီးတောင်ထောင်ထဲက ယူအန် ၀န်ထမ်း (၃) ဦး အပါအ၀င် ရှေ့နေတွေ၊ သူ့မိသားစုတွေနဲ့ တွေ့ဆုံသွားခဲ့တယ်လို့ သိရပါတယ်။ သူဟာ နံနက် (၉) နာရီခန့်မှာ ရဟတ်ယာဉ်တွေနဲ့ အတူ စစ်တွေကနေ ဘူးသီးတောင်ကို ရောက်ရှိလာပြီး ရောက်တာနဲ့ ချက်ချင်း ဘူးသီးတောင်ထောင်ကို သွားရောက်ခဲ့ပြီး ယူအန် ၀န်ထမ်း မွတ်ဆလင် သုံးဦးဖြစ်ကြတဲ့ ဦးစိုးမြင့်၊ မချိုလေးမာနဲ့ မောင်ခင်ထွေးတို့နဲ့ တွေ့ဆုံခဲ့တယ်လို့ အမည်မဖေါ်လိုသူ ထောင်အရာရှိကြီး တစ်ဦးက နိရဉ္စရာကို ပြောပါတယ်။ “ […]