ကြားဖြတ်ရွေးကောက်ပွဲတွင် ALD သည် ရခိုင်တွင်သာမက ရန်ကုန်တိုင်းဒေသကြီး နေရာ ၂ ခုမှလည်း ပါဝင်ယှဉ်ပြိုင်မည်

နိရဉ္စရာ၊ ဇူလိုင် ၁၂ လာမည့် နိုဝင်ဘာ ၃ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) သည် ရခိုင်တွင်သာမက ရန်ကုန်တိုင်းဒေသကြီးမှ မဲဆန္ဒနယ် နယ်မြေ (၂) ခုတွင်လည်း ၀င်ရောက် ယှဉ်ပြိုင်မည်ဟု သတင်းရရှိသည်။ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ပါတီဝင် တစ်ဦးဖြစ်သူ ဒေါ်သက်သက်နွယ်မှလည်းကောင်း၊ ဆိပ်ကမ်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် နေရာတွင် ALD ၏ ပါတီ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ ဦးမောင်လှကျော် (ပေါက်တော)မှလည်းကောင်း ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဟု သိရသည်။ “ နိုင်ငံရေး ပါတီ တစ်ရပ်အနေနဲ့ နေရာသုံးခုမှာ ၀င်ရောက်ယှဉ်ပြိုင်ရမယ်ဆိုတဲ့ စည်းကမ်းရှိတယ်။ ဒီအတွက် […]

တောင်ကုတ်မြို့တွင် ကျင်းပမည့် ရခိုင်လူငယ်ညီလာခံသို့ လေ့လာသူများအပါအ၀င် လူငယ် ၁၀၀၀ ခန့်တက်ရောက်မည်

နိရဉ္စရာ၊ ဧပြီ ၃၀ ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ကျင်းပမည့် ရခိုင်လူငယ်ညီလာခံသို့ လေ့လာသူ Observer အပါအ၀င် လူပေါင်း ၁၀၀၀ ခန့်တက်ရောက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။ “ ကျွန်တော်တို့ မေလ ၁ ရက် မနက် ၇ နာရီမှာ အခမ်းအနားကို စတင်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ အခု ညီလာခံကို တက်ရောက်မယ့် လူငယ် စုစုပေါင်း ၄၀၀ နီးပါး တောင်ကုတ်မြို့ကို ရောက်ရှိနေပါပြီ။ Obsever လေ့လာသူတွေ၊ ဒေသခံတွေ၊ တစ်ခြားအဖွဲ့အစည်းပေါင်းစုံက လူတွေနဲ့ ဆိုရင်တော့ ဖွင့်ပွဲကို လူပေါင်း ၁၀၀၀ ခန့်တက်ရောက်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်” ဟု လူငယ်ညီလာခံ ဖြစ်မြောက်ရေးအတွက် ဦးဆောင်ကြိုးပမ်းသူ […]

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ မြို့နယ်ရုံးများ ဆက်လက် ဖွင့်လှစ်

နိရဉ္စရာ၊ မတ် ၂၈ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ ရခိုင်ပြည်နယ်မှ မြို့သုံးမြို့တွင် မြို့နယ်ရုံးများကို ဆက်လက် ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။ “ မတ် ၂၄ ရက်နေ့ ပုဏ္ဍားကျွန်း၊ မတ် ၂၅ ရက်နေ့က မြောက်ဦးနှင့် မတ် ၂၇ ရက်နေ့က မင်းပြားမြို့တို့တွင် ဖွင့်လှစ်ခဲ့ပါတယ်” ဟု ALD အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က နိရဉ္စရာသို့ ပြောသည်။ ၎င်းမြို့သုံးမြို့ ရုံးဖွင့်ပွဲသို့ ပါတီ ဥက္ကဋ္ဌ ဦကျော်မြင့်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ “ ဒီလို မြို့နယ်ရုံးတွေ ဖွင့်ရတာက နိုင်ငံရေး ပါတီတစ်ခုရဲ့ ချမှတ်ထားတဲ့ ပေါ်လစီ မူဝါဒနဲ့ အညီ ပြည်သူ […]

ရခိုင်မျိုးချစ်ပါတီ၏ ပေါင်းစည်းရန်ကမ်းလှမ်းချက်အပေါ် အဆင်သင့်မဖြစ်သေးကြောင်း ALD တုန့်ပြန်

နောင်ခိုင်အောင် စစ်တွေ၊ ဇန်နဝါရီ ၂၄ ရခိုင်မျိုးချစ်ပါတီ (APP)မှ ပါတီနှစ်ခု ပူးပေါင်းရန် ကမ်းလှမ်းချက် အပေါ် ပေါင်းစည်းရန် အဆင်သင့် အဖြစ်သေးကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)မှ တုန့်ပြန်လိုက်သည်။ ပါတီနှစ်ခုပူးပေါင်းရန် APP ၏ ကမ်းလှမ်းချက်အပေါ်ကြိုဆိုကြောင်း၊ သို့သော် လက်ရှိတွင် ALD အနေဖြင့် ပါတီတည်ထောင်ရေး ကာလဖြစ်သည့် အတွက် APP နှင့် ပေါင်းစည်းရန် မဖြစ်နိုင်သေးကြောင်း ALD ၏ အကြောင်းပြန်စာတွင် ဖော်ပြသည်။ ” ပါတီညီလာခံပြီးမှ ဆုံးဖြတ်ပေးနိုင်မှာဖြစ်ပါတယ်။ အခုလောလောဆယ်တော့ မြို့နယ်၊ ကျေးရွာတွေမှာ ပါတီတည်ဆောက်ရေးလုပ်နေတဲ့ကာလဖြစ်တာကြောင့် အဆုံးအဖြတ် မပေးနိုင်သေးဘူး။ ညီလာခံကိုလည်း ဘယ်နေ့ကျင်းပမယ်ဆိုတာကိုလည်း မဆုံးဖြတ် နိုင်သေးဘူး” ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး […]

APP လူမှုစာမျက်နာကို အသုံးပြုပြီး ALD မှ ဦးလှမြင့်ဓါးခုတ်ခံရသည်ဟု မမှန်သတင်းတင်သူကို ရခိုင်မျိုးချစ်ပါတီ(APP)မှ တရားစွဲဆိုမည်ဟုဆို

နောင်ခိုင်အောင် နိရဉ္စရာ၊ အောင်တိုဘာ ၁၇ ရခိုင်ဒီမိုကရေစီအချုပ်ပါတီ ALD မှ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးလှမြင့်အား မြောက်ဦးမြို့အထွက်တွင်ဓါးဖြင့် ခုတ်သတ်လိုက်သည်ဟု ဖေ့စ်ဘုတ် စာမျက်နာပေါ်တွင် မမှန်သတင်းတင်သူအား ရခိုင်မျိုးချစ်ပါတီ APP မှ တရားစွဲဆိုသွားမည်ဟု တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ရခိုင်မျိုးချစ်ပါတီ – APP လူမှုစာမျက်နာကို ခိုးယူအသုံးပြုပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)မှ ဦးလှမြင့် အောက်တိုဘာလ ၁၆ ရက် နေ့လယ် ၂ နာရီ ၃၀ အချိန်တွင် မြောက်ဦးထွက်လမ်းတွင် ဓါးဖြင့်ခုတ်သတ်ခံခဲ့ရသည်ဟု ရေးသား ဖော်ပြထားသည်။ ရခိုင်မျိုးချစ်ပါတီ- APP ဥက္ကဋ္ဌ ဦးဇော်ဝင်ထွန်းက ” ခုလို ကျွန်တော်တို့ ပါတီရဲ့ လူမှုစာမျက်နာပါ […]

ဗျာလရုပ်မှာ ANP တစ်ခုတည်းပိုင် မဟုတ်ဟု ALD ကတုန့်ပြန်

မာန်ယုကျော် (ရွှေဝမြေ) စစ်တွေ၊ မေ ၂၃ ဗျာလရုပ်မှာ ရခိုင်တစ်မျိုးသားလုံးနှင့် သက်ဆိုင်၍ ရခိုင်အမျိုးသားပါတီ (ANP) တစ်ခုတည်းပိုင် မဟုတ်ကြောင်း အသစ်ဖွဲ့စည်းမည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ( ALD) ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးမျိုးကျော်က တုန့်ပြန် ပြောကြားလိုက်သည်။ အသစ်ဖွဲ့စည်းမည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(ALD)၏ အလံနှင့် တံဆိပ်ပုံစံတို့အား ကန့်ကွက်ကြောင်း မေလ ၂၃ ရက်နေ့စွဲဖြင့် ရခိုင်အမျိုးသားပါတီ(ANP)က ကြေညာချက်ထုတ်သည့် ကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းစဉ် ဦးမျိုးကျော်က ထိုသို့ ပြောကြားခြင်း ဖြစ်သည်။ ဦးမျိုးကျော်က “ဗျာလရုပ်ဆိုတာက ရခိုင်တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ ဗျာလရုပ်လေ။ တစ်ဦးတစ်ယောက်မှ ပိုင်တာမဟုတ်ဘူး။ တစ်ဖွဲ့တစ်စည်းက ပိုင်တာမဟုတ်ဘူး။ တစ်မျိုးသားလုံးက […]

ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ရွေးချယ်

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ မတ် ၂၉ ပေါက်တောမြို့တွင် ပြုလုပ်သော ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစည်းအဝေးတွင် ဦးကျော်မြင့်အား ပထမ ခေါင်းဆောင်အဖြစ်လည်းကောင်း၊ ဒုတိယ ခေါင်းဆောင်အဖြစ် ရမ်းဗြဲမြို့မှ ဦးအောင်စိုးကို ရွေးချယ်တင်မြှောက်ခဲ့ကြသည်ဟု ပါတီခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမျိုးကျော်က နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။ ALD ကို တတိယအကြိမ် ပြန်လည်ဖွဲ့စည်းခဲ့ပြီးနောက် မတ်လ ၂၇နှင့် ၂၈ ရက်နေ့တွင် ပေါက်တောမြို့ သာသာနာ့ဗိမာန်၌ ပြုလုပ်သော ဗဟို အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးတွင် ခေါင်းဆောင် ၂ ဦးကို ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ (ပ) ခေါင်းဆောင်၊ (ဒု)ခေါင်းဆောင်နှင့် ဦးလှမြင့်၊ ဦးမျိုးကျော်နှင့် ဦးသာသာမောင်တို့အား ပါတီအား ပါတီဖွဲ့စည်းပုံ ရေးဆွဲရန်နှင့် ပါတီ […]

ရခိုင်ပြည်နိုင်ငံရေးသုံးသပ်ရန် ယခင်ALD ပါတီဝင်ဟောင်းများ ကျောက်တော်တွင် အစည်းအဝေးပြုလုပ်မည်

နိရဉ္စရာ၊ အောက်တိုဘာ ၅   ပေါင်းစည်းစဉ်က ရခိုင်အမျိုးသားပါတီတွင် ပါဝင်ခဲ့ပြီး နောက်ပိုင်း ပါတီမှ ထုတ်ပယ်ခံခဲ့ရသည့် ယခင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD)  အဖွဲ့ဝင်ဟောင်းများက  “ ရခိုင်ပြည်နိုင်ငံရေးကို သုံးသပ်ရန်” ခေါင်းစဉ်ဖြင့် ကျောက်တော်မြို့တွင် အစည်းအဝေး တစ်ရပ်ကို အောက်တိုဘာ ၈ ရက်နှင့် ၉ ရက်နေ့များတွင် ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။ “ အဓိကတော့ ရခိုင်ပြည် လက်ရှိနိုင်ငံရေးကို သုံးသပ်ဖို့အတွက် အစည်းအဝေးခေါ်တာပါ။ ရခိုင် အမျိုးသားပါတီ ( ALD) က ဦးဆောင်ပြီး အစည်းအဝေး ခေါ်တာပါ။ လူပေါင်း ၁၀၀ ကျော် တက်ရောက်မှာ ဖြစ်ပါတယ်” ဟု ALD/ANP […]

RNDP နှင့် ALD ခေါင်းဆောင်များ ANP အတွက် အလွှတ်သဘော ရွှေရသာမှာ တွေ့ဆုံ

(နိရဉ္စရာ- ၂၂ ဖေဖေါ်ဝါရီလ ၂၀၁၄) ရခိုင် ပြည်သူများ မျှော်လင့်နေသော ရခိုင်အမျိုးသားပါတီ ( Arakan National Party)၏ ပေါင်းစည်း ရေး နောက်ဆုံးအဆင့် အခြေအနေအရပ်ရပ်ကို ALD နှင့် RNDP နှစ်ဖက်ခေါင်းဆောင်များ ရန်ကုန်မြို့ ရွှေရသာ စားသောက်ဆိုင်တွင် ယနေ့ အလွှတ်သဘောတွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ “ နေပြည်တော်က ပါတီဖွဲ့စည်းခွင့် ကျလာလို့ ရှိရင် ဟိုဘက်ပါတီက ၁၅ ယောက်၊ ဒီဘက် ပါတီက ၁၅ ယောက် စစ်တွေမှာ တွေ့ဆုံပွဲ လုပ်ဖို့ နဂိုကတည်းက သတ်မှတ်ထားပါတယ်။ ဒီအတွက် အကြိုတွေ့ဆုံပွဲပါ။ ဒါပေမယ့် ဆွေးနွေးပွဲက ဆုံးဖြတ်ချက်ချတာမျိုးမဟုတ်ဘဲ Informal ပုံစံမျိုးတွေ့ကြတာပါ” […]