ရခိုင်အာဇာနည် ဗိုလ်ခိုင်မိုးလင်းနေ့ကျင်းပ

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ ဇွန် ၄ ဇွန် ၄ ရက်နေ့တွင် ကျရောက်သည့် ရခိုင့်အာဇာနည် ဗိုလ်ခိုင်မိုးလင်း (၄၁) နှစ်မြောက်နေ့ အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ် ရမ္မာဝတီတပ်ရင်းနှင့် ရခိုင်ပြည်နယ် စစ်တွေမြို့တို့တွင် ကျင်းပခဲ့သည်ဟု သတင်း ရရှိသည်။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီကို စတင်တည်ထောင်ခဲ့သူ ဗိုလ်ခိုင်မိုးလင်းနေ့ အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်က နိရဉ္စရာသတင်းဌာနသို့ ယခုလို ပြောသည်။ “အာဇာနည်နေ့ ကျင်းပရတာကတော့ ကျနော်တို့ပါတီမှာ ပါတီစတင်တည်ထောင်ကတည်းက ပါခဲ့တဲ့ ဥက္ကဋ္ဌခိုင်မိုးလင်းကို သတိရအောက်မေ့တဲ့အနေနဲ့ အထိမ်းအမှတ် ပြုလုပ်ရတာဖြစ်ပါတယ်။ ဥက္ကဋ္ဌခိုင်မိုးလင်းဟာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှာ ဥက္ကဋ္ဌလည်းဖြစ်တယ်၊ စစ်ဦးစီးချုပ်လည်း ဖြစ်တယ်။ သူဟာ မိုင်ပေါင်း […]

ဌာနချုပ်ကျခြင်းမဟုတ်ဟု ALA ထိပ်တန်းတပ်မှူးတစ်ဦးငြင်းဆို

စံမောင်သန်း နိရဉ္စရာ၊ သြဂုတ် ၂၃ အိန္ဒိယနယ်စပ်အခြေစိုက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဌာနချုပ်ကျသွားပြီဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော် (ALA) မှ ထိပ်တန်း တပ်မှူး တစ်ဦးဖြစ်သူ ဗိုလ်မှူးစိုးမြက ယနေ့ညနေ ၃ နာရီက နိရဉ္စရာမှ မေးမြန်းစဉ် ငြင်းဆိုသွားခဲ့သည်။ “ ဌာနချုပ်ကျတာ မဟုတ်ပါဘူး။ ရှေ့က ဌာနချုပ်ခွဲလုပ်ထားတဲ့ ရိန်းဂျားစခန်း ကနေ ဆုတ်ပေးလိုက်တာပါ” ဟု ပြောကြားသည်။ တိုက်ပွဲတွင် ALP ဘက်မှ လက်ရှိ ရရှိသည့် သတင်းအရ ၂ ဦးကျဆုံးပြီး ဒဏ်ရာရသူ သုံးလေးဦးခန့်ရှိသည်ဟု ဗိုလ်မှူးစောမြက ဆက်လက်ပြောဆိုသည်။ “ တိုက်ပွဲက ကြိုးကြား ကြိုးကြား အခုအချိန်ထိ ဆက်ဖြစ်နေတုန်းလို့ […]

နှစ် (၄၀)ပြည့်မြောက် ALP ဥက္ကဋ္ဌ ခိုင်မိုးလင်းနေ့ ဂုဏ်ပြု အောက်မေ့ဖွယ် အခမ်းအနား ကျင်းပ

နိရဉ္စရာ၊ ဇွန်လ ၄ ဇွန်လ ၄ ရက်နေ့တွင် ကျရောက်သည့် နှစ် (၄၀) ပြည့်မြောက် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ၊ ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် (ALA) စစ်ဦးစီးချုပ် ခိုင်မိုးလင်းနေ့ အခမ်းအနားကို ကျောက်တော်မြို့ အပါအ၀င် ထိုင်း၊ မလေးရှားနိုင်ငံတို့တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ ကျောက်တော်မြို့တွင် ပြုလုပ်သော ဥက္ကဋ္ဌကြီး ခိုင်မိုးလင်း ဂုဏ်ပြု အောက်မေ့ဖွယ် အခမ်းအနားကို ကျောက်တော် ဓမ္မာဗိမာန်တွင် ကျင်းပခဲ့ပြီး လူပေါင်း ၁၅၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ အခမ်းအနားကို တက်ရောက်ခဲ့သူ ALP ဗဟိုကော်မတီဝင် ခိုင်ကျော်လိုင်က “ ကျွန်တော်တို့ရဲ့ ဥက္ကဋ္ဌကြီး […]

ဖမ်းဆီးခံ ခိုင်မျိုးထွန်းကိစ္စ နယ်လုံဝန်ကြီးနှင့် ALP အကြား ပြေလည်မှု မရ

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ ဇူလိုင် ၂၉ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ပြန်ကြားရေး ဒုတာဝန်ခံ ခိုင်မျိုးထွန်း ဖမ်းဆီးခံရခြင်း အပေါ် ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနှင့် ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP)မှ ကိုယ်စားလှယ်အဖွဲ့တို့အကြား ယနေ့ ဇူလှိုင် ၂၉ ရက် ညနေ ၃ နာရီက တွေ့ဆုံ ဆွေးနွေး ညှိနိုင်း ခဲ့ကြသော်လည်း ပြေလည်မှု မရရှိခဲ့ကြောင်း သိရသည်။ ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ဇူလိုင်လ ၂၇ ရက်နေ့က ရခိုင်ပြည်လွတ်မြောက်ရေး ပါတီက ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်အား ရုတ်သိမ်းခြင်း (သို့မဟုတ်) […]