ဘူးသီးတောင်တွင် ဗုံးနှစ်လုံးပေါက်ကွဲ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ယနေ့ အောက်တိုဘာ ၃၁ ရက်နေ့ ညဥ့် ၉ နာရီခန့်က ဗုံး နှစ်လုံး ပေါက်ကွဲခဲ့သည်ဟု သိရသည်။   “ ဗုံးပေါက်တာက ညဥ့် ၉ နာရီ ၁၅ မိနစ်မှာ ဖြစ်ပါတယ်။ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ရိပ်သာရှေ့မှာ ပေါက်တာ ဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာ ရတာတွေမရှိပါဘူး” ဟု ဘူးသီးတောင်မြို့မှ အရပ်ဘက် အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးကိုကိုအောင်က ပြောသည်။ ယင်းဗုံးများမှာ လက်လုပ် အမျိုးအစား ဖြစ်ပုံရပြီး ဗုံးပေါက်ကွဲသောနေရာမှ လက်ကိုင်မိုဘိုင်းဖုန်းတစ်လုံ၊ စက်ဘီး ဘာေးစ့များနှင့် ပုလင်းကွဲများကိုတွေ့ရသည်ဟု သူက ဆိုသည်။ ဘူးသီးတောင်မြို့တွင် မီးပေးဝေနေသော မီးစက်ကြီး […]

(သီရိလင်္ကာစစ်ဦးစီးချုပ် ဘုန်းကြီးကျောင်းများ မီးရှို့ခံခဲ့ရသော ရာမူးမြို့သို့ သွားရောက်လည်ပတ်)

သီရိလင်္ကာနိုင်ငံ စစ်ဦးစီးချုပ် Lt.Gen.Ratnayake သည် ဘုန်းကြီးကျောင်း အများအပြား မီးရှို့ခံရသော ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘာဇားခရိုင် ပန်းဝါခေါ် ရာမူးမြို့သို့ သွားရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။ သီရိလင်္ကာ စစ်ဦးစီးချုပ်မှာ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ စစ်ဘက်အဆင့်မြင့် အရာရှိများနှင့်အတူ အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီကျော်က ပန်းဝါမြို့သို့ ရဟတ်ယဉ်နှင့် ရောက်ရှိလာခြင်း ဖြစ်သည်။ သီရိလင်္ကလာ စစ်ဦးစီးချုပ် ပန်းဝါမြို့ခရီးစဉ်မှာ ၁ နာရီကျော်ကြာမြင့်ပြီး ပန်းဝါမြို့ရှိ ဗုဒ္ဓဘာသာ ဘုန်း တော်ကြီးတချို့ကို သွားရောက်လည်ပတ်ခဲ့သည်။ ရာမူမြို့သည် ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် ရှေးဟောင်း သမိုင်းဝင် ဗုဒ္ဓဘာသာ အဆောက်အဦး အများဆုံး တည်ရှိသော နေရာဖြစ်သည်။ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ […]

( ခိုးဝင်လာတဲ့ တူရကီနိုင်ငံသား ၅ ဦး ရှမ်းပြည်နယ်တွင်ဖမ်းမိ)

တရုတ်နိုင်ငံ ရွှေလီမှ တဆင့် ရှမ်းပြည်နယ် တာချီလိတ်ကို ဆိုင်ကယ် ကယ်ရီသမားများနှင့် အတူ ခိုးဝင်လာသော တူရကီနိုင်ငံသား (၅) ဦးကို ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ အောက်တိုဘာလ ၁၆ ရက်နေ့က နံနက်က ဖမ်းမိခဲ့ကြောင်း The Voice Weekly သတင်း ဖေါ်ပြထားသည်။ ၎င်းတူရကီ နိုင်ငံသား (၅) ဦးသည် ရွှေလီမြို့တွင်နေထိုင်သူ ဆိုင်ကယ်ကယ်ရီ ခေါင်းဆောင် မြင့်နိုင်(ခေါ်) နူဒူး ဦးဆောင်သော ဆိုင်ကယ်ကယ်ရီ ငါးစီးနှင့် အတူ အောက်တိုဘာလ ၁၁ ရက်နေ့က စတင် ၀င်ရောက် လာခဲ့သည်ဟု ဆိုသည်။ တူရကီနိုင်ငံသား ငါးဦးကို တရုတ်နိုင်ငံ ရွှေလီကနေ တာချီလိတ်ကို […]

(သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် ထောင်ဒဏ် ၁၃နှစ် ချမှတ်ခံရ)

နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးက သာသနာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်အား ထောင် ၁၃ နှစ် ချမှတ်လိုက်သည်ဟု သိရသည်။ ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု ပုဒ်မ ၄၀၉ နှင့် ထောင် ၃နှစ်၊ အစိုးရကို အကြည်အငြိုပျက်စေမှု ပုဒ်မ ၁၂၄(က) ဖြင့် ထောင်ဒဏ် ၁၀နှစ်နှင့် ငွေဒဏ် ၁သိန်း သီးခြားစီ ကျခံစေရန် ယနေ့ (အောက်တိုဘာ ၁၇ရက်) နံနက်ပိုင်းက အမိန့်ချမှတ်လိုက်သည်ဟု သိရသည်။ ပုဒ်မ ၁၂၄(က)အတွက် ချမှတ်သည့် ငွေဒဏ် ၁သိန်းအား မထမ်းဆောင်ပါက ထောင်ဒဏ် ၁နှစ် ထပ်တိုး ချမှတ်ခံရမည်ဖြစ်သည်။ ယခုနှစ် ဇွန်လ ၁၉ ရက်က သာသနာရေးဝန်ကြီးဟောင်းဦးဆန်းဆင့်အား ငွေကျပ်သိန်း […]

(ဘင်္ဂလာဒေခ်ျ့- မြန်မာနယ်စပ်မှ လှေစီးသူ ၅၃ ဦး ထိုင်းက ဖမ်းဆီး)

မလေးရှားကို ဦးတည်သွားကြသူတွေလို့ ယူဆရတဲ့ မြန်မာ- ဘင်္ဂလာဒေခ်ျ့ နယ်စပ်က လှေနဲ့ ထွက်ခွာလာသူ ဘင်္ဂလီ လူမျိုး ၅၃ ဦးကို ထိုင်းအာဏာပိုင်တွေက အောက်တိုဘာ ၁၁ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။ သူတို့နဲ့ အတူ လူမှောင်ခိုသမားလို့ ယူဆရသူ (၂) ဦးကိုလည်း ဖမ်းဆီးလိုက်တယ်လို့ ဘင်္ဂလာဒေခ်ျ့က သတင်းစာတွေမှာ ဖေါ်ပြကြပါတယ်။ သူတို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ပန်င ခရိုင် Takua Pa ခရိုင်က ရာဘာ စိုက်ခင်းတစ်ခုမှာ ဖမ်းမိတာ ဖြစ်တယ်လို့ ဆိုပါတယ်။

(စစ်တွေထောင်ထဲမှ ၆၈ ဦးလွတ်)

အောက်တိုဘာလ ၇ ရက်နေ့က ပြုလုပ်သော သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်တွင် စစ်တွေထောင်မှ အကျဉ်းသား စုစုပေါင်း ၆၈ ဦးလွတ်မြောက်လာခဲ့သည်ဟု သိသည်။ ယင်းအထဲတွက် လွတ်မြောက်လာသူ ဘင်္ဂလီ လူမျိုး ထောင်သား အရေအတွက်မှာ ၃၆ ဦးရှိပြီး ယင်းအထဲတွင် နာမည်ကြီး မူဆလင် ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးကျော်မြင့်နှင့် ဦးကျော်လှအောင် တို့ပါဝင်သည်။ လွတ်မြောက်လာသူများအထဲတွင် ရခိုင်ထောင်သား ၃၂ ဦးပါဝင်ကြောင်း သိရသည်။

(အီဘိုလာရောဂါကြောင့် သေဆုံးသူ ၄၀၀၀ ကျော်သွားပြီ)

အီဘိုလာရောဂါကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးသူ ၄၀၀၀ ကျော် ရှိသွားပြီဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများအနေဖြင့် အီဘိုလာရောဂါဆိုးကို ၀ိုင်းဝန်းကာကွယ်ကြရန် လိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က ကျေညာသည်။ အောက်တိုဘာလ ၈ ရက်နေ့ထိ သေဆုံးသူ ၄၀၃၃ ဦး ရှိသွားပြီ ဖြစ်ကြောင်း၊  နိုင်ငံ (၇) ခုတွင် ရောဂါ ဖြစ်ပွားနေကြောင်း မှတ်ပုံတင်ထားသူ အရေအတွက် စုစုပေါင်း ၈၃၉၉ ဦးရှိကြောင်း WHO ကဆိုသည်။ ယင်းရောဂါကို တိုက်ဖျက်ရန် အတွက် အမေရိကန် ဒေါ်လာ တစ်ဘီလျံ (ယူရို သန်း ၈၀၀) ထိ လိုအပ်မည်ဟု ဆိုသည်။ အီဘိုလာ ရောဂါကြောင့် အမေရိကန်နိုင်ငံတွင် […]

(ကွင်းဆက်များ ဖေါ်ထုတ်ရာမှ RSO အဖွဲ့ဝင် (၂) ဦးထပ်မံ ဖမ်းဆီး)

နယ်ခြားစောင့်တပ်ဖွဲ့မှ ဖမ်းဆီးမိထားသော ယာဆိမ်းအာရ်ဖာအား စစ်ဆေးချက်အရ ကွင်းဆက်များကို လိုက်လံ ဖေါ်ထုတ်နေရာ နောက်ထပ် အာရ်အက်စ်အို အဖွဲ့ဝင် (၂) ဦးကို ထပ်မံ ဖမ်းဆီးရမိသည်ဟု သိရသည်။ ၎င်းဖမ်းဆီးမိသူ (၂) ဦးမှာ မောင်တောမြို့နယ် သစ်တုံးနားခွဆုံမှ မူဟာမတ်အီဒရစ်နှင့် နုရ်အာမောက်တို့ဖြစ်ကြောင်း သိရသည်။ သူတို့ နှစ်ဦးအား စက်တင်ဘာလ ၂၈ ရက်နေ့က ဖမ်းဆီးမိခဲ့သည်ဟု Democracy Today တွင် အောက်တိုဘာလ (၁) ရက်နေ့က ဖေါ်ပြသည်။

(ဧည့်နိုင်ငံသား၊နိုင်ငံသားပြုခွင့်ရသူ၊ ၀ိုက်ကတ်ကိုင်ဆောင်သူများ နိုင်ငံရေးပါတီ ထူထောင်ခွင့် ရရှိတော့မည်မဟုတ်)

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေအား စက်တင်ဘာလ ၃၀ ရက်နေ့စွဲဖြင့် သမ္မတ ဦးသိန်းစိန်က လက်မှတ်ရေးထိုးပြဌာန်းလိုက်သဖြင့် ယခင် နိုင်ငံရေးပါတီ တည်ထောင်ခွင့်ရခဲ့ကြသည့် ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင် ထားသူများအနေဖြင့်  နိုင်ငံရေးပါတီ ထူထောင်ခွင့် ရရှိမည်မဟုတ်ဟု သိရသည်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ပါတီတည်ထောင်လိုသူများ၏ အရည်အချင်းနှင့် သက်ဆိုင်သည့် ပုဒ်မ (၄)၊ ပုဒ်မခွဲ(က) တွင်ပါရှိသော “ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်ထားသူ ဖြစ်ခြင်း” ဆိုသည့် စကားရပ်ကို “ နိုင်ငံသားဖြစ်ခြင်း” ဆိုသည့် စကားရပ်ဖြင့် အစားထိုးခဲ့သည်။ သို့အတွက် […]

ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ မြန်မာ့ ရေကြောင်း ရဲတပ်ဖွဲ့တွေ တိုးချဲ့ချထားတော့မည်ဟုဆို

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုး တက်ရေးအတွက် မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် နယ်စပ် တစ်လျှောက်မှာ ရေကြောင်းရဲတပ်ဖွဲ့တွေ တိုးချဲ့ ဖွဲ့စည်းသွားမှာဖြစ်ကြောင်း ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည်ဖော်ရေးဗဟိုကော်မတီ အတွင်းရေးမှူး နယ်စပ် ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်တင်အောင်ချစ်က အောက်တိုဘာ (၁) ရက်နေ့ က  ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဘက်စုံမဟာဗျူဟာစီမံကိန်းနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ သူက “နတ်မြစ်ကြောင်းနဲ့ မြစ်ကြောင်းများလုံခြုံရေးအတွက် တပ်မတော်ရေမှ လိုအပ် သလို ကင်းလှည့်နိုင်ရေး အတွက် ဘင်္ဂလားဒေ့ရှ်နဲ့ ကြိုတင်ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကျောက်ဖြူ၊ စစ်တွေနဲ့ သံတွဲမြို့၊ဘူးသီးတောင်မြို့၊ ကုလားတန်မြစ်ကြောင်းကိုအခြေပြုပြီး ရေကြောင်းရဲတပ်ဖွဲ့များဖွဲ့စည်းသွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် “ […]