AA နှင့် တပ်မတော်အကြား သဘောတူညီချက် လက်မှတ်ရေးထိုးမှု ဖြစ်လာနိုင်ဖွယ်ရှိဟု UPDJC အတွင်းရေးမှူးပြော

  စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ နိုဝင်ဘာ ၂၈ လာမည့် ဒီဇင်ဘာလ အကုန်တွင် ရက္ခိုင့်တပ်မတော် (AA) နှင့် တပ်မတော်တို့အကြား သဘောတူညီချက် လက်မှတ်ရေးထိုးမှုတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု UPDJC အတွင်းရေးမှူး ဦးလှမောင်ရွှေကပြောသည်။ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် နိုဝင်ဘာလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ တင်ပြဆွေးနွေးခြင်း စကားဝိုင်းဆွေးနွေးပွဲတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ “AA နဲ့ ကျနော်တို့ ပြောနေတဲ့အတွက် ဒီဇင်ဘာလကုန်လောက်မှာ ကျေညာချက်တွေ ထွက်ကောင်း ထွက်လာနိုင်ပါတယ်။ ကျနော်တော့ အာမမခံနိုင်ဘူး။ ထွက်လာနိုင်တယ်လို့ ပြောတာ။ ပီးရင်တော့ […]

AA စစ်ဦးစီးချုပ်ရုပ်ပုံဖြင့် မီးပုံးပျံလွတ်တင်ခဲ့သူ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ

  စိုးဇံအောင်(တောင်ကုတ်) နိရဉ္စရာ၊ နိုဝင်ဘာ ၂၆ ရက္ခိုင့်တပ်မတော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်မွေးနေ့တွင် ၄င်း၏ရုပ်ပုံဖြင့် မီးပုံပျံ လွတ်တင်ခဲ့သူကို ကျောက်ဖြူ မြို့နယ်တရားရုံးက နိုဝင်ဘာ ၂၆ ရက် (ယနေ့)တွင် ထောင်ဒဏ်၂ နှစ်ချမှတ်လိုက်သည်။ ၎င်းချမှတ်မှု အပေါ် တရားမျှတမှုမရှိသဖြင့် အထက်တရားရုံးများသို့ အယူခံ ဝင်မည်ဖြစ်ကြောင်း ၄င်းအမှုကို လိုက်ပါဆောင်ရွက်နေသည့် အထက်တန်းရှေ့နေ ဦးတင်မြင့်က နိရဉ္စရာသို့ ပြောသည်။ “ဒီကိစ္စက သူတို့ဆုံးဖြတ်ခဲ့တဲ့ ၁၇(၁)နဲ့ မငြိစွန်းဘူးလို့ ကျွန်တော်တို့မြင်တယ်။ အဲ့ဒီလောက်ထိ အပြစ်မပေး သင့်ဘူး။ ဒါပေမယ့် သူ့ပင်မတရားရုံးက ဆုံးဖြတ်ချက် ချပြီး အပြစ်ပေးတာတော့ ကျွန်တော်တို့ဘာမှ မတတ်နိုင်ဘူးလေ။ ဒါပေမယ့် အခုလို အပြစ်ပေးလိုက်တာသည် […]

AA ဗိုလ်လောင်း ၈ ဦးကျဆုံးခြင်း အထိမ်းအမှတ် တိုကျို၊ ရန်ကုန်နှင့် ကျောက်ဖြူတို့တွင် ကျင်းပ

  စိုးဇံအောင်(တောင်ကုတ်) နိရဉ္စရာ၊ နိုဝင်ဘာ  ၂၀ ရက္ခိုင့်တပ်မတော် (AA) မှ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ကျဆုံးခဲ့သည့် ဗိုလ်လောင်းများ အတွက် (၄)နှစ်မြောက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့၊ ရန်ကုန်နှင့် ကျောက်ဖြူမြို့ တို့တွင် ကျင်းပခဲ့ကြသည်ဟု သတင်းရရှိသည်။ ဂျပန် နိုင်ငံ၊ တိုကျိုမြို့ရှိ Takadanobaba,Recycle Centar (2) တွင် ကျင်းပသည့် အခမ်းအနားကို ရက္ခိုင်လူငယ်များအစည်းအရုံး-ဂျပန် (Arakan Youths Union-Japan)မှ ဦးဆောင်ပြီး  နိုဝင်ဘာ ၁၈ ရက် တနင်္ဂနွေနေ့က ကျင်းပခဲ့သည်။ အခမ်းအနားသို့ လူပေါင်း ၅၀ ခန့်တက်ရောက်ခဲ့သည်။ ရက္ခိုင်လူငယ်များအစည်းအရုံး-ဂျပန် ဒုဥက္ကဋ္ဌ မဖြိုးနန္ဒာနိုင်က”ကျွန်မတို့ […]

ရခိုင်ပြည်နယ်လွှတ်တော်က အဆိုနှစ်ရပ်ကို အတည်ပြု

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ သြဂုတ် ၅ ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့က တင်သွင်းခဲ့သော ကမ်းနီးကမ်းဝေး ငါးဖမ်းသင်္ဘောတွေကို စည်းကမ်းချက်အတိုင်း စိစစ်ရေးအဆိုနှင့် ဘင်္ဂလီကို နဂိုရှိရင်းစွဲ အတိုင်း ဘင်္ဂလီအဖြစ် ခေါ်ဝေါ်သုံးနှုန်းရေး  အဆိုနှစ်ရပ်လုံးကို ယနေ့ လွှတ်တော်တွင် ကန့်ကွက်သူမရှိအတည်ပြုလိုက်သည်ဟု သတင်းရရှိသည်။ ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ၎င်းအဆိုနှစ်ရပ်ကို လွှတ်တော် တတိယနေ့ သြဂုတ်လ ၅ ရက်နေ့တွင် ထောက်ခံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ကန့်ကွက်သူမရှိ အတည်ပြုလိုက်ခြင်းဖြစ်သည်ဟု နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။ “လွှတ်တော်အစည်းအဝေး ပထမနေ့က တင်သွင်းခဲ့တဲ့ အဆိုတွေဖြစ်တဲ့ ငါးဖမ်းလုပ်ငန်းနဲ့ပတ်သက်ပြီး ကမ်းနီးကမ်းဝေး ငါးဖမ်းသင်္ဘောတွေကို […]

ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလလယ်တွင် အမေရိကန်သို့ သွားမည်

နိရဉ္စရာ၊ ဇူလှိုင် ၂၉ အမေရိကန် သမ္မတ ဘာရက်အိုဘားမား၏ ဖိတ်ကြားချက်အရ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလလယ်ပိုင်းတွင် အမေရိကန်နိုင်သို့ လာရောက်မည် ဖြစ်ကြောင်း  အေပီ သတင်းတွင် ဖော်ပြသည်။ အိမ်ဖြူတော် လက်ထောက် လုံခြုံရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် Ben Rhodes က အမေရိကန် သမ္မတ ဘားရက် အိုဘားမား၏ ဒေါ်အောင်ဆန်းစုအား ဖိတ်ကြားစာအား လွန်ခဲ့သော အပတ်က ပေးအပ်ခဲ့ပြီး ၎င်းဖိတ်ကြားမှုအား နိုင်ငံခြားရေး ၀န်ကြီးလည်းဖြစ်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်း ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်က လက်ခံခဲ့သည်ဟု ပြောဆိုသည်။ အမေရိကန် သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံသို့ နှစ်ကြိမ် […]

၈၂ နိုင်ငံသားဥပဒေအရ လုပ်ငန်းအကောင်အထည်ဖော်နေမှုအခြေအနေ ANP သဘောထားအမြင် ရှင်းလင်း

ကောင်းမြတ်နိုင်(မောင်တော) နိရဉ္စရာ၊ဇူလိုင်လ ၂၄ ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ရခိုင်အမျိုးသား ပါတီ (ANP)၏ သဘောထား အမြင်ရှင်းလင်းပွဲ အခမ်းအနားတစ်ခုကို ဇူလှိုင်လ ၂၄ ရက် နေ့က  ရန်ကုန်မြို့၊ နတ်မောက်လမ်း၊ ကန်တော်ကြီး သဘာဝဥယျာဉ်ရှိ Dolphin Restaurant တွင် နေ့လယ် ၁၂ နာရီ ၃၀ မိနစ်မှ ညနေ ၄ နာရီထိ ပြုလုပ်ခဲ့သည်။ ” ကျွန်တော်တို့ ရခိုင် အနောက်ဘက်နယ်စပ်ဒေသတွေမှာ ရှေ့တန်းစစ်မျက်နှာပါ။ ကျွန်တော်တို့ ရခိုင်လူမျိုးဟာ အမျိုးသီလ၊ နှစ်ဌာနကို စောင့်စွမ်းနိုင်တဲ့လူမျိုးဖြစ်ပေမယ့် နယ်မြေလုံခြုံရေး၊  နိုင်ငံရဲ့ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးတို့ အတွက် ကျွန်တော်တို့ […]

အမေရိကန်သံအမတ်ကြီး ANP ပါတီ ခေါင်းဆောင်များနှင့် စစ်တွေတွင် တွေ့ဆုံ

နိရဉ္စရာ၊ ဇူလိုင် ၇   ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိနေသော အမေရိကန် သံအမတ်ကြီ့း  စကော့ မာစီရ်လိုသည် ဇူလှိုင်လ ၆ ရက် နေ့လယ်ပိုင်းက ရခိုင်အမျိုးသားပါတီ ဗဟိုဌာနချုပ်သို့ လာရောက်ပြီး ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်ဟု သတင်း ရရှိသည်။ “ တွေ့တဲ့အခါ သူက ရခိုင်လူထုရဲ့ အသံတွေ၊ သဘောထား ဆန္ဒတွေကို သိချင်လို့ ရခိုင်ကို လာရောက်တာ ဖြစ်တယ်လို့ ပြောပါတယ်။ ကျွန်မတို့နဲ့ တွေ့တဲ့အခါ NLD  အစိုးရနဲ့ ANP ပါတီရဲ့ ဆက်ဆံရေးကို မေးပါတယ်။ ANP ပါတီက ငါးနှစ် အတွင်းမှာ ဘာတွေ ဆက်လုပ်မလဲ၊ NLD […]

၂၁ ပင်လုံညီလာခံသည် ရခိုင်လူမျိုးတွေ အတွက် သမိုင်းမှာ အရေးပါတဲ့ ညီလာခံတစ်ခု ဖြစ်မည်ဟု ANP ဥက္ကဋ္ဌဆို

စံမောင်သန်း၊ ရန်ကုန် နိရဉ္စရာ၊ ဇူလိုင် ၂ သြဂုတ်လတွင် NLD အစိုးရမှ ဦးဆောင်ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်ရေး ညီလာခံ (သို့မဟုတ်) ၂၁ ရာစု ပင်လုံညီလာခံသည် ရခိုင်အမျိုးသားများ အတွက် သမိုင်းတွင် အရေးပါသည့် ညီလာခံတစ်ခု ဖြစ်မည်ဟု ANP ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ယနေ့တွင် နိရဉ္စရာသို့ ပြောသည်။ ၁၉၄၇ ခု ရှမ်းပြည်နယ် ပင်လုံညီလာခံတွင် ရခိုင်အမျိုးသားတို့ ပါဝင်ခွင့်မရရှိခဲ့၍ ယခု ညီလာခံသည် ရခိုင်တို့အတွက် အရေးကြီးသည့် ညီလာခံဖြစ်မည်ဟု ဆိုသည်။ “၁၉၄၇ ပင်လုံညီလာခံမှာတော့ ရခိုင်လူမျိုးတွေဟာ ရခိုင်အမျိုးသားတွေကို ကိုယ်စားပြုပြီး တက်ရောက်ခွင့် မရရှိခဲ့ကြဘူး။ လွတ်လပ်ရေးခေတ်ဦးက လွတ်လပ်ရေးကို […]

တောင်ကုတ်မြို့တွင် ANP ပါတီထောက်ခံကြောင်း ဆန္ဒဖော်ထုတ်

ရွှေရအောင်(တောင်ကုတ်) ရန်ကုန် ဧပြီ ၂၆ ရက် ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ANP ၏ ၁/၂၀၁၆ နှင့် ၂/၂၀၁၆ တို့ကိုထောက်ခံကြောင်း ဆန္ဒဖော်ထုတ် ပွဲကို ဧပြီလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့သည်။ ၎င်းထောက်ခံပွဲသို့ လူဦးရေ ၅၀၀ ကျော်ခန့် ပူးပေါင်း ပါဝင်ခဲ့ကြသည်ဟု ဦးဆောင်သူ တစ်ဦး ဖြစ်သူ ကိုစိုးသူရက ပြောသည်။ ”ကျွန်တော်တို့ ရခိုင်ပြည်နယ်အတိုင်းအတာရ ANP ပါတီဟာ အနိုင်ရပါတီတစ်ခု ဖြစ်ပါလျက်နဲ့ ဘာကြောင့် ပြည်နယ် အစိုးရဖွဲ့ခွင့် မရတာလဲ၊ ပြည်သူတွေရဲ့ ဆန္ဒကိုအလေးထားဖို့ ရခိုင်လူထုရဲ့ ဆန္ဒမပါဘဲ အာဏာရှင် သဘော လုပ်ဆောင်နေတာကိုမကြိုက်လို့ ဆန္ဒထုတ်ဖော်ရတာပါ၊ ပြည်နယ် ၀န်ကြီးချုပ်ဦးညီးပုကို […]

ရခိုင်တွင်ဖြစ်ပွားနေသည့် စစ်ပွဲများ အမြန်ဆုံးရပ်တန့်နိုင်ရေး ပြည်နယ်နှင့် ပြည်ထောင်စုအစိုးရ အမြန်ဆုံး ပူးပေါင်းဆောင်ရွက်ရန် ရခိုင်အမျိုးသားပါတီ တိုက်တွန်း

မာန်ယုကျော် (ရွှေဝမြေ) စစ်တွေ၊ ဧပြီ ၂၃ ရခိုင်ပြည်နယ်တွင်းဖြစ်ပွားနေသည့်စစ်ပွဲများ အမြန်ဆုံးရပ်တန့်နိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအနေဖြင့် ပြည်ထောင်စုအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုအမြန်ဆုံးလုပ်ဆောင်ရန်ဟူသည့်အချက်အပါအဝင် အချက်(၃)ချက်ကို ရခိုင်အမျိုးသားပါတီ(ANP)က ဧပြီလ ၂၃ ရက်နေ့တွင် ကြေညာချက် တစ်စောင် ထုတ်ပြန် တိုက်တွန်းလိုက်သည်။ “အစိုးရတိုင်းဟာ အမျိုးသားရင်ကြားစေ့ရေး၊ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးမှုရှိရေးဆိုပြီးတော့ ကြွေးကြော် နေကြတယ်။ အခု ရခိုင်မှာဖြစ်နေတဲ့တိုက်ပွဲတွေကြောင့် ဘယ်နည်းနဲ့မှ အမျိုးသားရင်ကြားမစေ့နိုင်ဘူး။ အပြစ်မဲ့ပြည်သူတွေလည်း အမျိုးမျိုး ဒုက္ခခံနေရကြတယ်။ စစ်တွေမြို့ကြီးမှာတောင် ပေါ်တာ ဆွဲမယ်ဆိုတဲ့ သတင်းကြောင့် လုံခြုံမှုမရှိဖြစ်နေရတယ်။ ဒါဟာ တရားဥပဒေစိုးမိုးမှုမရှိလို့ဖြစ်ရတာ။ နောက်ပြီး တိုက်ပွဲတွေကြောင့် တောတောင်ကျေးလက်ရွာတွေက ရှောင်ပြေးလာတဲ့ အပြစ်မဲ့ပြည်သူတွေကို ဘယ်သူတွေက တာဝန် ယူမလဲ။ အဓိကတော့ ပြည်နယ်အစိုးရအနေနဲ့ တာဝန်ရှိတယ်။ […]