ကင်တေးနားခရီးစဉ် ရခိုင် အတွက် အကျိုး မရှိနိုင်ဟု တွေ့ဆုံခဲ့သူ ဦးအေးသာအောင်က ပြောကြား

မောင်ရမ္မာ “ ကင်တေးနား ပြောတဲ့စကားတွေ အပေါ်မှာ သုံးသပ်လိုက်ရင် ရခိုင်ပြည်နယ်မှာ ဖြစ်နေကြတဲ့ ပြဿနာမှာ ရခိုင် ဒုက္ခသည် တွေ အပေါ်မှာ အာရုံမစိုက်ဘဲ ဘင်္ဂလီ ဒုက္ခသည်တွေ အပေါ်မှာဘဲ အာရုံ စိုက်တာကို တွေ့ရတယ်။ အဲဒါကြောင့် ကင်တေးနား လာတဲ့ ခရီးစဉ်အပေါ်မှာ ဘကြီးတို့ကတော့ ထူးထူးခြားခြား ရခိုင်ပြည်နယ်နဲ့ ရခိုင်ပြည်သူတွေကို အကျိုးပြုလိမ့်မယ်လို့ မထင်ဘူး”ဟု ကုလသမဂ္ဂ ကိုယ်စားလှယ် ကင်တေးနားနဲ့ တွေ့ဆုံခွင့်ရခဲ့သူ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင် က ပြောသည်။ ဦးအေးသာအောင်နှင့်  ကင်တေးနားတို့  ဇူလိုင်လ ၃၀ ရက်နေ့က  ရန်ကုန်မြို့တွင် တွေ့ဆုံပြီးခဲ့သည်။ သူ့နှင့် တွေ့ဆုံ ခဲ့ပြီးနောက် […]

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် ခြံစည်းရိုးခတ်ရုံနဲ့ မလုံခြုံနိုင်

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်မှာ နိုင်ငံတော် အစိုးရက ဒေသရဲ့ လိုအပ်ချက် အရ ဒေသန္တရ အုပ်ချုပ်ရေး စည်းမျဉ်း စည်းကမ်းတွေကို အသီးသီး ချမှတ်ထားပေမယ့် အဲသလို  ချမှတ်ထားတဲ့ အပေါ်မှာ နစက တာဝန်ရှိသူ အများအပြားဟာ လိုက်နာဖို့ ပျက်ကွက်ခဲ့တဲ့ အတွက် မောင်တောနဲ့ ဘူးသီးတောင် ဒေသဟာ အထိန်းအကွပ် မရှိ ဖြစ်ချင်တိုင်း ဖြစ်နေတယ်လို့ မောင်တောမြို့  တရားရုံး ရှေ့နေ တစ်ဦးက ပြောပါတယ်။ မောင်တောမြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ ဘင်္ဂလီမွတ်ဆလင် အတော်များများဟာ အသက် ၁၈ နှစ် မပြည့်မီ အိမ်ထောင်ပြုကြပြီး ဇနီးမယားကိုလည်း  တစ်ဦးကနေ သုံးလေးဦးထိ လက်ထပ် ယူတာကြောင့် ဒါတွေကို တားမြစ်ဖို့ […]

သမ္မတ မဟုတ်ဘဲ ဒုသမ္မတသာ စစ်တွေသို့ရောက်

စစ်တွေသို့ ယနေ့ ရောက်ရှိလာသည်မှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မဟုတ်ဘဲ ဒုသမ္မတ စိုက်မောက်ခမ်း ဖြစ်ကြောင်း သိရသည်။ “ ကျွန်တော်တို့ ကြားတာက သမ္မတကြီး ရောက်မယ်လို့ ကြားတယ်။ အခုတော့ ဒုသမ္မတဘဲ ရောက်လာပြီး ချက်ချင်း မောင်တောကို ထွက်ခွာသွားပါတယ်” ဟု စစ်တွေ ပြည်နယ် လွှတ်တော် အမတ် ဦးအောင်မြကျော်က ပြောသည်။ နိုင်ငံတော် ဒုသမ္မတ စိုက်မောက်ခမ်းနှင့် အဖွဲ့သည် စစ်တွေသို့ ယနေ့ နံနက် ၇ နာရီခွဲတွင် အထူး လေယာဉ်ဖြင့် ရောက်ရှိလာပြီး လေယာဉ်ကွင်းမှ ချက်ချင်း ရဟတ်ယာဉ်များ ဖြင့် မောင်တောသို့ ဆက်လက် ထွက်ခွာသွားသည်ဟု သူက […]

သမ္မတ ဦးသိန်းစိန် မနက်ဖြန် စစ်တွေလာမည်

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည်  စစ်တွေကို မနက်ဖြန် လာရောက်မည် ဖြစ်ကြောင်း သိရသည်။ “ ဟုတ်တယ်။ ကျွန်တော်တို့ တစ်မြို့လုံး လေဆိပ်ကို မနက်ဖြန် သမ္မတကြီးကို သွားကြိုဖို့ စီစဉ်နေပါတယ်” ဟု အမည် မဖေါ်လိုသူ နိုင်ငံရေး သမား တစ်ဦးက ပြောသည်။ သမ္မတကြီးသည် သြဂတ်စ်လ ၃ ရက်နေ့ နံနက်တွင် စစ်တွေမြို့သို့ အထူး လေယာဉ်ဖြင့် ရောက်ရှိမည်ဟု သိရသည်။ သမ္မတ ဦးသိန်းစိန်အား စစ်တွေတစ်မြို့လုံး နိုင်ငံတော် အလံများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကြိုဆိုဖွယ်ရှိသည်ဟု စစ်တွေအမတ် ဦးအောင်မြကျော်ကလည်း ပြောသည်။ ယခုအခါ စစ်တွေ လေဆိပ် အပါအ၀င် အရေးကြီးသော […]

ဝါဆိုလပြည့် တရားဟောနေစဉ် သဲချောင်းကို ၀ိုင်းဝန်းတိုက်ခိုက်ရန် ဆူပူလိုသူများ ကြိုးပမ်း

ဒီကနေ့ ၀ါဆိုလပြည့်နေ့ ညနေဘက် စစ်တွေမြို့နယ် သဲချောင်းကျေးရွာမှာ ဆရာတော် တရားဟောနေစဉ် အနီးအနားက ဆူပူလိုသူ  မွတ်ဆလင် ၂၀၀ ကျော်ခန့်ဟာ တုတ်ဓါးတွေနဲ့  တိုက်ခိုက်ရန် ၀ိုင်းဝန်းလာခဲ့တယ်လို့ သိရပါတယ်။ အခုလို ၀ိုင်းဝန်းလာတဲ့ အတွက် အနီးအနားက စစ်တပ်ကို ဖုံးနဲ့ အကြောင်းကြားလိုက်တဲ့ အတွက် တပ်ရင်းမှူးကိုယ်တိုင် ကားတွေနဲ့ လာပြီး တားဆီးခဲ့ရတယ်လို့ ဆိုပါတယ်။ “ ညနေ ၅ နာရီကျော် ဆရာတော် တရားဟောလို့ မပီးတပီးမှာ ဖြစ်တာပါ။ စစ်တပ်က ရောက်လာတဲ့ အတွက် လူစုကွဲပြီး ဘင်္ဂလီတွေ ၀င်ပြေးသွားကြပါတယ်။ အခု စစ်တပ်နဲ့ လုံထိန်းတွေ ရွာထဲကို လိုက်သွားပါတယ်” ဟု သဲချောင်း […]

ဦးစိုးမြင့်၊ ချိုလေးမာ၊ မောင်ခင်ထွေးတို့နဲ့ မစ္စတာ ကင်တေးနား၊ ဘူးသီးတောင်က ဆန္ဒဖေါ်ထုတ်မူ

မနေ့က  (သြဂတ်စ်လ ၁ရက်နေ့) ဘူးသီးတောင်ကို လာရောက်ခဲ့တဲ့  မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တေးနားဟာ ဘူးသီးတောင်ထောင်ထဲက ယူအန် ၀န်ထမ်း (၃) ဦး အပါအ၀င် ရှေ့နေတွေ၊ သူ့မိသားစုတွေနဲ့ တွေ့ဆုံသွားခဲ့တယ်လို့ သိရပါတယ်။ သူဟာ နံနက် (၉) နာရီခန့်မှာ ရဟတ်ယာဉ်တွေနဲ့ အတူ စစ်တွေကနေ ဘူးသီးတောင်ကို ရောက်ရှိလာပြီး ရောက်တာနဲ့ ချက်ချင်း ဘူးသီးတောင်ထောင်ကို သွားရောက်ခဲ့ပြီး ယူအန် ၀န်ထမ်း မွတ်ဆလင် သုံးဦးဖြစ်ကြတဲ့ ဦးစိုးမြင့်၊ မချိုလေးမာနဲ့ မောင်ခင်ထွေးတို့နဲ့ တွေ့ဆုံခဲ့တယ်လို့ အမည်မဖေါ်လိုသူ ထောင်အရာရှိကြီး တစ်ဦးက နိရဉ္စရာကို ပြောပါတယ်။ “ […]

လက်နက်ကိုင် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် စစ်တွေမြို့ နေရာ (၂) ခုတွင် ပြဿနာ ဖြစ်ပွား

စစ်တွေမြို့တွင် ယမန်နေ့က လက်နက်ကိုင် တင်ဖွဲ့ဝင်များနှင့် မွတ်ဆလင်များ အကြားတွင် နေရာ (၂) ခု၌  ပြဿနာ ဖြစ်ပွားခဲ့သည်ဟု ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြကျော်က ပြောသည်။ ပထမ တစ်ခုမှာ စစ်တွေမြို့ သဲချောင်းတွင် ယမန်နေ့ နေ့လည် ဘက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဖြစ်စဉ်နှင့် ပတ်သက်ပြီး  ဦးအောင်မြကျော်က ယခုလို ပြောသည်။ “ ဖြစ်တာက သဲချောင်းကို ဖြတ်ပြီ မန်ဇီဘက်က မွတ်ဆလင် ဒုက္ခသည် စခန်းတွေဆီကို ဆန်သွားပို့တဲ့ ကားကို ၀ိုင်းပြီး လမ်းကနေတားကြပါတယ်။ အဲသလို တားဆီးတာကို  အဲဒီဆန်ကားကို နောက်ကနေ မော်တော်ဆိုင်ကယ်တွေနဲ့ အစောင့်အရှောက် လိုက်ပါလာတဲ့ […]

မစ္စတာ ကင်တေးနား ရခိုင် ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် အစီအစဉ် မရှိဟု RNDP ပြော

မောင်ရမ္မာ မြန်မာနိုင်ငံ လူ့အခွင့်ရေး ကိုယ်စားလှယ် မစ္စတာ ကင်တေးနားသည် သူ့၏ ခရီးစဉ် အတွင်း ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် တွေ့ဆုံမည့် အစီအစဉ် မရှိဟု သိရကြောင်း RNDP အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောက ပြောသည်။ “ ဘာတခုမှ အကြောင်းကြားထားတာ မရှိပါဘူး။  နိုင်ငံခြား သံတမန်တွေ ရောက်လို့ ရှိရင် တွေ့မယ် ဆိုရင် ပြင်ဆင်ဖို့ အတွက် တပတ် (သို့)  သုံးလေး ရက် ကြိုတင် အကြောင်းကြားထားလေ့ ရှိပါတယ်။ အခုကတော့ နိုင်ငံရေး ပါတီတွေကိုရော တခြား ရခိုင်မိသားစု အသိုင်းအ၀ိုင်း၊ လူမှုရေး အသိုင်းအ၀ိုင်း၊ စာပေ ယဉ်ကျေးမှု အနုပညာအသိုင်းအ၀ိုင်းတွေကိုရော […]

ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် မောင်တောခရီးစဉ်တွင် တိုင်းရင်းသား ၂၀၀ ခန့်က ပိုစတာများကိုင်ပြီး ဆန္ဒဖေါ်ထုတ်

ယနေ့နေ့လည် ၁ နာရီကျော်က မြန်မာနိုင်ငံ လူ့အခွင့်ရေး ကိုယ်စားလှယ် မစ္စတာ ကင်တေးနား မောင်တောသို့ ကားများဖြင့် လှည့်ပတ် ကြည့်ရှ့စဉ် ရခိုင် တိုင်းရင်းသား ၂၀၀ ခန့်က ပိုစတာများ ကိုယ်စီ ကိုင်ဆောင်ပြီး ဆန္ဒဖေါ်ထုတ်ခဲ့ကြသည်ဟု သိရသည်။ “ သူတို့က လူ့အခွင့်ရေး ကိုယ်စားလှယ် ကားတန်းနဲ့ မောင်တောမြို့ထဲကို လာရောက်ကြည့်ရှု့တဲ့ အခါ မြို့ထဲမှာ ပိုစတာတွေ ကိုယ်စီကိုင်ပြီး ဆန္ဒဖေါ်ထုတ်ကြတာကို တွေ့ရပါတယ်။ လူပေါင်းက ၂၀၀ ခန့်ရှိပါမယ်။ ဘေးပတ်ဝန်းကျင်က လာကြည့်တဲ့သူတွေကလည်း ၃၀၀- ၄၀၀ လောက်ရှိတာ ကို တွေ့ရပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒဖေါ်ထုတ်ကြတာပါ” ဟု လူမူရေး လုပ်ငန်း ဆောင်ရွက်နေ […]

မြန်မာသို့ ရောက်ရှိနေသော ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်ထံ ရခိုင်အမျိုးသမီး အစည်းအရုံးမှ စာပို့

မောင်ရမ္မာ မြန်မာနိုင်ငံသို့ ရောက်ရှိနေသာ ကုလ သမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တေးနားထံသို့ ဒက္ကား အခြေစိုက် ရခိုင်အမျိုးသမီး အစည်းအရုံးမှ ဇူလိုင်လ ၃၀ ရက်နေ့က စာတစ်စောင်ရေးသား ပေးပို့လိုက်သည်။ စာရေးသား ပေးပို့ရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ရခိုင်အမျိုးသမီးများ အစည်းအရုံး (RWU) ဥက္ကဌ ဒေါ်စောမြ ရာဇာလင်းက နိရဉ္စရာသို့ ပြောသည်။ “ တချို့ချို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့တွေနဲ့ နိုင်ငံတကာ သတင်း မီဒီယာတွေမှာ ရေးသား နေကြတာတွေဟာ တဘက်စောင်းနင်း ဖြစ်နေတာတွေကို တွေ့နေရတယ်။ ရိုဟင်ဂျာဆိုတဲ့ သူတွေကို အထူး ဦးစားပေးပြီး အဖြစ်မှန်တွေကို ဖုံးကွယ်ထားကြတာကို တွေ့ရတယ်။ ဒီအတွက်ကြောင့် […]