ဟိန္ဒူအမျိုးသမီး ၆ဦးပြန်ပေးဆွဲခံရပြီး နောက်ထပ် သမီးတစ်ဦးနှင့် ဖခင်ဖြစ်သူတို့ ပျောက်ဆုံးနေဟုဆို

နိရဉ္စရာ၊ စက်တင်ဘာ ၁ မောင်တောမြို့နယ် မြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာအုပ်စုရှိ ဟိန္ဒူရွာမှ အမျိုးသမီး ၆ ဦးကို အကြမ်းဖက် အဖွဲ့မှ ဖမ်းဆီး ပြန်ပေးဆွဲသွားခဲ့သည်ဟု ဟိန္ဒူခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဇော်မင်းထွန်းက ပြောသည်။ “ သူတို့ရွာကို မီးတိုက်ပြီး လူတွေကို သတ်တယ်။ အမျိုးသမီး ၆ ယောက်ကိုလည်း အကြမ်းသမားတွေက ဖမ်းဆီး ပြန်ပေးဆွဲသွားခဲ့ပါတယ်။ အခု သူတို့ကို ကျွန်တော်တို့ ဘုန်းကြီးက ဘင်္ဂလာရဲကို အကူအညီတောင်းပြီး အခု အိုကီးယားမြို့မှာ စောင့်ရှောက်ထားပါတယ်” ဟု ပြောကြားသည်။ ခမောင်းဆိပ်အပါအ၀င် ဟိန္ဒူကျေးရွာများတွင် မည်ကဲ့သို့ ဖြစ်နေသည်ကို ဖုန်းအဆက်အသွယ်မရကြောင်း၊ ဟိန္ဒူလူမျိုးများနေထိုင်သည့် ငခူရ၊ ကြိမ်ချောင်း၊ ခမောင်းဆိပ်၊ တက်ကနက်ခွဆုံ […]

အကြမ်းဖက်တိုက်ပွဲများအတွင်း လက်နက်ဆုံးရှုံးမှုနှင့် သိမ်းဆည်းရမှုစာရင်းထုတ်ပြန်

နိရဉ္စရာ၊ သြဂုတ် ၃၁ သြဂုတ် ၂၅ ရက်နေ့မှ ၂၉ ရက်နေ့ထိ မြန်မာ လုံခြုံရေးတပ်ဖွဲ့ဝင်များဘက်မှ ဆုံးရှုံးခဲ့ရသည့် လက်နက်ငယ် အရေအတွက်မှာ စုစုပေါင်း ၁၀ လက်ရှိကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။ မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ဆုံးရှုံးခဲ့ရသည့် လက်နက်များမှာ ဘီအေ ၉၄ သေနတ်ငါးလက်၊ ၁၂ ဗို့သေနတ် နှစ်လက်၊ ပွိုင့် ၃၈ ခြောက်လုံးပြူး တစ်လက်၊ ဘီအေ ၆၃ သေနတ်တစ်လက်၊ အမ်အေ-၁၁ တစ်လက် စုစုပေါင်း လက်နက်ငယ် ၁၀ လက်ဆုံးရှုံးထားကြောင်း သိရသည်။ ဆုံးရှုံးထားသည့် ကျည်ဆံများမှာ ၇ ဒသမ ၆၂ ကျည်တောင့် ၁၄၀၀၊ […]

ခုံတိုင် မြိုတိုင်းရင်းသားရွာမီးတိုက်ခံရပြီး လူ ၇ ဦးအသတ်ခံရသည့်အပေါ် အစိုးရအတည်ပြု

နိရဉ္စရာ၊ သြဂုတ် ၃၁ ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း လတ်တလော ပေါ်ပေါက်နေသည့် အကြမ်းဖက်မှုအတွင်း အပြစ်မဲ့ ရခိုင် တိုင်းရင်းသားအများအပြား အသတ်ခံနေရရာ မောင်တောမြို့နယ် မြောက်ပိုင်း ခုံတိုင်မြိုရွာ မီးရှို့ခံရပြီး ရွာသား ခုနှစ်ဦး အသတ်ခံရခြင်းကို အစိုးရက အတည်ပြုသည်။ မောင်တောမြို့နယ် ၊ ပဒကားရွာသစ် ခုံတိုင်(မြို) တိုင်းရင်းသားကျေးရွာအား သြဂုတ် ၂၈ ရက် မွန်းလွဲပိုင်းက ARSA အစွန်းရောက် အကြမ်းဖက်သမား ၄၀၀ ကျော်ခန့်မှ မီးရှို့ဖျက်ဆီးပြီး ဝိုင်းဝန်း တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်သည်။ “ သြဂုတ် ၂၈ ရက်နေ့က မွန်းလွဲပိုင်းမှာဖြစ်တာပါ ဆရာ။ ဘင်္ဂလီ အစွန်းရောက် ရွာသား ၄၀၀ […]

ပုဏ္ဍားကျွန်းမြို့တွင် ဘူးသီးတောင်မြို့နယ်မှ ဒုက္ခသည် ၂၀၀ ခန့် ရောက်ရှိခိုလုံ အလှူထည့်ဝင်ငွေ တစ်နေ့တည်းဖြင့် သိန်းခြောက်ဆယ်ကျော်ရရှိ

နိရဉ္စရာ၊ သြဂုတ် ၃၀ ရခိုင်ပြည်နယ်၊ ပုဏ္ဍားကျွန်းမြို့သို့ ဘူးသီးတောင်မြို့နယ်မှ လူပေါင်း ၂၀၀ နီးပါး ထွက်ပြေးခိုလုံ ရောက်ရှိနေကြောင်း ပုဏ္ဍားကျွန်းမှ လူမှုရေး ဆောင်ရွက်နေသူ ဦးမောင်လှအောင်က နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။ သြဂုတ်လ ၂၇ ရက်နေ့ ည ၉ နာရီခန့်က ဘူးသီးတောင်မြို့နယ် တောင်မော် (စေတီပြင်)မှ ၁၅၇ ဦး၊ သြဂုတ် ၂၈ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် သိန်တောင်ကျေးရွာမှ ၂၇ ဦး၊ စုစုပေါင်း ၁၈၄ ဦးခိုလုံ ရောက်ရှိနေကြောင်း သူက ပြောကြားသည်။ “ ခိုလုံရန် ရောက်ရှိနေကြသည့် ရခိုင်တိုင်းရင်းသားများအား လောကမာရဇိန်ဘုရားတွင် နေရာချထားပေးထားပါတယ်။ အခု ရောက်ရှိလာတဲ့ […]

ဒုက္ခသည် ၁၀၀ ခန့် ကျောက်တော် ဒုက္ကန်ချောင်းရွာသို့ ထွက်ပြေး ရောက်ရှိ

မဘုကေ စစ်တွေ၊ သြဂုတ် ၃၀ ဘူးသီးတောင်မြို့နယ်မှ ဒိုင်းနက်မျိုးနွယ်စုဝင် ရွာသား ၇၉ ဦးသည် တောတောင်များကို ဖြတ်ကျော်ထွက်ပြေးလာပြီးနောက် ကျောက်တော်မြို့နယ် ဒုက္ကန်ချောင်းရွာသို့ သြဂုတ် ၂၈ ရက် နံနက် ၉ နာရီက ဘေးမသီရန်မခဘဲ ရောက်ရှိလာသည်ဟု သတင်း ရရှိသည်။ ဒုက္ကန်ချောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက“ ဒိုင်းနက် လူမျိုး ဒုက္ခသည်ပေါင်း ၇၉ ဦးဖြစ်ပါတယ်။ သြဂုတ် ၂၈ ရက် နံနက် ၉ နာရီလောက်မှာ ရောက်တာပါ။ သူတို့ကို လက်ရှိ ရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံမှာ ထားထားပါတယ်” ဟု ကပြောသည်။ အဆိုပါ ဒုက္ခသည်များရှိရာသို့ ကျောက်တော်မြို့နယ် အုပ်ချုပ်ရေး မှ လာရောက်ပြီး […]

စိတ်ကြွဆေးပြားများသောက်ပြီး အကြမ်းဖက်ရန်လာသူ၂ ဦး လက်နက်များနှင့်အတူဖမ်းမိ

အောင်ကျော်မင်း(မောင်တော) နိရဉ္စရာ၊ သြဂုတ် ၂၉ မောင်တောမြို့ မောင်နီရွာတွင် စိတ်ကြွဆေးပြားများ သောက်ပြီးအကြမ်းဖက်ရန် ၀င်ရောက်လာသော အကြမ်းဖက်သမား ဘင်္ဂလီလူမျိုး ၂ ဦးကို လက်နက်များ၊ စိတ်ကြွဆေးပြားများနှင့် အတူ ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ သြဂုတ် ၂၉ ရက် မနက်အစောကြီး ၁ နာရီ မောင်တောမြို့ မြိုမ ကညင်တန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ မောင်နီရွာ ကျေးရွာအတွင်း ကင်းစောင့်နေကြစဉ် မောင်တောမြို့ မြိုမတောင် ရပ်ကွက်နေ ရော်ဟီးမူလာ (၃၀) နှစ် (ဘ) ဇော်ဟစ်ရာမောက်နှင့် မောင်နီရွာကျေးရွာနေ ဆီရာဇူဟောက်(၁၉)နှစ်(ဘ)ကာဆိမ်း တို့ ၂ ဦးအား ဓါးများကိုင်၍ ၀င်ရောက်လာသည်ကို တွေ့ရှိ၍ […]

ဘင်္ဂလီအကြမ်းဖက်ဟု သုံးနှုန်းမှုအပေါ် ကန့်ကွက်ပြီး စစ်သွေးကြွများကို ပူးပေါင်းတိုက်ခိုက်ရန် ဘင်္ဂလာအစိုးရ အဆိုပြု

နိရဉ္စရာ၊ သြဂုတ် ၂၉ မြန်မာမှ “ဘင်္ဂလီအကြမ်းဖက်” ဟု ခေါ်ဝေါ်သုံးစွဲမှုကို ဘင်္ဂလာဒေ့ရှ် အစိုးရမှ ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်သည်ဟု ဘင်္ဂလာဒေ့ရှ်၏ UNB သတင်းတွင် ဖော်ပြသည်။ မြန်မာအနေဖြင့် သူ့နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အကြမ်းဖက်အဖွဲ့ကို ဘင်္ဂလီအကြမ်းဖက်ဟု အမည်တပ် သုံးစွဲခြင်းကို လက်မခံနိုင်ကြောင်း မြန်မာအစိုးရထံသို့ ဒက္ကားမြို့သံရုံးမှ တစ်ဆင့် အကြောင်းကြားလိုက်သည်ဟု ဆိုသည်။ ၎င်းပြင် ဘင်္ဂလာဒေ့ရှ် အစိုးရမှ လိုအပ်လျှင် နယ်စပ်တွင် အမည်အမျိုးမျိုး ကပ်ထားသည့် မည့် သည့် အကြမ်းဖက် အဖွဲ့အစည်းကို နှစ်နိုင်ငံ ပူးပေါင်းတပ်ဖွဲ့စည်းပြီး တိုက်ခိုက်ရန်လဲ ကမ်းလှမ်းလိုက်သည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။ ဘင်္ဂလာဒေ့ရှ်နိုင်ငံခြားရေး ၀န်ကြီးဌာန အရှေ့တောင်အာရှဆိုင်ရာ ဒါရိုက်တာ Manjurul […]

အကြမ်းဖက်သမားများပစ်ခတ်မှုကြောင့် ဆောက်လုပ်ရေးဝန်ထမ်းနှစ်ဦး ဒဏ်ရာရ

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ သြဂုတ် ၂၉ ကိုးတန်ကောက်ရခိုင်ကျေးရွာမှ ချိန်ခလိန်ဘင်္ဂါလီ ရွာကိုဖြတ်၍ ရသေ့တောင်ဘက်သို့ လာသော လမ်းဦးစီးဌာနမှ ဆောက်လုပ်ရေးဝန်ထမ်း ၄ ဦးကို ချိန်ခါလိန် ဘင်္ဂါလီ ဒုက္ခသည်စခန်းအရောက်တွင် အကြမ်းဖက်သမားများမှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ၂ ဦးဒဏ်ရာရရှိခဲ့သည်ဟု သတင်းရရှိသည်။ ဒဏ်ရာရရှိသူနှစ်ဦးမှာ ဦးမောင်သိန်းအောင် (၄၄)နှစ်နှင့် ဦးဇော်ဇော်သူ (၃၇) နှစ်တို့ဖြစ်ကြသည်။ သူတို့သည် ကိုးတန်ကောက်လမ်းကို ပြင်နေသည့် လမ်းဦးစီးဌာနမှ SE ဦးဖြိုးမင်းသန်း ဦးဆောင်သည့်အဖွဲ့တွင် အလုပ်လုပ်နေသည့် ၀န်ထမ်းများဖြစ်ကြောင်း သိရသည်။ “တိုက်ပွဲတွေဖြစ်တော့ သူတို့ ကိုးတန်ကောက်မှာ ပိတ်မိနေခဲ့ကြပါတယ်။ ချိန်ခလိန်မှာ တပ်မတော်က ရှင်းလင်းရေး လုပ်ပြီးပြီဆိုတော့ လုံခြုံတယ်ထင်ပြီး ရသေ့တောင်ဘက်ကို သွားဖို့ […]

သရက်အုပ်ကျေးရွာကို ဘင်္ဂလီရွာ ၅ ရွာမှ လူပေါင်း ၁၀၀၀ ကျော်ဖြင့် ၀ိုင်းဝန်းတိုက်ခိုက်၊ ရေတပ်က တပ်ကူလိုက်

နိရဉ္စရာ၊ သြဂုတ် ၂၈ မောင်တောမြို့နယ် မြောက်ပိုင်းတွင် တည်ရှိသည့် ရခိုင်သရက်အုပ်ကျေးရွာကို အနီးအနားရှိ ဘင်္ဂလီရွာ (၅) ရွာမှ အကြမ်းဖက်သမား လူပေါင်း ၁၀၀၀ ကျော်ဖြင့် ယနေ့ နံနက် ၁၁ နာရီကျော်ခန့်က ၀ိုင်းဝန်း တိုက်ခိုက်ခဲ့သည်။ “ သူတို့က မြောက်ဘက်နဲ့ တောင်ဘက်ကနေ တက်လာပြီး ရွာကို ၀ိုင်းပြီး သေနတ်တွေနဲ့ စတင်ပစ်ခတ်ပါတယ်။ ရေတပ်က တပ်ကူလာပြီး ပစ်ခတ်တော့မှ မြောက်ဘက်က အုပ်စု နောက်ဆုတ်သွားပါတယ်။ တောင်ဘက်ကတော့ မဆုတ်သေးဘူး။ ဒီအတိုင်းရှိနေပါတယ်” ဟု ကျေးရွာသား တစ်ဦးဖြစ်သူ ဦးမြင့်လိုင်က နေ့လယ် တစ်နာရီက မေးမြန်းစဉ် ပြောကြားသည်။ သရက်အုပ် ရခိုင်ကျေးရွာအား ၀ိုင်းဝန်း […]

ရန်ကာစေတီမှ တိုက်ခိုက်ခံရသူ ၁၆ ဦးကို အသက်ရှင်ပြီးပြန်တွေ့၊ ဒဏ်ရာရသူ ၃ ဦးပါဝင်၊ ၅ ဦးပျောက်ဆုံးနေ

နိရဉ္စရာ၊ သြဂုတ် သြဂုတ်လ ၂၆ ရက်နေ့ နေ့လယ် ၂ နာရီ ၃၀ ခန့်က ရန်ကာစေတီကျေးရွာမှ ဒိုင်းနက်လူမျိုး ၂၂ ဦးသည် အောင်ဇံ တိုင်းရင်းသားကျေးရွာသို့ လုံခြုံရေး မကောင်းသဖြင့် ခိုလုံရန် သွားရောက်စဉ် ကြောင်ဒိုး တံတားအနီးတွင် ကြောင်ဒိုးရွာသား ဘင်္ဂလီလူမျိုး အကြမ်းဖက်သမား ၁၀၀ ခန့်က ဓားများ၊ တုတ်များဖြင့် တိုက်ခိုက်ခဲ့သည်။ ထိုသို့ တိုက်ခိုက်သဖြင့် ဒိုင်းနက်အမျိုးသား မောင်ဘစိန် (၂၈) နှစ် တစ်ဦးတည်းသာ ဒဏ်ရာများဖြင့် လွတ်မြောက်လာခဲ့ပြီး အောင်သပြေနယ်မြေစခန်းသို့ အကြောင်းကြားခဲ့သည်။ သက်ဆိုင်ရာ စစ်ကြောင်းများမှ အခင်း ဖြစ်ပွားရာသို့ လိုက်ပါသွားရာ တောထဲတွင် ထွက်ပြေးလွတ်မြောက်လာသူ ၁၆ ဦးအား […]