Advertising
English News

CRR မှ ထူထောင်ပေးထားသည့် အိမ်ထောင်စု ၁၂၉ စု ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ပြီဟုဆို

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ မေ ၁၆

32679811_1924637510881650_1408311431236943872_n

အနောက်ဘက်နယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည်ထောင်ရေး အထောက်အကူပြု ကော်မတီ CRR မှ ထူထောင်ပေးထားသော ရသေ့တောင်မြို့နယ် ကိုးတန်ကောက် နှင့် မောင်တောမြို့နယ် တောင်ပိုင်း အင်းဒင်ရှိ စခန်း ၃ ခုတွင် နေရာချပေးထားသည့် မိသားစု ၁၂၉ စုတို့သည် လက်ရှိ အချိန်တွင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

CRR မှ ရသေ့တောင်မြို့နယ် ကိုးတန်ကောက်တွင် ၂ နေရာ၊ မောင်တောတောင်ပိုင်း အင်းဒင်တွင် ၁ နေရာ လူနေစခန်းများအဖြစ် ထူထောင်ပေးထားပြီး၊ အဆိုပါစခန်းများသို့ ရခိုင်ပြည်နယ် နေရာဒေသအသီးသီးမှ ပြောင်းရွှေ့နေထိုင်လာသူများသည် ဂဏန်းမြှုံးထောင်ခြင်းနှင့် ပုဇွန်သားပေါက် ဖမ်းခြင်းများကို လုပ်ကိုင်လျက် ရှိနေကြသည်ဟု သိရသည်။

32692541_1924637914214943_4955121421710786560_n

“လောလောဆယ် ကိုးတန်ကောက် ကုန်းအမှတ် (၁) ရှိတယ်၊ ကိုးတန်ကောက် ကုန်းအမှတ် (၂) နဲ့ အင်းဒင် ဆိုပြီး ၃ နေရာရှိပါတယ်။ အဲ့ဒီ ၃ နေရာက လူတွေရဲ့ စီးပွားရေးဟာ အခုအချိန်မှာ တည်ငြိမ်နေပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်လို့ ရသွားတဲ့ အနေအထားမှာ ရှိတယ်။ ရေလုပ်ငန်းမှာ ပုဇွန် သားပေါက် ဖမ်းတဲ့သူတွေက တစ်ခါ သွားဖမ်းရင် ၂၅၀၀၀-၃၀၀၀၀ ကျပ်အထိ ရရှိပြီးတော့၊ ဂဏန်းမြုံး ထောင်တဲ့သူတွေက ဒီရေ တစ်ဖြား (၁၅-ရက်) မှာ ၂ သိန်းကျပ်နဲ့ ၃ သိန်းကျပ်လောက်ထိ ရရှိနေကြပါတယ်”ဟု CRR ၏ အထွေထွေအတွင်းရေးမှူး ဦးသန်းထွန်းက နိရဉ္စရာ သတင်းဌာသို့ ပြောသည်။

CRR စခန်းတွင် နေထိုင်သူများသည် အဆိုပါရေလုပ်ငန်းများကို လုပ်ကိုင်ကြသည့်အပြင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်နိုင်ရန် CRR မှ စံပြစိုက်ခင်းများ ထူထောင်ပေးထားပြီး အဆိုပါစိုက်ခင်းများတွင် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးလျက်ရှိသည်ဟု ဆိုသည်။

32665329_1924637824214952_607208543434571776_n

“ကိုးတန်ကောက်မှာ ဟင်းသီးဟင်းရွက် စိုက်ပျိုးရတဲ့ ရည်ရွယ်ချက်တွေကတော့ အခြေချ နေထိုင် သူတွေ အနေနဲ့ ဟင်းသီးဟင်းရွက်တွေကို အခမဲ့ ဒါမှမဟုတ်ရင် တန်းဖိုးနည်းနည်းနဲ့ စားသုံး နိုင်ရေး၊ အဲ့ဒီနေရာမှာ နေထိုင်နေကြတဲ့သူတွေ အထူးသဖြင့် အမျိုးသမီးတွေ အနေနဲ့ စိုက်ခင်း တွေမှာ နေ့စား အလုပ်အကိုင် ရရှိရေးနဲ့ စိုက်ခင်းတွေက ပိုလျံတဲ့ ဟင်းသီးဟင်းရွက်တွေကို ရောင်းချရေးပဲ ဖြစ်ပါတယ်”ဟု ဦးသန်းထွန်းက ပြောသည်။

ယင်းအပြင် ရသေ့တောင်မြို့နယ် ချိန်ခလိန်နှင့် ကိုးတန်ကောက် ကျေးရွာနှင့် မောင်တောမြို့နယ် တောင်ပိုင်း အင်ဒင်ကျေးရွာရှိ တိုင်းရင်းသားလယ်သမားများ၏ လယ်ယာမြေများကို ကူညီ ထွန်ယက်ပေးနိုင်ရန် CRR မှ ထွန်စက်ကြီး ၂ လုံးကို ပို့ပေးထားပြီဖြစ်ကြောင်း သိရသည်။

“ချိန်ခလိန်၊ ကိုးတန်ကောက်၊ အင်းဒင်ကျေးရွာတွေမှာ နေထိုင်နေကြတဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ လယ်တွေကို အရင်တုန်းကတော့ ဘင်္ဂါလီတွေကို ငှားရမ်းပြီး ထွန်ယက်စိုက်ပျိုးကြပါတယ်။ အခုက သူတို့တွေလည်း အဲ့ဒီနေရာတွေမှာ မရှိတော့တဲ့အတွက် ထွန်ယက်ဖို့ အခက်အခဲတွေ ရှိလာနိုင် ပါတယ်။ အဲ့ဒီရခိုင်တိုင်းရင်းသား လယ်မြေတွေကို စက်မှုလယ်ယာတွေအဖြစ် ကူးပြောင်း နိုင်ရေး အတွက် ထွန်စက်ကြီးတွေကို ပို့ပေးထားခြင်းဖြစ်ပါတယ်”ဟု CRR အထွေထွေ အတွင်းရေးမှူးက ပြောသည်။

32384089_1924637740881627_6904514649668976640_n

CRR အနေဖြင့် ယခုနေရာချပေးထားသည့် နေရာများတွင် နေထိုင်သူများအား မိုးမကျမီ အခြေခိုင်အောင် လုပ်ပေးထားကာ စခန်းနေရာသစ်များ ထူထောင်ပေးခြင်း လုပ်ငန်းများကိုလည်း ဆက်လုပ်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဟု CRR အထွေထွေ အတွင်းရေးမှူး ဦးသန်းထွန်းက ပြောသည်။