မလေးရှားတွင် ပထမအကြိမ် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော် ကျင်းပမည်

ခိုင်မောင်ဦး (မလေး) ——————— မလေးရှား ရခိုင်အသင်းပေါင်းချူပ်ကြီး MAO(Malaysia Arakan Organization) မှကြီးမူး၍ ပထမဆုံး အကြိမ်မလေးရှားနိုင်ငံ ရခိုင်းရိုးရာသင်္ကြန်ပွဲတော်ကြီးကို ဧပြီ ၁၃ ရက်နေ့တွင် စည်းကား သိုက်မြိုတ်စွာ ကျင်းပသွားရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။   ယခုကဲ့သို့  ရခိုင်းရိုးရာသင်္ကြန်ပွဲတော်ကို မလေးရှားနှိင်ငံတွင် ပထမဆုံး အကြိမ် ကျင်းပရန် စီစဉ်ရသည့် ရည်ရွယ်ချက်နှင့် ပက်သက်ပြီး ပွဲဖြစ်မြောက်ရေးတာဝန်ခံ ကိုစိုးထွန်းက ယခုကဲ့သို့ ပြောသည်။ “ပြောရရင်တော့ဗျာ။ ကျွန်တော်တို့  ရခိုင်ပြည်ကနေ အကြောင်း အမျိုးမျိုးကြောင့် မလေးရှားကိုရောက်လာကြတယ်။ မလေးရှားကို ရောက်လာပေမယ့် ကိုယ့်ရပ် ကိုယ်ဒေသကို လူတိုင်းက လွမ်းနေကြပါတယ်။ ဒီလို သင်္ကြန်ဆို […]

စစ်တွေ- ရန်ကုန်ကားလမ်း တိုးချဲ့မှုကြောင့် ရှေ့ဟောင်း ရခိုင်မြို့ရိုးများ ပျက်စီးနေ

မောင်အေး ———- ရန်ကုန်-စစ်တွေ ကားလမ်းတိုးချဲ့ရာတွင် ရခိုင်ရှေ့ဟောင်း မြို့ရိုးများကို မြေတူးစက်ကြီးများဖြင့် တူးယူပြီး လမ်းကို ဆည် ဖို့နေသဖြင့် ရခိုင်ရှေ့ဟောင်းအမွေအနှစ်များ ပျက်စီးဆုံးရှုံးနေရကြောင်း သိရှိရသည်။   ယခုကဲ့သို့ ရှေ့ဟောင်းမြို့ရိုးများ ဖျက်စီးခံနေရသည့် နေရာမှာ မြောက်ဦး စစ်တွေ လမ်းပိုင်းရှိ မြောက်ဦးမြို့ အရှေ့တောင်ဘက် ပေါင်းတုတ်ရပ် အနီးတွင် ဖြစ်သည်။ စစ်တွေ-ရန်ကုန် ကားလမ်း တိုးချဲ့ရာ၍ မြေများကို တူးယူနေခြင်း ဖြစ်ပြီး လုပ်ကိုင်နေသည့် ကုမ္ပဏီမှာ “သိန်းကျော်” ကုမ္ပဏီဖြစ်ကြောင်း သိရသည်။ ” အခုဖြစ်နေတဲ့နေရာက လေသာတောင်ခံတပ်အနီးက မြေသား မြို့ရို့တံတိုင်းတွေပါ။ အဲဒီနေရာကို ရှေ့ ဟောင်းသုတေသန ဌာကနည်း ရှေ့ဟောင်းယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ်ထားတဲ့နေရာထဲမှာ ပါတယ်။ […]

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့် ဒုလ္လဘ ရဟန်းဝတ်

ယခင် ၀န်ကြီးချုပ်ဟောင်းလည်းဖြစ်၊ ထောက်လှမ်းရေး တပ်ဖွဲ့ အကြီးအကဲဟောင်းလည်း ဖြစ်သူ ဗိုလ်ချုပ် ခင်ညွှန့်သည် မနေ့က ဒုလ္လဘ ရဟန်းဝတ်ခဲ့ကြောင်း သတင်း ရရှိသည်။ ” သူက ဒုလ္လဘ ရဟန်း ၉ ရက် ၀တ်မှာပါ။ ဒါက ဗုဒ္ဓဘာသာ ဓလေ့ထုံးတန်းစဉ်လာအရ နှစ်သစ်ကူး အခါ သမယမှာ ကောင်းမူ ကုသိုလ်ပြုလုပ်တဲ့ အနေနဲ့ ဒုလ္လဘ ရဟန်းဝတ်တာ ဖြစ်ပါတယ်။ တစ်ခြား ထူးခြားတဲ့ ရည်ရွယ်ချက်မျိုးတော့ ရှိမယ် မထင်ပါဘူး” ဟု အလိုတော်ပြည့်ကျောင်းမှ ဦးဇင်း ဘီလူးခေါ် အရှင် ကုမာရက ပြောသည်။ ဧပြီလ ၉ ရက်နေ့ နံနက် ၈ နာရီခန့်တွင် […]

သီးစားခ ပိုမပေးနိုင်သူ လယ်သမားများကို လယ်လုပ်ခွင့် ရုတ်သိမ်းမည်ဟု မြန်မာရေတပ်က ခြိမ်းခြောက်

မောင်အေး ———— ရခိုင်ပြည်နယ် ကျောက်ဖြူ အခြေစိုက် ဓည၀တီ ရေတပ်ဌာနချုပ်မှ ၎င်းတို့ သီးစားချထားသည့် လယ်မြေများ အတွက် သီးစားခ စပါးကို ပိုမပေးနိုင်လျှင် လယ်လုပ်ပိုင်ခွင့်ကို ရုတ်သိမ်းမည်ဟု လယ်သမားများကို ခြိမ်းခြောက်ထားကြောင်း သတင်း ရရှိသည်။ ” သူတို့က သူတို့ တောင်းတဲ့ စပါးကို မပေးသွင်းနိုင်ရင် နောက်လာမယ့်နှစ်အတွက် လယ်လုပ်ခွင့်ကို ရုတ်သိမ်းမယ်ဆိုပြီး လယ်သမားတွေကို ခြိမ်းခြောက်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရွာက လယ်သမားတွေ အခက်ကြုံနေကြရပါတယ်” ဟု ကျောက်ဖြူမြို့နယ် စစ်တော ကျေးရွာမှ လယ်သမားကြီး တစ်ဦးက ပြောသည်။ စစ်တောကျေးရွာမှာ ဓည၀တီ ရေတပ် စခန်း အနီးတွင် တည်ရှိပြီး ၁၉၉၂ […]

သက်ကြီး ရခိုင်တော်လှန်ရေး သမားများ ပူဇော်ပွဲ အတွက် ကူညီသူများ ပြား

ရခိုင်မျိုးစောင့် အုပ်စုမှ စီစဉ်နေသော သက်ကြီး ရခိုင်တော်လှန်ရေး သမားများ ဂုဏ်ပြုပူဇော်ပွဲအတွက် ကူညီ လှူဒါန်းသူများ အထူးများပြားနေကြောင်း သတင်း ရရှိသည်။   ” ကျွန်တော်တို့ မျိုးစောင့် အုပ်စုက မတည်တာက အမေရိကန် ဒေါ်လာ ၄၀၀၀ ပါ။ အခုတော့ နိုင်ငံတကာရောက် ရခိုင်အမျိုးသားတွေ စုပေါင်းလှူဒါန်းတဲ့ အတွက် ဒေါ်လာ တစ်သောင်းကျော်သွားပါပြီ။ အားရစရာ ကောင်းပါတယ်” ဟု အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးခိုင်ထူးက ပြောသည်။ ဧပြီလ ၁၆ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် သက်ကြီး ရခိုင်တော်လှန်ရေးသမားများ ဂုဏ်ပြု ပူဇော်ပွဲတွင် တော်လှန်ရေး လုပ်ရင်း အိုမင်းမစွမ်း ဖြစ်သွားသူ သက်ကြီး […]

အခမဲ့ ပညာဒါန သင်တန်းများ တောင်ကုတ်တွင် ဖွင့်လှစ်

မောင်ရမ္မာ ———- ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် လူငယ်များ စုပေါင်းဖွင့်လှစ်ထားသော DAWN စာကြည့်တိုက်မှ ဦး ဆောင်ပြီး အခမဲ့ ပညာဒါန သင်တန်းများ ဖွင့်လှစ် ပို့ချနေကြောင်း သတင်း ရရှိသည်။ ” အဓိကတော့ လူငယ်တွေကို ကွန်ပျူတာနဲ့ အင်္ဂလိပ်စာသင်တန်းတွေကို အခမဲ့ပေးနေတာ ဖြစ်ပါတယ်။ အဓိကတော့ ဒေသအတွင်းက လူငယ်တွေ အသိပညာနယ်ပယ်မှာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရည်ရွယ်ပြီး လုပ်တာပါ” ဟု စာကြည့်တိုက် အ တွင်းရေးမှူး ကိုသိန်းဇော်က နိရဉ္စရာသို့ ပြောသည်။ သင်တန်းများကို မတ်လ ၂၈ ရက်နေ့မှ စတင်ခဲ့ပြီး ယခုအခါ ကျောင်းသား ကျောင်းသူများဖြင့် စည်ကားနေပြီ ဖြစ်ကြောင်း သိရသည်။ […]