ကိုယ့်သမိုင်းနှင့် ကိုယ့်စာပေကို တန်ဖိုးထားတတ်လာအောင် ရည်ရွယ်၍ စစ်တွေတွင် ရခိုင်သမိုင်းနှင့် ကျောက်စာသင်တန်းဖွင့်လှစ်

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ ဖေဖေါ်ဝါရီ ၂ ကိုယ့်သမိုင်းနှင့် ကိုယ့်စာပေတွေကို လူငယ်မျိုးဆက်သစ်များ တန်ဖိုးထားတတ်လာအောင် ရည်ရွယ်ပြီး သာဂီမဏ္ဍိုင် ရခိုင်ယဉ်ကျေးမှု မြှင့်တင်ရေးအဖွဲ့မှ စစ်တွေမြို့တွင် ရခိုင်သမိုင်း၊ ရခိုင်သမိုင်းသုတ နှင့် ကျောက်စာ သင်တန်းတစ်ခုကို ဖွင့်လှစ်ပို့ချပေးနေကြောင်း သတင်း ရရှိသည်။ ၎င်းသင်တန်းကို ဂြစ်ဘက် ဘုန်းတော်ကျောင်းတိုက်တွင် ဖွင့်လှစ်နေခြင်း ဖြစ်ပြီး ရခိုင်သမိုင်း၊ ရခိုင်သမိုင်းသုတနှင့် ကျောက်စာနှင့် ပတ်သက်ပြီး ဆရာဖြစ်သင်တန်ဖြစ်ကြောင်း၊ တက်ရောက်သူ သင်တန်းသား ၄၀ ကျော် ရှိကြောင်း သာဂီမဏ္ဍိုင် ရခိုင်ယဉ်ကျေးမှု မြှင့်တင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇံမောင်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။ “ရခိုင်မျိုးဆက်သစ် လူငယ်တွေအနေနဲ့ ရခိုင်နဲ့ပတ်သက်ပြီး ကျောက်စာ အပါအ၀င် ရခိုင်သမိုင်းနဲ့ […]

စစ်တွေလူစုလူဝေးကြောင့် ဖမ်းဆီးခံရသူ ၉ ဦးကို ပုဒ်မ ၅ ခုဖြင့် တရားစွဲမည်

နိရဉ္စရာ၊ စက်တင်ဘာ ၂၁ စက်တင်ဘာလ ၂၀ ရက်နေ့ ညဥ့်က စစ်တွေမြို့ ဆတ်ရိုးကျ ဆိပ်ကမ်းတွင် ဖြစ်ပွားခဲ့သော လူစုလူဝေးနှင့် မတည်ငြိမ်မူ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖမ်းဆီးထားသည့် အရပ်သား ၉ ဦးကို ပုဒ်မ ၅ ခုဖြင့် အမှုဖွင့်တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲမှူးကြီး အောင်မြတ်မိုးက နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။ “ ၉ ဦး ဖမ်းထားပါတယ်။ ဒဏ်ရာရသူ တစ်ဦးအပါအ၀င် ၉ ဦးဖြစ်ပါတယ်။ ဖမ်းဆီးရတဲ့ အကြောင်းအရင်းက ဥပဒေမဲ့ လူစုလူဝေး ပါဝင်တာရယ်၊ တရားဥပဒေနဲ့ အညီ ဖြိုခွင်းဖို့ အတွက် ရဲတပ်ဖွဲ့မှ တောင်းဆိုတာကို မလိုက်နာတဲ့ အတွက်ရယ်။ […]

စစ်တွေကောလိပ်ကျောင်းတော်ဟောင်းကို အ.ထ.က(၁)ကျောင်းအဖြစ် ယခုနှစ်တွင် ပြန်လည်ဖွင့်လှစ်အသုံးပြုမည်

မာန်ယုကျော် (ရွှေဝမြေ) နိရဉ္စရာ၊ဧပြီ ၁၈ စစ်တွေမြို့တွင်းရှိ ယခင်ကောလိပ်ကျောင်းဟောင်းကို ယခုနှစ်ကျောင်းဖွင့်ချိန်မှစ၍ အ.ထ.က(၁)ကျောင်းအဖြစ် ပြန်လည်အသုံးပြုသွားမည်ဟု သိရသည်။ ယင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ပညာရေးမှူး ဦးအောင်ကျော်ထွန်းက “လာမယ့်ကျောင်းဖွင့်ရာသီမှာ စတင်အသုံးပြုမှာဖြစ်ပါတယ်။ ဇွန်လ ကျောင်းဖွင့်မယ်လေ။ ဇွန်လမှာ စပြီးတော့ သင်တော့မယ်”ဟု နိရဉ္စရာသို့ပြောသည်။ ယခုကျောင်းဆောင်များအား မွန်းမံပြင်ဆင်မှုများ ပြုလုပ်နေပြီဟု သိရသည်။ “ဒီ အ.ထ.က(၁)ကျောင်းဆောင်ကို ဒေသကောလိပ်ဖွင့်ဖို့အတွက် ယာယီစွန့်လွှတ်ခဲ့ရတယ်ပေါ့လေ။ ဒါကို သူတို့မှာ တက္ကသိုလ်အဆောက်အဦတွေပြီးတဲ့အခါ ပြန်ပေးမယ်ဆိုတဲ့ကတိပေါ့လေ။ အဲဒီကတိအတိုင်း တစ်ချက်ပေါ့။ နောက်တစ်ချက်က အ.ထ.က(၁)ကျောင်းသားတွေလည်း စာသင်တဲ့အခါမှာ လွတ်လွတ် လပ်လပ်နဲ့ လေကောင်းလေသန့်ရှူပြီးတော့ပေါ့လေ။ အသံလုံလုံနဲ့ ပညာကို ထိထိ ရောက် သင်ကြား သင်ယူမှုရကြပါစေဆိုပြီးတော့ ကျောင်းသားတွေကိုဦးတည်ပြီး ဆရာကြီးတို့က ကျောင်းသားဟောင်းကြီးတွေနဲ့ […]

မြောက်ဦး မြတန်ဆောင်ဆရာတော်ကို ဧပြီ ၂၄ ရက်နေ့ ရုံးတင်ရမန်ယူမည်

ရွှေရအောင်(တောင်ကုတ်) နိရဉ္စရာ၊ ဧပြီ ၁၈ ရက္ခိုင့်တပ်မတော် AA ဖလား ဘောလုံးပွဲ ကျင်းပမှုနှင့် ပတ်သက်ပြီး စစ်တွေထောင်တွင် ဖမ်းဆီးထိန်း သိမ်းခံထားရသည့် မြောက်ဦးမြို့ မြတန်ဆောင်း ဆရာတော်နှင့် ခိုင်နီမင်းတို့ကို လာမည့် ဧပြီလ ၂၄ ရက်နေ့တွင် ရုံးတင်ပြီး ရမန်ယူမည်ဖြစ်ကြောင်း စစ်တွေ အမှတ်(၁) ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက နိရဉ္စရာသို့ ပြောသည်။ သို့သော် မည်သည့် မြို့နယ် တရားရုံးတွင် ရုံးတင်ပြီး ရမန်ယူမည်ကို မသိရှိရသေးကြောင်း သူက ဆက်လက် ပြောကြားသည်။ မြောက်ဦးမြို့ မြတန်ဆောင်း ဆရာတော်နှင့် ခိုင်နီမင်းတို့ကို (၈) နှစ်မြောက် ရက္ခိုင့်တပ်မတော် အေအေ ဖွဲ့စည်းထူထောင်မှု အထိမ်းအမှတ်အဖြစ် AA […]

နေထွန်းနိုင်ရဲ့ ရခိုင်ကော်မရှင်ကို ဝေဖန်သုံးသပ်တဲ့ဆောင်းပါး ဖတ်ကြည့်သင့်

နိရဉ္စရာ၊ သြဂုတ် ၂၅ ဒီကနေ့ Daily Eleven နေ့စဉ်ထုတ် သတင်းစာမှာ ဆရာနေထွန်းနိုင်ရေးတဲ့ “ အစိုးရကို မေးချင်ပါတယ်” ခေါင်းစီးနဲ့ ဆောင်းပါး တစ်ပုဒ် ပါရှိလာပါတယ်။ ဒီဆောင်းပါးဟာ လက်ရှိ NLD အစိုးရက ဖွဲ့စည်းလိုက်တဲ့ ယခင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း နိုဘယ်လ်ဆုရှင် ကိုဖီအာနန် ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်မယ့် ရခိုင်ပြည်နယ်ဆိုင်ရာ  အကြံပေး ကော်မရှင်ကို ဖွဲ့စည်းတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ဝေဖန်ထောက်ပြထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ဒီဆောင်ပါးထဲမှာ ပါတဲ့ အချက်အလက်တစ်ချို့ကို ကောက်နုတ်ဖော်ပြရရင် မြန်မာနိုင်ငံမှာ မြစ်ဆုံစီမံကိန်း ပြီးပြတ်ခြင်း မရှိသေးဘဲ ပြည်သူတွေရင်ထဲမှာ တအုံ့နွေးနွေး စိုးရိမ်စိတ် ဖြစ်နေတုန်း ဒုတိယ အချက်ဖြစ်တဲ့ […]