ရက္ခိုင့်တပ်မတော်အပါအ၀င် မြောက်ပိုင်းမဟာမိတ် ကိုယ်စားလှယ် အဖွဲ့ နေပြည်တော်ရောက်ရှိ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံသို့ တက်ရောက်ရန် UWSA, KIA, SSPP, NDAA, TNLA, AA, MNDAA နေပြည်တော်သို့ ရောက်ရှိလာပြီဟု သိရသည်။ (ဓာတ်ပုံ- ဦးဇော်ဌေး)

ယနေ့ ရုံးထုတ်ရာတွင် ခိုင်နီမင်းဝတ်ထား ရခိုင်တံဆိပ်ပါ အကျီ င်္ကို ဆွဲချွတ်ရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ခိုင်နီမင်း ရိုက်နှက်ခံခဲ့ရဟုဆို

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ မေ ၂၂ မတရားအသင်းပုဒ်မ ၁၇ (၁) နှင့် ၁၇ (၂) တို့ဖြင့် မြောက်ဦးရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်း ခံထားရသည့် မြတန်ဆောင်း ဆရာတော်နှင့် ခိုင်နီမင်းတို့ကို ယနေ့ရုံးထုတ်ရာတွင် ခိုင်နီမင်း ၀တ်ထားသည့် ရခိုင်တံဆိပ်ပါ အင်္ကျီကို ရဲက ချွတ်ခိုင်းရာမှ မချွတ်သဖြင့် ရဲက ဆွဲချွတ်ရာတွင် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ခိုင်နီမင်းအား တာဝန်ကျ ရမှ ရိုက်နှက်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။ “အဲဒီလို ရိုက်နှက်ခံရတယ်ဆိုတဲ့အကြောင်းကို ခိုင်နီမင်းကိုယ်တိုင် ဖုန်းဆက်ပြီးတော့ ကျွန်မကို ပြောတာပါ။ ကျွန်မတို့က အခု တရားရုံးရှေ့ကို ရောက်ရှိနေပါတယ်။ ဖြစ်ပွားပုံကတော့ ရုံးထုတ်တဲ့အချိန်မှာ သူက ရခိုင်တံဆိပ်နဲ့ အင်္ကျီဝတ်ထားတာကို […]

ပလက်ဝနယ်မှ စစ်ပြေးရှောင်များ ၂ နှစ်ကျော် ကြာမှ ရွာပြန်ခွင့်ရ

နိရဉ္စရာ၊ ဧပြီ ၂၃ ချင်းပြည်နယ် ပလက်ဝမြို့နယ် ပြိုင်စိုကျေးရွာမှ စစ်ပြေးရှောင် မိသားစု ၆၂ စု၊ လူဦးရေ ၃၅၀ သည် ချင်းပြည်နယ် အစိုးရ၏ အစီအစဉ်ဖြင့် ဧပြီလ ၂၀ ရက်နေ့က မိမိနေရပ်သို့ ပြန်လည် ပြောင်းရွှေ့သွားခဲ့ကြသည်ဟု ပလက်ဝမြို့နယ် အစိုးရ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ “ သူတို့က ၂၀၁၅ ခုနှစ်က ဧပြီလမှာ ပြိုင်စိုကနေ ထွက်ပြေးလာပြီ လောင်းတင်ကျေးရွာမှာ ခိုလှုံနေကြတဲ့သူတွေပါ။ စုစုပေါင်း လူဦး ၃၅၀ ဖြစ်ပါတယ်။ အခုတော့ အခြေအနေ အေးချမ်းသွားပြီဆိုတော့ သက်ဆိုင်ရာ လူကြီးတွေရဲ့ စီစဉ်မှုနဲ့ မူလနေထိုင်ရာ ပြိုင်စိုကျေးရွာကို ပြန်ပြောင်းကြတာ ပါ” […]

မြတန်ဆောင်းဆရာတော်နှင့် ခိုင်နီမင်းတို့ အား ဧပြီ ၂၄ ရက်နေ့ ရုံးတင်ပြီး ရမန်ယူမည်

ရွှေရအောင်(တောင်ကုတ်) နိရဉ္စရာ၊ ဧပြီး ၁၂ ရက္ခိုင့်တပ်မတော် AA (၈) နှစ်ပြည့် အထိမ်းအမှတ်နေ့ အဖြစ် ဘောလုံးပွဲ ကျင်းပသဖြင့် ဖမ်းဆီးခံထားရသူ မြောက်ဦး မြတန်ဆောင်း ဆရာတော်နှင့် ခိုင်နီမင်းတို့ နှစ်ဦးအား လာမည့် ဧပြီ ၂၄ ရက်နေ့တွင် ရုံးတင်ပြီး ရီမန်ယူပြီး အမှုဖွင့် စစ်ဆေးမည်ဖြစ်ကြောင်း စစ်တွေ အမှတ်(၁) ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက နိရဉ္စရာသို့ ပြောသည်။ သူတို့နှစ်ဦးအား လက်ရှိ အချိန်တွင် မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)၊ ၁၇ (၂) တို့ ဖြင့် တရားစွဲဆိုထားသည်။ မြောက်ဦးမြို့ အခြေစိုက် ခမရ  ၅၄၀ တပ်ရင်းမှ […]

မြတန်ဆောင်းဆရာတော် အဖမ်းခံရသော်လည်း ဆရာတော် စီစဉ်ခဲ့သည့် စာပေဟောပြောပွဲ ဆက်လက်ကျင်းပ

နိရဉ္စရာ၊ ဧပြီ ၁၁ ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ရက္ခိုင့်တပ်မတော် (အေအေ) ၏ (၈) နှစ်မြောက်မွေးနေ့ အဖြစ် ကျင်းပ ပြုလုပ်ရန် စီစဉ်ထားသည့် စာပေဟောပြောပွဲကို မြတန်ဆောင်း ဆရာတော် ဖမ်းဆီးခံရသော်လည်း ဧပြီလ ၁၁ ရက်နေ့ ညနေပိုင်းက ဆရာတော်၏ လုပ်ဖော်ကိုင်ဘက်များက ဆက်လက် ကျင်းပခဲ့သည်ဟု သိရသည်။ ၎င်းအခမ်းအနားအား မြောက်ဦးမြို့ မြတန်ဆောင်းကျေင်းအနီး ကွင်းပြင်တွင် ကျင်းပရာ ရခိုင်ရိုးရာ အကပဒေသာများဖြင့် တင်ဆက်ခဲ့ပြီး လူပေါင်း ရာနှင့်ချီ တက်ရောက် အားပေးခဲ့ကြသည်။ ၎င်းစာပေဟောပြောပွဲတွင် ဆရာတော် ဦးသြဘာသနှင့် အမ်းသားကြီးတက်ရောက်ဟောပြောခဲ့ပြီး အမ်းသားကြီးမှ “ တော်လှန်ရေးမှ အပ တစ်ခြားမရှိ” ခေါင်းစဉ်ဖြင့် တက်ရောက်ဟောပြောခဲ့ကြောင်း […]

နယ်စပ်တွင်ဗုံးကွဲ၊ အေအေတပ်သားအချို့ ဒဏ်ရာရ

နိရဉ္စရာ၊ အောက်တိုဘာ ၂၄ အိန္ဒိယ- ဘင်္ဂလာဒေ့ရှ်- မြန်မာ သုံးနိုင်ငံ နယ်စပ်တွင် ဗုံးပေါက်ကွဲရာမှ ရက္ခိုင့်တပ်မတော် (အေအေ) တပ်သားအချို့ ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားသည်ဟု သတင်း ရရှိသည်။ “ ဟုတ်ပါတယ်။ ဒီကနေ့ နံနက် ၇ နာရီခန့်က ကျွန်တော်တို့ လူပ်ရှားသွားလာနေတဲ့ နေရာမှာ ဗုံးပေါက်ကွဲတာ ဖြစ်ပါတယ်။ ဗုံးထောင်တာကတော့ ALP က ဖြစ်ပါတယ်” ဟု ရက္ခိုင့်တပ်မတော်မှ ဗိုလ်မှူးကြီးကျော်ဟန်က နိရဉ္စရာက ဆက်သွယ် မေးမြန်းစဉ် ပြောကြားသည်။ ယခု ဗုံးကွဲသောနေရာသည် ALP မှ ဘင်္ဂလာဒေ့ရှ်နိုင်ငံသား နှစ်ဦးကို ပြန်ပေးဆွဲ၍ ဘင်္ဂလာဒေ့ရှ်စစ်တပ်နှင့် တိုက်ပွဲ ဖြစ်ပွားသောနေရာတွင် ဖြစ်ကြောင်း၊ […]

AA မှ ဖမ်းဆီးခံထားရသော ထွန်းထွန်းနိုင်ကိစ္စ မိသားစုများက ပြည်နယ်အာဏာပိုင်များနှင့် တွေ့ဆုံ

နိရဉ္စရာ၊ စက်တင်ဘာ ၂၇ ရက္ခိုင့်တပ်မတော် AA မှ လက်နက်ခဲယမ်းမီးကျောက်များနှင့်အတူ ဖမ်းဆီးခံထားရသည့် ကိုထွန်းထွန်းနိုင်နှင့် တွေ့ဆုံခွင့်ရရန် မိသားစုများက ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နှင့်လည်းကောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး နှင့်လည်းကောင်း သီးခြားစီ တွေ့ဆုံပြီး တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။ စက်တင်ဘာလ ၂၅ ရက်နေ့က ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့်လည်းကောင်း၊ စက်တင်ဘာလ ၂၆ ရက်နေ့က ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနှင့်လည်းကောင်း တွေ့ဆုံပြီး မိသားစုများက တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း မြောက်ဦးမြို့ မြတန်ဆောင်းဆရာတော်က နိရဉ္စရာသို့ မိန့်ကြားသည်။ “ မနေ့က နယ်လုံ ၀န်ကြီး ဗိုလ်မှူးကြီး […]

၂၁ ရာစု ပင်လုံညီလာခံ တိုင်းရင်းသားတို့အတွက် မျှော်လင့်ချက်နည်းနေသေး

ရွှေရအောင်(တောင်ကုတ်) နိရဉ္ဇရာ၊ စက်တင်ဘာ ၂   ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားအရေးအတွက် ဆွေးနွေး အဖြေရှာ နိုင်ရန် ၂၁ ရာစု ပင်လုံညီလာခံကို နေပြည်တော်တွင် ကျင်းပပြုလုပ်နေသော်လည်း ရခိုင်အပါအ၀င် တိုင်းရင်း သားများ လိုလား နေသော ဖက်ဒရယ်နှင့် တန်းတူညီမျှသော ပြည်ထောင်စု ဖြစ်ပေါ်လာရန်မှာ မျှော်လင့်ချက် နည်းနေ သေးကြောင်း ၎င်းညီလာခံသို့ တက်ရောက်နေကြသည့် ရခိုင် ကိုယ်စားလှယ်များက ပြောကြားသည်။ ယခု ကျင်းပပြုလုပ်နေသည့် ၂၁ ရာစု ပင်လုံညီလာခံမှာ ပထမခြေလှမ်းသာဖြစ်သောကြောင့် ရခိုင် တိုင်းရင်းသားများအတွက် မျှော်လင့်ချက် နည်းနေသေးကြောင်း၊ ရခိုင်ပြည်နယ် အပါအ၀င် တိုင်းရင်းသား များအတွက် အားလုံး လက်ခံနိုင်သည့် ဘုံသဘောတူညီချက် […]

အယ်ဒီတာ့ အာဘော်

ရခိုင်တစ်မျိုးသားလုံးက ၂၁ ရာစု ပင်လုံညီ ငြိမ်းချမ်းရေး ညီလာခံတွင် ရက္ခိုင့်တပ်တော် (AA) တက်ရောက်ခွင့် ရရှိလိမ့်မည်ဟု ယုံကြည်မျှော်လင့်ထားကြသည်။ ယခုကဲ့သို့ ယုံကြည် မျှော်လင့် ထားကြခြင်းမှာ ရက္ခိုင့်တပ်မတော် (AA) တက်ရောက်ပါမှ အစိုးရနှင့် ငြိမ်းချမ်းရေး စကားပြောနိုင်မည်။ ငြိမ်းချမ်းရေးစကားပြောဖြစ်မှသာလျှင် တစ်ဘက်နှင့် တစ်ဘက် ပြေလည်မှုရရှိမည်။ ပြေလည်မှု ရရှိပါမှ  ယနေ့ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားနေသော စစ်ပွဲများကို ရပ်တန့်နိုင်မည် ဖြစ်သည်။  ရခိုင်လူထုသည် စစ်ပွဲများကို မလို။  ဗုံးသံ၊ အမြှောက်သံ၊ သေနတ်သံများကို မကြားလို၊ ရခိုင်ပြည်နယ် အတွင်း လက်ရှိ ဖြစ်ပွားနေသော စစ်ပွဲများကို အမြန်ဆုံး ရပ်တန့် ရန်ကိုသာ အထူးလိုလားနေကြသည်။ […]

ရှမ်းခေါင်းဆောင် ခွန်ထွန်းဦး ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်မည့် အစီအစဉ်ပယ်ဖျက်

နိရဉ္စရာ၊ သြဂုတ် ၃၁ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်ထွန်းဦးသည် ယနေ့ စတင်ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံသို့ တက်ရောက်မည့် အစီအစဉ်ကို ပယ်ဖျက်လိုက်ကြောင်း ရှမ်းသံတော်ဆင့် သတင်းတွင် ဖော်ပြသည်။ ဦးခွန်ထွန်းဦး မတက်ရောက်ခြင်းမှာ သူနဂိုကတည်းက ကြေငြာထားတာသော အားလုံးပါဝင်ရေးမူ All Inclusive မဖြစ်သဖြင့် မတက်ရောက်ခြင်း ဖြစ်ကြောင်း SNLD ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်ကို ကိုးကားပြီး ရှမ်းသံတော်ဆင့်သတင်းတွင် ဖော်ပြသည်။ “ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပါဝင်ခွင့် မရှိဘူးလို့ရှိရင် သူအနေနဲ့လည်းဘဲ တက်ရောက်ပြီး ဆွေးနွေးဖို့၊ လက်မှတ်ထိုးဖို့ဆိုတာတွေ မလုပ်နိုင်ဘူးပေါ့နော်။ အဲဒါကြောင့်မို့လို့ ရခိုင် AA၊ ကိုးကန့် MNDAA […]