AA မှ ဖမ်းဆီးထားသည့် တပ်မတော်သား သုံးဦး လွဲပြောင်းရေး ကိစ္စ ICRC က ကူညီရန်

နိရဉ္စရာ၊ မေ ၂၅ နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC (မြန်မာ) အနေဖြင့် ရက္ခိုင့်တပ်တော် (AA) မှ ဖမ်းဆီး ထားသည့် တပ်မတော်သား သုံးဦးလွဲပြောင်းရေး ကိစ္စကို ကူညီရန် အဆင်သင့်ရှိကြောင်း ယနေ့ ကြေညာချက်ထုတ်ပြန်သည်။ ဖမ်းဆီးထားသော မြန်မာတပ်မတော်သား သုံးဦးအား ပြန်လည် လွဲပြောင်းပေးရန် အတွက် ရက္ခိုင့်တပ်မတော်မှ ICRC နှင့် ဆွေးလိုရန် ဆန္ဒရှိသည်ဟု သိရှိရကြောင်း၊ ICRC အနေဖြင့် နှစ်ဖက် အဖွဲ့အစည်းအနေဖြင့် အကူအညီတောင်းခံလာပါက နိုင်ငံရေးမသက်ဆိုင်ဘဲ ကြားနေ ဆက်သွယ်ဆောင်ရွက်ပေးရန် အဆင်သင့်ရှိကြောင်း ကြေညာချက်ထဲတွင် ဖော်ပြထားသည်။ ၎င်းတပ်မတော်သား ၃ ဦးမှာ ဘူးသီးတောင် ဘူသီးတောင် အခြေစိုက် စကခ (၁၅) […]

ခိုင်မျိုးထွန်း စစ်တွေအကျဉ်းထောင်မှ ယနေ့လွတ်ပြီ

နောင်ခိုင်အောင် ဖေဖော်ဝါရီ ၂၂ စစ်တွေထောင်ထဲတွင် ၁ နှစ် ၃ လ အထိ ဖမ်းဆီးထိန်းသိမ်းထားခြင်းကို ခံခဲ့ရသူ ကိုခိုင်မျိုးထွန်းသည် ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် လွတ်မြောက်လာခဲ့ပြီ ဖြစ်သည်။ ကိုခိုင်မျိုးထွန်းသည် လွန်ခဲ့သည့် ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က စစ်တွေတရားရုံးမှ နိုင်ငံတော်ကို အကြည်အညိုပျက်စေသည်ဟုဆိုကာ ရာဇသတ်ကြီးပုဒ်မ ၅ဝ၅(ခ)/၅ဝ၅(ဂ)တို့အရ ထောင်ဒဏ် ၁ နှစ် ခွဲ ချမှတ်ခံခဲ့ရသည်။ ၂ဝ၁၆ ခုနှစ်က ဧပြီလ ၂၄ ရက်နေ့စွဲဖြင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ပြန်ကြားရေးဌာန မှ မြန်မာတပ်မတော်နှင့် […]

AA စစ်ဦးစီးချုပ်၏ မွေးနေ့ အမှတ်တရ မီးပုံးပျံလွှတ်တင်၍ တရားစွဲဆိုခံရသူ ကိုလှထွန်းကျော်အား (၅)ကြိမ်မြောက် ရုံးထုတ်

ကျော်ဝင်း ( ကျောက်ဖြူ ) နိရဉ္စရာ၊ ဇန်န၀ါရီ ၅ AA စစ်ဦးစီးချုပ်၏ မွေးနေ့ အမှတ်တရ မီးပုံးပျံလွှတ်တင်မှုကြောင့် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် ဖမ်းဆီးတရားစွဲဆိုခံရသော ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာမှ ကိုလှထွန်းကျော် ကို ဇန်န၀ါရီလ(၅)ရက်နေ့က (၅)ကြိမ်မြောက် ရုံးထုတ်ခဲ့သည်။ မီးပုံးပျံလွှတ်တင်မှုကြောင့် ဖမ်းဆီးတရားစွဲဆိုခံရမှုနှင့် ပတ်သက်ပြီး ရုံးထုတ်လာစဉ် ကိုလှထွန်းကျော်အား မေးမြန်းခဲ့ရာ‘‘ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးချိုးဖောက်ခံရတယ်လို့ ခံစားရတယ်။ ဒီကိစ္စမျိုး ဒီနိုင်ငံမှာ မရှိသင့်ပါ။ အလွန်တရာ လူသားချင်း ကိုယ်ချင်းမစာ ဖြစ်မှု တစ်ခုပါ’’ဟု ပြောကြားခဲ့သည်။ AA စစ်ဦးစီးချုပ်၏ (၃၉) နှစ်ပြည့် မွေးနေ့ အမှတ်တရ အဖြစ် မီးပုံးပျံ လွတ်တင်မှုကြောင့် […]

ပလက်ဝမြို့နယ်သို့ ဆန်သယ်ယူခွင့် ဒေသအာဏာပိုင်များမှ တိုးမြှင့်ခွင့်ပြု

နောင်ခိုင်အောင် စစ်တွေ၊ ဒီဇင်ဘာ ၂၃ ချင်းပြည်နယ် ပလက်ဝမြို့နယ်သို့ ဆန်သယ်ယူခွင့်ကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ တင်းကျပ် စွာ ပိတ်ပင်ထားသဖြင့် ဒေသခံ ပြည်သူများ စားဝတ်နေရေး အခက်အခဲ တွေ့လာရာမှ ဒီဇင်ဘာ ၂၂ ရက်နေ့မှ စတင်၍ ဆန်တိုးမြှင့် သယ်ယူခွင့် ပေးလိုက်ပြီဟု သတင်းရရှိသည်။ “ အရင်က စက်လှေတစ်စီး တစ်အိတ်ဘဲ သယ်ယူခွင့်ပြုတယ်။ အခုတော့ ခွင့်ပြုလိုက်ပြီ။ ဆန် ၁ဝ အိတ်ကနေ ၁၅ အိတ်အထိ ယူခွင့်ရပါတယ်။ ကျွန်တော်တို့ ကတော့ မြို့ထဲမှာ မဟုတ်ဘဲ နယ်ဈေးတွေမှာ ရောင်းနေသူ ဖြစ်လို့ ဆန် ၁ဝ အိတ်ဘဲ ယူခွင့်ရပါတယ်။ ဒါပေမယ့် […]

လုံခြုံရေးအခြေအနေကြောင့် မြောက်ဦးရဲစခန်းအချုပ်မှ ပြောင်းရွှေ့ခံရသူ ကိုအမ်းသားကြီး စစ်တွေထောင်သို့ရောက်ရှိ

နောင်ခိုင်အောင် နိရဉ္စရာ၊ အောက်တိုဘာ ၁၆ ရခိုင်ပြည်နယ်မှ လူမှုရေး ဆောင်ရွက်နေသူ ကိုအမ်းသားကြီး(ခ) သန်းရွှေအား လုံခြုံရေး အခြေအနေကြောင့် မြောက်ဦးမြို့ရဲစခန်းအချုပ်မှ စစ်တွေထောင်သို့ ပြောင်းရွှေ့ခဲ့ရာ ယနေ့ အောက်တို့ဘာ ၁၆ ရက်နေ့ည ၄ နာရီတွင် စစ်တွေထောင်သို့ ရောက်ရှိလာခဲ့သည်။ အမ်းသားကြီးသည် သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့ အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အောက်တိုဘာလ ၁၅ ရက်နေ့ ၄ နာရီ ၃ဝ မိနစ်ခန့်တွင် မြောက်ဦးမြို့တွင် ဖမ်းဆီးခံခဲ့ရပြီး တစ်ရက်အကြာ အောက်တိုဘာ ၁၆ ရက် ယနေ့တွင် လုံခြုံရေး စိတ်မချရဟုဆိုကာ မြောက်ဦးမြို့ရဲစခန်းအချုပ်မှ စစ်တွေထောင်သို့ သူ့အား ပြောင်းရွှေ့ခဲ့သည်။ ကိုအမ်းသားကြီးအား မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) […]

ကိုအမ်းသားကြီးအဖမ်းခံရ

နိရဉ္စရာ၊ အောက်တိုဘာ ၁၅ သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ကိုအမ်းသားကြီးကို မြောက်ဦး ရဲက ယနေ့တွင် ဖမ်းဆီးလိုက်သည်။ ဖမ်းဆီးခြင်းကို မြောက်ဦးရဲစခန်းမှူး မှ နိရဉ္စရာ သတင်းဌာနသို့ အတည်ပြုပြောကြားသည်။ “ ဖမ်းတာမှန်တယ်။ ဒီကနေ့ ၁၆ နာရီ ၃၀ ဖြစ်ပါတယ်။ ဖမ်းတာက အရင်က ၁၇ (၁) (၂) နဲ့ တရားစွဲထားပါတယ်။ ဒါကြောင့် သူ့ကို ဖမ်းတာပါ” ဟု စခန်းမှူးက ပြောသည်။ ကိုအမ်းသားကြီးအား မြတန်ဆောင်ဆရာတော်တို့နှင့် အမူတွဲတူဖြစ်ပြီး ယခုနှစ် ဧပြီလက မြောက်ဦးမြို့ မြတန်ဆောင်ကျောင်းတွင် ရက္ခိုင့်တပ်မတော် ဘော်လုံးပွဲကျင်းပသည့် အမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးခြင်း ဖြစ်သည်ဟု […]

မြတန်ဆောင်းဆရာတော်နှင့် ခိုင်နီမင်း အလုပ်ကြမ်းနှင့် ထောင် ၂ နှစ်စီ ချမှတ်ခံရ

မာန်ယုကျော် (ရွှေဝမြေ) စစ်တွေ၊ သြဂုတ် ၃ဝ ရက္ခိုင့်တပ်မတော် (AA)၏ ၈ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆို၍ ဘောလုံးပွဲကျင်းပခဲ့သည့် မြောက်ဦးမြို့မှ မြတန်ဆောင်းဆရာတော်နှင့် ခိုင်နီမင်းတို့ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်စီချမှတ်လိုက်သည်ဟု အဆိုပါအမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့်ရှေ့နေ ကိုဦးထွန်းလှက နိရဉ္စရာသို့ ပြောသည်။ “ဒီနေ့ နေ့လယ် ၁၂ နာရီလောက်က မြောက်ဦးမြို့နယ်တရားရုံးကနေ အမိန့် ချလိုက်တာဖြစ်ပါတယ်”ဟု ရှေ့နေ ကိုဦးထွန်းလှက ဆိုသည်။ မြတန်ဆောင်းဆရာတော်နှင့်အတူ ပူးပေါင်းကျင်းပခဲ့သည့် ခိုင်နီမင်းကို ထောင်ဒဏ် ၂ နှစ်အပြင် မြောက်ဦးမြို့နယ်ရဲစခန်းတွင် ပြဿနာတစ်ခုဖြစ်ပွားခဲ့မှုကြောင့် ထောင်ဒဏ် ၆ လကို တပါတည်း ကျခံရမည်ဟုလည်း ရှေ့နေက ပြောသည်။ မြတန်ဆောင်းဘုန်းတော်ကြီးသင်ပညာရေးကျောင်း၏ […]

AA နှင့် ALP တိုက်ပွဲ ဖြစ်ပွားမှု ALP တာဝန်ရှိသူတစ်ဦး အတည်ပြု

နိရဉ္စရာ၊ သြဂုတ် ၂၂ ရက္ခိုင့်တပ်မတော် (AA)နှင့် ရခိုင်ပြည်လွတ်မြောက်ရေးတပ်တော် (ALA) တို့အကြား ယနေ့ နေ့လယ် ၂ နာရီမှ စတင်ပြီး အိန္ဒိယ မြန်မာနယ်စပ်တွင် တိုက်ပွဲ ဖြစ်ပွားနေကြောင်း ရခိုင်ပြည်လွတ်မြောက်ရေး ပါတီမှ ထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဒေါ်စောမြရာဇာလင်းက အတည်ပြု ပြောကြားသည်။ “ မနေ့ ည ၁၀ နာရီခန့်မှာ ကျွန်မတို့ဆီက မီးသွေးဆိုတဲ့ အရာရှိ တစ်ယောက်နဲ့ သန်းထိုက်ဆိုတဲ့ ရဲဘော် တစ်ယောက်ကို အေအေကနေ ဖမ်းခေါ်သွားတယ်လို့ ကြားရပါတယ်။ ဒီနေ့ မွန်းလွဲ ၂ နာရီလောက် အချိန်မှာ ကျွန်မတို့ ဌာချုပ်ကို လက်နက်ကြီးတွေနဲ့ ၀င်တိုက်တယ်လို့ သိရပါတယ်။ ကျွန်မ […]

စစ်တွေထောင်မှ လွတ်မြောက်လာသူ ၄၀ တွင် AA နှင့် ဆက်စပ်ပြီး ထောင်ချခံရသူ ၁၉ ဦးပါဝင်

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ မေ ၂၄ နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာမှုဖြင့် ရခိုင်ပြည်နယ် စစ်တွေ အကျဉ်းထောင်မှ အကျဉ်းသား ၄၀ ကို လွတ်ပေးခဲ့ရာ ယင်းအထဲတွင် ရက္ခိုင့်တပ်မတော် (အေအေ) နှင့် ဆက်စပ်ပြီး ဖမ်းဆီး ထောင်ချခံရသူ ၁၉ ဦးပါဝင်သည်။ အေအေနှင့် ဆက်စပ်ပြီး စစ်တွေ ထောင်ထဲတွင် ထောင်ချခံထားရသူ ၂၀ ဦးရှိရာ ယခုအခါ ၁၇ (၁)/ ၁၉(က) လက်နက်မှု ဖြင့် ထောင်ချခံထားရသူ ကိုထွန်းထွန်းနိုင် တစ်ဦးသာ ကျန်ရှိတော့ကြောင့် သိရသည်။ ယခု လွတ်မြောက်လာသူများမှာ ပုဒ်မ ၁၇ (၁) နှင့် ဖြင့် လွတ်မြောက်လာသူများဟု […]

AA နှင့် ဆက်စပ်မှုကြောင့် ဖမ်းဆီးခံထားရသူ ရခိုင်လူငယ် ၁၃ ဦး ယနေ့ လွတ်မည်

နိရဉ္စရာ၊ မေလ ၂၄ ရက္ခိုင့်တပ်မတော်( အေအေ) နှင့် ဆက်စပ်မှုဖြင့် ဖမ်းဆီးခံထားရပြီး စစ်တွေထောင်တွင် ရှိနေသည့် ရခိုင်လူငယ် ၁၃ ဦးသည် ယနေ့ လွတ်မည်ဟု သတင်း ရရှိသည်။ ယနေ့ လွတ်လာမည့် သူများမှာ မောင်ဟန်စိုး(ပေါက်တော)၊ ကုလားချေ(မကျည်းမြိုင်)၊ ဇော်မင်းထွန်း(မင်းပြား)၊ ဦးဆန်းမောင်(၁)၊ ဦးဆန်းမောင်(၂) တို့ အပါအ၀င် စုစုပေါင်း ၁၃ ဦး ဖြစ်ကြောင်း သိရသည်။