မြတန်ဆောင်းဆရာတော်နှင့် ခိုင်နီမင်း အလုပ်ကြမ်းနှင့် ထောင် ၂ နှစ်စီ ချမှတ်ခံရ

မာန်ယုကျော် (ရွှေဝမြေ) စစ်တွေ၊ သြဂုတ် ၃ဝ ရက္ခိုင့်တပ်မတော် (AA)၏ ၈ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆို၍ ဘောလုံးပွဲကျင်းပခဲ့သည့် မြောက်ဦးမြို့မှ မြတန်ဆောင်းဆရာတော်နှင့် ခိုင်နီမင်းတို့ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်စီချမှတ်လိုက်သည်ဟု အဆိုပါအမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့်ရှေ့နေ ကိုဦးထွန်းလှက နိရဉ္စရာသို့ ပြောသည်။ “ဒီနေ့ နေ့လယ် ၁၂ နာရီလောက်က မြောက်ဦးမြို့နယ်တရားရုံးကနေ အမိန့် ချလိုက်တာဖြစ်ပါတယ်”ဟု ရှေ့နေ ကိုဦးထွန်းလှက ဆိုသည်။ မြတန်ဆောင်းဆရာတော်နှင့်အတူ ပူးပေါင်းကျင်းပခဲ့သည့် ခိုင်နီမင်းကို ထောင်ဒဏ် ၂ နှစ်အပြင် မြောက်ဦးမြို့နယ်ရဲစခန်းတွင် ပြဿနာတစ်ခုဖြစ်ပွားခဲ့မှုကြောင့် ထောင်ဒဏ် ၆ လကို တပါတည်း ကျခံရမည်ဟုလည်း ရှေ့နေက ပြောသည်။ မြတန်ဆောင်းဘုန်းတော်ကြီးသင်ပညာရေးကျောင်း၏ […]

မြတန်ဆောင်းဆရာတော် အဖမ်းခံရသော်လည်း ဆရာတော် စီစဉ်ခဲ့သည့် စာပေဟောပြောပွဲ ဆက်လက်ကျင်းပ

နိရဉ္စရာ၊ ဧပြီ ၁၁ ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ရက္ခိုင့်တပ်မတော် (အေအေ) ၏ (၈) နှစ်မြောက်မွေးနေ့ အဖြစ် ကျင်းပ ပြုလုပ်ရန် စီစဉ်ထားသည့် စာပေဟောပြောပွဲကို မြတန်ဆောင်း ဆရာတော် ဖမ်းဆီးခံရသော်လည်း ဧပြီလ ၁၁ ရက်နေ့ ညနေပိုင်းက ဆရာတော်၏ လုပ်ဖော်ကိုင်ဘက်များက ဆက်လက် ကျင်းပခဲ့သည်ဟု သိရသည်။ ၎င်းအခမ်းအနားအား မြောက်ဦးမြို့ မြတန်ဆောင်းကျေင်းအနီး ကွင်းပြင်တွင် ကျင်းပရာ ရခိုင်ရိုးရာ အကပဒေသာများဖြင့် တင်ဆက်ခဲ့ပြီး လူပေါင်း ရာနှင့်ချီ တက်ရောက် အားပေးခဲ့ကြသည်။ ၎င်းစာပေဟောပြောပွဲတွင် ဆရာတော် ဦးသြဘာသနှင့် အမ်းသားကြီးတက်ရောက်ဟောပြောခဲ့ပြီး အမ်းသားကြီးမှ “ တော်လှန်ရေးမှ အပ တစ်ခြားမရှိ” ခေါင်းစဉ်ဖြင့် တက်ရောက်ဟောပြောခဲ့ကြောင်း […]

လောက်ကိုင်တွင် ဖြစ်ပွားနေသော တိုက်ပွဲတွင် ရက္ခိုင့်တပ်မတော် (AA) ပါဝင်

ရန်ကုန် ဖေဖော်ဝါရီ ၁၂ တရုတ်နယ်စပ်အနီးရှိ ရှမ်းပြည်နယ် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ လောက်ကိုင်မြို့ပေါ်တွင် လက်ရှိ ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း ရက္ခိုင့်တပ်မတော် ( Arakan Army) မှ တပ်ဖွဲ့များလည်း ပါဝင်နေသည်ဟု သတင်း ရရှိသည်။ တအာင်းတပ်မတော်၏ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ သတင်း ထုတ်ပြန်ချက်တွင် လောက်ကိုင်ဒေသ၌ ဖြစ်ပွားနေသော တိုက်ပွဲများမှာ ဖုန်ကြားရှင် ဦးစီးသည့် မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီတပ်ပေါင်းစု (MNDAA)၊ တအာင်းတပ်မတော် ( TNLA)၊ ရက္ခိုင့်တပ်မတော် ( AA)နှင့် ကချင် လွတ်မြောက်ရေး အဖွဲ့ ( KIO/KIA) ပူးပေါင်းတပ်ဖွဲ့တို့ နှင့် ဖြစ်ပွားနေသည်ဟု […]

ရက္ခိုင့်တပ်မတော်(AA) မှ သေဆုံးသူ ဗိုလ်လောင်း ၈ ဦး အမည်စာရင်းထုတ်ပြန်

(နိရဉ္စရာ- ၂၂ နိုဝင်ဘာ ၂၀၁၄) နိုဝင်ဘာလ ၁၉ ရက်နေ့က KIA ဌာနချုပ်မှ ဗိုလ်လောင်းသင်တန်းကျောင်းတစ်ခုအား  မြန်မာတပ်မတော် တပ်ရင်းတစ်ခုမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဗိုလ်လောင်း ၂၃ ဦးသေဆုံးခဲ့ရသည်။ ထိုသေဆုံးသူ ၂၃ ဦးထဲတွင် ရက္ခိုင့် တပ်မတော် (AA) မှ ဗိုလ်လောင်း (၈) ဦး ပါဝင်သည်။ သူတို့၏ အမည်နှင့် နေရပ်လိပ်စာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ (၁) ဗိုလ်လောင်းကျော်ခန့် ၊ အသက် (၂၁) နှစ်၊ မင်းပြား။ (၂) ဗိုလ်လောင်းကိုစောတင် ၊ အသက် (၂၃) နှစ်၊ ကျောက်တော်။ (၃) ဗိုလ်လောင်းထက်ထက်အောင် (သို့) […]