မြို့ဝင်လမ်း အမှိုက်ပုံကြောင့် သံတွဲမြို့၏ လှပသော ပုံရိပ်ကို ထိခိုက်နေဟုဆို

ရွှေရအောင်(တောင်ကုတ်) နိရဉ္ဇရာ၊ ဇူလှိုင် ၂၆ ရက် ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ နံတော်ဘုရား၊ အထက(၁) ကျောင်းအနီးတွင်ရှိသည့် အမှိုက်ပုံကြောင့် မြို့၏ လှပသော ပုံရိပ်ကို ထိခိုက်နေကြောင်း  သံတွဲဒေသခံများက နိရဉ္ဇရာသို့ပြောသည်။ “ အဲဒီ အမှိုက်ပုံဟာ သံတွဲ အထထ(၁) ရဲ့ရှေ့နားမှာရှိနေတယ်။ ကျွန်တော်တို့ သံတွဲမြို့နယ်ဟာ နိုင်ငံခြားသား တွေနဲ့ ဧည့်သည်တွေ အမြဲတန်း ၀င်ထွက်သွားလာနေတဲ့ နေရာ ဒေသ တစ်ခု ဖြစ်တယ်။ ဒီအမှိုက်ပုံက အနံ့ အသက်တွေလည်း ဆိုးရွားစွာ ထွက်နေတယ်။ ကျွန်တော်တို့မြို့ရဲ့ လှပတဲ့ ပုံရိပ်ဟာ ဒီအမှိုက်ပုံကြောင့် ထိခိုက် နေပါတယ်။ ဒါကြောင့် စည်ပင်အနေနဲ့ အမြန်ဆုံး အမှိုက်ပုံကို တစ်ခြားနေရာကို […]

၈၂ နိုင်ငံသားဥပဒေအရ လုပ်ငန်းအကောင်အထည်ဖော်နေမှုအခြေအနေ ANP သဘောထားအမြင် ရှင်းလင်း

ကောင်းမြတ်နိုင်(မောင်တော) နိရဉ္စရာ၊ဇူလိုင်လ ၂၄ ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ရခိုင်အမျိုးသား ပါတီ (ANP)၏ သဘောထား အမြင်ရှင်းလင်းပွဲ အခမ်းအနားတစ်ခုကို ဇူလှိုင်လ ၂၄ ရက် နေ့က  ရန်ကုန်မြို့၊ နတ်မောက်လမ်း၊ ကန်တော်ကြီး သဘာဝဥယျာဉ်ရှိ Dolphin Restaurant တွင် နေ့လယ် ၁၂ နာရီ ၃၀ မိနစ်မှ ညနေ ၄ နာရီထိ ပြုလုပ်ခဲ့သည်။ ” ကျွန်တော်တို့ ရခိုင် အနောက်ဘက်နယ်စပ်ဒေသတွေမှာ ရှေ့တန်းစစ်မျက်နှာပါ။ ကျွန်တော်တို့ ရခိုင်လူမျိုးဟာ အမျိုးသီလ၊ နှစ်ဌာနကို စောင့်စွမ်းနိုင်တဲ့လူမျိုးဖြစ်ပေမယ့် နယ်မြေလုံခြုံရေး၊  နိုင်ငံရဲ့ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးတို့ အတွက် ကျွန်တော်တို့ […]

ANP ပေါက်တောမြို့နယ်ရုံးကို ကိုယ်ပိုင်ရုံးသစ်သို့ ပြောင်းရွှေ့

စံမောင်သန်း၊ ရန်ကုန် နိရဉ္စရာ၊ ဇူလိုင် ၂၀ ရခိုင်အမျိုးသားပါတီ ပေါက်တောမြို့နယ် ဌာနခွဲရုံး ဆောက်လုပ်မှု ရာနှုန်းပြည့် မပြီးစီးသေးသော်လည်း စတင် အသုံးပြု၍ ရရှိနိုင်ငံသည့်အနေအထားသို့ ရောက်ရှိနေပြီဖြစ်သဖြင့် ရုံးသစ်သို့ ဇူလိုင်လ ၁၈ ရက်နေ့တွင် ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း သိရသည်။ “ရခိုင်အမျိုးသားပါတီ ပေါက်တောမြို့နယ်ဌာနခွဲ ကိုယ်ပိုင်ရုံးကို ပါတီအဖွဲ့ဝင်တွေဆီက ထောက်ပံ့ငွေတွေ၊ ပြင်ပ အလှူရှင်တွေဆီက လှူဒါန်းငွေတွေနဲ့ ဆောက်လုပ်ခဲ့တာ  ၄ လ ရှိပါပြီ။ တစ်စိတ် တစ်ပိုင်း ပြီးစီးတဲ့အတွက်  အသုံးပြုလို့ရအောင် စီစဉ်ပြီးတော့ ပြောင်းရွှေ့လိုက်တာဖြစ်ပါတယ်။ ကိုယ်ပိုင်ရုံးမှာ လုပ်ရတာ ပိုပြီးအဆင်ပြေတဲ့အတွက် ဒီလိုမျိုး ပြောင်းရွှေ့လိုက်တာဖြစ်ပါတယ်” ဟု ရခိုင်အမျိုးသားပါတီ ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် ၂ […]

ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ် ရခိုင်အစိုးရအဖွဲ့ ၀န်ကြီးနေရာ လက်ခံ

မာန်ယုကျော် (ရွှေဝမြေ) နိရဉ္စရာ၊ ဧပြီ ၇   NLD မှ ကမ်းလှမ်းသော ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင် ၀န်ကြီးနေရာကို လက်ခံပါက ထိထိရောက်ရောက် အရေးယူမည်ဟု ရခိုင်အမျိုးသားပါတီ ( ANP) က သတိပေးထားသည့်ကြားမှာ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွှင်သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် စိုက်ပျိုးရေး၊ မွေးမြူးရေး၊ သစ်တောနှင့် သတ္တုတွင်း ဝန်ကြီးနေရာကိုလက်ခံလိုက်ပြီဟု သတင်း ရရှိသည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ရခိုင်အမျိုးသားပါတီ(ANP)က ဦးဆောင်ခွင့်မရလျှင် ပြည်နယ်အစိုးရအဖွဲ့တွင် ပါဝင်မည်မဟုတ်ဟု ၁/၂ဝ၁၆ ဖြင့် ANP က ထုတ်ပြန်ကြေညာထားသဖြင့် မည်သည့် အတွက် ပါတီ၏ ဆုံးဖြတ်ချက်ကို မလိုက်နာဘဲ […]