ဂစ္ဆပရီကြိုင် ရခိုင်စကားပြော ဗီဒီယိုဇာတ်ကား စက်တင်ဘာလတွင် ဖြန့်ချီမည်

နိရဉ္စရာ၊ သြဂုတ် ၂၁ ဒါရိုက်တာ မင်းမြတ်ပိုင် (ရင်ဖွင့်ချက်) ရိုက်ကူးသည့် ဂစ္ဆပရီကြိုင် ရခိုင်စကားပြော ဗီဒီယို ဇာတ်ကားမှာ ရိုက်ကူး ပြီးစီးသွားပြီ ဖြစ်သဖြင့် လာမည့် စက်တင်ဘာအတွင်း ဖြန့်ချီသွားမည်ဟု သတင်းရရှိသည်။ “ ဒီဇာတ်ကားက ဘ၀သရုပ်ဖော် ကားတစ်ကားပါ။ ပကာသန အဆင့်အတန်းခွဲခြားတဲ့ မိသားစုနဲ့ ဆင်းရဲတဲ့ မိသားစု တစ်စုအကြား မြေဇာပင် ဖြစ်သွားခဲ့ရတဲ့ ကလေးငယ် တစ်ဦးရဲ့ ရင်နှင့် ဖွယ်ရာ ဇာတ်လမ်းကို ပီပီပြင်ပြင် ရိုက်ကူးထားတဲ့ ဘ၀သရုပ်ဖော် ဇာတ်ကား တစ်ကား ဖြစ်ပါတယ်” ဟု ဇာတ်ကား၌ ပါဝင် သရုပ်ဆောင်ထားသူ ဆရာ ဗဂျီးကျော်က နိရဉ္စရာသို့ ပြောကြားသည်။ ဇာတ်လမ်းတွင် […]

ပေါက်တော-မင်းပြား ကားလမ်း သွားလာ၍မရအောင်ပျက်စီး

စံမောင်သန်း နိရဉ္စရာ၊ သြဂုတ် ၂၁ ရခိုင်ပြည်နယ်ရှိ ပေါက်တောမြို့နှင့် မင်းပြားမြို့ကို ဆက်သွယ်ထားသည့် ကားလမ်းမှာ ကားများသွားလာ၍ မရအောင်ထိ ပျက်စီးနေကြောင်း သတင်းရရှိသည် ပေါက်တော-မင်းပြားလမ်းပိုင်းသည် ၁၉ မိုင် ၃ ဖာလုံ ရှည်လျားပြီး ၄ မိုင်ခန့်သာ ကတ္တရာ လမ်းဖြစ်ကာ ကျန်လမ်းအပိုင်းသည် လမ်းကြမ်းဖြစ်ကြောင်း သိရှိရသည်။ အဓိက ပျက်စီးနေသည့် နေရာမှာ မင်းပြားမြို့နယ် ကျားရဲပြင်ကျေးရွာမှ စွန်ရဲ ကျေးရွာအနီး အထိ ၁ မိုင်ခန့် ရှည်လျားသည့် လမ်းပိုင်းဖြစ်ကြောင်း ပေါက်တော-မင်းပြားလမ်းတွင် သွားလာနေသည့် ကားသမား ဦးဝင်းနိုင်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။ “ အဓိက ပျက်စီးနေတာက စွန်ရဲတံတားကနေ တစ်မိုင်ခန့် လောက်ရှိတဲ့ […]

မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရန် ညှိုနှိုင်းဆွေးနွေးပွဲ ပြုလုပ်

နောင်ခိုင်အောင် နိရဉ္စရာ၊ သြဂုတ် ၂၁ မြောက်ဦးဒေသအား UNESCO ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းခြင်းဆိုင်ရာ ညှိုနှိုင်းဆွေးနွေးပွဲတစ်ရပ်ကို မြောက်ဦးခရိုင်အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ နံနက် ၉ နာရီက စတင် ပြုလုပ်နေသည်။ ယနေ့ ဆွေးနွေးပွဲတွင် တက်ရောပ်ဆွေးနွေးကြသူများမှာယူနက်စကို ပညာရှင် Dr Kai Weise၊ ရခိုင်သမိုင်ပညာ ဒေါက်တာဂျက်ကလိုင်ဒါ(Dr Jacques P. Ledier)၊ ရခိုင်သမိုင်းပညာရှင် ဒေါက်တာ အေးချမ်း၊ အရှေ့တောင်အာရှလေ့လာရေး ဌာန သုတေသနပညာရှင် ဒေါက်တာ ကျော်မင်းထင်၊ ရခိုင်သမိုင်းသုတေသီ ဦးအောင်ကျော်ဇံ၊ ရှေ့ဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ငြိမ်း) ဒေါ်နုမြဇံ၊ ရခိုင်သဟာယအသင်း ပညာရေးကော်မတီမှ ဒေါက်တာ တင်မာအောင်၊ အခြား ပညာရှင်များနှင့် စိတ်ပါဝင်စားသူ စုစုပေါင်း လူဦးရေ ၇ဝ […]

ဘူးသီးတောင်မြို့နယ်မှ ပျောက်ဆုံး ကျန်းမာရေးဝန်ထမ်းအား ဆက်လက်ရှာဖွေနေဆဲ

နိရဉ္စရာ၊ သြဂုတ် ၂၁ သြဂုတ် ၁ ရက်နေ့ကတည်းက ပျောက်ဆုံးနေသူ ဘူးသီးတောင်မြို့နယ်၊ စိုင်းဒင်ဈေးကျေးရွာနေ ငှက်ဖျားဌာနမှ ကျန်းမာရေးဝန်ထမ်း ဦးထွန်းအေးမောင်အား လက်ရှိ အချိန်ထိ ရှာဖွေနေဆဲ ဖြစ်ကြောင်း ဖုန်ညိုလိပ် နယ်ခြားစောင့် စခန်းမှ စခန်းမှူးမှ ပြောကြားသည်။ “ ဦးထွန်းအေးမောင်ကို ကျွန်တော်တို့ ဒီနေ့ထိ လိုက်ရှာနေပါတယ်။ မတွေ့သေးပါဘူး။ အုပ်စု လေးအုပ်စုက အုပ်ချုပ်ရေးမှူးတို့ကို အကြောင်းကြားထားပြီး ဖြန့်ခွဲ ရှာဖွေမှုတွေ ပြုလုပ်ပေမယ့် ခုချိန်ထိ မတွေ့သေးပါဘူး” ဟု စခန်းမှူးက နိရဉ္စရာ သတင်းဌာနသို့ ပြောဆိုသည်။ ဘူးသီးတောင်မြို့နယ် စိုင်းဒင်ဈေးကျေးရွာနေ ငှက်ဖျားဌာနမှ ကျန်းမာရေးဝန်ထမ်း ဦးထွန်းအေးမောင်သည် သြဂုတ် ၁ ရက် မွန်းတည့် […]

ကျောက်ဖြူမြို့ မြေထိန်းနံရံအပြင်ဘက် ကမ်းခြေတွင် အဆောက်အဦ ဆောက်လုပ်သူများကို အရေးယူမည်

ကျော်ဝင်း (ကျောက်ဖြူ ) နိရဉ္စရာ၊ သြဂုတ် ၁၉ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ မြစ်နားလမ်းရှိ မြေထိန်းနံရံအပြင် ဘက်ကမ်းခြေတွင် အဆောက်အဦများ ဆောက်လုပ်နေသူများကို တားမြစ်သွားမည် ဖြစ်ပြီး မလိုက်နာသူများကို အရေးယူသွားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြည်သူ့ လွှတ်တော်တွင် ပြောကြားခဲ့သည်။ သြဂုတ်လ ၁၈ ရက်နေ့တွင်ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကျောက်ဖြူ မဲဆန္ဒနယ်မှ ဦးဘရှိန်မှ အဆိုပါ နေရာတွင် ဂရန်ခွင့်ပြုမိန့်ရရှိထားကြသူများ၏ ဂရန်ခွင့်ပြုမိန့်များကို မည်သည့် အချိန်တွင် ပြန်လည်ရုပ်သိမ်းပေးမည်ကို သိလိုကြောင်း မေးမြန်းခဲ့သည်ကို ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြည်သူ့ လွှတ်တော်တွင် ထိုသို့ ဖြေကြားသွားခဲ့သည်။ ကျောက်ဖြူမြို့၊ သန်ပန်ချောင်းရပ်ကွက်၊ ကမ်းနားလမ်းရှိ […]

မြန်မာမှထွက်ပြေးလာသူ ၃၁ ဦးကို ဘင်္ဂလာဒေ့ရှ်မှ ပြန်လည် မောင်းထုတ်

နိရဉ္စရာ၊ သြဂုတ် ၂၁ လွန်ခဲ့သော စနေနေ့ နံနက်ပိုင်းက မြန်မာနိုင်ငံမှ လှေတစ်စီးဖြင့် ထွက်ပြေးခိုးဝင်လာသူ ၃၁ ဦးကို ဘင်္ဂလာဒေ့ရှ် အာဏာပိုင်များက ပြန်လည် မောင်းထုတ်လိုက်သည်ဟု ဆင်မဖြူကျွန်း အခြေစိုက် ကမ်းခြေစောင့်တပ်ဖွဲ့မှ ဗိုလ်ကော်ဘီဟူစိန်က ပြောသည်။ ထွက်ပြေးလာသူများအထဲတွင် အမျိုးသမီး ၉ ဦး၊ အမျိုးသား ၂၂ ဦးတို့ ဖြစ်ကြပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် နေထိုင်ကြသည့် မူဆလင်များ ဖြစ်ကြသည်ဟု ဘင်္ဂလာဒေ့ရှ် အွင်လိုင်း မီဒီယာများတွင် ဖော်ပြသည်။ ၎င်းတို့သည် စနေနေ့ အစောကြီးက ဘင်္ဂလာဒေ့ရှ် နိုင်ငံ ဆင်မဖြူကျွန်း အနီးရှိ ဘင်္ဂလာဒေ့ရှ် ရေပိုင်နက်သို့ ၀င်ရောက်လာခဲ့ကြသည်ဟု ဆိုသည်။ မြန်မာနိုင်ငံ မောင်တော၊ […]

ရခိုင်မျိုးစောင့်အဖွဲ့၏ ဌာနချုပ်ရုံး ဖွင့်ပွဲကျင်းပ

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ သြဂုတ် ၂၀ ရခိုင်ပြည်နယ် မောင်တောဒေသနေ ဌာနေတိုင်းရင်းသားများ၏ ဘ၀ တိုးတက်ဖွံ့ဖြိုးမှု ရှိစေရန် ရည်ရွယ်ပြီး ဆောင်ရွက်နေသည့် ရခိုင်မျိုးစောင့်အဖွဲ့ (ARG) ၏ ဌာနချုပ် ရုံးခန်းဖွင့်ပွဲကို စစ်တွေမြို့တွင် သြဂုတ် ၂၀ ရက်နေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။ ၎င်းအခမ်းအနားတွင် သဘာပတိ အဖြစ် ဆရာကြီးဦးမောင်ဗသိန်းမှ ဆောင်ရွက်ပြီး အခမ်းအနားမှူး အဖြစ် ဦးစိုးနိုင်က ဆောင်ရွက်သည်။ အခမ်းအနားတွင် သဘာပတိ အဖြစ် ဆောင်ရွက်သူ ဆရာကြီး မောင်ဗသိန်းက ရခိုင်မျိုးစောင့်အဖွဲ့ (ARG) ၏ ဆောင်ရွက်ချက်များကို ချီးကျူးပြောကြားပြီး ရခိုင်အမျိုးသားတိုင်း ARG နှင့် အတူ […]

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုရုံးဖွင့်ပွဲ ကျောက်တော်မြို့တွင်ပြုလုပ်

နောင်ခိုင်အောင် နိရဉ္စရာ၊ ဩဂုတ် ၂ဝ ပါတီမှတ်ပုံတင်ခွင့်ရရှိသွားပြီ ဖြစ်သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုရုံးသစ်ဖွင့်ပွဲကို ကျောက်တော်မြို့၊ မြို့သစ်ရပ်ကွက်တွင် သြဂုတ် ၂၀ ရက် နံနက် ၉ နာရီတွင်ပြုလုပ်ခဲ့သည်။ ဗဟိုရုံး ဖွင့်ပွဲကိုပါတီ ခေါင်းဆောင် ဦးကျော်မြင့်က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ “ အခမ်းအနားကို ကျွန်တော်တို့ပါတီရဲ့ မြို့နယ် ဦးစီကော်မတီတွေသာမက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ တိုးတက်ရေးပါတီ၊ တစည၊ ရခိုင်မျိုးချစ်ပါတီ၊ မြို၊ ခမီ၊ ဒိုင်းနက် စတဲ့ တိုင်းရင်းသား ပါတီတွေက ကိုယ်စားလှယ်တွေလည်း တက်ရောက်ပါတယ်” ဟု ပါတီ ခေါင်းဆောင် ဦးမျိုးကျော်က ပြောသည်။ အခမ်းအနား ဖွင့်လှစ်ပြီးနောက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် […]

ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန် စစ်တွေတွင် ရုတ်တရက် ကွယ်လွန်

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ သြဂုတ် ၁၉ မြန်မာနိုင်ငံဆိုင် ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန် Mr Awlad Hossain သည် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကောင်စစ်ဝန်ရုံးတွင် ယနေ့နံနက် ၄ နာရီ ၃၀ က သွေးတိုးရေဂါဖြင့် ရုတ်တရက် ကွယ်လွန်သွားခဲ့သည်။ သူ၏ ရုပ်အလောင်းကို ယနေ့နံနက်က ရခိုင်ပြည်နယ်အစိုးရ၏ အစီအစဉ်ဖြင့် အမြန်ရေယာဉ်ဖြင့် သယ်ဆောင်ကာ ဘူးသီးတောင်မြို့သို့ ပို့ဆောင်ခဲ့ပြီး ၊ ထိုမှတစ်ဆင့် မောင်တောသို့ လူနာတင်ယာဉ်ဖြစ်ဖြင့် သယ်ဆောင်သွားကာ မြန်မာ-ဘင်္ဂလားနယ်စပ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့သို့ လွှဲပြောင်း ပေးအပ်သွားခဲ့ဟု သိရသည်။ Mr Awlad Hossain ကွယ်လွန်ချိန်တွင် အသက် ၅၀ […]