သူ့နိုင်ငံသား ငါးဖမ်းသမား ၆ ဦးကို မြန်မာနယ်ခြားစောင့်တပ်က ဖမ်းဆီးသွားဟု ဘင်္ဂလာဒေ့ရှ်က သတင်းဖော်ပြ

နိရဉ္စရာ၊ နိုဝင်ဘာ ၁၀ ဘင်္ဂလာဒေ့ရှ်ငါးဖမ်းသမား ၆ ဦး မြန်မာနယ်ခြားစောင့်တပ်က ဖမ်းဆီးသွားဟု ဘင်္ဂလာဒေ့ရှ်ကလာသော သတင်းများတွင် ဖော်ပြသည်။ သူတို့ ၆ ဦးကို လွန်ခဲ့သော တစ်ရက် နိုဝင်ဘာ ၉ ရက် နေ့လယ် ၂ နာရီတွင် ဖမ်းဆီးသွားကြောင်း ဘင်္ဂလာဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့ တက်ကနက် အခြေစိုက်တပ်မှူး နာဖီယျာ ရာဟာမန်က ပြောသည်။ သူတို့အားလုံးမှာ စိန်မာတင်ကျွန်း (ရခိုင်အခေါ် အုန်းကျွန်း) မှ ဖြစ်ကြောင်း၊ သူတို့မှာ ငါးဖမ်းနေစဉ် မြန်မာရေပိုင်နက်ထဲကို ၀င်ရောက်သွားရာမှ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်ဟု သတင်းတွင် ဖော်ပြသည်။ ယင်းသို့ ဖမ်းဆီးခံရမှုကို ဒေသဆိုင်ရာ အာဏာပိုင်များနှင့် […]

အပြစ်မဲ့ပြည် သူများအား ဥပဒေနှင့်အညီစောင့်ရှောက်ပေးရန် ရခိုင်အမျိုးသားပါတီက ကြေညာထုတ်

မာန်ယုကျော် (ရွှေဝမြေ) စစ်တွေ၊ ဧပြီ ၂၉ ကျောက်တော်နှင့်ပလက်ဝနယ်စပ်တို့အကြား တိုက်ပွဲများဖြစ်ပွားနေစဉ်အတွင်း အပြစ်မဲ့ပြည် သူများအား ဥပဒေနှင့်အညီစောင့်ရှောက်ပေးရန် ရခိုင်အမျိုးသားပါတီ(ANP)က ဧပြီလ ၂၉ ရက်နေ့ တွင် ကြေညာချက်ထုတ်၍တောင်းဆိုလိုက်သည်။ အဆိုပါကြေညာချက်တွင် ပြီးခဲ့သည့်မတ်လ ၂၉ ရက်နေ့မှစတင်ဖြစ်ပွားနေသည့်အဆိုပါတိုက်ပွဲ ကြောင့် စစ်ဘေးရှောင်ဒုက္ခသည်များ၏ အတည်တကျနေထိုင်နိုင်ရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ စီးပွား ရေးဆိုင်ရာကိစ္စရပ်များအား အဆင်ပြေစွာဆောင်ရွက်နိုင်ရေးကို အစိုးရအနေအဖြင့် အဆောတလျင် စီစဉ်ပေးရန် ပါတီက တောင်းဆိုထားသည်။ “ကျွန်တော်တို့ရခိုင်ပြည်မှာ တိုက်ပွဲဖြစ်တဲ့အချိန်အခါမှာ ပြည်သူတွေဟာ အခက်အခဲအမျိုးမျိုး နဲ့ ဒုက္ခဖြစ်နေကြတယ်ပေါ့လေ။ အဲဒီဒုက္ခရောက်နေတဲ့သူတွေကို ပိုပြီးလုံခြုံမှုရှိစေချင်ပါတယ်။ တိုက်ပွဲ ဖြစ်ရင်လည်းဖြစ်ပေါ့လေ။ ပြည်သူတွေတော့ အခုလိုဒုက္ခမရောက်စေချင်ဘူး”ဟု ပါတီဒုတိယဥက္ကဋ္ဌ ဦးဖိုးမင်းက နိရဉ္စရာသို့ပြောသည်။ ဆက်လက်၍ အဆိုပါကြေညာချက်တွင် […]

ရခိုင်အမျိုးသားပါတီ မြောက်ဦးမြို့နယ် အောင်မြင်စွာဖွဲ့စည်း

(နိရဉ္စရာ-၁၀ ဇွန်လ ၂၀၁၄)/တင့်ဆွေမောင်   ပြဿနာ အချို့ကြောင့် ဖွဲ့စည်းရန် ကျန်နေသော ရခိုင်အမျိုးသားပါတီ(ANP)၏ မြောက်ဦးမြို့နယ်ကော်မီတီကို ဇွန်လ (၁၀) ရက်နေ့ နံနက်က ယင်းမြို့တွင် အခမ်းအနားပြုလုပ်ကာ ရွေးချယ်ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ အခမ်အနားကို ယနေ့ နံနက်(၉)နာရီမှ (၁၁)နာရီအချိန်ထိ မြောက်ဦးမြို့ ရခိုင်အမျိုးသားပါတီ ရုံးတွင် ကျင်းပခဲ့ပြီး ပါတီ ထိပ်တန်းခေါင်းဆောင်များ ဖြစ်ကြသည့် ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်၊ ဦးဦးလှစော၊ ဦးခိုင်ပြည်စိုး၊ဦးမျိုးကျော်တို့တက်ရောက်ခဲ့သည်ဟု သိရသည်။ အခမ်းအနားတွင် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ ပါတီဝင်(၂၅)ဦး၊ရခိုင်ဒီမိုကရေအဖွဲ့ချုပ်မှ ပါတီဝင် (၂၅)ဦး တက်ရောက်လာကြပြီး ယင်းထဲမှ ပ-ခေါင်းဆောင်နှင့် ဒု-ခေါင်းဆောင်တို့ကို ရွေးချယ် တင်မြှောက် ခဲ့သည်။ မြောက်ဦးမြို့နယ် ANP ပါတီ၏ […]

ANP မူဝါဒရေးရာ ရှင်းလင်းရန် ရန်ကုန်တွင် တွေ့ဆုံပွဲ ပြုလုပ်မည်

( နိရဉ္စရာ- ၁၀ ဇွန် ၂၀၁၄) မင်းဆက်ခိုင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့ကို ပူးပေါင်းပြီး တစ်ပါတီ အဖြစ် စုစည်းတည်ထောင်ထားသော ရခိုင်အမျိုးသားပါတီ (ANP)၏ မူဝါဒရေးရာ  ရှင်းလင်းပွဲ တစ်ခုကို ဇွန်လ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်သွားရန် စီစဉ်ထားသည်ဟု ပါတီ ဗဟိုကော်မတီဝင် ရခိုင်သားကြီး ဦးလှမြင့်က ပြောသည်။ ယင်းရှင်းလင်းပွဲသို့ ANP ပါတီဝင်များကိုသာမက ပါတီမိတ်ဆွေများကိုလည်း ဖိတ်ကြားသွားမည်ဟု ဆိုသည်။ “ ရှင်းလင်းပွဲမှာ နှစ်ဖက် ပါတီဝင်တွေကို တွေ့ဆုံပေးမယ်။ ပြီးရင် ပါတီနဲ့ ပတ်သက်တဲ့ မရှင်းမလင်းတဲ့ ကိစ္စတွေကို ရှင်းလင်းမယ်။ ပီးရင်  ပါတီရဲ့ မူဝါဒရေးရာတွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ရှင်းလင်း […]