ရခိုင်အာဇာနည် ဗိုလ်ခိုင်မိုးလင်းနေ့ကျင်းပ

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ ဇွန် ၄ ဇွန် ၄ ရက်နေ့တွင် ကျရောက်သည့် ရခိုင့်အာဇာနည် ဗိုလ်ခိုင်မိုးလင်း (၄၁) နှစ်မြောက်နေ့ အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ် ရမ္မာဝတီတပ်ရင်းနှင့် ရခိုင်ပြည်နယ် စစ်တွေမြို့တို့တွင် ကျင်းပခဲ့သည်ဟု သတင်း ရရှိသည်။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီကို စတင်တည်ထောင်ခဲ့သူ ဗိုလ်ခိုင်မိုးလင်းနေ့ အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်က နိရဉ္စရာသတင်းဌာနသို့ ယခုလို ပြောသည်။ “အာဇာနည်နေ့ ကျင်းပရတာကတော့ ကျနော်တို့ပါတီမှာ ပါတီစတင်တည်ထောင်ကတည်းက ပါခဲ့တဲ့ ဥက္ကဋ္ဌခိုင်မိုးလင်းကို သတိရအောက်မေ့တဲ့အနေနဲ့ အထိမ်းအမှတ် ပြုလုပ်ရတာဖြစ်ပါတယ်။ ဥက္ကဋ္ဌခိုင်မိုးလင်းဟာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှာ ဥက္ကဋ္ဌလည်းဖြစ်တယ်၊ စစ်ဦးစီးချုပ်လည်း ဖြစ်တယ်။ သူဟာ မိုင်ပေါင်း […]

ခိုင်မျိုးထွန်း စစ်တွေအကျဉ်းထောင်မှ ယနေ့လွတ်ပြီ

နောင်ခိုင်အောင် ဖေဖော်ဝါရီ ၂၂ စစ်တွေထောင်ထဲတွင် ၁ နှစ် ၃ လ အထိ ဖမ်းဆီးထိန်းသိမ်းထားခြင်းကို ခံခဲ့ရသူ ကိုခိုင်မျိုးထွန်းသည် ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် လွတ်မြောက်လာခဲ့ပြီ ဖြစ်သည်။ ကိုခိုင်မျိုးထွန်းသည် လွန်ခဲ့သည့် ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က စစ်တွေတရားရုံးမှ နိုင်ငံတော်ကို အကြည်အညိုပျက်စေသည်ဟုဆိုကာ ရာဇသတ်ကြီးပုဒ်မ ၅ဝ၅(ခ)/၅ဝ၅(ဂ)တို့အရ ထောင်ဒဏ် ၁ နှစ် ခွဲ ချမှတ်ခံခဲ့ရသည်။ ၂ဝ၁၆ ခုနှစ်က ဧပြီလ ၂၄ ရက်နေ့စွဲဖြင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ပြန်ကြားရေးဌာန မှ မြန်မာတပ်မတော်နှင့် […]

အပစ်ရပ်အဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးအား ထောင်ချခြင်းသည် NCA ကိုထောင်ချခြင်းဖြစ်ကြောင်း ခိုင်မျိုးထွန်းပြော

နောင်ခိုင်အောင် အောက်တိုဘာ ၁၅ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အစိုးရနှင့် ပြည်နယ် အဆင့် လက်မှတ် ရေးထိုးထားသည့် ပါတီတစ်ခုမှ တာဝန်ရှိသူ တစ်ဦးအား ထောင်ချခြင်းသည် NCA ကို ထောင်ချခြင်းဖြစ်သည်ဟု ကိုယ်တိုင်ထောင်ချခံရသူ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ပြန်ကြားရေးဌာန ဒုတာဝန်ခံ ခိုင်မျိုးထွန်းက ပြောကြားလိုက်သည်။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ပြန်ကြားရေးဌာနမှ ၂ဝ၁၆ ခုနှစ်က မြန်မာ တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း မြန်မာတပ်မတော်ဘက်က အရပ်သားပြည်သူများအား ပေါ်တာဆွဲခြင်း၊ လမ်းပြအဖြစ် ခေါ်ဆောင်အသုံးပြုခြင်းများရှိသည်ဟု ဖော်ပြခဲ့ပြီး ယင်းသို့ ပြုလုပ်ခြင်းသည် ဂျီနီဗာကွန်ဗင်ရှင်း သဘော တူညီချက် ကို ချိုးဖောက်ရာရောက်သည်ဟု ဆိုကာ ၂၀၁၆ […]

AA နှင့် ALP တိုက်ပွဲ ဖြစ်ပွားမှု ALP တာဝန်ရှိသူတစ်ဦး အတည်ပြု

နိရဉ္စရာ၊ သြဂုတ် ၂၂ ရက္ခိုင့်တပ်မတော် (AA)နှင့် ရခိုင်ပြည်လွတ်မြောက်ရေးတပ်တော် (ALA) တို့အကြား ယနေ့ နေ့လယ် ၂ နာရီမှ စတင်ပြီး အိန္ဒိယ မြန်မာနယ်စပ်တွင် တိုက်ပွဲ ဖြစ်ပွားနေကြောင်း ရခိုင်ပြည်လွတ်မြောက်ရေး ပါတီမှ ထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဒေါ်စောမြရာဇာလင်းက အတည်ပြု ပြောကြားသည်။ “ မနေ့ ည ၁၀ နာရီခန့်မှာ ကျွန်မတို့ဆီက မီးသွေးဆိုတဲ့ အရာရှိ တစ်ယောက်နဲ့ သန်းထိုက်ဆိုတဲ့ ရဲဘော် တစ်ယောက်ကို အေအေကနေ ဖမ်းခေါ်သွားတယ်လို့ ကြားရပါတယ်။ ဒီနေ့ မွန်းလွဲ ၂ နာရီလောက် အချိန်မှာ ကျွန်မတို့ ဌာချုပ်ကို လက်နက်ကြီးတွေနဲ့ ၀င်တိုက်တယ်လို့ သိရပါတယ်။ ကျွန်မ […]

နှစ် (၄၀)ပြည့်မြောက် ALP ဥက္ကဋ္ဌ ခိုင်မိုးလင်းနေ့ ဂုဏ်ပြု အောက်မေ့ဖွယ် အခမ်းအနား ကျင်းပ

နိရဉ္စရာ၊ ဇွန်လ ၄ ဇွန်လ ၄ ရက်နေ့တွင် ကျရောက်သည့် နှစ် (၄၀) ပြည့်မြောက် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ၊ ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် (ALA) စစ်ဦးစီးချုပ် ခိုင်မိုးလင်းနေ့ အခမ်းအနားကို ကျောက်တော်မြို့ အပါအ၀င် ထိုင်း၊ မလေးရှားနိုင်ငံတို့တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ ကျောက်တော်မြို့တွင် ပြုလုပ်သော ဥက္ကဋ္ဌကြီး ခိုင်မိုးလင်း ဂုဏ်ပြု အောက်မေ့ဖွယ် အခမ်းအနားကို ကျောက်တော် ဓမ္မာဗိမာန်တွင် ကျင်းပခဲ့ပြီး လူပေါင်း ၁၅၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ အခမ်းအနားကို တက်ရောက်ခဲ့သူ ALP ဗဟိုကော်မတီဝင် ခိုင်ကျော်လိုင်က “ ကျွန်တော်တို့ရဲ့ ဥက္ကဋ္ဌကြီး […]

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲလုပ်ခွင့်မရခဲ့သော်လည်း ALP ပါတီ ပင်လုံညီလာခံသို့တက်မည်ဟုဆို

မာန်ယုကျော် (ရွှေဝမြေ) စစ်တွေ၊ မေ ၂၂ ရခိုင်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲလုပ်ခွင့်မရခဲ့သော်လည်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)အနေဖြင့် ၂၁ ရာစုပင်လုံညီလာခံသို့တက်ရောက်မည်ဟု ပါတီထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်သူ စောမြရာဇာလင်းက နိရဉ္စရာသို့ပြောသည်။ “ကျွန်မတို့ရခိုင်ပြည်မှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို မပေးဘူး။ မပေးရင် ဒီလူတွေက ပြရမှာက ငါတို့သည် ငြိမ်းချမ်းရေးကို တန်ဖိုးထားတဲ့လူဖြစ်တယ်၊ ငြိမ်းချမ်းရေးနဲ့နေပြီး ရှေ့ကိုသွားမယ်ဆိုပြီး သန္နိဋ္ဌာန်ရှိတဲ့သူတွေဆိုတာကိုတော့ပြဖို့လိုတယ်။ သူများတွေ ဘယ်လိုပင် နိုင်ငံရေးကစားကစား၊ အဲဒီ ကစားတဲ့ ဂွင်ထဲမှာ ကိုယ်တို့က ဝင်ရောက်မသွားဖို့အရေးကြီးတယ်။ အဲလို အမြင်တွေရှိပါတယ်။ ဒါကြောင့် ဒီညီလာခံကိုတော့ တက်သင့်တာမို့ တက်ဖို့ ဆုံးဖြတ်တာပါ” ဟု ဆိုသည်။ ALP ပါတီမှ စောမြရာဇာလင်းအပါအဝင် ခိုင်စိုးနိုင်အောင်၊ ခိုင်ဖိုးမင်း၊ […]

ခိုင်မျိုးထွန်းကို စွဲချက် တင်သင့်/မတင်သင့် ဧပြီ ၅ ရက်နေ့ အမိန့်ချမည်

မာန်ယုကျော် (ရွှေဝမြေ) စစ်တွေ၊ မတ် ၃ဝ တပ်မတော်၏ဂုဏ်သိက္ခာကိုညှိုးနွမ်းစေမှုဖြင့် ဖမ်းဆီးခံထားရသော ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ ခိုင်မျိုးထွန်းအား စွဲချက် တင်သင့်/မတင်သင့်ကို ဧပြီလ ၅ ရက်နေ့တွင် အမိန့်ချသွားမည်ဟု အဆိုပါအမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ အထက်တန်းရှေ့ နေ ဦးမျိုးမြတ်ဟိန်း(ခ) ဦးငြိမ်းချမ်းက နိရဉ္စရာသို့ ပြောသည်။ “စွဲချက်မတင်သင့်ဘူးလို့ အမိန့်ချရင် လွှတ်မယ်။ တင်သင့်တယ်လို့အမိန့်ချရင် ခိုင်မျိုးထွန်းအပါအဝင် သူပြတဲ့သက်သေတွေကို ဆက်လက်စစ်ဆေးသွားမှာဖြစ်ပါတယ်”ဟု အထက်ပါရှေ့နေက ပြောသည်။ ခိုင်မျိုးထွန်းအား စွဲချက် တင်သင့်/မတင်သင့်ကိစ္စနှင့်ပတ်သက်ပြီး မတ်လ ၂၉ ရက်နေ့က လျှောက်လဲချက် ပေးလိုက်ပြီဟုလည်း ဆိုသည်။ “စွဲချက်တင်သင့်/မတင်သင့် လျှောက်လဲချက်ပြီးမှ စွဲချက်အမိန့်ကို ချရတာဖြစ်ပါတယ်”ဟုလည်း ရှေ့နေ ဦးမျိုးမြတ်ဟိန်း(ခ) ဦးငြိမ်းချမ်းက နိရဉ္စရာသို့ ပြောသည်။ […]

ALD ပါတီ ပြန်မှတ်ပုံတင်ရန် လျှောက်ထားသူ ခေါင်းဆောင် ၂၀ ထဲ ဦးအေးသာအောင် မပါဝင်

နိရဉ္စရာ၊ မတ်လ ၁ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ကို ပါတီကို ပြန်လည် ထူထောင်ရန် အတွက် ခေါင်းဆောင် အမည် (၂၀) ဦးနှင့် အတူ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ခွင့် လျှောက်ထားရာ ထိုအထဲတွင် ယခင် ALD ပါတီ ဥက္ကဋ္ဌ ဖြစ်သူ ဦးအေးသာအောင် မပါဝင်ကြောင်း သတင်းရရှိသည်။ “ ဦးအေးသာအောင် မပါဝင်ပါဘူးခင်ဗျား။ သူက ဆုံးဖြတ်ချက် မချသေးတဲ့ အတွက် မပါဝင်တာ ဖြစ်ပါတယ်” ဟု ပါတီမှတ်ပုံတင်ခွင့်ရရန် လျှောက်ထားအပြီး အပြန်တွင် နိရဉ္စရာက မေးမြန်းစဉ် ထိုသို့ ဦးမျိုးကျော်က […]

စစ်တွေထောင်တွင် ထိန်းသိမ်းခံထားရသော ခိုင်မျိုးထွန်း လူ့အခွင့်အရေးချိုးဖောက်ခံနေရဟုဆို

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ မတ် ၁ ရခိုင်ပြည်နယ် စစ်တွေထောင်တွင် ၂၀၁၆ ခုနှစ် ဇူလှိုင်လ ၂၅ ရက်နေ့ကတည်းက ဖမ်းဆီး ထိန်းသိမ်းခံထားရသော ခိုင်မျိုးထွန်းကို တရားရုံးထုတ်သည်မှာ အကြိမ် ၂၀ ထိ ရှိပြီ ဖြစ်သော်လည်း တရားလို မရောက်၍ အမှုကို ကြားနာစစ်ဆေးခြင်း မပြုလုပ်နိုင်ဘဲ ဖြစ်နေသဖြင့် ယခု လုပ်ရပ်မှာ ခိုင်မျိုးထွန်း အပေါ် လူ့ခွင့်ရေး ချိုးဖောက်ရာရောက်နေကြောင်း ရက္ခိုင့်အလင်းတံခါး တက်ကြွလှုပ်ရှားသူများအဖွဲ့မှ ဥက္ကဋ္ဌ ဒေါ်ကျော့စိန်က ပြောကြားလိုက်သည်။ အစိုးရနှင့် ပြည်နယ် အဆင့် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးထားသော ရခိုင်ပြည် လွတ်မြောက်ရေးပါတီမှ ပြန်ကြားရေး ဒုတာဝန်ခံ ခိုင်မျိုးထွန်းကို (မတ်လ ၁ […]

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဖေါ်ဆောင်ရန် ကော်မတီတစ်ရပ် ဖွဲ့စည်း

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ ဖေဖေါ်ဝါရီ ၁၆ ရခိုင်ပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဖေါ်ဆောင်ရန် ကော်မတီတစ်ရပ်ကို ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့က ဖွဲ့စည်းလိုက်သည်ဟု သိရသည်။ ယင်းကော်မတီကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အစိုးရနှင့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးထားသော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ ရခိုင်အမျိုးသားပါတီနှင့် ရခိုင်အရပ်ဘက် လူမှု အဖွဲ့အစည်းများတွေ့ဆုံဆွေးနွေးပြီးနောက် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက “အဲဒီကော်မတီထဲမှာ ရခိုင်အမျိုးသားပါတီရယ်၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီရယ်၊ ပီးရင် အရပ်ဘက်လူမှုအဖွဲ့အစည်း ၈ ဖွဲ့လောက်ပါဝင်ပါတယ်။ အဲဒီကော်မတီကို အဖွဲ့ဝင် ၂၁ ဦးနဲ့ ဖွဲ့စည်းလိုက်ပါတယ်။ အဲ့ဒီကော်မတီအတွက် ကြီးကြပ် ကော်မတီ တစ်ရပ်ကိုလည်း ဖွဲ့စည်းလိုက်ပါတယ်။ […]