Advertising
English News

iBanking သုံးသူများထံမှ အချက်အလက်ခိုးယူမှုဖြစ်ပွားနိုင်၍ သတိပြုကြရန် ကမ္ဘောဇဘဏ် တိုက်တွန်း

နိရဉ္စရာ၊ အောက်တိုဘာ ၁

42896629_2116958664982866_7814219930194149376_n

iBanking သုံးသူများထံမှ အချက်အလက်ခိုးယူမှုဖြစ်ပွားနေ၍ သတိပြုကြရန် ကမ္ဘောဇဘဏ်က တိုက်တွန်းကြေညာချက်တစ်ခုကို စက်တင်ဘာ ၂၅ ရက်က ထုတ်ပြန်ထားသည်။

ကမ္ဘောဇဘဏ်၏ Customer များသို့ Username / Password ထည့်သွင်း၍ Log In ၀င်ရောက်ရန် (လိမ်လည်ဖြားယောင်းခြင်း) နှိုးဆော်ချက်များအား မသမာသူများမှ Emailပို့ခြင်းများ ပြုလုပ်နေကြကြောင်းl မသမာသူများမှ iBanking အသုံးပြုသူများ၏ email address များကို Search engine နှင့် လူမှုကွန်ယက်များမှတဆင့် ရယူနိုင်ကြောင်း သိရသည်။

ယင်းကြောင့် ကမ္ဘောဇဘဏ်၏ iBanking စနစ်အသုံးပြုသူများအနေဖြင့် မိမိ၏ user name နှင့် password များအား Email မှတဆင့်ပေးပို့လာသည့် စာမျက်နှာများတွင် ဖြည့်စွက်ဖော်ပြခြင်းများ မပြုလုပ်ကြရန် ဘဏ်က သတိပေး နှိုးဆော်ထားသည်။

ကမ္ဘောဇဘဏ်သည် Customer များ၏ ကိုယ်ရေးအချက်အလက်များနှင့် လုံခြုံရေးအချက်အလက်များကို အစဉ်တန်ဖိုးထား လေးစားလျက်ရှိပြီး Customer များ၏ လုံခြုံမှုအတွက် မည်သည့်အခါတွင်မှ Username / Password များအား ဘဏ်မှ တောင်းခံခြင်းမပြုလုပ်ပါဟူ၍ ဘဏ်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

Customer များအနေဖြင့် မိမိ၏ Username Password များအား တစ်စုံတစ်ယောက်အား အသိပေးမိခြင်း၊ မျှဝေပေးမိခြင်းများ ရှိခဲ့သော် မိမိ၏ Account လုံခြုံရေးအတွက် User Name Password များအား အလျင်အမြန် ပြန်လည်ပြောင်းလဲခြင်းများ ပြုလုပ်ရန်လိုအပ်ကြောင်း သိရသည်။

Password ပြောင်းလဲရာအတွင် အခက်အခဲရှိပါက iBanking အသုံးပြုသူ Customer များအနေဖြင့် [email protected] သို့ ဆက်သွယ်၍ ယာယီ အကောင့်ပိတ်ခြင်းကို ဆောင်ရွက်နိုင်ကြောင်း သိရသည်။

iBanking System ဆိုသည်မှာ ဘဏ်သို့ လူကိုယ်တိုင်သွားရန်မလိုဘဲ အွန်လိုင်းမှတဆင့် ငွေလွှဲlငွေထုပ်ပြုလုပ်နိုင်သည့် စနစ်တစ်ရပ်ဖြစ်သည်။

ကမ္ဘောဇဘဏ် နည်းတူ ဧရာဝတီဘဏ်ကလည်း သတိပြုကြရန် နှိုးဆော်ထားကြောင်း သိရသည်။

(ဘဏ်မှ အချက်အလက်တောင်းခံသည့် အသွင်သဏ္ဍန်ဖြင့် ပေးပို့ထားသည့် အီးမေးလ်အတုတစ်စောင်)