ယနေ့ ရုံးထုတ်ရာတွင် ခိုင်နီမင်းဝတ်ထား ရခိုင်တံဆိပ်ပါ အကျီ င်္ကို ဆွဲချွတ်ရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ခိုင်နီမင်း ရိုက်နှက်ခံခဲ့ရဟုဆို

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ မေ ၂၂ မတရားအသင်းပုဒ်မ ၁၇ (၁) နှင့် ၁၇ (၂) တို့ဖြင့် မြောက်ဦးရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်း ခံထားရသည့် မြတန်ဆောင်း ဆရာတော်နှင့် ခိုင်နီမင်းတို့ကို ယနေ့ရုံးထုတ်ရာတွင် ခိုင်နီမင်း ၀တ်ထားသည့် ရခိုင်တံဆိပ်ပါ အင်္ကျီကို ရဲက ချွတ်ခိုင်းရာမှ မချွတ်သဖြင့် ရဲက ဆွဲချွတ်ရာတွင် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ခိုင်နီမင်းအား တာဝန်ကျ ရမှ ရိုက်နှက်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။ “အဲဒီလို ရိုက်နှက်ခံရတယ်ဆိုတဲ့အကြောင်းကို ခိုင်နီမင်းကိုယ်တိုင် ဖုန်းဆက်ပြီးတော့ ကျွန်မကို ပြောတာပါ။ ကျွန်မတို့က အခု တရားရုံးရှေ့ကို ရောက်ရှိနေပါတယ်။ ဖြစ်ပွားပုံကတော့ ရုံးထုတ်တဲ့အချိန်မှာ သူက ရခိုင်တံဆိပ်နဲ့ အင်္ကျီဝတ်ထားတာကို […]

“ တော်လှန်ရေးမှ အပ တစ်ခြားမရှိ” ခေါင်စဉ်ဖြင့်ဟောပြောသူ ကိုအမ်းသားကြီးကို တရားခံပြေးအဖြစ် အမှုဖွင့်

နိရဉ္စရာ၊ မေ ၆ သင်္ဂဟ ကမ်းလက်ရက္ခိတ လူမှုအဖွဲ့အစည်းကို တည်ထောင်သူ ကိုအမ်းသားကြီအား မြောက်ဦးစခန်းတွင် တရားခံပြေး အဖြစ် မြောက်ဦးမြို့ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။ ကိုအမ်းသားကြီးသည် မြတန်ဆောင်ဆရာတော်နှင့် ခိုင်နီမင်းတို့အား ဧပြီလ ၁၀ ရက်နေ့က ဖမ်းဆီးခံရပြီး နောက်တစ်ရက် ဧပြီ ၁၁ ရက်နေ့တွင် မြောက်ဦးမြို့ မြတန်ဆောင်း ကျောင်း၌ ပြုလုပ်သော စာပေ ဟောပြောပွဲတွင် “ တော်လှန်ရေးမှ အပ တစ်ခြားမရှိ” ခေါင်းစဉ် ဖြင့် တက်ရောက်ဟောပြောခဲ့သည်။ နိရဉ္စရာ သတင်းဌာနမှ ယနေ့ နေ့လယ် ၁၂ နာရီခန့်က အဆိုပါ ကိစ္စနှင့် ပိုမို သိရှိနိုင်ရန် မြောက်ဦးမြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ […]

မြတန်ဆောင်းဆရာတော်နှင့် ခိုင်နီမင်းအား ယနေ့ရုံးထုတ်ရာတွင် ပွင့်လင်းမြင်သာမှု မရှိဟုဆို

မဘုကေ စစ်တွေ၊ မေ ၂ ရခိုင်ပြည်နယ် မြောက်ဦးတွင် မတရားအသင်းနှင့်ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)/ ၁၇(၂) နှင့် ဖမ်းဆီးထားသည့် မြတန်ဆောင်းဆရာတော်နှင့် ခိုင်နီမင်း တို့အား မေလ ၂ ရက် ယနေ့တွင် ဒုတိယ အကြိမ်မြောက် ရုံးထုတ်စစ်ဆေးရာတွင် ပွင့်လင်းမြင်သာမှုမရှိဟု သဘာဝနဒီဆရာတော် က နိရဉ္စရာသို့ ပြောသည်။ “ မြတန်ဆောင်း ဆရာတော်နှင့် ခိုင်နီမင်းတို့အား ဒုတိယအကြိမ်မြောက် ရုံးထုတ်ရာတွင် ပွင့်လင်းမြင်သာမှု မရှိဘူး။ တရားရုံးခြံဝင်းထဲကိုတော့ ဝင်ရတယ်။ ဒါပေမယ့် တရားရုံးထဲကို နားထောင်ခွင့်မပေးဘူး။ မဝင်ရဘူး။ ရှေ့နေ ၂ ယောက်သာဝင်ခွင့်ရတယ်” ဟု သဘာဝနဒီ ဆရာတော် ကနိရဉ္စရာ သို့ ပြောသည်။ […]

မြောက်ဦး မြတန်ဆောင်ဆရာတော်ကို ဧပြီ ၂၄ ရက်နေ့ ရုံးတင်ရမန်ယူမည်

ရွှေရအောင်(တောင်ကုတ်) နိရဉ္စရာ၊ ဧပြီ ၁၈ ရက္ခိုင့်တပ်မတော် AA ဖလား ဘောလုံးပွဲ ကျင်းပမှုနှင့် ပတ်သက်ပြီး စစ်တွေထောင်တွင် ဖမ်းဆီးထိန်း သိမ်းခံထားရသည့် မြောက်ဦးမြို့ မြတန်ဆောင်း ဆရာတော်နှင့် ခိုင်နီမင်းတို့ကို လာမည့် ဧပြီလ ၂၄ ရက်နေ့တွင် ရုံးတင်ပြီး ရမန်ယူမည်ဖြစ်ကြောင်း စစ်တွေ အမှတ်(၁) ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက နိရဉ္စရာသို့ ပြောသည်။ သို့သော် မည်သည့် မြို့နယ် တရားရုံးတွင် ရုံးတင်ပြီး ရမန်ယူမည်ကို မသိရှိရသေးကြောင်း သူက ဆက်လက် ပြောကြားသည်။ မြောက်ဦးမြို့ မြတန်ဆောင်း ဆရာတော်နှင့် ခိုင်နီမင်းတို့ကို (၈) နှစ်မြောက် ရက္ခိုင့်တပ်မတော် အေအေ ဖွဲ့စည်းထူထောင်မှု အထိမ်းအမှတ်အဖြစ် AA […]

ရက္ခိုင့်တပ်မတော် (၈) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် ဘော်လုံးပွဲ ဦးဆောင်ကျင်းပသည့် မြတန်ဆောင်း ဆရာတော်နှင့် လူပုဂ္ဂိုလ်

ရွှေရအောင်(တောင်ကုတ်) နိရဉ္စရာ၊ ဧပြီ ၁၀ ရက္ခိုင့်တပ်မတော် အေအေ (၈) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ် မြောက်ဦးမြို့တွင် AA Cup (အေအေ ဖလား) ဘောလုံးပွဲကို ဦးဆောင် ကျင်းပသည့် မြတန်ဆောင်း ဆရာတော်နှင့် ဦးခိုင်နီမင်းတို့ နှစ်ဦးအား ရဲက ယနေ့ ဖမ်းဆီးပြီး စစ်တွေထောင်သို့ ပို့ဆောင်လိုက်သည်ဟု သတင်းရရှိသည်။ သူတို့ နှစ်ဦးအား မတရားအသင်းနှင့် ဆက်သွယ်သည့် ပုဒ်မ ၁၇ (၁) နှင့် ၁၇ (၂) တို့ ဖြင့် မြောက်ဦးမြို့ ၅၄၀ တပ်ရင်းမှ တရားစွဲဆိုထားကြောင်း ဒုရဲမှူးဦးသန်းဖေက နိရဉ္စရာသို့ အတည်ပြုပြောဆိုသည်။ “ မြောက်ဦး စစ်တပ် […]