နိုင်ငံသားမဟုတ်သူများကို သစ်တောထွက် ပစ္စည်းများ သွယ်ဝိုက် ထုတ်လုပ်ခွင့်ပြုသည့် ရခိုင် သစ်တောဝန်ကြီးဌာန ကန့်ကွက်ခံရ

ဘူးသီးတောင်၊ မေလ ၁၈ နိုင်ငံသား မဟုတ်သူများအား သွယ်ဝိုက်ပြီး သစ်တောထွက် ပစ္စည်းများ ထုတ်ယူခွင့်ရရန် လိုင်စင် ချပေးသော ရခိုင်ပြည်နယ် သစ်တောနှင့် သတ္ထုတွင်းဝန်ကြီးဌာနကို ဘူးသီးတောင်မြို့နယ် ၀ါး၊ ဓနိ လုပ်ငန်းရှင်များ အသင်းက မေလ ၈ ရက်နေ့က စာရေး ကန့်ကွက်လိုက်ကြောင်း သတင်း ရရှိသည်။ ရခိုင်ပြည်နယ် သစ်တောနှင့် သတ္ထုတွင်းဝန်ကြီးဌာနသည် ဒေသအတွင်းမှ နိုင်ငံသား မဟုတ်သူများကို သွယ်ဝှိုက်ပြီး ၀ါးထုတ်လုပ်နိုင်ရန်အတွက် လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုဖြစ်သော ဘူးသီးတောင်မြို့ အမှတ် (၁) နယ်ခြားစောင့်ကွပ်ကဲရေးမှူးရုံးအမည်ဖြင့် ၀ါးလုံးရေ (၁၅) သိန်း ထုတ်လုပ်ရန် လိုင်စင်ချပေးခဲ့သည်ဟု သိရသည်။ ယင်းသို့ ချပေးခြင်းသည် ဒေသအတွင်းမှ […]

မစ္စတာဘန်၏ အသုံးအနုန်းအပေါ် ကန့်ကွက်မူအဆို ရခိုင်ပြည်နယ် လွှတ်တော်က အတည်ပြု

(နိရဉ္စရာ- ၁၈ နိုဝင်ဘာ ၂၀၁၄) ကုလသမဂ္ဂ၏ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းမှ အာစီယံ-ကုလသမဂ္ဂ (၆) ကြိမ်မြောက် ထိပ်သီး အစည်းအဝေးအတွင်း ပြုလုပ်သော သူ၏ သတင်းစာရှင်းလင်းပွဲတွင် ရိုဟင်ဂျာအမည်အား သုံးနုန်းသွားခြင်း အပေါ် ရခိုင်ပြည်နယ် လွှတ်တော်က ကန့်ကွက်ရှုတ်ချကြောင်း အဆိုကို ကန့်ကွက်သူ မရှိ ယမန်နေ့က အတည်ပြုခဲ့သည်။ စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ယမန်နေ့က ပြုလုပ်သော ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် အရေးတကြီး အဆိုတစ်ရပ် အဖြစ် ကုလမသဂ္ဂအတွင်းရေးမှူးချုပ်က ရိုဟင်ဂျာ အမည်သုံးနုန်းသွားခြင်း အပေါ် ကန့်ကွက်ကြောင်း အဆိုတင်သွင်းရာ ကန့်ကွက်သူ တစ်ဦးတစ်ယောက်မှ မရှိဘဲ ယင်းအဆိုကို လွှတ်တော်က အတည်ပြုခဲ့သည်ဟု […]

ကျောက်တော်မြို့နယ်တွင် ဘုရားဆင်းထုတော် (၈)ဆူ ထပ်မံဖျက်ဆီးခံရ

(နိရဉ္စရာ-၂၇ ဇူလိုင် ၂၀၁၄)/နှင်းသန္တာ ရှေးဟောင်း ဗုဒ္ဓအမွေအနှစ်များ ပေါကြွယ်ဝသော ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်အတွင်းရှိ တင်းမရွာ စေတီတော်တွင် မွေးနံဘုရားဆင်းတုတော် (၈) ဆူ ထပ်မံ ဖျက်ဆီးခံရကြောင်း သတင်းရရှိသည်။ ယင်း မွေးနံဘုရားဆင်းတုတော်များမှာ စေတီတော် မွေးနံထောင့်များရှိ ဥာဏ်တော် (၁) တောင်ခန့်ရှိသော ဆင်းတုတော်များ ဖြစ်ကြပြီး ဖျက်ဆီးထားခြင်းကို ဇူလိုင်င်လ (၂၄)ရက်နေ့က ရွာသားများ တွေ့ရှိခဲ့ကြောင်း သိရသည်။ ယခုတစ်ကြိမ် ဘုရားဆင်းတုတော်များ ဖျက်ဆီးခံရခြင်းနှင့် ပတ်သက်၍ မြောက်ဦးခရိုင်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် အခင်းဖြစ်ပွားရာနေရာသို့ ကွင်းဆင်းစစ်ဆေးနေကြောင်း ခရိုင်ရဲတပ်ဖွဲမှူးနှင့်အတူ လိုက်ပါစစ်ဆေးနေသူ ရဲဝန်ထမ်းတစ်ယောက်က နိရဉ္စရာသို့ ပြောသည်။ “အဲဒီလို ဖျက်ဆီးထားတာကို ရွာက ကလေးတွေ စတွေ့တာလို့ ပြောတယ်။သူတို့က စေတီထဲကို သွင်းထားခဲ့တယ်။ အဲဒီနောက်ပိုင်းမှ […]

တောင်ကုတ်မြို့သိမ်တောင်အမကကျောင်းတွင်းသို့ ညဥ့်အချိန် ကျူးကျော်ဝင်ရောက်၍ မဖွယ်မရာ ပြုလုပ်မူများရှိနေ

(နိရဉ္စရာ- ၁၀ ဇူလိုင် ၂၀၁၄) ရခိုင်ပြည်နယ် တောင်ကုတ်မြို့ သိမ်တောင် အမက (၃) ကျောင်းတွင် ညဥ့်အချိန် ပြင်ပမှ အမည်မသိသူများ ကျူးကျော် ၀င်ရောက်ပြီး မဖွယ်မရာများ ပြုလုပ်နေသည်ဟု ကျောင်းသားမိဘများက ပြောဆိုသည်။ ယခုကဲ့သို့ ဖြစ်ပျက်နေသည်မှာ တာဝန်ထမ်းဆောင်နေသူ ကျောင်းလုပ်သားမှ သူ၏ တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်၍ ဖြစ်ကြောင်း အမည်မဖေါ်လိုသူ ကျောင်းသား မိဘတစ်ဦးက ပြောသည်။ “ အခု ကျောင်းလုပ်သားက စီးပွားရေး အဆင်ပြေပြီး သူရဲ့ တာဝန်ကို မယူတော့ဘူး။ ကျောင်းကို မလာတာလည်း ကြာပြီ။ ဒါကြောင့် ညဥ့်ကျရင် ကျောင်းထဲကို အပြင်က လူတွေဝင်ပြီး မဖွယ်မရာ လုပ်နေကြတာ […]

မောင်တောနယ်စပ်မှ တူးမီးကိုင်၍ ထောင်ချခံရသူ၏ ပြစ်ဒဏ်ပြင်ဆင်သတ်မှတ်

(နိရဉ္စရာ- ၄ ဇူလိုင်လ ၂၀၁၄) ဇွန်လ ၂၆ ရက်နေ့က ထောင်ဒဏ် (၁) နှစ် ချမှတ်ခံရသူ ကိုသန်းထိုက်အတွက် မိသားစုက အယူခံဝင်ရာ မြို့နယ် တရားရုံးမှ ပြစ်ဒဏ်ကို ပြင်ဆင်သတ်မှတ်ပေးလိုက်သည်ဟု သူ၏ ညီမ ဖြစ်သူ မပေါက်ပေါက်က ပြောသည်။ “ ကျွန်မ အစ်ကိုရဲ့ ပြစ်ဒဏ်ကို တရားရုံးက ပြင်ဆင် သတ်မှတ်ပေးရာမှာ ၆ လ လျှော့ပေါ့ပေးလိုက်ပါတယ်။ တရားရုံးကိုရော လိုက်ပါ ကူညီကြတဲ့သူတွေရော အကုန်လုံးကို ကျေးဇူးတင်ပါတယ်” ဟု ဆိုသည်။ ကိုသန်းထိုက်သည် ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်  မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြိုမြို့နယ်ခွဲ၊ သဲချောင်းအုပ်စု၊ ကျွန်းတောင်ရွာဟောင်းတွင် တစ်ဦးတည်းနေထိုင်ကာ တူးမီး […]

ကျောက်ဖြူ မဘသ နှစ်ပတ်လည်အစည်းအဝေး ကျင်းပ

(နိရဉ္စရာ – ၁၆ ဇွန်လ ၂၀၁၄)/အေးသွယ်လှိုင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အမျိုးဘာသာသာသနာစောင့်ရှောက်ရေး သံဃာတော်များ၏ နှစ်ပတ်လည် အစည်းအဝေးတစ်ရပ်ကို ကျောက်ဖြူမြို့တွင် ကျင်းပခဲ့ကြောင်း သတင်း ရရှိသည်။ ယင်းအစည်းအဝေးကို ကျောက်ဖြူမြို့ ယပ်လှဲကျောင်းတွင် ဇွန်လ(၁၃)ရက်နေ့ နေ့လည်(၂)နာရီတွင် စတင် ကျင်းပခဲ့ရာ ကျောက်ဖြူမှ ရဟန်းရှင်လူ(၅၀)ကျော် တက်ရောက်လာကြကြောင်း သိရသည်။ အစည်းအဝေးတွင် မင်းကျောင်းဆရာတော်ကြီးအား သဘာပတိဆရာတော်အဖြစ် တင်မြှောက်ခဲ့သည်။ သဘာပတိဆရာတော်ကြီးနှင့် သံဖြူကျောင်းဆရာတော်ကြီးတို့မှ တက်ရောက်လာသော ရဟန်းရှင်လူ ပရိသတ် များအား သြဝါဒများမိန့်ကြားခဲ့ကြသည်။ ယင်းနောက် ကျောက်ဖြူမြို့နယ် မဘသဥက္ကဌ၊ မူလာရာမဆရာတော်နှင့် ကျောက်မြောင်း ဆရာတော်တို့မှ မဘသ၏ လုပ်ဆောင်ချက်များကိုရှင်းလင်းခဲ့ကြပြီး အစည်းအဝေးဆုံးဖြတ်ချက် (၅) ခုကို ချမှတ်ခဲ့ကြကြောင်း သိရ […]

ရမ်းဗြဲတွင် ကန်များခမ်းခြောက်ပြီး ရေရှားနေ

(နိရဉ္စရာ- ၁၉ မေလ ၂၀၁၄) ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင် ကန်များ ခမ်းခြောက်ပြီး ရေရှားပါးနေသဖြင့် မြို့နေလူထု အနေဖြင့် အထူး ဒုက္ခရောက်နေကြရသည်။ ရမ်းဗြဲမြို့တွင် ရေရှား၍ ဒုက္ခရောက်ကြရပုံကို ရမ်းဗြဲတောင်ကျောင်း အနီးရှိ ဥက္ကလာပ ကျေးရွာမှ အမျိုးသမီးကြီး တစ်ဦး ရေခပ်ရန်သွားစဉ် နိရဉ္စရာသို့ ယခုလို ပြောသည်။ “ ကျွန်မတို့ရွာမှာ ရှိတဲ့ ရေကန်က ရေခမ်းသွားပါပြီ။ သုံးရေကို ဒီကနေ ၁၅ မိနစ်ခန့် ဝေးတဲ့ အခြားနေရာက သွားခပ်နေရပါတယ်။ သောက်သုံးရေကိုတော့ တစ်မိုင်ခန့်ဝေးတဲ့ စိမ့်ရေကို သွားခပ်ရပါတယ်။ သွားခပ်တဲ့ အခါလည်း ရေမထွက်တဲ့ အတွက် ဖလားနဲ့ ကဲ့ပြီး ခပ်ယူုရပါတယ်” ဟု […]

RNDP နှင့် ALD ခေါင်းဆောင်များ ANP အတွက် အလွှတ်သဘော ရွှေရသာမှာ တွေ့ဆုံ

(နိရဉ္စရာ- ၂၂ ဖေဖေါ်ဝါရီလ ၂၀၁၄) ရခိုင် ပြည်သူများ မျှော်လင့်နေသော ရခိုင်အမျိုးသားပါတီ ( Arakan National Party)၏ ပေါင်းစည်း ရေး နောက်ဆုံးအဆင့် အခြေအနေအရပ်ရပ်ကို ALD နှင့် RNDP နှစ်ဖက်ခေါင်းဆောင်များ ရန်ကုန်မြို့ ရွှေရသာ စားသောက်ဆိုင်တွင် ယနေ့ အလွှတ်သဘောတွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ “ နေပြည်တော်က ပါတီဖွဲ့စည်းခွင့် ကျလာလို့ ရှိရင် ဟိုဘက်ပါတီက ၁၅ ယောက်၊ ဒီဘက် ပါတီက ၁၅ ယောက် စစ်တွေမှာ တွေ့ဆုံပွဲ လုပ်ဖို့ နဂိုကတည်းက သတ်မှတ်ထားပါတယ်။ ဒီအတွက် အကြိုတွေ့ဆုံပွဲပါ။ ဒါပေမယ့် ဆွေးနွေးပွဲက ဆုံးဖြတ်ချက်ချတာမျိုးမဟုတ်ဘဲ Informal ပုံစံမျိုးတွေ့ကြတာပါ” […]

မြောက်ဦးယဉ်ကျေးမူ အမွှေအနှစ် ပြုပြင်ထိန်းသိမ်းရေး ကျပ်သိန်းပေါင်း ၆၇၂၀ တောင်းခံ

(နိရဉ္စရာ- ၂၁ ဖေဖေါ်ဝါရီ ၂၀၁၄) ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် အတွက် မြောက်ဦးယဉ်ကျေးမူ အမွေအနှစ်ကို ပြုပြင်ထိန်းသိမ်းရေးအတွက် ရန်ပုံငွေ ကျပ်သိန်းပေါင်း ၆၇၂၀ တောင်းခံထားသည်ဟု သိရသည်။ ယဉ်ကျေးမူဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန်းဆွေက ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ထိုသို့ ထုတ်ဖေါ် ပြောကြားခဲ့ခြင်း ဖြစ်သည်။ ၁၉၉၂-၁၉၉၃ ခုနှစ် မှ ၂၀၁၃-၂၀၁၄ ခုနှစ်ထိ နှစ်အလိုက် ရန်ပုံငွေ သုံးစွဲမူမှာ စုစုပေါင်း ကျပ် ၆၄၀၇ ဒသမ ၀၃ သိန်းရှိကြောင်း၊ ၁၉၉၅ -၁၉၉၆ ဘဏ္ဍာရေးနှစ်မှ ၂၀၀၄-၂၀၀၅ ခုနှစ်အထိ ပြည်သူများထည့်ဝင်သော အလှူငွေ ၆၇၉ […]

မြောက်ဥက္ကလာပ NLD ပြည်ထောင်စုနေ့ စာပေဟောပြောပွဲ အချိန်ကပ်ပြီး ဖျက်သိမ်းရ

(နိရဉ္စရာ- ၁၃ ဖေဖေါ်ဝါရီ ၂၀၁၄) / ခိုင်မောင်ဦး (ရန်ကုန်) ဖေဖော်ဝါရီ ၁၂  ရက်နေ့  ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မြောက်ဥက္ကလာပမြို့  နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဦးစီး ကျင်းပမည့် စာပေဟောပြောပွဲကို စာပေဟောပြောပွဲ မစတင်မှီ နာရီ အနည်းငယ် အလိုတွင် ဖျက်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။ ယခုကဲ့သို့ ဖျက်သိမ်းလိုက်ရခြင်းမှာ ဦးကိုနီနှင့် ဦးမြအေးတို့ ပါဝင်ဟောပြောမည့် အပေါ် ဆန့်ကျင်ကန့်ကွက်မူများ ပေါ်ပေါက်လာ၍ ဖြစ်ကြောင်း မျိုးချစ်ရဟန်းတော်သမဂ္ဂအဖွဲ့ မှ အရှင်သုစိတ္တက ပြောသည်။ “ဒါကတိုင်းရင်းအားလုံးကို ကိုယ်စားပြုတဲ့ ပြည်ထောင်စုနေ့  ဖြစ်ပါတယ်။ ဦးဇင်းတို့ က NLD […]