လူမှုရေးသမား ကိုအမ်းသားကြီး ရခိုင်အမျိုးသား စွမ်းဆောင်ရည်ဆု ချီးမြှင့်ခံရ

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ မတ် ၁၃ ၄ လကြာ စစ်တွေထောင်ထဲတွင် ထိန်းသိမ်းခံခဲ့ရပြီး များမကြာမီက လွတ်မြောက်လာသူ လူမှုရေး သမား သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့ ဥက္ကဋ္ဌ ကိုအမ်းသားကြီကို အမေရိကန်နိုင်ငံ ရခိုင် လူမှုအဖွဲ့အစည်းမှ ရခိုင်အမျိုးသား စွမ်းဆောင်ရည်ဆု ချီးမြှင့်လိုက်သည်။ ၎င်းဆုချီးမြှင့်ပွဲ အခမ်းအနားကို စစ်တွေမြို့ ရွှေကရုဏာ ခန်းမတွင် ယနေ့ နေ့လယ်ပိုင်တွင် ကျင်း ပြုလုပ်ခဲ့ပြီး ဆရာတော်နှစ်ပါး၊ ရခိုင်သမိုင်းသုတေသီ ဆရာကြီးမောင်ဗသိန်း ၊ ရခိုင်လူမှု အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီမှ ခေါင်းဆောင်များ အပါအ၀င် လူ ၁၀၀ ခန့် တက်ရောက်ခဲ့သည်။ “ဒီလိုဆု ရရှိလိမ့်မယ်လို့ ဘ၀မှာ တစ်ခါမှ မမျှော်လင့်မိခဲ့ပါဘူး။ […]

ဒေါက်တာအေးမောင်အားပါတီမှ နုတ်ထွက်ခွင့်ပြု/ မပြု ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးမှ ဆုံးဖြတ်မည်

မာန်ယုကျော် (ရွှေဝမြေ) စစ်တွေ၊ နိုဝင်ဘာ ၂၈ ရခိုင်အမျိုးသားပါတီ ( ANP) မှ ဒေါက်တာအေးမောင်အား နုတ်ထွက်ခွင့်တင်သော်လည်း နုတ်ထွက်ခွင့် ပြုသင့်/မပြုသင့် ဆိုသည်ကို ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးကျင်းပပြီး ဆုံးဖြတ် သွားမည်ဖြစ်ကြောင်း ပါတီတာဝန်ရှိသူတချို့က နိရဉ္စရာသို့ ပြောဆိုသည်။ “ ပါတီ ဥက္ကဋ္ဌ တစ်ယောက်နုတ်ထွက်စာတင်တယ်ဆိုတော့ ဒီအပေါ်မှာ ပါတီ ဗဟို အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကို ခေါ်ယူပြီး ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ လိုအပ်ရင် ဗဟိုကော်မတီ အစည်းအဝေး ခေါ်သင့်ရင်လည်း ခေါ်ရမှာ ဖြစ်ပါတယ်” ဟု ANP ပါတီ အတွင်းရေးမှူး(၁) ဦးသာထွန်းလှက ပြောသည်။ ဗဟိုအလုပ်အမှုဆောင် ကော်မတီ […]

သံတမန်များနှင့် တွေ့ဆုံသည့် လူအုပ်ထဲမှ အကြမ်းဖက်သမား သုံးဦးအား ဖမ်းမိခဲ့သော်လည်း သံတမန်များလိုလားဟန်မရှိ၍ ချက်ချင်း ပြန်လွတ်ပေးခဲ့ရ

နိရဉ္စရာ၊ နိုဝင်ဘာ ၃ နိုဝင်ဘာ ၂ ရက် နေ့က သံတမန်များအား တွေ့ဆုံသည့် ဘင်္ဂလီကျေးရွာသားများအထဲတွင် အကြမ်းဖက်သမား ၃ ဦးပါဝင်သဖြင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သော်လည်း သံတမန်များရှေ့တွင်ပင် ဖမ်းဆီးပြီးမှ ချက်ချင်း ပြန်လွတ်ပေးခဲ့ရသည်ဟု သိရသည်။ ယနေ့ထုတ် Daily Eleven သတင်းစာတွင်လည်း သံတမန်များအား လာရောက်တွေ့ဆုံသည့် ဘင်္ဂလီလူအုပ်ထဲတွင် အကြမ်းဖက် သမား သုံးဦးပါဝင်သဖြင့် ဖမ်းဆီးခဲ့သော်လည်း ယင်းသံတမန် များရှေ့မှာပင် ပြန်လွတ်ပေးခဲ့ကြောင်း “ သံတမန် ၁၀ ဦး မောင်တောသို့ ကွင်းဆင်းလေ့လာ သတင်း” တွင် ဖော်ပြထားသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ယင်းနေရာတွင် သတင်းရယူရန် ရောက်ရှိနေခဲ့သူ သတင်းထောက် […]

AA မှ ဖမ်းဆီးခံထားရသော ထွန်းထွန်းနိုင်ကိစ္စ မိသားစုများက ပြည်နယ်အာဏာပိုင်များနှင့် တွေ့ဆုံ

နိရဉ္စရာ၊ စက်တင်ဘာ ၂၇ ရက္ခိုင့်တပ်မတော် AA မှ လက်နက်ခဲယမ်းမီးကျောက်များနှင့်အတူ ဖမ်းဆီးခံထားရသည့် ကိုထွန်းထွန်းနိုင်နှင့် တွေ့ဆုံခွင့်ရရန် မိသားစုများက ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နှင့်လည်းကောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး နှင့်လည်းကောင်း သီးခြားစီ တွေ့ဆုံပြီး တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။ စက်တင်ဘာလ ၂၅ ရက်နေ့က ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့်လည်းကောင်း၊ စက်တင်ဘာလ ၂၆ ရက်နေ့က ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနှင့်လည်းကောင်း တွေ့ဆုံပြီး မိသားစုများက တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း မြောက်ဦးမြို့ မြတန်ဆောင်းဆရာတော်က နိရဉ္စရာသို့ မိန့်ကြားသည်။ “ မနေ့က နယ်လုံ ၀န်ကြီး ဗိုလ်မှူးကြီး […]

မြန်မာနိုင်ငံတွင် အမျိုးသားလိင်တူဆက်ဆံခြင်းမှရရှိသော HIV သည် အခြား ဝန်းကျင်မှရရှိသည်ထက် ၁၃ ဆခန့် ပိုမိုမြင့်မား

(နိရဉ္စရာ-  ၁ ဒီဇင်ဘာ ၂၀၁၄) / တင့်ဆွေမောင် ၂၀၁၂ခုနှစ် အကုန်တွင် ရရှိသော စာရင်းဇယားများအရ ကမ္ဘာတဝန်းလူပေါင်း ၃၅.၃သန်းသည်HIV နှင့် အတူ နေထိုင်ကြသူများဖြစ်ရာ မြန်မာနိုင်ငံသည် အရှေ့ တောင် အာရှတွင် HIV ကူးစက်မှု ဒဏ်ကို အပြင်းထန်ဆုံး ခံစားနေရသောနိုင်ငံဖြစ်သည်ဟု UN လက်အောက်ခံ UN AIDS Program (အမျိုးသားခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး စီမံချက်) ထုတ်ပြန်ချက်အရ သိရသည်။ HIV ကူးစက်ပြန်ပွားရာ ဦးတည် အုပ်စုသုံးခုဖြစ်သော အမျိုးသားခြင်းလိင်ဆက်ဆံမှု Men who has sex with men (MSM) ၊ မူးယစ်ဆေးဝါးထိုးသွင်းသူများ၊ […]

ရက္ခိုင့်တပ်မတော် စစ်ရုံးချုပ် ၁၃၇၆-ခုနှစ်၊ တန်ဆောင်မုန်းလကွယ်နေ့ (၂၀၁၄-ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်) သဘောထားထုတ်ပြန်ကြေငြာချက်

အလိုတော်ပြည့်အခမဲ့ဆေးကုသမည့်အစီအစဉ်အသိပေးခြင်း။

ပြည်တွင်း ပြည်ပ သာသနာပြု အလိုတော်ပြည့်ဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တအရိယ၀ံသ၏ သြ၀ါဒအရ ဒေါက်တာ ဦးစောမြအောင် မိသားစု နှင့် ရခိုင်အမျိုးသားလူမူကယ်ဆယ်ရေး အဖွဲ့(ရန်ကုန်) တို့မှ ဦးဆောင်ပြီး နိုင်ငံတကာမှ Rotary အဖွဲ့ဝင်များနှင့် မိတ်ဆွေများ မှ ၃၁.၁၂.၂၀၁၄ မှ ၁.၁.၂၀၁၅ ထိ မြောက်ဦးမြို့ – မြောက်ဦးဟိုတယ်တွင်၎င်း (၄.၁.၂၀၁၅) နေ့တွင် စစ်တွေမြို့ အလိုတော်ပြည့်ကျောင်း တိုက်တွင် ၄င်းဆင်းရဲနွမ်းပါးသော မိဘပြည်သူများအား ဇီဝိတဒါနအခမဲ့ဆေးကုသပေးမည်ဖြစ်ပါသဖြင့် သက်ဆိုင်ရာမြို့နယ်များရှိ အလိုတော်ပြည့်ကျောင်းတိုက်တာဝန်ခံဆရာတော်များထံအချိန်မီစာရင်းပေးသွင်းကြပါရန်အသိပေးနိုးဆော်အပ်ပါသည်။ ဆက်သွယ်ရန်ဖုန်း။ 095014500 / 09421711199 / 09421720469

မြောက်ဦးမြို့နယ် နတ်ချောင်းကျေးရွာတွင် ကျောင်းထွက်လက်မှတ်အတွက် ငွေကောက်ဟုဆို

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် နတ်ချောင်းကျေးရွာကို ယခု (၇) ရက်နေ့က မူလကျွန်းကျောင်းအဖြစ် အစိုးရမှ တိုးမြှင့် သတ်မှတ်လိုက်သည်ဟု သိရသည်။ ထိုသို့ တိုးမြှင့်ရာတွင် မူလွန်ကျောင်းတွင် တက်ရောက် ပညာသင်ကြားရေး အတွက် ၄ တန်းအောင်လက်မှတ် အတွက်ဟု ဆိုကာ ကျောင်းအုပ်ဆရာကြီးက ကျောင်းသား တစ်ဦးလျှင် ကျပ် (၃၀၀၀) တောင်းခံကြောင်း ကျောင်းသား မိဘ တစ်ဦးက ပြောသည်။ ၎င်းကောက်ခံငွေမှာ ကျောင်းပြင်ဆင် စရိတ်အတွက် မဟုတ်ဘဲ သက်သက် ကောက်ခံခြင်း ဖြစ်ကြောင်း ယင်းက ပြောကြားသည်။

(မလေးရှားတွင် ဦးအေးသာအောင်နဲ့ ဒေါက်တာအေးမောင်ကို လုပ်ကြံဖို့ကြိုးစား)

မလေးရှားနိုင်ငံကို ခေတ္တ ရောက်ရှိနေကြတဲ့ ရခိုင်အမျိုးသား ခေါင်းဆောင် (၂) ဦးဖြစ်တဲ့ ဦးအေးသာအောင်နဲ့ ဒေါက်တာ အေးမောင်တို့ကို ဒီကနေ့ လုပ်ကြံဖို့  ကြိုးစားခဲ့ကြတယ်လို့ သက်ဆိုင်ရာ ပါတီ တာဝန်ရှိသူတွေက တဆင့် သိရပါတယ်။ လုပ်ကြံသူတွေဟာ ဆိုင်ကယ်တစ်စီးနဲ့ ကားတစ်စီးပေါ်ကနေ ကားနဲ့ သွားနေတဲ့ ခေါင်းဆောင် (၂) ဦးကို သေနတ်နဲ့ ၂ ချက်ပစ်ပြီး ထွက်ပြေးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။ ခုလို လုပ်ကြံပေမယ့် ခေါင်းဆောင် (၂) ဦးမှာတော့ တစ်စုံတစ်ရာထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်း မရှိဘဲ အသက်ဘေက လွှတ်မြောက်ခဲ့ကြတယ်လို့ သိရပါတယ်။