မြန်မာလွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော်ဦးဥတ္တမနေ့  ငြိမ်းစုစီတင်၍ ကျင်းပရခြင်းမှာ မဖြစ်သင့်ဟုဆို

နိရဉ္စရာ၊ စက်တင်ဘာ ၁၀ (၇၉) နှစ်မြောက် မြန်မာလွတ်လပ်ရေးမီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား ကျင်းပရာတွင် ရခိုင်ပြည်နယ်မှ မြို့တစ်ချို့တွင် ငြိမ်းစုစီ တင်ပြီးမှ ကျင်းပခွင့်ရခဲ့သဖြင့် ၎င်းအဖြစ်မျိုးမှာ လုံးဝ မဖြစ်သင့်ကြောင်း ရခိုင်ပြည်နယ် နိုင်ငံရေး အသိုင်းအ၀ိုင်းမှ တာဝန်ရှိသူများက ဝေဖန်ပြောကြားလိုက်သည်။ မြောက်ဦးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က “ ကျွန်တော်တို့ မြောက်ဦးမြို့မှာ ဆရာတော် ဦးဥတ္တမနေ့ကို ငြိမ်းစုစီ တင်ပြီးမှ ကျင်းပခွင့်ရခဲ့ပါတယ်။ ဆန္ဒပြ တာလည်း မဟုတ်ဘူး။ ဆန္ဒဖော်ထုတ်တားလည်း မဟုတ်ပါဘဲနဲ့ ခုလို မြန်မာ လွတ်လပ်ရေး အတွက် အနစ်နာခံ ကြိုးပမ်းခဲ့တဲ့ ဆရာတော်ဦးဥတ္တမကို ဂုဏ်ပြုပူဇော်ပွဲ ပြုလုပ်မယ့်ဟာကို ငြိမ်းစုစီတင်ခိုင်းတာက […]

ANP ၏ ရသေ့တောင်မြို့နယ်ရုံးသစ်ဖွင့်လှစ်

စံမောင်သန်း နိရဉ္စရာ၊ စက်တင်ဘာ ၁ ရသေ့တောင်မြို့နယ် ရခိုင်အမျိုးသားပါတီ (ANP) ရုံးသစ်ဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲကို ယနေ့ နံနက် ၎င်းရုံးတည်ရှိရာ ရသေ့တောင်မြို့ တောင်ရင်းတန်းရပ်ကွက်တွင် ပြုလုပ်ခဲ့သည်။ ရုံးဖွင့်ပွဲတွင် သံဃာတော်များကို ပင့်ဖိတ်၍ ဆွမ်းကပ်လှူခဲ့ကြကြောင်း၊ ရုံးဆိုင်းဘုတ်ကို မြို့နယ် ဥက္ကဋ္ဌနှင့် တာဝန် ရှိသူများက ဖွင့်လှစ်ပေးခဲ့ကြောင်း ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဦးသန်းနိုင်က နိရဉ္စရာ သတင်းဌာနသို့ပြောသည်။ “ ဒီလိုရုံးက မြို့နယ်တိုင်းမှာ လိုအပ်ပါတယ်။ ပါတီလုပ်ငန်းတွေ ထိထိရောက်ရောက် ဆောင်ရွက်တဲ့ နေရာမှာ မြို့နယ်ပါတီရုံးက အရေးကြီး ပါတယ်။ ဒီအတွက် ကြိုးစားပြီးတော့ မြို့နယ်အတွင်းက စုဆောင်းရရှိထားတဲ့ ငွေတွေ၊ ပါတီဝင်တွေက ထည့်ဝင်တဲ့ ငွေတွေ၊ […]

အကြမ်းဖက်ခံရသည့် သြဂုတ်၂၅ နှစ်ပတ်လည်နေ့အခမ်းအနား စစ်တွေတွင်ကျင်းပမည်

နိရဉ္စရာ၊ သြဂုတ် ၂၁ ရခိုင်အမျိုးသားပါတီ ( ANP) မှ သြဂုတ် ၂၅ ရက်နေ့တွင် ကျရောက်သည့် မောင်တော အကြမ်းဖက်ခံရမှု နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို စစ်တွေမြို့တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။ ရခိုင်အမျိုးသားပါတီ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က “ ကျွန်တော်တို့ ဒီအခမ်းအနားကို စစ်တွေမြို့ အတုလ မာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးမှာ ကျင်းပ ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။ မနေ့က စပြီး ဖိတ်စာတွေ ဝေနေပါပြီ” ဟု ပြောကြားသည်။ အခမ်းအနားတွင် သြဂုတ် ၂၅ အကြမ်းဖက်မှု ဖြစ်စဉ်အတွင်း သေဆုံးသွားခဲ့ကြသည့် ရခိုင်၊ မြို၊ ဒိုင်းနက်၊ […]

ရခိုင်အမျိုးသားပါတီ၏ လူငယ်မျက်နာစုံညီအစည်အဝေး ကျင်းပမည်

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ သြဂုတ် ၁/၂၀၁၈ ရခိုင်အမျိုးသားပါတီ ( ANP) ၏ လူငယ်မျက်နာစုံညီ အစည်းအဝေးတစ်ခုကို ကျောက်တော်မြို့တွင် လာမည့် သြဂုတ်လ ၁၁နှင့် ၁၂ ရက်နေ့များတွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ “ရခိုင်အမျိုးသားပါတီကို ၀ိုင်းရံနိုင်ဖို့အတွက် အင်အားတောင့်တင့်တဲ့ လူငယ်အင်အားစုတစ်ခုကို ဘယ်လိုအကောင်အထည် ဖော်မလဲဆိုတာကို သိရှိနိုင်ဖို့အတွက် ပဏာမအနေနဲ့ ကျနော်တို့ ပါတီဝင်ဖြစ်တဲ့ ရခိုင်လူငယ်တွေအတွက် တွေ့ဆုံပွဲတစ်ရပ် ပြုလုပ်ရတာဖြစ်ပါတယ်”ဟု ANP ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။ ရခိုင်အမျိုးသားပါတီသည် ၂၀၁၄ ခုနှစ်တွင် ပေါ်ပေါက်လာခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် အလုပ်သမား၊ လယ်သမား၊ လူငယ်အခန်းကဏ္ဍများကို အကောင်အထည် မဖော်နိုင်ခဲ့ကြောင်း၊ […]

ဘင်္ဂလီများပြန်လည်လက်ခံရေးအပေါ် သဘောထား မပေးနိုင်ကြောင်း ရခိုင်အမျိုးသားပါတီမှ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကို ပြောကြား

နိရဉ္စရာ၊ ဇွန် ၁၈ ရခိုင်အမျိုးသားပါတီ (ANP) ပါတီ တာဝန်ရှိသူများမှ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စက် ခရစ္စတင်း ရှရနာ ဘာဂျင်နာ (Christine Schraner Burgener) နှင့် ဇွန် ၁၇ ရက်နေ့က စစ်တွေဟိုတယ်တွင် တွေ့ဆုံစဉ် ဘင်္ဂလီများ ပြန်လည်လက်ခံရေးနှင့် ပတ်သက်ပြီး ပါတီအနေဖြင့် တစ်စုံတစ်ရာ သဘောထားမပေးနိုင်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိသည်။ “ ကျွန်တော်တို့နဲ့ မနေ့က စစ်တွေဟိုတယ်မှာ တွေ့ဆုံစဉ် ကုလသမဂ္ဂအထွေထွေ အတွင်း ရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် အမျိုးသမီးက ဘာမေးသလဲဆိုရင် ဘင်္ဂလာဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ ဘင်္ဂလီလူမျိုးတွကို ပြန်လည် လက်ခံဖို့အတွက် ဘင်္ဂလာဒေ့ရှ်နဲ့ မြန်မာ အစိုးရ […]

လစ်လပ်နေသော ရသေ့တောင်မြို့နယ် အမှတ်(၂) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်နေရာအတွက် ယှဉ်ပြိုင်လိုသူ ANP ကိုယ်စားလှယ်လောင်းများ လျှောက်လွှာခေါ်ယူ

နိရဉ္စရာ၊ ဇွန် ၁၂ လစ်လပ်နေသော ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အမှတ်(၂) ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်အတွက် ပါဝင်ယှဉ်ပြိုင်လိုသော ရခိုင်အမျိုးသားပါတီဝင်များကို လျှောက်လွှာခေါ်ယူနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ရသေ့တောင်မြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မြေအတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ANP ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်လိုသော ANP ပါတီဝင်များအနေဖြင့် မြို့နယ်ရုံးတွင် (၁၅-၆-၂၀၁၈) နေ့ ညနေ ၄ နာရီကို နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ လျှောက်လွှာတစ်စောင်ကို ကျပ် ၃၀၀၀၀ ဖြင့် ၀ယ်ယူရမည် ဖြစ်ကြောင်း သိရသည်။ ရသေ့တောင်မြို့နယ် ANP ပါတီ အထွေထွေ အတွင်းရေးမှူး ဦးမောင်လှမြင့်က “ […]

ANP ၏ အစည်းအဝေးတွင် ညီလာခံကျင်းပရေးဆွေးနွေး

နောင်ခိုင်အောင် နိရဉ္စရာ၊ မေ ၇ ယနေ့ စစ်တွေမြို့ ဗဟိုဌာနချုပ်တွင် စတင်ကျင်းပသည့် ရခိုင်အမျိုးသားပါတီ (ANP) ၏ အစည်းအဝေးတွင် ပါတီညီလာခံကျင်းပရေးကို အဓိကထား ဆွေးနွေးခဲ့သည်ဟု သတင်းရရှိသည်။ “ကျနော်တို့ အခြေခံအကြောင်းအရာ ၃ ချက်ထဲက တစ်ခုက ဖြစ်တဲ့ ပါတီညီလာခံကို ၂ဝ၁၉ ခုနှစ် နှစ်ဆန်းပိုင်းလောက်မှာ လုပ်သင့်တယ်လို့ ဗဟိုကော်မတီကိုတင်ပြပါတယ်။ ညီလာခံ မကျင်းပမီ ရပ်ကျေးနဲ့ မြို့နယ် ကော်မတီတွေကို ဖွဲ့စည်းရေး ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ပါတယ်” ဟု ပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က နိရဉ္စရာသတင်းဌာနကိုပြောသည်။ ရပ်ကျေးအဆင့်အား ယခုကပင် စတင်ပြီး ပြန်လည်းဖွဲ့စည်းရန်နှင့် အောက်တိုဘာလတွင် အပြီးသတ် ဖွဲ့စည်းရန်၊ နောက် မြို့နယ်ကော်မတီတွေကို […]

တောင်ကုတ်မြို့တွင် ကျင်းပမည့် ရခိုင်လူငယ်ညီလာခံသို့ လေ့လာသူများအပါအ၀င် လူငယ် ၁၀၀၀ ခန့်တက်ရောက်မည်

နိရဉ္စရာ၊ ဧပြီ ၃၀ ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ကျင်းပမည့် ရခိုင်လူငယ်ညီလာခံသို့ လေ့လာသူ Observer အပါအ၀င် လူပေါင်း ၁၀၀၀ ခန့်တက်ရောက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။ “ ကျွန်တော်တို့ မေလ ၁ ရက် မနက် ၇ နာရီမှာ အခမ်းအနားကို စတင်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ အခု ညီလာခံကို တက်ရောက်မယ့် လူငယ် စုစုပေါင်း ၄၀၀ နီးပါး တောင်ကုတ်မြို့ကို ရောက်ရှိနေပါပြီ။ Obsever လေ့လာသူတွေ၊ ဒေသခံတွေ၊ တစ်ခြားအဖွဲ့အစည်းပေါင်းစုံက လူတွေနဲ့ ဆိုရင်တော့ ဖွင့်ပွဲကို လူပေါင်း ၁၀၀၀ ခန့်တက်ရောက်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်” ဟု လူငယ်ညီလာခံ ဖြစ်မြောက်ရေးအတွက် ဦးဆောင်ကြိုးပမ်းသူ […]

ရခိုင်ပြည်နယ် အစိုးရ၏ ဟန့်တားမှုကြောင့် ရခိုင်အမျိုးသားပါတီ၏ ဒီမိုကရေစီနှင့် ဖက်ဒရယ်သင်တန်း ရပ်ဆိုင်းလိုက်ရ

နိရဉ္စရာ၊ မတ် ၂၀ ရခိုင်အမျိုးသားပါတီ (ANP) မှ အိန္ဒိယ ပညာရှင်များနှင့် ယနေ့ စတင်ပြုလုပ်မည့် ဒီမိုကရေစီနှင့် ဖက်ဒရယ် သင်တန်းကို ရခိုင်ပြည်နယ် အစိုးရ တာဝန်ရှိသူများမှ ဟန့်တားသဖြင့် သင်တန်းကို ရပ်ဆိုင်းလိုက်ရသည်ဟု သတင်းရရှိသည်။ ရခိုင်အမျိုးသား ပါတီ ဒုဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက “ ကျွန်တော်တို့ကို တိုက်ရိုက် ဖိအား လာပေးတာမျိုးတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ သင်တန်းပြုလုပ်မယ့် ရွှေသဇင်ဟိုတယ်ကို သွားပြီး ဖိအားပေးနေတာ ဖြစ်ပါတယ်။ ဒီသင်တန်းကို လုပ်ခွင့် မပေးဖို့ ဟိုတယ်ပိုင်ရှင်ကို သွားပြီး ရဲက ပြောတယ်လို့ သိရပါတယ်”ဟု ပြောသည်။ သို့အတွက် ဟိုတယ် ပိုင်ရှင်မှ သင်တန်းနှင့် ပတ်သက်ပြီး […]

ရခိုင်အမျိုးသားပါတီ၏ လက်ရှိကျင်းပပြုလုပ်နေသည့် အစည်းအဝေးတွင် ဒေါက်တာအေးမောင် နုတ်ထွက်ခွင့်တင်ထားခြင်းအပေါ် ဆွေးနွေးမည်ဟုဆို

နိရဉ္စရာ၊ ဇန်န၀ါရီ ၅ ရခိုင်အမျိုးသားပါတီ (ANP) ၏ လက်ရှိ ကျင်းပနေသည့် အစည်းအဝေအတွင်း ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်နုတ်ထွက်စာတင်သွင်းထားခြင်းနှင့် ပတ်သက်ပြီး ဆွေးနွေးဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ပါတီ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။ “ ကျွန်တော်တို့ အစည်းအဝေးက ဇန်န၀ါရီ ၄ ရက်နေ့ကနေ ၇ ရက်နေ့ထိ ၄ ရက်တိုင်တိုင် ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီအစည်းအဝေးအတွင်း ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင် နုတ်ထွက်ခွင့်တင်ထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။ မြို့နယ်အဆင့် ကော်မတီဝင်တွေ၊ ဗဟိုကော်မတီဝင်တွေ ဆွေးနွေးမှုကနေ ရရှိလာတဲ့ […]