ရခိုင်အမျိုးသားကောင်စီအတွင်းရေးမှူးဟောင်း ဦးမောင်မောင် စစ်တွေတွင် ကွယ်လွန်

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ မတ် ၂၃ ရခိုင်အမျိုးသားကောင်စီ(ANC) အတွင်းရေးမှူးဟောင်း တစ်ဦးဖြစ်သူ ဦးမောင်မောင် (၈၃) နှစ် သည် ရခိုင်ပြည်နယ် စစ်တွေမြို့ ရူပတောင်ရပ်ကွက်ရှိ ရခိုင့်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ရုံးတွင် မတ်လ ၂၂ ရက် ညနေ ၆ နာရီကျော်တွင် ရုတ်တရက် ကွယ်လွန်သွားခဲ့သည်။ “သူဟာ မနက်ပိုင်းက နည်းနည်းလောက် နေမကောင်းဖြစ်ပြီးတော့ ညနေ ၆ နာရီကျော်မှာ ရုတ်တရ ကွယ်လွန်သွားခဲ့တာပါ”ဟု ရခိုင့်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေးရုံးမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။ ဦးမောင်မောင်သည် ရန်ကုန်တက္ကသိုလ် တက်ရောက်ခဲ့သူ တစ်ဦးဖြစ်ပြီး နောက်ပိုင်းတွင် တောခိုခဲ့ကာ ဗမာပြည် ကွန်မြူနစ်ပါတီ ရခိုင်ဒေသ၌ တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည်။ ဦးမောင်မောင်၏ အမည် […]

၂၁ ရာစု ပင်လုံညီလာခံ တိုင်းရင်းသားတို့အတွက် မျှော်လင့်ချက်နည်းနေသေး

ရွှေရအောင်(တောင်ကုတ်) နိရဉ္ဇရာ၊ စက်တင်ဘာ ၂   ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားအရေးအတွက် ဆွေးနွေး အဖြေရှာ နိုင်ရန် ၂၁ ရာစု ပင်လုံညီလာခံကို နေပြည်တော်တွင် ကျင်းပပြုလုပ်နေသော်လည်း ရခိုင်အပါအ၀င် တိုင်းရင်း သားများ လိုလား နေသော ဖက်ဒရယ်နှင့် တန်းတူညီမျှသော ပြည်ထောင်စု ဖြစ်ပေါ်လာရန်မှာ မျှော်လင့်ချက် နည်းနေ သေးကြောင်း ၎င်းညီလာခံသို့ တက်ရောက်နေကြသည့် ရခိုင် ကိုယ်စားလှယ်များက ပြောကြားသည်။ ယခု ကျင်းပပြုလုပ်နေသည့် ၂၁ ရာစု ပင်လုံညီလာခံမှာ ပထမခြေလှမ်းသာဖြစ်သောကြောင့် ရခိုင် တိုင်းရင်းသားများအတွက် မျှော်လင့်ချက် နည်းနေသေးကြောင်း၊ ရခိုင်ပြည်နယ် အပါအ၀င် တိုင်းရင်းသား များအတွက် အားလုံး လက်ခံနိုင်သည့် ဘုံသဘောတူညီချက် […]

ANC ကိုယ်စားလှယ်များ စစ်တွေတွင် လူထုနှင့် တွေ့ဆုံ

(နိရဉ္စရာ- ၁၈ ဖေဖေါ်ဝါရီ ၂၀၁၄) ယမန်နေ့က စစ်တွေမြို့ကို ရောက်ရှိလာတဲ့ ANC (ရခိုင်အမျိုးသားကောင်စီ) အဖွဲ့ဟာ ဒီကနေ့ နေ့လယ်က စစ်တွေမြို့မှာ ရခိုင်နိုင်ငံရေး ပါတီများ၊ လူမူ အသင်းအဖွဲ့များ၊ ရခိုင်မိသားစုများနဲ့ တွေ့ဆုံပွဲ အခမ်းအနား ပြုလုပ်ပါတယ်။ အဲဒီအခမ်းအနားကို လူပေါင်း ၅၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ နိရဉ္စရာ သတင်းထောက် မနီနွယ်သန်းက ခန့်မှန်း ပြောဆိုပါတယ်။ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ နေ့လယ် ၁၂ နာရီက စေတနာမိုးခန်းမ၊ ပြည်တော်သာ ရပ်ကွက်၊ စစ်တွေမြို့မှာ စတင်ခဲ့ပြီး ညနေ ၄ နာရီထိ ပြုလုပ်သွားမယ်လို့ ပြောပါတယ်။ တွေ့ဆုံဆွေးနွေးပွဲမှာ ANC နာယက […]

ANC ၏ မြန်မာနိုင်ငံအခြေအနေ လေ့လာရေးခရီး စတင်

(နိရဉ္စရာ- ၁၂ ဖေဖေါ်ဝါရီ) / မောင်အေး ပြည်ပတွင် အခြေစိုက်သည့် ရခိုင်အမျိုးသားကောင်စီ Arakan National Council (ANC )၏ ပြည်တွင်းလေ့လာရေး ခရီးစဉ်ကို ယနေ့စတင်လိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။ ယခု ခရီးစဉ်သည် ပထမဆုံးအကြိမ် ဖြစ်ပြီး ANC ကိုယ်စားလှယ် အဖွဲ့အား ဥက္ကဌ ဆရာတော် ဦးသီဟ ဦးဆောင်ပြီး လာရောက်မည် ဖြစ်ကြောင်း၊ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို လေ့လာမည့် ခရီးစဉ် ဖြစ်ကြောင်း၊ အဆိုပါ ခရီးစဉ်အတွင်း ဗဟိုအစိုးရ တာဝန်ရှိသူများ၊ ရခိုင်ပြည်နယ်အစိုးရ၊ ရခိုင်လူမှု အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံး ဆွေးနွေးသွားမည်ဖြစ်ကြောင်း ANC ကိုယ်စားလှယ်အဖွဲ့တွင် လိုက်ပါလာသူ […]